မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 113 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Local Job hunting agency Print E-mail
User Rating: / 1
PoorBest 
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
Monday, 08 February 2010
ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းများအား ဥပဒေနှင့်မညီဟုဆိုကာ တားမြစ်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၈၊၂၀၁၀ အလုပ်အကိုင် အေဂျင်စီ ကြော်ငြာများ

ပြည်တွင်း အလုပ်အကိုင် ရှာဖွေသူနှင့် ၀န်ထမ်းလိုအပ်သည့် ကုမ္ပဏီများအကြား ၀န်ဆောင်မှု ပေးလျက်ရှိသည့် ပုဂ္ဂလိက လုပ်ငန်းများအား ထိုသို့ လုပ်ကိုင်ခြင်းသည့် ဥပဒေနှင့်မညီဟု ဆိုကာ ဆက်လက် လုပ်ကိုင်ခြင်း မပြုရန် အလုပ်သမားဝန်ကြီးဌနက တားမြစ် လိုက်ကြောင်း သိရှိရသည်။

          ပြီးခဲ့သည့် သောကြာ (ဖေဖော်ဝါရီ ၅ရက်) နေ့က ရန်ကုန်မြို့တွင် သက်ဆိုင်ရာ မြို့နယ်အလိုက် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌက မြို့နယ်အတွင်းရှိ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး လုပ်ကိုင်လျက်ရှိသည့် အေဂျင်စီများအား ခေါ်ပြီး ၁၉၅၃ခုနှစ်တွင် အတည်ပြုထားသည့် အလုပ်သမား အက်ဥပဒေ အရ ပြည်တွင်း အလုပ်အကိုင်ရှာဖွေပေးသည့် ၀န်ဆောင်မှုလုပ်ငန်းကို နိုင်ငံတော်ကသာ လုပ်ပိုင်ခွင့်ရှိပြီး  ပုဂ္ဂလိကလုပ်ငန်းများက လုပ်ကိုင်နေခြင်းမှာ တရားမ၀င်ဟု ပြောဆိုခဲ့သည်။

          ထိုသို့ခေါ်ယူပြောဆိုရာတွင် အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အရေးယူမှု မပြုရလေအောင် လုပ်ငန်းများကို ရပ်တန့်စေလိုသည်ဟု ပြောဆိုခဲ့သည်ဟု ၀န်ကြီးနှင့် တွေ့ဆုံခဲ့သည့် အမည် မဖော်လိုသူ လုပ်ငန်းရှင်တဦးက ပြောသည်။

          ဗိုလ်တထောင် မြို့နယ်တွင်ပင် ပြည်တွင်း အလုပ်အကိုင်ရှာဖွေပေးသည့် လုပ်ငန်း ၇ ခု ရှိနေခဲ့ပြီး ရန်ကုန်တမြို့လုံးတွင် လုပ်ငန်းပေါင်း ၃၅ ခု ကျော် ရှိသည်ဟု သိရှိရသည်။

          ပြည်တွင်းအလုပ်အကိုင် ရှာဖွေပေးသည့် ၀န်ဆောင်မှုလုပ်ငန်းသည် ဈေးကွက်စီးပွားရေး စနစ်သို့ ပြာင်းလဲပြီးနောက်ပိုင်း အလုပ်အကိုင် ရှာဖွေသူနှင့် ၀န်ထမ်းလိုအပ်သည့် ကုမ္ပဏီများအကြား အခကြေး ငွေယူကာ ၀န်ဆောင် ဆက်သွယ် ပေးလျက်ရှိသည်။ သို့ရာတွင် အစိုးရ အလုပ်သမား ဥပဒေအရ အလုပ်သမား ရုံးမှ လုပ်သား မှတ်ပုံတင် ပါမှသာ ကုမ္ပဏီများက အလုပ် ခန့်အပ်ရမည် ဆိုသည့်အချက် ပါရှိသည်။ ထို့အချက်ကြောင့် အစိုးရ၏ အလုပ်သမားမှတ်ပုံတင်ကို အသုံးပြုခြင်း နည်းပါးသော်လည်း အလုပ်ခေါ်ကြော်ငြာများတွင် အလုပ်သမားမှတ်ပုံတင် နှင့်တကွ ဆိုသည့် စာသားကို ထည့်သွင်း ကြော်ငြာလေ့ ရှိကြသည်။

          ကျောက်တံတားမြို့နယ်တွင် ဖွင့်လစ်ထားသည့် အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်တဦးက ဈေးကွက်စီးပွားရေး စနစ်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးတွေလည်း အခုတလောလုပ်နေတယ်၊ ဒါပေမယ့် ဘာလို့ အခုလို ပုဂ္ဂလိက လုပ်ငန်းကို တားမြစ်တာလဲ ဆိုတာ နားမလည်နိုင်ဘူး၊ အစိုးရရဲ့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ဆိုတာ ဘယ်သူမှလဲ အားမကိုး၊ အားကိုးလောက်အောင်လည်း အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် မရှိဲ ဘယ်လို ဒီလုပ်ငန်းကို လုပ်မလဲ ဆိုတာ နားမလည်နိုင်ဘူး ဟု ဆိုသည်။

          ပြည်တွင်း အလုပ်အကိုင်နှင့် ပတ်သက်သည့် ၀န်ဆောင်မှု ကြော်ငြာများကို အပတ်စဉ်ထုတ် ဂျာနယ်ချို့ဖြစ်သည့် အခွင့်အလမ်း၊ မြန်မာတိုင်းမ်၊ ဈေးကွက်၊ အကျိုးဆောင်တို့တွင် ဖော်ပြလျက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရန်ကုန်စီးတီး FM ကပင် ည၉နာရီ နောက်ပိုင်းတွင် အခကြေးငွေယူကာ ထုတ်လွှင့်ပေးလျက် ရှိသည်။

          ပြည်ပ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းကိုမူ လိုင်စင်ဖြင့် လုပ်ကိုင်ခွင့် ပြုထားပြီး တရားဝင် လိုင်စင် ယူထားသည့် လုပ်ငန်းပေါင်း ရာနှင့်ချီရှိပြီး စစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ရွှေအင်းဝကုမ္ပဏီ တည်ထောင်ကာ မလေးရှား၊ ကိုးရီးယား၊ ဂျပန် စသည့် နိုင်ငံများသို့ အလုပ်သမားများ ပို့ပေးလျက်ရှိပြီး ပုဂ္ဂလိက ကုမ္ပဏီများ မရရှိသည့် အထူးအခွင့်အရေးများကို ရွှေအင်းဝ ကုမ္ပဏီက ရရှိထားသည်ကိုလည်း တွေ့ရှိရသည်။

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Welcome to Citizen of Burma Award for Year 2009
 
 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!