မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 97 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Lu Shwin Daw Ta Oo - Than Shwe Dynasty has full of good attention for Burmeses Print E-mail
User Rating: / 4
PoorBest 
သောင်းပြောင်းထွေလာ - သရော်စာ
Monday, 08 February 2010

သန်းရွှေတို့ တဆွေတမျိုးလုံး စေတနာတွေ ဖုံးလို့ပါ

လူရွှင်တော်တဦး

ဖေဖော်ဝါရီ ၉၊ ၂၀၁၀

ပြောရေးရှိကပြောအပ်ရာတည့် ဆိုရေးရှိက ဆိုအပ်ရာတည့် ဆိုတဲ့ တာဝန်တွေကို ပြည်သူတွေက ပေးအပ်ထားလေတော့ ပြောရအုံးမယ် မကျည်းတန်ရေ့ (ပျော်ဘွယ်ဦးစိုးမြင့်ရဲ့စကားကို ပုံတူကူးယူခြင်း ဖြစ်ပါသည်)

နယ်မြို့တနေရာမှ မိတ်ဆွေတဦးက သူ မြို့မှာ စေတီတဆူကို ထီးတင်ဖို့လုပ်တာကို ရယကနဲ့ ကြံဖွတ်တွေက ပြဿနာရှာပြီး ထီးတင်ခွင့်မရတဲ့အကြောင်း စိတ်မကောင်းစွာနဲ့ ရင်ဖွင့်စကားဆိုလာပါတယ်။  စိတ်မကောင်းမဖြစ်ပါနဲ့ မိတ်ဆွေတို့ရေ။ မိတ်ဆွေတို့က နိုင်ငံတော်အကြီးအကဲတွေရဲ့ စေတနာအမှန်ကို သဘောမပေါက်သေးလို့ပါ။

မြန်မာနိင်ငံတော်ကို လက်ရှိစစ်အစိုးရက အမျိုး ဘာသာ သာသနာတွေကို စောင့်ရှောက်ပြီး အုပ်ချုပ် မင်းမူနေတာပါ။ အမျိုးကိုစောင့်ရှောက်တာမှ သူတို့နဲ့ပတ်သက်တဲ့ ခွေးဝဲစားတောင် သူတို့လက်ထက်မှာတိုက်နဲ့ ကားနဲ့ မယားငယ်နဲ့ နေနိင်တဲ့အဆင့်ဟာ အနိမ့်ဆုံးအဆင့်ပဲ။

အဲဒီလို အမျိုးကို စောင့်ရှောက်ပြတာဟာ နောက်လာနောက်သားတွေ တိုင်းပြည် အုပ်ချုပ်မင်းလုပ်လာတဲ့အခါ မမှားရလေအောင် လက်တွေ့ပြသခဲ့တဲ့ စစ်အစိုးရစေတနာတွေကို မိတ်ဆွေတို့ နဲနဲတော့ သဘောပေါက်လာမှာပါ။

ဘာသာ၊ သာသနာတွေကို စောင့်ရှောက်တဲ့နေရာမှာလဲ ရှေးယခင်ဘုရင်တွေထက် ထူးတာတွေလေးကို ပြောပြအုံးမယ်။ သူတို့လက်ထက်မှာ ပြည်သူတွေ ဘုရားတည်၊ ကျောင်းဆောက်၊ ထီးတော်တင်တာတွေကို နည်းပေါင်းစုံနဲ့ နှောက့်ရှက်ဟန့်တားနေတာက ဘုရားကျောင်းတွေ ပေါများလာမှာကို စိုးရိမ်လို့ပါ။ လူတို့ရဲ့သာဘာဝက ပေါများနေရင် အလေးအနက် မထားတတ်တော့ ရှာပါးမှ ပိုပြီး ဘာသာကိုယုံကြည်သက်ဝင်လာအောင် အမျှော်အမြင်ကြီးမားစွာ လုပ်ဆောင်ပေးနေတာကိုက နိုင်ငံတော်ရဲ့ စေတနာတပိုင်းပေါ့။

ဒါဖြင့်ရင် သူတို့ကြတော့ ဘာဖြစ်လို့ ဘုရားတည် ကျောင်းဆောက်နေကြတာလဲလို့ မေးကြအုံးမယ် မဟုတ်လား။ (သိနေတယ်လေ၊ သိနေတယ်) ကိုဇာဂနာ့စကားလေးကို မိတ္တူပွါးလိုက်တာပါ။  သူတို့ဘုရားတည်တာဟာ ရိုးရိုးဘုရားတည်တာမဟုတ်ဘူး။ ရှေးယခင်ဘုရင်တွေနဲ့မတူတဲ့ ယတြာဝါးကွဲဘုရား၊ ကြောက်ဘုရားတွေ တည်တာပါ။

