| Burmese Regime take first step - annouce Election Commision Law |
|
|
| မျက်မှောက်ရေးရာ - သတင်းဖတ်စာ | |
| Monday, 08 March 2010 | |
|
နအဖ၏ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥပဒေ ထုတ်ပြန်၊ မဲဆန္ဒရှင် အဓိပ္ပါယ်သတ်မှတ်ချက် မပါဝင် မိုးမခအထောက်တော် ၀၀၃ မတ် ၉၊ ၂၀၁၀ ယမန်နေ့က နအဖစစ်အစိုးရက ၎င်းတို့ကြိုတင်ပြောထားသည့်အတိုင်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥပဒေကို ထုတ်ပြန်ကြေညာလိုက်သည်။ နအဖ၏ ထုတ်ပြန်ချက် ၁/ ၂၀၁၀ တွင် ရွေးကော်ပွဲကော်မရှင်၏ အခြေခံ အဓိပ္ပါယ်သတ်မှတ်ချက်၊ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းစဉ်များကို သတ်မှတ်ခြင်းမျှသာဖြစ်ပြီး အသေးစိတ်အချက်အလက်၊ အချိန်သတ်မှတ်ချက် နှင့် အရေးယူကန့်သတ်ခြင်း သက်ရောက်မှုအတိုင်းအတာတို့ကို မဖော်ပြထားချေ။ အဓိက လိုအပ်ချက်တခုမှာ - ဥပဒေ၏ ပထမအဆင့် အခြေခံအဓိပ္ပါယ်သတ်မှတ်ချက်များတွင် - အဓိကကျသော မဲဆန္ဒရှင် ဟူသော အဓိပ္ပါယ်ကို သတ်မှတ်ဖွင့်ဆိုထားခြင်းမရှိပဲ - မဲစာရင်းကိုသာ ဖွင့်ဆိုထားပြီး “မဲဆန္ဒနယ်များအတွက် ပြုစုထားသော ဆန္ဒမဲပေးခွင့်ရှိသူများ စာရင်း” ဟုသာ ဖော်ပြထားသည်။ သည်နေရာမှ ကြည့်နိုင်ပါသည်။ http://www.scribd.com/doc/28063921/Election-Law-2010-SPDC
|
|
| < Prev | Next > |
|---|


































