Show Ad (ကြော်ငြာများဆီသို့)

April 27, 2016



Contact Seller
Rangoon, Rangoon, Burma
Visit Website

ရန်ကုန်မှ စာအုပ် အဟောင်းဆိုင်များ
=========================

ရန်ကုန်မှာ စာအုပ်စာတမ်း အလိုရှိသည့် အခါ၊ ဈေးကွက်မှာ ရှာမရသော ခေတ်ဟောင်း ထုတ် စာအုပ်များကို ၀ယ်လိုသည့် အခါ အလွယ် တကူ ၀ယ်နိုင်စေဖို့ရန် လက်လှမ်းမီသလောက် စာအုပ် အဟောင်းဆိုင် များကို လမ်းညွှန်ပေး လိုက်ပါသည်။

(၁) အမြင်သစ်စာပေ ( New Vision )
==========================
ယခင် ကုန်သည်လမ်းတွင် ဖွင့်လှစ်ခဲ့သော ဆိုင်ဖြစ်ပါသည်။ ယခုအခါ
အမှတ် ( 146/ A ) ၃၇ လမ်း ၊ ကျောက်တံတားမြို့နယ် အပေါ် ဘလောက်တွင် တည်ရှိပါသည်။ နှစ်ပေါင်းများစွာ ရှားပါးစာအုပ်များကို စုဆောင်းထားသော နေရာတစ်ခုဖြစ်ပါသည်။ ယခင်ဆိုင်နေရာလာက် စာအုပ်ရွေးမကောင်းသော်လည်း အဆင်ပြေပြေ ရှာဖွေနိုင်ပါသည်။ မကြာခဏလည်း ခေတ်ဟောင်းစာပေများ ၊ ရှေးဟောင်း သတင်းစာ ၊ ဂျာနယ်များ ၊ ပညာရေး စာအုပ်စာတမ်းများအား ပြပွဲ ပြုလုပ်ပြီး ရောင်းချသော ဆိုင်လည်း ဖြစ်ပါသည်။

တော်ဝင် စင်တာ သုံးလွှာမှ TAB Books စင်တာတွင် တင်ထားသော ရှားပါးစာအုပ် အဟောင်းများမှာ အမြင်သစ် စာပေမှ ဖြစ်ပါသည်။ တော်ဝင်စင်တာတွင် ဈေးဆစ်၍ မရသော်လည်း ၃၇ လမ်းဆိုင်တွင် ဈေး အနည်းငယ် ဆစ်လို့ရပါသည်။

ph ဆက်စုံစမ်းမယ်ဆိုရင် . :249068 /381976 ဖြစ်ပါတယ်။

(၂) အုန်းစော စာပေ
==============
၃၇ လမ်း အလယ် ဘလောက်မှာ တည်ရှိပါသည်။ ထိုလမ်းသည် တစ်လမ်းလုံး အဟောင်း ဆိုင်များဖြင့် ပြည့်နေပါသည်။ သို့သော် ရွှေ ဘဏ် ဖွင့်ပြီး နေရာများ သိပ်မရှိသော ကြောင့် ထိုလမ်းထဲမှ လမ်းဘေး စာအုပ်ဆိုင်များ ၏ အနာဂတ်မှာ ၀ိုးတ၀ါး ။ သိုသော် အုံးစော စာအုပ်ဆိုင်မှာ နေရာတစ်ကျ ဆိုင်ခန်းမို့ အဆင်ပြေသည်။

ဆိုင်ထဲတွင် မြန်မာပြည်အကြောင်း အနောက်နိုင်ငံသားများမှ ရေးသားထားသော စာအုပ်များ ၊ ဗုဒ္ဓစာပေများ ( အင်္ဂလိပ် ၊ မြန်မာ ) ဥပဒေစာအုပ်များ ၊ ခေတ်ဟောင်းမှ နာမည်ကြီး စာရေးဆရာများ၏ စာအုပ်များ စသည်ဖြင့် စုံလင်စွာရှိပါသည်။ စိတ်အေး လက်အေး ဖတ်ရှု့ ၊ရွေးယူ ၊ ရှာဖွေနိုင်ပါသည်။ ထိုင်ဖတ်ဖို့ရန်လည်း ထိုင်ခုံပုလေးများရှိပါသည်။ သဘောကောင်းသော ဆေးလိပ်ဖွာနေသည့် ဦးအုန်းစောကြီးအား လိုအပ်သော စာအုပ်များကို မေးလည်းရသလို ၊ ကိုယ်တိုင် မွှေနှောက်ရှာဖွေပြီး ရှာချင်လည်း စိတ်ချမ်းသာစွာ ရွေးချယ်နိုင်ပါသည်။