ယတြာဝါးကွဲဘုရားဆိုတာက ယတြာခြေတဲ့အနေနဲ့ ရှေးဟောင်းဘုရားတွေ (ဥပမာ ဓနုတ်စေတီတော်) ကို ပြန်လည်မွန်းမံရန် ဆိုပြီး ပြည်သူတွေဆီက လည်ပင်းညစ်ပြီး အလှုငွေတွေကောက်။ အထက်လူကြီးတွေက ပြည်သူအလှူငွေတွေကိုဝါး၊ ကျန်တဲ့ငွေနဲ့ ဘိလပ်မြေမ၀ယ်နိင်တော့ သဲနဲ့တည်၊ သဲနဲ့ တည်တော့ ထီးတင်ပြီး မကြာမီမှာ ဘုရားကြီးက ၂ ခြမ်းကွဲပြီး ပြိုကြတဲ့အတွက် - ယတြာဝါးကွဲဘုရားလို့ ပြောတာပါ။

ကြောက်ဘုရား ဆိုတာကတော့ ကျေက်တွေနဲ့တည်တဲ့ ဘုရားတော့ မဟုတ်ပါဘူးကွယ်။ လက်ရှိ သက်ရှိထင်ရှားဘ၀မှာ သေချင်းဆိုးနဲ့ သေမှာကို ကြောက်ပြီး တည်တဲ့ဘုရား - (ဥပမာ - နေပြည်တော်မှာ တည်တဲ့ ရွှေတိဂုံစေတီတော်ပုံပွား) မို့ ကြောက်ဘုရားလို့ ခေါ်တာပါ။

နောက်တချက်က ဘုရားတွေပေါ်မှာ ဖိနပ်စီးပြီးတက်တဲ့လူကြီးတွေကို အပြစ်မတင်ကြဖို့ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုရားပေါ်ဖိနပ်စီးပြီးတက်ရင် လူအများက ၀ိုင်းပြီး ပြစ်တင်ရှုတ်ချခြင်း ခံရမယ့်အပြင် ငရဲလဲရောက်တတ်တယ် ဆိုတဲ့အကြောင်းကို နိုင်ငံတော်လူကြီးတွေက အ,ကုသိုလ် အလုံးလိုက် အရင်းလိုက်ဝယ်ပြီး ရှေ့ဆောင်လမ်းပြပေးနေတာကလဲ နိုင်ငံတော်ရဲ့ စေတနာတစိတ်တပိုင်းပေါ။့

သာသနာစောင့်ရှောက်တဲ့နေရာမှာတော့ အထူးခြားဆုံးပဲ။ ရဟန်းသံဃာတော်တွေကို ရိုက်တယ်။ ထောင်ထဲပို့တယ်။ ဘုန်းကြီးကျောင်းတွေ ချိတ်ပိတ်။ အဲဒီလို လုပ်တာဟာ အပြင်ဗန်းအနေနဲ့တော့ သရဲ ဘီလူးတွေထက် ဆိုးတဲ့လူတွေလို့ မြင်ကြတာပေါ့။ နိုင်ငံတော်ရဲ့ စေတနာက အဲဒီလိုရဟန်းသံဃာတော်တွေကို ကိုယ်ထိလက်ရောက် စော်ကားရင် ကိုယ်ပါမက ဆွေတော် မျိုးတော်အပေါင်းတို့ပါ ငရဲမှာ ဘ၀ပေါင်းများစွာ ခံရမယ်၊ နိင်ငံတော်လူကြီးတွေနဲ့ ဆွေတော်အပေါင်းတို့က ငရဲမှာ နေရာအပြည့်ယူထားတော့ အခြားပြည်သူလူထုက သွားလို့မရတော့ဘူးပေါ့။

ကဲ … ဒါဆိုရင် ငရဲမှာ နေရာအပြည့်ယူထားပေးတဲ့ နိင်ငံတော်အကြီးအကဲတွေရဲ့ စေတနာ နားလည်ပြီနော်။ စေတနာမှန်တဲ့ နိုင်ငံတော်လူကြီးတွေကို မြန်မြန် ငရဲရောက်အောင် ၀ိုင်း ဆုတောင်းပေးကြရင်း “နိုင်ငံတော်ရဲ့ စေတနာအမှန်” ကွက်စိတ်အပိုင်းတိုကို ခဏရပ်နားခွင်ပြုပါ။

နေတတ်ရင်း ကျေနပ်နေတဲ့

လူရွှင်တော်တဦး

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Kaung Kin Ko - 95th Birthday of Bogyoke Aung San
Sample Image

ဗိုလ်ချုပ်အောင်ဆန်း၏ (၉၅)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကဗျာဆရာ ကောင်းကင်ကို၏ ကဗျာပေါင်းချုပ်စာအုပ်ကို

ထိုင်းနိုင်ငံအခြစိုက် အလင်းရောင် စာဖတ်အသင်းမှ ထုတ်ဝေမည်ဖြစ်ပါသည်။

မှာကြားလိုသောသူများ အောက်ပါဆက်သွယ်ရန် လိပ်စာများသို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

ကောင်းကင်ကို (၀၈၉၀၃၄၇၁၆၇) This e-mail address is being protected from spam bots, you need JavaScript enabled to view it

စံဂျူး (၀၈၉၄၉၁၇၃၀၉) This e-mail address is being protected from spam bots, you need JavaScript enabled to view it

 
 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!