မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 110 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Mar Mar Aye - 306 Print E-mail
User Rating: / 0
PoorBest 
ပင်တိုင်ကဏ္ဍ - Mar Mar Aye
Sunday, 07 February 2010
ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃၀၆
အမျိုးသားရေးတေး
မာမာအေး
ဖေဖော်ဝါရီ ၈၊ ၂ဝ၁ဝ
သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ - မာအေး လော့စ်အိန်ဂျလိစ်မြို့က ဖိတ်လို့ ၈၉ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ဟောပြောပွဲကို ရောက်ခဲ့တဲ့ အကြောင်း ဖောက်သည်ချဖို့ ဒီနေ့ စိတ်ကူးထားပါတယ်ရှင်။ ဒါလေး နားထောင်ရင်း မူလက ဘယ်လို အမျိုးသားနေ့ကို စလာတာလဲ ပြန်ပြီး သတိမြဲသွားမလားလို့ပေါ့နော်။

အဲဒီ အမျိုးသားနေ့ စာပေဟောပြောပွဲမှာ ဆရာမောင်စွမ်းရည်ရယ်၊ ကဗျာဆရာအောင်ဝေးရယ်၊ စာရေးဆရာမ မေငြိမ်းရယ်၊ မာအေးရယ် ၄ ယောက် ပြောဖို့ ကြေညာထားတာပါ။ တကယ့်အချိန်ကျတော့ ဆရာမောင်စွမ်းရည်က ကျန်းမာရေး ဆေးကုစရာ ရှိတာကြောင့် မလာနိုင်ရှာပါဘူး။ အောင်ဝေး၊ မေငြိမ်း နဲ့ မာအေးတို့သာ ဆုံကြ ပြောကြရပါတယ်။

          ကဗျာဆရာ အောင်ဝေးက သူ့ရင်တွင်းမှာ အမျိုးသားရေးစိတ်ကြောင့် ဘယ်သူမှ မတောင်းဘဲနဲ့ ပေးထားတဲ့ တာဝန်နဲ့ ဂတိ ရှိပါသတဲ့။ တိုင်းပြည်အကျိုးဆောင်မယ့် ဂတိပါ တဲ့။ သူ ကျေအောင် တာဝန်ထမ်းမှာပါ ဆိုတာကို ကဗျာတွေ ရွတ်လိုက် ပြောလိုက် ပုံစံမျိုး ပြောပါတယ်။ ဆရာဇော်ဂျီရဲ့ တို့တိုင်းပြည်ကဗျာ နဲ့ ဆရာဗန်းမော်တင်အောင် နောက်ဆုံးနေ့က ယပ်တောင်ပေါ်မှာ ဖော်ပြခဲ့တဲ့ စာတမ်းတခုကိုလဲ မှတ်မှတ်ရရ ရွတ်ပြသွားပါတယ်။ ဆရာဇော်ဂျီရဲ့ တို့တိုင်းပြည်ကဗျာဟာ ကျောင်းသုံးမှာ ပြဌာန်းထားတာမို့ ချစ်ဆွေတို့ ရှာပြီး ဖတ်လို့ရပါလိမ့်မယ်။ ဗန်းမော်တင်အောင်ရဲ့ စာကတော့ ပုံနှိပ်စက်တင် ဖြစ်မယ် မထင်လို့ ရွတ်ပြလိုက်ပါမယ်။ လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲတဲ့။

          ပြီးတော့ စာရေးဆရာမ မေငြိမ်းအလှည့်ပေါ့ရှင်။ မေငြိမ်းလေးက တက္ကသိုလ်မှာ စာသင်တဲ့ခဲ့ ဆရာမကိုး။ ပညာရေးဌာနက လူမသိနိုင်တဲ့ စာအတိုး အဖြုတ် လုပ်ပုံတွေကို ပြောသွားတာပေါ့။ စောစောက ပြောခဲ့တဲ့ ဆရာဇော်ဂျီရဲ့ ကဗျာ ဟိုလူတွေနဲ့ ငြိနိုင်မယ့်ဟာ ဆိုရင် စာအုပ်မှာ မြင်ရပေမယ့် မသင်ရဘူး ဆိုပဲ။ အတော်လဲ အံ့သြစရာကောင်းတဲ့ ပညာရေးနှိပ်ကွပ်မှုကြီးပါတကား လို့ မောာပါတယ်။ ကလေးတွေရဲ့ အသိစိတ်ဓာတ် အမျိုးသားရေးမှာ သိပ်မကပ်တော့တာ ဒါတွေလဲ ပါမယ်ပေါ့ လို့ စိတ်မကောင်းဘူးရှင်။

