မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 96 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Htain Linn - Burmese Politics and Literature (53) Print E-mail
User Rating: / 0
PoorBest 
စာပဒေသာ - ဆောင်းပၝးစုံ
Monday, 08 February 2010

နိုင်ငံရေးနဲ့ စာပေအနုပညာ (၅၃)

သံဃာတော်များအပေါ် တင်းကျပ်မှုများ

ထိန်လင်း

ဖေဖော်ဝါရီ ၉၊ ၂၀၁၀

          ဧည့်စာရင်းဆိုတာ အာဏာရှင်တွေက သူတို့ကို တော်လှန်ပုန်ကန်သူတွေ ရှိခဲ့ရင် အလွယ်တကူ ရှာဖွေနိုင် ဖမ်းဆီးနိုင်အောင် စီစဉ်ထားတဲ့အရာဖြစ်ပါတယ်။ တဖက်မှာလည်း ပြည်သူလူထုကို စိတ်အနှောင့်အယှက်ဖြစ်အောင်၊ တာဝန်ကြီးအောင် ဖန်တီးထားတဲ့အစီအမံလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကာလတွေအတွင်း သာသနာ့ဝန်ထမ်း ရဟန်းသံဃာတွေအပေါ် တင်းကျပ်တဲ့ ဝါဆိုသံဃာစာရင်း ကောက်ယူမှုတွေဟာလည်း ဧည့်စာရင်းစနစ်လို တင်းကျပ်တဲ့ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။

          ဝါဆိုသံဃာစာရင်း ကောက်ယူမှုနဲ့ပတ်သက်လို့ ပထမဆုံး တရားဝင်ညွှန်ကြားခဲ့တာ မဆလ လက်ထက် ၁၉၈ဝ ပြည့်နှစ် သြဂုတ်လ ၃ ရက်နေ့မှာ ဖြစ်ပါတယ်။ ၁၉၈ဝ ပြည့်နှစ် မေလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ‘နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့’ ရဲ့ ညွှန်ကြားလွှာ အမှတ် (၈) မှာ အဲဒီလို စာရင်းကောက်ယူဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပေမယ့် မူရင်းရည်ရွယ်ချက်က သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းဖို့ ပြည့်စုံတဲ့စာရင်း ရရှိအောင် ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ စာရင်းကောက်ယူဖို့ တာဝန်အပ်နှင်းခဲ့တာကလည်း ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များကိုယ်တိုင်၊ ဒါမှဟုတ် အဲဒီဆရာတော်တွေက တာဝန်ပေးထားတဲ့ ပြည်နယ်/တိုင်း သာသနာရေးမှူးများ၊ မြို့နယ်သာသနာရေးမှူးများသာ ဖြစ်ပါတယ်။

          နောက် ၁ နှစ် ၁၉၈၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ‘နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့’ ရဲ့ ညွှန်ကြားလွှာ အမှတ် (၂၉) မှာတော့ “မြို့နယ်သံဃနာယကအဖွဲ့ အသီးသီးသည် ဝါဆိုသံဃာစာရင်း ကောက်ယူရာ၌ ကျူးကျော်ကျောင်း၊ အိမ်ကြိုအိမ်ကြားကျောင်း၊ ဘုရားတန်ဆောင်း၊ ဇရပ်တို့၌ နေထိုင်သော ရဟန်းသာမဏေများပါ မ¹ခွင်းမချန်ဘဲ ရဟန်းသာမဏေ မှန်သမျှ ဝါဆိုသံဃာစာရင်း၌ ထည့်သွင်းကောက်ယူရန် ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဘယ်သူတွေကသာ စာရင်းကောက်ယူရမယ် ဆိုတဲ့ ပြင်ဆင်ထုတ်ပြန်တာမျိုး မပါခဲ့ပါဘူး။

          အဲဒီတုန်းက ကြိုကြိုကြားကြားက ရဟန်းသာမဏေပါမကျန် စာရင်းကောက်ယူရမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ ဒီကနေ့မှာတော့ ရဟန်းဘွဲ့၊ လူနာမည်၊ မိဘအမည် စသဖြင့် ရဲစခန်းက လူဆိုးစာရင်း မှတ်တမ်းတင်သလိုကို တင်းကျပ်တဲ့အနေအထားတွေနဲ့ ကောက်ယူစစ်ဆေးနေတဲ့သဘော ဖြစ်နေပါပြီ။ မူရင်း ညွှန်ကြားချက်က ဒီစာရင်းကို မြို့နယ်သံဃနာယကအဖွဲ့ အသီးသီးက ကောက်ယူရမယ်လို့ ညွှန်ကြားခဲ့ပေမယ့် တခြားအာဏာပိုင်အဖွဲ့အစည်းတွေက ကောက်ယူနေတယ်ဆိုတာတွေကလည်း သဘာဝမကျတဲ့ ဖြစ်ရပ်တွေပါ။

