မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 128 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Khaing Mar Kyaw Zaw - Burmese Lives at the Borders - 15 Print E-mail
User Rating: / 0
PoorBest 
လူမှုရှုခင်း - ရေခြားမြေခြားမြန်မာများ
Tuesday, 09 March 2010
နယ်စပ်လမ်းက ဝမ်းတထွာ - ၁၅
(ရေဒီယိုဖရီးအေးရှား ပင်တိုင်အစီအစဉ်)
ခိုင်မာကျော်ဇော
မတ် ၉၊ ၂၀၁၀
      ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ မြန်မာနိုင်ငံ တာချီလိတ်မြို့ကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ နမ့်ဆိုင်ချောင်းက နယ်နိမိတ် အဖြစ် ပိုင်းခြားထားပေမယ့် နမ့်ဆိုင်ချောင်းကို ဖြတ်ဆောက်ထားတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကြီးကတော့ မယ်ဆိုင် တာချီလိတ်မြို့နှစ်မြို့ကို ပေါင်းကူးပေးနေရုံမက မြန်မာပြည်သူတွေရဲ့ ဘဝကိုပါ မီးမောင်းထိုးပြနေတာပါ။
      တံတားကြီးရဲ့ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်မှာ တာဝန်ရှိသူတွေက နှစ်နိုင်ငံ ကုန်ပစ္စည်းနဲ့ လူအဝင်အထွက်ကို စောင့် ကြပ်၊ စစ်ဆေး၊ ကန့်သတ်၊ တားဆီးနေကြပေမယ့် တနေ့လုပ်မှ တနေ့စားရတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဘယ်လို အကန့် အသတ်၊ အတားအဆီးတွေရှိပါစေ မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ တံတားကြီးကို ကျော်ဖြတ်ဖို့၊ ချောင်းတဖက်ကမ်းကို ကူးဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။ 
      သူတွေကတော့ မယ်ဆိုင် ဘက်ကမ်းကို ကူးကြမဲ့ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေ၊ ကုန်သည်တွေ၊  ပွဲစားတွေပါ။ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း နေရာဒေသပေါင်းစုံကနေ အပူသောကပေါင်းစုံနဲ့ လာကြတဲ့ လူတွေ ကလည်း မယ်ဆိုင်ဘက်ကမ်းကို ကူးဖို့ တံတားကြီးရဲ့ ထိပ်မှာ စီတန်းစောင့်ဆိုင်းနေကြတာပါ။ ဒီလူတွေကတော့ မယ်ဆိုင်၊ ချင်းရိုင်၊ ချင်းမိုင်စတဲ့မြို့တွေမှာ အလုပ်လုပ်ကြတဲ့ သား၊ သမီး၊ တူ၊ တူမနဲ့ ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဖို့ဆုံဖို့၊ လုပ်အား ခငွေယူဖို့ တံတားကြီးကို ကျော်ဖြတ်နေရတာပါ။
      မနက်လင်းတာနဲ့ တံတားထိပ်မှာ အပူပေါင်းစုံတဲ့ လူပေါင်းစုံကို တွေ့တယ်။ အနယ်နယ်အရပ်ရပ်က သတင်းပေါင်းစုံ လည်း ကြားရတယ်လို့ ဖောက်သည် ချသူကတော့ တာချီလိတ်ကနေ မယ်ဆိုင်ကို နေ့တိုင်းဈေးရောင်းထွက်တဲ့ ဦးထီးဆိုင်ပဲ ဖြစ်ပါ တယ်။
