သားဦး – ဝမ်းသာစရာ

သားဦး – ဝမ်းသာစရာ

ဝမ်းသာစရာ သားဦး (မိုးမခ) စက်တင်ဘာ ၁၇ ရွာလမ်းတလျှောက် ဟိုဒီလွန်းထိုးရင်း ရေထမ်းထင်းခွေ ကြုံရာလုပ်စားနေရတဲ့မိဘမဲ့ကလေး ကားကြိတ်ဆုံးတော့ တရွာလုံးစုပ်တသပ်သပ်နဲ့ငြီးကြတယ် ဝမ်းသာစရာပါ သူ့ခင်ဗျာဝဋ်ကျွတ်ရှာတာတဲ့ ရွာစဉ်တရိုး တံတားထိုးလမ်းဖောက် စပါးအထွက်တိုးအောင်လုပ်ခဲ့တဲ့ ငါတို့သူကြီးကိုတော့ ဘယ်သေမင်းမှမခေါ်သေးဘူးတဲ့ ဝမ်းသာစရာပါဗျာ ။ – ၁၀ ၇ ၁၈ No tags for this post. Related posts No related posts.

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၁)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင်  – အပိုင်း (၂၁)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင်  – အပိုင်း (၂၁) (မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၈ ၁၉၅၀-ပြည့်နှစ်တုန်းက ဘုန်းတော်ကြီးဒလိုင်းလားမားကိုယ်တိုင် အိန္ဒိယပြည်ကို ပထမ ဆုံးအကြိမ်အဖြစ် ရောက်သွားခဲ့ဖူးသည်။ အဲဒီတုန်းက တန်ဖိုးကြီးမားလှသည့် ရွှေ၊ ငွေနှင့် တန်ဖိုးကြီးရှေးဟောင်း လက်ဝတ်ရတနာများကို ယူဆောင်လာခဲ့ပြီး Sikkim ပြည်နယ်ရှိ အစိုးရဘဏ်တခုတွင် အပ်နှံထားခဲ့ပါသည်။ အခုချိန်မှာတော့ ထိုလက်ဝတ် ရတနာများကို ရူပီးငွေနဲ့ လဲလှယ်ပြီး တိဗက်စာပေ၊ တိဗက်ယဉ်ကျေးမှု၊ ဆေးဝါး၊ တိဗက်အနုပညာနှင့် ဘာသာရေးစသည်ဖြင့် တိဗက်ပြည်သူတွေအတွက် လိုအပ်သည့် နေရာများတွင် စတင်အသုံးပြုနေပြီဖြစ်သည်။ တိဗက်လူမျိုးများအတွက် စာကြည့်တိုက် တွေ ဆောက်သည်။ လက်မှုအနုပညာကျောင်းတွေ တည်ထောင်သည်။ အသက်မွေး ၀မ်းကျောင်းပညာရပ်တွေအတွက် အဆောက်အဦတွေ ဖန်တီးပေးသည်။ ကော်ဇော...

Read more »