          မာအေးက မောင်ကလေး အောင်ဝေးနဲ့ ညီမငယ် မေငြိမ်းတို့နဲ့ ညှိပြီး နောက်ဆုံးမှာ နေခဲ့တာကိုး။ သူတို့ပြောတဲ့ ကဗျာအကြောင်း စာအကြောင်း ပညာရေးစနစ်ကြီး အကြောင်းတွေထဲ ကိုယ် ပါဝင် ရောနှော မြောနေချိန်မှာ ခဏနား မုန့်စား လွှတ်ပေးတယ်။ ကောက်ညှင်းပေါင်း၊ ဘိန်းမုန့်၊ အာလူးပူတီ၊ ကိုယ့်ပြည်မှာလို အီအောင် ကျွေးကြ လှူကြတာ နိုင်ငံကို လွမ်းပြီးရင်း လွမ်းပါပဲ။ ပြောမယ့် ခေါင်းစဉ်ကို အမျိုးသားရေးတေးဂီတလို့ ပေးထားပါတယ်။

          မာအေး အလှည့်မှာတော့ ရှေးဦး နှုတ်ဆက်စကား နိဒါန်းပွားပြီးတဲ့နောက် စားဝတ်နေရေး လူမှုရေး ကိုယ်ပြုလုပ်သမျှ ကိစ္စ အားလုံးဟာ နိုင်ငံ့အရေးချည်းပဲလို့ ခံယူထားတာကြောင့် အမျိုးသားရေး တေးဂီတ ဆိုတာလဲ နိုင်ငံရေးပဲ။ အမျိုးသားရေး ဆိုတာ ရှေးရှေးကတော့ ဘယ်အချိန်က စကောက်မလဲ မသိဘူး။ ကိုယ်ကတော့ အာဒိစ္စနွယ်ဝင် နေထွက်ဘုရင် နန်းရင်ပြင်က ထွက်၊ ကြက်ကလေး ငှက်ကလေးလို ကောက်၊ ထီးနန်းမပျောက်သေးမီ တခဏလောက်မှာ စချင်တယ်။ ခုချိန်ထိ ကိုယ့်ဘုရင် ရှိရင် မာအေးဟာ နန်းတွင်းစာဆို ဖြစ်မျာလို့ ပြောပြီး ဘုရင်လျှောက်တဲ့ အဓိပ္ပာယ်နဲ့ ရတုသံ တပိုဒ် ဆိုပေးလိုက်တာပေါ့ရှင်။

          xxx ဝေရွှန်းစန္ဒာ၊ လရောင်ဖြာသို့၊ သမ္ဘာရွှေဘုန်း၊ ဆက်မဲ့ကြုံးသား၊ တိုင်းလုံအရှင်၊ တို့ဘုရင်ကို ဂုဏ်တင်မြှောက်စား၊ ပန်လျှောက်ကြား၍ ရွှေနားတော်တင်၊ ဆက်သွင်းချင်သည်၊ နားဝင်ငြိမ့်လေး၊ ချိုချိုအေး xxx

          အဲဒီလို ကိုယ့်မင်းကိုယ့်ချင်း နေလာရင်းက ပြည်ပ ၀ိသမလောဘသားတွေက စတဲ့ ကမောက်ကမ အမှိုက်ကစ ပြဿဒ်မီးလောင်ကိန်း ဆိုက်တာကြောင့် ကိုယ့်ဘုရင်လဲ ကုလားလက်ပါ၊ ရွှေမှန်ကင်းလဲ ထင်းဖြစ်ရရှာတဲ့အကြောင်း အမျိုးသားရေး တေးတပုဒ် ရေးထုတ်ခဲ့တာရှိတဲ့ အကြောင်း ရွှေတိုင်ညွန့်ရဲ့ ပါတော်မူသီချင်းကို နာမည်ကျော် အဆိုတော်ကြီး စိန်ပါတီက သီဆိုခဲ့တာ တနိုင်ငံလုံးအတိုင်းအတာရောက်အောင် ပေါက်မြောက်ခဲ့တဲ့ အကြောင်းတွေကို သီချင်း တပိုဒ်စီ ဆိုပြ ရှင်းပြ ပြောပြခဲ့တာပေါ့ရှင်။ အပြင်လောက စင်ပေါ်မှာ ဟောလို့ ပြောလို့ ချစ်ဆွေတို့နဲ့ အခြေအနေ ကွာတယ် မထင်ပါနဲ့။ ဒီမှာလည်း ဘီဘီစီမှာ ပြောနေကျ ထုံးစံအတိုင်း အလွတ်ဆိုပြခဲ့တာပါပဲ။