      “မျက်စိနှစ်လုံးပွင့်တာနဲ့ တံတားထိပ်မှာ ကုန်သည်၊ ပွဲစား၊ သူတောင်းစား၊ ဘိန်းစား၊ သူခိုး၊ ပုလိပ်ဆိုးနဲ့ မင်းဆိုး မင်းညစ်တွေရဲ့ သတင်းစုံ အကုန်ကြားရတော့တာပဲ။ နယ်စပ်ကို ရောက်လာကြတယ်ဆိုထဲက အပူသောကကိုယ်စီနဲ့ ရောက် လာကြတာ။ ကျနော့်လည်း ကျနော်အပူနဲ့ ကျနော်ပဲလို့ ဦးထီးဆိုင်က ပြောပါတယ်။
      ဦးထီးဆိုင်ဟာ မိသားစုဝင်()ဦးရဲ့ ဝမ်းရေးပြဿနာကို ဈေးရောင်းပြီး ဖြေရှင်းနေသူပါ။ ဇာတိနယ်မှာ ယက်ကန်းနဲ့ ရွှေချည်ထိုး၊ ငွေချည်ထိုးလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ ဦးထီးဆိုင်ဟာ အခုတော့ မယ်ဆိုင်မြို့က ကမ်းနားလမ်း တလျှောက်မှာ ရောင်စုံကျောက်မျိုးစုံနဲ့ လုပ်ထားတဲ့ ဆွဲကြိုး၊ လက်ကောက်၊ နားကတ်စတဲ့ ဖင်စီပစ္စည်းတွေကို လက်ပွေ့ရောင်း ပါတယ်။
      ဒီလိုရောင်းတဲ့အတွက် တံတားဖြတ်ခ၊ ပုလိပ်ဖိုးနဲ့ ထမင်းဖိုးဖယ်ပြီးရင် တနေ့ကို ဘတ် ၁၅ဝ၊ ၂ဝဝ၊ ၂၅ဝ လောက် ကျန်တယ်လို့ ဦးထီးဆိုင်က ပြောပါတယ်။
        “ကျနော့်အလုပ်က မောင်ပေါက်ကျိုင်းရဲ့ စကားလိုပဲဗျ၊ လမ်းများများလျှောက်ရတယ်။ စကားများများပြောရတယ်။ အဆင်ပြေသလားဆိုတော့ ဈေးရောင်းနေရရင်တော့ စားဖို့သောက်ဖို့တော့ ရနေတာပဲ။ ဒါပေမယ့် ကျနော်က မိသားစုကြီး တယ်။ မိသားစုကြီးတော့ ထမင်းအိုးကြီးတယ်။ ကျနော်သိပ်ပြီး မဖျားရဲ မနားရဲဘူးဦးထီးဆိုင်က ပြောပါတယ်။
      ကျန်ကျောင်းကလည်း ဦးထီးဆိုင်လိုပဲ မဖျားရဲ၊ မနားရဲတဲ့ ဈေးသည်လေး တဦးပါပဲ။ ဖရိုဖရဲဖြစ်နေတဲ့ မိသားစုကို အမေအိုကြီးနဲ့အတူ ထမ်းပိုးပေးနေရတဲ့ ကျန်ကျောင်းရဲ့ အလုပ်ကလည်း လမ်းများများလျှောက်မှ၊ စကားများများပြောမှ အဆင်ပြေတာပါ။ ကျန်ကျောင်း အဖေက နေ့တိုင်းမူးနေတဲ့ အရက်သမား၊ အကိုအကြီးဆုံးက ကော်ရူ၊ ဆေးချ သုံးမရတဲ့သူ၊  အမတယောက်ကလည်း ချင်းမိုင်မှာ အလုပ်သွားလုပ်မယ်လို့ပြောပြီး အစအန ပျောက်သွားတာ ဒီနေ့ထိပဲလို့ ကျန်ကြောင်းက ပြိုလဲနေတဲ့ သူ့မိသားစု အခြေအနေကို ပြောပြပါတယ်။
      ဒီလိုနဲ့ပဲ ကျန်ကျောင်း()တန်းနဲ့ ကျောင်းထွက်ခဲ့ရပြီး အချဉ်ထုတ်ရောင်းတဲ့ ဈေးသည်ကလေး ဖြစ်လာပါတယ်။ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ရာသီအလိုက်ပေါ်တဲ့ မက်မန်းသီ၊ မက်မွန်သီး၊ နာနတ် သီး၊ သရက်သီး၊ ဇီးသီးစတဲ့ အသီးတွေ ဝယ်ဖို့အတွက် မယ်ဆိုင်ဘက်ကမ်းကို ကျန်ကျောင်း ကူးရပါတယ်။ အဲ့ဒီနောက် ရလာတဲ့ အသီးတွေကို ချဉ်ငတ်စပ် ရောစပ် ထုတ်ပိုးပြီး လူစည်ကားတဲ့ မယ်ဆိုင်တာချီလိတ် တံတားကြီးတဝိုက်မှာ နေပူမိုးရွာမရှောင် သူ ရောင်းရပါတယ်။