မူရင်း ညွှန်ကြားလွှာများကို လေ့လာလိုသူတွေအနေနဲ့ သာသနာရေးဦးစီးဌာနက ထုတ်ဝေတဲ့ ‘နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ညွှန်ကြားလွှာများ’ ဆိုတဲ့ စာအုပ်မှာ ကြည့်ရှုနိုင်ပါတယ်။ ၂ဝဝ၃ ခုနှစ်က ထုတ်ဝေခဲ့တဲ့ အဲဒီစာအုပ်ထဲမှာ ‘နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့’ရဲ့ ညွှန်ကြားလွှာ အမှတ် (၁) ကနေ (၉၂) အထိ ဖော်ပြထားပါတယ်။ ညွှန်ကြားလွှာ အများစုဟာ ဘာသာရေးနဲ့ အဓိကပတ်သက်တဲ့ ညွှန်ကြားလွှာတွေဖြစ်ပေမယ့် တချို့သော ညွှန်ကြားလွှာတွေကတော့ နိုင်ငံရေးနဲ့ပတ်သက်တာကို တွေ့ရပါတယ်။ ဒါကလည်း လက်ရှိစစ်အစိုးရ လက်ထက်မှာမှ အဲဒီလို ပြောင်းလဲခဲ့တာကို တွေ့ရပါတယ်။

          ၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့’ရဲ့ ညွှန်ကြားလွှာ အမှတ် (၈၂) မှာ ‘ရက်ပိုင်း လပိုင်းဝတ်တဲ့ ဒုလ္လဘ ရဟန်း၊ သာမဏေ တို့ကို ရက်ချုပ်အပြည့်အစုံ ရေးသားပြီး သက်ဆိုင်ရာ ကျောင်းထိုင်/ကျောင်းတိုက် နာယက ဆရာတော်ရဲ့ မှန်ကန်ကြောင်း ထောက်ခံစာ အပေါ်မှာ ရပ်ကွက်/မြို့နယ် သံဃနာယကအဖွဲ့က ထပ်ဆင့်လက်မှတ်ထိုး ထုတ်ပေးထားရမယ်၊ အဲဒီ ရဟန်း သာမဏေ စာရင်းတွေကိုလည်း ပြုစုပြီး ကျောင်းတွင်း မြင်သာတဲ့နေရာမှာ ချိတ်ဆွဲထားရမယ်’လို့ ညွှန်ကြားခဲ့ပါတယ်။ အာဂန္တုဧည့်သည်စာရင်းကိုလည်း ကျောင်းထဲမှာ ချိတ်ဆွဲထားဖို့၊ မိတ္တူကို ရပ်ကွက်/ကျေးရွာ သံဃနာယက အဖွဲ့ကို ပေးပို့ဖို့၊ ဧည့်သည်စာရင်းကို ရပ်ကွက်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ပေးပို့ထားဖို့ ညွှန်ကြားခဲ့ပါတယ်။

          ဒီ ညွှန်ကြားလွှာ ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ ရဟန်းသံဃာတွေအပေါ် အာဏာနဲ့အမိန့်ပေး တားမြစ်တာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရဟန်းခံ ရှင်ပြုပွဲတွေမှာ သင်္ကန်းဝတ်မယ့်သူက အန်အယ်ဒီ ပါတီဝင်ဖြစ်လို့ ဝတ်မပေးရဘူးလို့ ထောက်လှမ်းရေး ဒါမှမဟုတ် ဒေသခံ အာဏာပိုင်တွေက လာရောက်တားမြစ်တဲ့ ကိစ္စမျိုးတွေဖြစ်ပါတယ်။ ဒီလို လုပ်ခဲ့လို့ အလှူပွဲ ခမ်းခမ်းနားနား ကျင်းပပြီး သင်္ကန်းဝတ်ခွင့် မရလိုက်သူတွေ တော်တော်များများ ရှိခဲ့ပါတယ်။

          နိုင်ငံရေးဆိုတဲ့အရာကို အမျိုးသားနိုင်ငံရေး ပါတီနိုင်ငံရေး လို့ ခွဲခြားပြီး ပါတီနိုင်ငံရေး လုပ်ဆောင်သူတွေ ဘယ်လောက်အန္တရာယ်ကြီးတယ်၊ ပါတီနိုင်ငံရေးက မိသားစုရဲ့ ညီညွတ်မှုတောင် ပြိုကွဲနိုင်တယ် စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ခဲ့တာ လက်ရှိစစ်အစိုးရ လက်ထက်မှာ ဖြစ်ပါတယ်။ အဲဒီ ဝါဒဖြန့်မှုက ပြည်သူလူထု ကြားထဲတင်မက သာသနာရေး နယ်ပယ်မှာပါ သက်ရောက်ခဲ့ပါတယ်။ သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားလွှာ အမှတ် (၈၃) မှာတော့ ရဟန်း သာမဏေ အားလုံး ပါတီနိုင်ငံရေးများ၌ ပါဝင်ဆောင်ရွက်ခြင်းကို ရှောင်ကြဉ်ရမည် လို့ အတိအလင်း ညွှန်ကြားခဲ့ပါတယ်။