          ရတနာပုံနေပြညတော် မင်းဆက်တဆက် (အုပ်စိုးခဲ့သည်၊ အုပ်စိုးခဲ့သည်) ရှေးရှေးတုန်းကတော့ အလွန် သာယာစည်၊ သီပေါရာဇာနန်းစံ ၇ နှစ်မှာ ဖြစ်ရတဲ့ အရေး တွေးမိပါတော့သည် xxx မြန်မာပြည် ဇာတ်လမ်းရှုပ်သမျှကို ရွှေကညစ်နဲ့ ရေးကာ စာကိုစီ xxx ရာဇဌာနီမြနန်း အယုဇ္ဈမှာ ဧကရာဇ်နဲ့ ဝေးတာ ကြာလေပြီ xxx နှစ်ထောင့်လေးရာ ခွန်နှစ်ဆယ့်ခွန်နှစ်ခုမှအတည် တန်ဆောင်မုန်း လဆုတ် ၈ ရက်နေ့ကိုတော့ (မမေ့နိုင်ပါသည်၊ ယနေ့တိုင် တာရှည်) xxx ရေမြေ့ရှင်ကို ယူငင်သွားတော့ လူရှင်အများက ကြေကွဲကြလို့ ရေနည်းငါးပမာညီ xxx သြော် သီပေါရာဇာ ပါတော်မူရှာပြီ xxx ကိုယ့်ဘုရင် ကိုယ့်သခင်ကို မျှော်မှန်းရည် ယနေ့တိုင် မမေ့နိုင်ပါတော့သည် xxx [ပါတော်မူမှ]

 

[ မူရင်း - BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် bbcburmese.com ]

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Please call home from MoeMaKa to help MoeMaKa
 
 /></a> </div><div align=

မိုးမခ မှာ ဖုံးခေါ်ပါ -

ဒီနေရာကနေပြီး ဖုံးကဒ်များ ၀ယ်ယူခြင်းဖြင့် မိုးမခ၏ စေတနာ့ဝန်ထမ်း စာနယ်ဇင်းလုပ်ငန်းများအတွက် ရန်ပုံငွေအလှူကို ထောက်ပံ့ အားပေးရာ ရောက်ပါသည်။ သင်နှစ်သက်ရာ ဖုံးကဒ်ဝယ်ယူရန် - အီးမေးလိပ်စာ၊ ဘဏ်ကဒ် သို့မဟုတ် ခရက်ဒစ်ကဒ် တခုသာ လိုအပ်ပါမည်။ သင့်ကိုယ်ပိုင် ဖုံးကဒ်အကောင့်တခု ဖွင့်ပြီးသည်နှင့် ထိုနေရာကတဆင့် ဖုံးကဒ်များ အလိုရှိသလို ၀ယ်ယူနိုင်မည် ဖြစ်ပါသည်။

သင်ဝယ်လိုက်သည့် ဖုံးကဒ်ကတဆင့် မိုးမခစာနယ်ဇင်းအဖွဲ့တွင် အချိုးကျ ၀န်ဆောင်ခ ၁ ရာခိုင်နှုန်းက ၅ ရာခိုင်နှုန်းအထိ ကို ရရှိမည်ဖြစ်ရာ - သင် ဖုံးကဒ် ၁၀ ဒေါ်လာဖိုး ၀ယ်ယူခြင်းကြောင့် မိုးမခ၏ စေတနာ့ဝန်ထမ်း စာနယ်ဇင်းလုပ်ငန်းများအတွက် ပြား ၅၀ ဖိုး အလှူရမည် ဖြစ်ပါသည်။ ထိုရန်ပုံငွေဖြင့် မိုးမခ၏ စာပေနှင့် စာနယ်ဇင်း အလှူဒါနတို့ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

မိုးမခ စာဖတ်ပရိသတ်အားလုံးကို ကျေးဇူးတင်ပါသည်။ အကောင့်ဖွင့်ရန်နှင့် ငွေပေးချေရန် အခက်အခဲရှိသူများကို မိုးမခ၀ိုင်းတော်သားများက ၀ိုင်းဝန်းအကြံပေးကူညီရန် အဆင်သင့်ရှိပါသည်။ This e-mail address is being protected from spam bots, you need JavaScript enabled to view it ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!