      မယ်ဆိုင်-တာချီလိတ် နယ်စပ်မှာ အချဉ်ထုတ်ရောင်းတဲ့ ကျန်ကျောင်းဟာ အင်္ဂလိပ်၊ တရုတ်၊ လာအိုနဲ့ ထိုင်း စကား ကိုလည်း မတောက်တခေါက် ပြောတတ်ပါတယ်။ ဈေးရောင်းရင်းနဲ့ တတ်လာတဲ့ ဘာသာစကားတွေကို ဈေးရောင်းရင်းနဲ့ပဲ ခရီးသွားတွေကို လမ်းပြတဲ့ အလုပ်ကိုလည်း ကြုံရင်ကြုံသလို သူ လုပ်ပါတယ်။
      “ကျနော် ဈေးရောင်းရင် တရုတ်နဲ့တွေ့ရင် တရုတ်လို ပြောရောင်းတယ်။ အင်္ဂလိပ်နဲ့တွေ့ရင် အင်္ဂလိပ်လိုပြော ရောင်း တော့ သူတို့က ကျနော့်ကို သဘောကျတယ်။ တချို့ခရီးသွားတွေက သူတို့သွားချင်တဲ့နေရာကို ကျနော်ကို လမ်းပြခေါ်တယ်။ စိတ်ကောင်းရှိတဲ့ ခရီးသွားတွေနဲ့တိုးရင် ကျနော့်ကို  ဘတ် ၅ဝ၊ ၁ဝဝ ပေးသွားကြတယ်လို့ ကျန်ကျောင်းက ပြောပါတယ်။
      ဒီိလိုနေ့တွေကတော့ ကျန်ကြောင်းရဲ့ အိမ်ပြန်လှတဲ့ နေ့တွေပါပဲ။ ကျန်ကျောင်းဟာ မိသားစုဝင်()ဦးရဲ့ ဝမ်းရေး အတွက်သာမက အဖေ့နဲ့အကိုရဲ့ အရက်ဖိုးနဲ့ ဆေးဖိုးအတွက်ပါ ပူလောင်နေရသူပါ။ ဈေးရောင်းမကောင်း၊ ခရီးသွား မရလို့ လက်ထဲ ငွေနည်းတဲ့နေ့တွေဆို ကျနော် အိမ်ကို မပြန်ချင်ဘူးလို့ ကျန်ကျောင်းက ဆိုပါတယ်။
      မယ်ဆိုင်-တာချီလိတ် နယ်စပ်လမ်းမှာ ငွေမပါလို့ အိမ်ပြန်ချင်တာ ကျန်ကျောင်းတယောက်ထဲတော့ မဟုတ်ပါဘူး။ တာချီလိတ်ကမ်းက တံတားကြီးရဲ့ထိပ်မှာ နံနက်ဝေလီဝေလင်းတိုင်း စီတန်းစောင့်ဆိုင်းနေကြတဲ့ မြန်မာပြည် ဒေသပေါင်းစုံက၊ အပူသောက ပေါင်းစုံနဲ့လာကြတဲ့ လူတွေကလည်း ငွေမပါရင် အိမ်မပြန်ချင်ဘူး ငြီးတွားကြတာပါပဲ။
      မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတားကြီးသာ စကားပြောတတ်ရင် နယ်စပ်လမ်းကို ရောက်လာကြတဲ့ မြန်မာ ပြည်သူတို့ရဲ့ အပူသောကတွေကို ပိုပြီးပြောပြနိုင်မှာပါ။ 
(ကိုဦး ဘလော့ဂ် http://oothandar.blogspot.com/  မှာ သိမ်းထားတဲ့ ပန်းချီမောင်မောင်တင် ပန်းချီကားဓာတ်ပုံမှ ကောက်နုတ်ဖော်ပြပါတယ်)
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
MoeMaKa Interview with U Win Tin - ebook - published
“ဦးဝင်းတင်နဲ့ မေးခွန်းများ” အီးဘွတ်
၈၈ အရေးတော်ပုံ ၂၂ နှစ် အထိမ်းအမှတ်အဖြစ်
မိုးမခက ဖြန့်ချိ
မိုးမခ
သြဂုတ် ၈၊ ၂၀၁၀
စစ်အစိုးရ အလိုကျ ၂၀၁၀ ရွေးကောက်ပွဲ၊ NLD ပါတီ၏ ရပ်တည်ဖြတ်သန်းမှုနှင့် မြန်မာပြည်အရေး အင်တာဗျူးများ စုစည်းတင်ဆက်ချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးမခက ဦးဝင်းတင်နဲ့ တွေ့ဆုံမေးမြန်းခြင်း အင်တာဗျူးဆောင်းပါးများကို တစုတစည်းတည်း အီးဘွတ်အဖြစ် ထုတ်ဝေလိုက်ပါတယ်။ မြန်မာပြည်ဒီမိုကရေစီအရေး ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ၂၂ နှစ်ပြည့်မှာ အမှတ်တရ အလေးပြုပြီး ထုတ်ဝေတာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!