မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 120 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Burmese Newspaper Readers sees ELection Law Not Positive Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - အင်တာဗျူး
Tuesday, 09 March 2010
သတင်းစာဖတ်သူတို့ အသံ - ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိသည့်အပေါ် ကောင်းသည့် မျှော်လင့်ချက်ထားရှိသူ နည်းပါး
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ်လ၁၀၊ ၂၀၁၀
         မတ်လ ၈ရက်နေ့ နေ့စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေကို ယမန်နေ့ ထုတ်သတင်းစာများတွင် ဖေါ်ပြခဲ့သော်လည်း မြန်မာနိုင်ငံပြည်သူ အများစုကမူ စိတ်ဝင်စားမှု ပြသခြင်း မရှိကြဘဲ အနည်းငယ်မျှသောသူများကသာ စိတ်ဝင်တစား သတင်းစာကို စောင့်မျှော်ဖတ်ရှုခဲ့ကြသည်။
ရန်ကုန်မြို့တွင် မြန်မာဘာသာဖြင့်ရိုက်နှိပ်ဖြန့်ချိသည့် မြန်မာ့အလင်းသတင်းစာကို ယနေ့နံနက် ၇နာရီဝန်းကျင်တွင် စတင်ဝယ်ယူရရှိခဲ့ကြပြီး၊ ယခင် သတင်းစာရှင်းလင်းပွဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေး ၀န်ကြီးတွေ့ဆုံသည့် သတင်းတို့ကဲ့သို့ သတင်းထူးများပါသည့်အခါလောက် လူအများစိတ်ဝင်စားမှု မပြခဲ့ဟု သတင်းစာနှင့် ဂျာနယ်ရောင်းသူများကလည်း ပြောဆိုသည်။ ကြေးမုံသတင်းစာမှာ မြန်မာ့အလင်းသတင်းစာထက် အစဉ်အမြဲနောက်ကျလေ့ရှိပြီး နေ့စဉ်နံနက် ၉ နာရီ နောက်ပိုင်းတွင်မှ လက်လီအရောင်းဆိုင်များသို့ ရောက်ရှိလေ့ရှိသည်။
ယနေ့ထွက်ရှိလာသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်ပတ်သက်ပြီး အလယ်အလတ်ရာထူးရှိ ရန်ကုန်မြို့မှ အစိုးရ၀န်ထမ်း တဦးက ပြောဆိုရာတွင်
“ဥပဒေ ထွက်ပြီဆိုတော့ ဘာလုပ်ရမှာလဲ၊ ဘာတွေဖြစ်လာမှာလဲ၊ အဲဒီထက် ပိုစိတ်ဝင်စားတာက ကျွန်တော်တို့ ရုံးလာမယ့် ဘတ်ဂျက်နှစ်မကုန်ခင် ဘာတွေ ရွှေ့မလဲ၊ နေရာတွေရွှေ့မလဲ ဆိုတာက ပို စိတ်ဝင်စားတယ်။ ဒီရွေးကောက်ပွဲကနေ ဘာမှ ဖြစ်လာမယ် မထင်ဘူး၊ ဘာမှလဲ မျှော်လင့်မထားဘူး။ ကျွန်တော့ အသက်ကလည်း ၅၀ နားကပ်နေပြီ ဆိုတော့ မကြာမီလာမယ့် နှစ်တွေအတွင်း ဘာမှ မမျှော်လင့်နိုင်တော့ဘူး”
ဟုဆိုသည်။
ကွန်ပျူတာ ပညာဖြင့် အသက်မွေးသူ ကိုရန်နိုင်က
“ရွေးကောက်ပွဲ ဥပဒေ ကြေငြာတာ အခုမှသိတယ်။ ကျွန်တော့်အထင်တော့ ဗိုလ် ကနေ ဦး ဆိုတဲ့ အရှေ့ကအမည် ပြောင်းတာပဲလို့ ယူဆတယ်။ ပထမ အကြွေးတောင် မကြေသေးပဲ အခု ဒုတိယအကြွေးကို ထပ်လုပ်တယ် ဆိုတော့၊ နဂိုက အနှုတ်လက္ခဏာနဲ့ စတယ်ဆို - အခုစတာက အနှုတ် ၃ လောက်နဲ့ စတဲ့သဘောပဲ။ ဘာအပြောင်းအလဲမှ မြင်ရမှာ မဟုတ်ဘူး။ ဒီဥပဒေလည်း ပြည်သူတွေအတွက် အကောင်းဘက်ကို သွားမယ်လို့ မထင်ဘူး။ ကောင်းတဲ့ အပြောင်းအလဲ ဖြစ်လိမ့်မယ် လို့မထင်ဘူး”