အေးဝင်း (လမင်းတရာ) ● ကိုယ်တို့ခေတ်က စာပေဖြန့်ချိရေး

အေးဝင်း (လမင်းတရာ) ● ကိုယ်တို့ခေတ်က စာပေဖြန့်ချိရေး

အေးဝင်း (လမင်းတရာ) ● ကိုယ်တို့ခေတ်က စာပေဖြန့်ချိရေး (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈   ‘ကိုယ်တို့ခေတ်’ လို့ပဲ သုံးချင်တယ်..။ သုံးမယ်..။ နှစ်ပေါင်းလည်း ၃၀ လောက်ကြာခဲ့ပြီ.။ သေတဲ့လူတွေလည်း အများအပြား သေကုန်ကြပြီ…။ ရှင်တဲ့လူတွေလည်း ဒီလုပ်ငန်းနဲ့ အသက်မမွေးကြတော့ဘူး..။ အမှတ်တရ.. လွမ်းတသသ ဒီစာကို ရေး ပါတယ်။ လမင်းတရာ စာပေဆက်ဆံရေးဟာ စာပေတိုက်အဖြစ် စာအုပ်ထုတ်ဝေရေးကိုလုပ်မယ်ဆိုတော့.. ကိုယ့်ရှေ့က ထုတ်ဝေရေး လုပ်နေတဲ့လူတွေဆီချဉ်းကပ်ပြီး နည်းနာတွေယူခဲ့ရတယ်။ ကိုယ့်အရင်နောင်တော်ကြီးတွေက ဖေးမလက်တွဲ အကူအညီ ပေးကြတယ်။ သူ့ကို တခေတ်လို့ ခေါ်မယ်ဆိုခေါ်လို့ရတဲ့ ‘မြန်မာစာအုပ်တိုက်’ – ဦးကြီးခင်၊ ဦးမြင့်ဆွေ။ စာအုပ်ပေါင်းများစွာ၊ ကျမ်းပေါင်း များစွာ သူတို့ ထုတ်ဝေခဲ့တယ်။ စာပုံနှိပ်စက်ကြီးတွေ ကိုယ်ပိုင်နဲ့...

Read more »

ကာတွန်း လိုင်းလုဏ်ရဲ့ ငရဲကြီးနေမယ်

ကာတွန်း လိုင်းလုဏ်ရဲ့ ငရဲကြီးနေမယ်

ကာတွန်း လိုင်းလုဏ်ရဲ့ ငရဲကြီးနေမယ် (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈ Tags: ကာတွန်း လိုင်းလုဏ် Related posts ကာတွန်း လိုင်းလုဏ်ရဲ့ လွတ်မြောက်နယ်မြေ (0) ကာတွန်း လိုင်းလုဏ်ရဲ့ ၈၈ နှောင်းပိုင်း … (0)

Read more »

လင်းသက်ငြိမ် ● ငြီးငွေ့ခြင်း

လင်းသက်ငြိမ် ● ငြီးငွေ့ခြင်း

လင်းသက်ငြိမ် ● ငြီးငွေ့ခြင်း (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈ လမ်းပေါ်က အချိုရည်ဘူးခွံတလုံးလို ကိုယ့်ကိုယ်ကို မြင်လာမိတဲ့နေ့တွေ ယင်ကောင်တွေ အုံခဲနေတဲ့ တောင်းထဲကနို့ဆီဘူးခွံတွေဟာ ငါ့အိမ်မက် အသေတွေ ကိုယ့်ခလုတ် ကိုယ်မပိုင်တဲ့ ယန္တရားတခုပါပဲ ကိုယ့်ခွန်အား ကိုယ်ဆုံးရှုံးနေရတဲ့ နွားတကောင်ပါပဲ လေနဲ့လွင့်နေတဲ့ ကျွပ်ကျွပ်အိတ်တွေမှာ ငါ့ဓာတ်ပုံ ငါစိတ်နဲ့လိုက်ကပ်ကြည့် မပျော်ရတဲ့ ကစားနည်းတွေနဲ့ ငါ့နာရီငါ မီးတို့မိတယ် အငွေ့တွေနဲ့ လောင်လို့ ပျောက်ရှနေတဲ့ နွေဦးရေ သူစိမ်းဆန်လွန်းတဲ့ ရယ်သံတွေနဲ့ အပြာရောင် ဥယျာဉ်လမ်းတို့ရေ ကြယ်တွေကို အပ်နဲ့လိုက်ထိုးဖို့အထိ ရူးမိတဲ့ညတွေကျမှ ဘာလို့ တမျှော်တခေါ်ကြီး ပြန့်ပြူးနေရတာလဲ လူဆိုတာ ကိုယ့်​ကိုယ်​ကို ဖျော်ဖြေရင်း ရှင်သန်ခြင်းကို မွေးမြူနေရတဲ့ သတ္တ၀ါပဲ ကြွေတော့မယ့် သစ်ရွက်တွေစောင့်ရင်း ဆံပင်တွေရှည်လျား ကမ္ဘာပျက်တော့မယ်...