ကျွန်တော်ဆိုလျှင် လိုချင်ပြီး ဈေးကြီးလွန်းလို့ မ၀ယ်နိုင်သော စာအုပ်များကို ကော်ပီကူးပြီး ရောင်းချဖို့ မကြာမကြာ ပြောပေးပြီး ရအောင် လုပ်ယူပါသည်။

ဈေးလည်းသင့်သည်ဟု ဆိုနိုင်သော ဆိုင်ဖြစ်ပါသည်။

(အုန်းစော စာပေ ဘေးတွင် ဆိုင်သေးသေးလေး တစ်ခု ရှိသေးသည်။ နာမည် မမှတ်မိပါ ။ )

- Ph 01-377441/0930053118

(၃) ပုဂံ စာပေတိုက်
==============
ထိုဆိုင်မှာလည်း အလားတူ မြန်မာမှု အင်္ဂလိပ်စာများ ၊ ခရီးသွားလမ်းညွန်စာအုပ်များ ၊ Guide book များ ကို နေရာ သန့်သန့်လေး ရောင်းလို့ နိုင်ငံခြားသားများ အ၀င်များပါတယ်။ အုန်းစော စာပေ သွားရင်း ၀င်ဝယ်လို့ အဆင်ပြေပါတယ်။

- 100 . G Flr, 37 st , KTDA .377227 / 095117470

(၄ ) အေ၀မ်း စာပေတိုက်
=================
အမှတ် (၈၆ ) ၃၈ လမ်း ၊ ကျောက်တံတားမြို့နယ်

ဥပဒေ စာအုပ်များနှင့် ၊ သင်္ဘောသားများနှင့် ဆိုင်သော စာအုပ်များ ပေါသည်။ရှားပါး မြန်မာ စာအုပ်များလည်း ရှိပါသည်။ အင်္ဂလိပ်စာအုပ် ကောင်းကောင်း သိပ်မရှိပါ။ ရွေးချယ် ဖတ်ရှုရန်လည်း နေရာမရှိ ၊ လိုချင်တာကို မေးပြီး ရှိလျှင် ၀ယ်ပြီးသာ ပြန်ပါလေ။

(၅) ခရေဖူး စာအုပ်ဆိုင်
=================
ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့် ၊ May ဆေးဆိုင်ဘေး တွင်ရှိပါသည်။

ယခင်က ပန်းဆိုးတန်းလမ်းတစ်လျှောက် ကြေးနန်းရုံးကြီးဘေး၊ ဗဟိုတရားရုံးကြီးဘေး ၊ကုန်သည် လမ်းတစ်လျှောက် ဘေးဘယ်ညာ အဟောင်းဆိုင် များ လွန်စာ ပေါများခဲ့သည်။ ခရေဖူး ဆိုင်တွင်လည်း စာအုပ် အဟောင်းများစွာ ရှိခဲ့သည် ။ ယခုအခါတော့ ဥပဒေစာအုပ် ၊ ( သစ် ၊ ဟောင်း ) ကိုသာ အားပြု ရောင်းတာကို တွေ့ရသည်။ အဟောင်းတွေ နောင်ဆို မရှိ သလောက် ထိုဆိုင်တွင် နည်းသွားနိုင်သည်။

ကြေးနန်းရုံးဘေးမှ ဆိုင်များသည်လည်း ဆိုင်ဟု ခေါ်ယုံအဆင့်သာ ရှိတော့သည်။

(၆ ) ပညာရွှေတောင် စာအုပ်ဆိုင်
=======================
ပန်းဆိုးတန်းလမ်း ရွှေဘက်ဘက် အခြမ်းရှိ ပညာရွှေတောင်စာအုပ်ဆိုင်က စာအုပ်များကိုလည်း ဖြန့်ချီသည်။ နိုင်ငံခြားမှ စာအုပ်များဝယ်ကာ မြန်မာပြည်တွင် ပြန်လည်ပုံနှိပ်သည်။

အဟောင်းတကယ့် ရှားရှားပါးပါးများလည်း ထိုဆိုင်တွင် ရှိပါသည်။ အမျိုးအစားအလိုက် အသေအချာ ခွဲထားပေးသည်။ အားနည်းချက်မှာ အရောင်းဝန်ထမ်းများ စာအုပ်အကြောင်းနားမလည်သောသူ များသည်ဟု ယူဆမိသည်။

ထိုလမ်း တစ်လျှောက်တွင် လမ်းဘေးဆိုင် ၃ ဆိုင်လောက်မှာတော့ စာအုပ်ကောင်း အချို့ရတတ်သေးသည်။ ( အုန်းစောမှလည်း ထိုနေရာတွင် တစ်ဆိုင် ဖွင့်ထားသေးသည် )