          အဲဒီ ညွှန်ကြားလွှာထဲမှာ “အကယ်၍ ရဟန်းသာမဏေများ ပါတီနိုင်ငံရေး၌ ပါဝင်ဆောင်ရွက်ပါက နိုင်ငံရေးပါတီများသည် ရဟန်းသာမဏေများထံ ချဉ်းကပ်၍ ဆရာမွေးကြပေလိမ့်မည်။”လို့ ဖော်ပြခဲ့ပါတယ်။ တကယ့်အပြင်မှာတော့ စစ်အာဏာပိုင်တွေကသာ ထေရ်ကြီး ဝါကြီး သံဃာတော်တွေကို လှူဖွယ်ပစ္စည်း အမျိုးမျိုးနဲ့ ချဉ်းကပ်ခဲ့တာဖြစ်ပြီး သူတို့နဲ့ သဘောမတူတဲ့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေကို နေရာမရအောင်၊ နိုင်ငံရေး လုပ်ဆောင်သူဆိုရင် ဘယ်သူကမှ မကပ်ရဲအောင်၊ စိုးရိမ်ကြောက်လန့်နေအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

          ညွှန်ကြားလွှာ အမှတ် (၈၃) မှာပဲ ရဟန်းသာမဏေတွေက ဘယ်လိုနေထိုင်ရမယ်ဆိုတာကို “ပါတီနိုင်ငံရေး ဟူသည် လူဝတ်ကြောင်၊ လူပုဂ္ဂိုလ်တို့၏ ကိစ္စတာဝန်သာဖြစ်ပါသည်။ ရဟန်းသာမဏေများသည်ကား မည်သည့်ပါတီ ကပင် အစိုးရအဖြစ် တက်ရောက်လာသည်ဖြစ်စေ၊ ထိုတက်ရောက်လာသော အစိုးရ၏ တရားနှင့်အညီ ပေးအပ်သော အာဏာစက် အကူအညီအထောက်အပံ့ကို ရယူ၍ ဗုဒ္ဓြွမြတ်စွာ သာသနာတော်ကြီးကို စောင့်ရှောက် ထိန်းသိမ်းသွားရမည်” လို့ ပါဝင်သလို ”ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း၌ သီတင်းသုံး နေထိုင်ကြသော ထေရဝါဒ သံဃာ့ဂိုဏ်းဝင် ရဟန်းသာမဏေ တို့သည် ပါတီနိုင်ငံရေးများ၌ ကိုယ်တိုင်ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊ သူတပါးအား တိုက်တွန်းခြင်းများမှ ရှောင်ရှားကြရန် ညွှန်ကြားလိုက်ပါသည်” လို့ ဖော်ပြထားပါတယ်။

          ရဟန်းသံဃာတော်တွေအနေနဲ့ ဒီလို နိုင်ငံရေးတွေ မလုပ်ရဘူးလို့ ဆိုပေမယ့် အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ တိုက်တွန်းတဲ့သဘော၊ ဝါဒဖြန့်တဲ့ သဘောတွေမှာ သံဃာတွေကို အသုံးချခဲ့သလို၊ ရဟန်းသံဃာတော်တွေအပေါ် ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ သတ်ဖြတ်တာတွေကိုတော့ အာဏာပိုင်တွေက လက်ရဲရဲ စိတ်ရဲရဲနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ အဖမ်းခံရပြီး ပျံလွန်တော်မူခဲ့တဲ့ ရဟန်းတော်တွေတောင် ရှိခဲ့သလို လက်ရှိမှာလည်း အကျဉ်းကျနေတဲ့ သံဃာတော်တွေ အများအပြား ရှိနေပါတယ်။

          တကယ်တော့ အာဏာရှင်ဆိုတာ သူ့အာဏာတည်မြဲဖို့ဆိုရင် ဘာမဆို လုပ်ဝံ့သူတွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကျော်လွှားနိုင်မှသာ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသဖြင့် နယ်ပယ်အသီးသီးမှာ ရှိနေတဲ့ အချုပ်အနှောင်အားလုံးက လွတ်မြောက်ကြမှာ ဖြစ်ပါတယ်။ 

 

ထိန်လင်း (၈၊ ၉၊ ၂ဝဝ၉)

          ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
U Win Tin Book published by DVB and distributed by AAPP-Burma

ဦးဝင်းတင်၏ ဘာလဲဟဲ့ လူငရဲ - စာအုပ်

ကိုယ်တိုင်ရေး ထောင်တွင်း အတွေ့အကြုံ နှင့် အတွေးအမြင် (၁၉၈၉ - ၂၀၀၈)

စာမျက်နှာ ၃၀၀ ကျော်၊ တန်ဖိုး ၁၅ ဒေါ်လာ၊ စာပို့စာရိတ် ၅ ဒေါ်လာ - စုစုပေါင်း ၂၀ ဒေါ်လာ

မြန်မာပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ရန်ပုံငွေအဖြစ် သုံးစွဲရန် ဖြစ်ပါတယ်။

(ယူအက်စ်အေ အတွင်းသာ ပေးပို့မှာ ဖြစ်ပါတယ်)



 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!