Read more »

သျှင်မိုးပြေး ● ကိုယ်ထွက်ခွာတဲ့အခါ

သျှင်မိုးပြေး ● ကိုယ်ထွက်ခွာတဲ့အခါ

သျှင်မိုးပြေး ● ကိုယ်ထွက်ခွာတဲ့အခါ (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈ ခွင့်မပြုပေမယ့် အငြင်းမခံရတဲ့ကောင်ပေါ့ အရာရာ အရင်အတိုင်း အကောင်းအတိုင်း ကျန်ရစ်ခဲ့ဖို့ ဆန္ဒပြုပါတယ်။ အိပ်စက်ခြင်းတွေထဲက ပြေးထွက်ခဲ့တဲ့အခါ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ကံကော်ခုံတန်းလေး နှင်းဆီလမ်းကလေး ရယ်မောပျော်ရွှင်ခြင်း ခဏတာလေးတွေက နေထွက်လာတဲ့အခါ ပျောက်ကွယ်ရတဲ့ နှင်းပမာ အိပ်မက်ပမာ ဆိတ်ငြိမ်တိုးတိတ် အေးချမ်းမှုတွေဟာ စံပယ်တွေ ပြန်မလာတဲ့မြို့လေးထဲ ပျောက်ကျသွား မင်းသိဖို့  မပြောပြနိုင်တဲ့အကြောင်းရာများစွာကို မင်းသိဖို့  ထပ်ပြီးမပြောပြနိုင်တဲ့အခါ တိတ်ဆိတ် နက်ရှိုင်းခြင်းကမ်းပါးထဲ ငါဟာ ဇောက်ထိုးမိုးမျှော် ကျွံဝင်နစ်ဆင်းခဲ့တဲ့ အရေးမပါတဲ့ မျက်ရည်တွေပါ။ မေတ္တာတရားကို ဘ၀ထဲက ခပ်ထုတ်ခဲ့ရတဲ့ လူတစ်ယောက်မှာ နာကျင်ပိုစရာ ဘာကိုများ မင်းက ရှာဖွေတွေ့ ရှိတော့မှာလဲ။ ကိုယ့်ရင်ကို...

Read more »

လှကျောဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁၁)

လှကျောဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁၁)

လှကျောဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁၁) (မိုးမခ) စက်တင်ဘာ ၁၆၊ ၂ဝ၁၈ ● ဦးပိုင်ရဲ့မိခင် (ဘီ-အီး-ဒီ–စီ-ဗမာနိုင်ငံစီးပွားတိုးတက်ရေးကော်ပိုရေးရှင်း) အခုတလောရလာတဲ့စာအုပ်တအုပ်ဖတ်ပြီးမှ၊ တပ်မတော်က ဘာလို့ ၂ဝဝ၈ ဖွဲ့စည်းပုံကို အသေအလဲကာကွယ်နေသလဲဆို တာ သဘောပေါက်မိတယ်။ တဆက်တည်းမှာပဲ၊ ဗမာပြည်ကြီး ငြိမ်းချမ်းတိုးတက်စေချင်ရင်ဖြင့် ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကြီးက ကာကွယ်ပေးထားတဲ့ စစ်အာဏာရှင်စနစ်ကို အပြတ်ရှင်းလင်းပစ်ရမယ်ဆိုတာလည်း ပြတ်ပြတ်သားသားမြင်လာမိပါတယ်။ဒါဟာ၂၁ ရာစု တိုင်းချစ် ပြည်ချစ် ဗမာပြည်သားတိုင်းရဲ့ပုခုံးပေါ် သမိုင်းကတင်ပေးလိုက်တဲ့တာဝန်ဖြစ်ပါတယ်။ ဒီစာအုပ်ဖတ်နေရင်းလည်း ၁၉၆ဝ ခုနှစ်များက ခေတ်စားခဲ့တဲ့စကားလုံးများကို သတိရနေမိပါတယ်။ “ကမ္ဘာလောကကြီးမှာ အာဏာဟာ အရသာအရှိဆုံး” တဲ့။ မဒမ်နုဆိုတဲ့ တောင်ဗီယက်နမ်က စစ်အာဏာရှင်ကြီး ငိုဒင်ဇင်ရဲ့ခယ်မက ပြောဖူးတဲ့ စကားပါ။ ဗမာပြည်ကြီးမှာကတော့အခွင့်ထူးခံလက်တဆုပ်စာဗိုလ်ချုပ်ကြီးများအတွက်အတော်မှန်တဲ့စကားပါပဲ။ အခုတစုံတရာပွင့်လင်းလာတဲ့ကာလမှာထွက်ပေါ်လာတဲ့ စာအုပ်စာတမ်းမှတ်တမ်းများအရ...