ဟုပြောသည်။
အခြား ၀န်ဆောင်မှု စီးပွားရေးလုပ်ငန်းကို ကိုယ်ပိုင်လုပ်ဆောင်လျက် ရှိသူတဦးကမူ
“ကျွန်တော့်အနေနဲ့တော့ အခုလို ရွေးကောက်ပွဲဥပဒေ ကြေငြာတာဟာ ရွေးကောက်ပွဲ လုပ်တော့မယ် ဆိုတဲ့အကောင်အထည်ရှိတဲ့ ခြေလှမ်းတလှမ်းကို လှမ်းတာဖြစ်လို့ စီးပွားရေးနယ်ပယ်မှာတော့ ကောင်းတဲ့ အချက်လို့ မြင်မိတယ်။ စီးပွားရေးလုပ်ကိုင်သူတွေ အနေနဲ့ နအဖက ပေးထားတဲ့ကတိကို ခြေလှမ်းလှမ်းလိုက်တဲ့ အတွက် စီးပွားရေး နည်းနည်း ပို တည်ငြိမ်သွားမလားလို့ မျှော်လင့်ပါတယ်”
ဟု အကောင်းဘက်မှ ရှုမြင်သုံးသပ် ပြောဆိုသည်။
သာမန်လက်လုပ်လက်စား၊ လခစား ၀န်ထမ်းနှင့် အိမ်ရှင်မ အတော်များများမှာလည်း ယခုရွေးကောက်ပွဲဥပဒေအပေါ် စိတ်ဝင်စားမှု မရှိသလောက် ဖြစ်နေပြီး ရန်ကုန်မြို့ အရှေ့ပိုင်းရပ်ကွက် တခုရှိဈေးထဲမှ ဈေးရောင်းသူများအနေဖြင့် ရွေးကောက်ပွဲ ဥပဒေထွက်ရှိသည်ကို မသိရှိကြပဲ၊ နေ့စဉ်အလောင်းအစားလုပ်နေသည့် ယိုးဒယား နှစ်လုံးထီ အတိတ် နံပါတ်ကို အဆိုပါ ဥပဒေထက်ပိုမို စိတ်ဝင်စားခဲ့သည်ကို တွေ့ရှိရသည်။
၁၉၈၈ ခုနှစ်လူထုအုံကြွမှုကို စစ်တပ်မှ အာဏာသိမ်းခဲ့ပြီး နောက်တနှစ်ခွဲ ခန့်အကြာ ၁၉၉၀ မေလတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ထိုစဉ်က န၀တငြိမ်ပိအစိုးရက ကျင်းပပေးခဲ့ပြီး၊ အန်အယ်လ်ဒီက နေရာအများစုရာခိုင်နှုန်းအားဖြင့် ၈၀ ၀န်းကျင်ထိ လူထု၏ထောက်ခံမဲကို ရရှိခဲ့ကြသည်။ သို့သော် စစ်တပ်မှ ရွေးကောက်ပွဲနိုင် အန်အယ်လ်ဒီသို့ အာဏာလွှဲအပ်ပေးခြင်း မရှိဘဲ မကြာမီ အနှစ် ၂၀ကျော် ရွေ့ဆိုင်းထားကာ ယခုတဖန် ၂၀၁၀တွင် ရွေးကောက်ပွဲ အသစ်ကို ပြုလုပ်မည်ဟု နအဖ အစိုးရကကြေငြာထားသည်။
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Welcome to MOE Gift Shop

မိုး အမှတ်တရဈေးဆိုင်

အယ်လ်အေက မြန်မာများနဲ့ ဒေသခံများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ

ဈေးနှုန်းချိုသာစွာရရှိနိုင်ပါပြီ။ နွေးထွေးခင်မင်စွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်။

ရပ်နီး ရပ်ဝေးက အားပေးလိုသူများအတွက် အင်တာနက်ဈေးဆိုင် မကြာမီ လာမည်။

10933 Valley Mall # D-9 (lower level), El Monte, CA 91731

Phone – 626-373-5848, 626 – 478 - 7717

 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!