- ph 01- .240690 / 01- 388718

( ရ) အခြားစာအုပ်ဆိုင်များ
======================
ရွှေဘဏ် ပတ်ပတ်လည်မှ ဆိုင်များ ၊ လောကနတ် အောက်က ဆိုင်များတွင်လည်း စာအုပ်ကောင်းများရှိပါသည်။ ဘဏ်ဖွင့်ပြီး နေရာရှားသွားသောကြောင့် သူတို့ ရှေ့ရေးတော့ မသိပါ။

ပန်းဆိုးတန်း အပေါ်ဘလောက် စာအုပ် ဆိုင်များကတော့ ယခင်က ၀ယ်ဖို့ စာအုပ်ကောင်းကောင်းများ ရှိခဲ့သော်လည်း ယခုအခါ ဘာမှ မရှိတော့သလောက်ပင်။ ကာတွန်းလိုလို ၊ ၅ ဘာသာပြောနည်း စာအုပ်စသည့် စာအုပ်မျိုးတွေ၊ ဂျာနယ် အဟောင်းလိုလို သာ ကျန်တော့သည်။ အားထားဖွယ် မဟုတ်တော့။

ပန်းဆိုးတန်း အပေါ်ဘလာက် အင်းဝ စာပေ အပေါ်ထပ်တွင်လည်း အဟောင်းဆိုင် တစ်ဆိုင်ရှိပါသည်။ အမြင်သစ်ပဲ ထင်သည်။

ဟိုယခင်က မြေနီကုန်း အဟောင်းဆိုင်များ ၊ သမိုင်းလမ်းဆုံ အဟောင်းဆိုင်များမှာ ရောင်းသူက တန်ဖိုး သိပ်မသိလို့လား ၀ယ်သူတွေက သိပ်မသိလို့လား မသိ စာအုပ်ကောင်းများကို ဈေးချိုစွာ ရတတ်သည်။

ဗိုလ်ချုပ်ဈေးနားမှ စာအုပ် အဟောင်းတန်းများလည်း စာအုပ်ကောင်းမရနိုင်တော့ ။ တဖြည်းဖြည်း ပျောက်ကွယ် သွားပေတော့မည် ထင်သည်။ အာရုံသစ် ဆိုင်အနီးက အဟောင်းဆိုင်လေးလည်း တဖြည်းဖြည်း စာအုပ် မရှိတော့ ။ အာရုံသစ် ဒီဘက်အခြမ်းဆိုင်က အဟောင်းအချို့ကို တင်ထားပေးသည်။

ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်က လွင်ဦးဆိုင်ကတော့ စာအုပ်အဟောင်းတွေရှားရှားပါးပါးများကို ကော်ပီကူးကာ တင်ပါသည်။ စာအုပ်အသစ်များလည်း ရောင်းပါသည်။

တစ်ခုတော့ သတိပေးချင်သည်။ စာအုပ်အသစ်ဆိုင်မှာ အရင်မေးပါ မရမှ အဟာင်းဆိုင်မှာ မေးပါ။ ယခု ကာလမှာ အဟောင်းတွေကို ပြန်ထုတ်တာများလို့ ဈေးကြီးကြီး အဟောင်း ၀ယ်မိပြီးမှ အသစ်က ထက်ဝက်ဈေးချိုနေတာမျိုး ရှိတတ်ပါသည်။

နောက်မှာ စာအုပ်အသစ်များတင်သော စာအုပ်ဆိုင်များ တည်နေရာ ၊ အားသာချက်များ ၊ ဖုန်းနံပါတ်များပါ ထည့်သွင်းပြီး ရေးပါဦးမည်။

စေတနာဖြင့် Michael Lin Lin

https://www.facebook.com/klynn.lynn.9
    This Ad has been viewed 22446 times.

    သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
    My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
    No tags for this post.

    Related posts

    အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:

    Comments are closed.

    ကြော်ငြာ … ကြော်ငြာ …

    စာအုပ်မြင် ချစ်ခင်ပါစေ

    မိုးမခမှာ ကြော်ငြာပါ

    Help MoeMaKa

    မိုးမခ Kindel Store

    မိုးမခ Kindel Store

    MoeMaKa Online Store

    MoeMaKa Online Store

    Colorful People Memorial Place

    Twitter: moemaka


    %d bloggers like this:

    ကြော်ငြာရန် …

    မိုးမခနဲ့ ပတ်သက်သမျှ

    မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

    By

    မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

    Read more »

    မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

    By

    မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

    Read more »

    Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

    By

      Junior Win ၏ My Life will go on...

    Read more »

    ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

    By

      ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

    Read more »

    သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

    Donate while shopping on amazon

    Recent Comments

    ကဏ္ဍများအလိုက်

    ကဏ္ဍများအလိုက် မာတိကာစဉ်