Read more »

အညတရ ● ပုံဖျက်ခံနေရတဲ့ကိစ္စလည်း အရေးကြီးတယ်

အညတရ ● ပုံဖျက်ခံနေရတဲ့ကိစ္စလည်း အရေးကြီးတယ်

အညတရ ● ပုံဖျက်ခံနေရတဲ့ကိစ္စလည်း အရေးကြီးတယ် (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈ အသိညီငယ်တစ်ယောက်က ကျွန်တော့်ကိုလှမ်းမေးပါတယ်။ “အစ်ကို၊ Editorial ဆိုတာ ဗမာလိုဘာလဲ” တဲ့။ မြန်မာပြည်မှာ မွေး၊ ဗမာစကားပြောပြီး ဗမာလိုကြီးလာတဲ့လူတစ်ယောက်က အင်္ဂလိပ်စာလုံးကိုတော့သိပြီး ဗမာလိုတော့မသိဘူးဆိုတော့ ရင်နာမိရတယ်။ တကယ်ဆိုရင် “အစ်ကိုရေ သတင်းစာခေါင်းကြီးဆိုတာ အင်္ဂလိပ်လိုဆို ဘာလဲ” လို့ မေးတာမျိုးပဲ ဖြစ်သင့် တာမဟုတ်လား။ စိတ်ထဲမှာ တင်းခနဲဖြစ်သွားမိပေမယ့် သူ့အပြစ်မဟုတ်ဘူးဆိုတာ ဆင်ခြင်မိတော့လည်း စိတ်လျှော့ လိုက် ပါတယ်။ သည်ကနေ့ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်တွေ၊ ရုပ်သံလိုင်းတွေ ကြည့်လိုက်ရင် အဲဒီ ဗမာစကားလုံးဖြစ်တဲ့ ‘ခေါင်းကြီးပိုင်း’ ဆိုတဲ့ စာလုံးက တွေ့မှမတွေ့ရတော့တာ။ အဲဒီလိုပါပဲ Satire တို့၊ Article တို့၊...

Read more »

အေးငြိမ်း ● ကျွန်ုပ် ငါးသလောက်ပြုံး ပြုံးမိရခြင်းအကြောင်း

အေးငြိမ်း ● ကျွန်ုပ် ငါးသလောက်ပြုံး ပြုံးမိရခြင်းအကြောင်း

အေးငြိမ်း ● ကျွန်ုပ် ငါးသလောက်ပြုံး ပြုံးမိရခြင်းအကြောင်း (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈ (၁) လိုအပ်သည်များကို မှာစားခြင်း တလောက လူနေရန်ဆောက်လုပ်ထားသည့် အဆောက်အဦများကို တာဝန်ရှိသူများက သွားရောက်စစ်ဆေးကာ သည်အဆောက်အဦတွေကတော့ လူနေဘို့သင့်တယ်၊ ဒီအဆောက်အဦမှာတော့ အက်ရာတွေတွေ့လို့ လူနေဘို့ မသင့်ဘူး စသဖြင့် ဆုံးဖြတ်ပေးသည်ဆိုတာ ဖတ်လိုက်ရတော့ ကျွန်ုပ်မှာ ငါးသလောက်ပြုံး ပြုံးမိရ၏။ အနှီလူကြီးမင်းများသည် အဆောက်အဦအပြင်ပိုင်းကို သာမန်မျက်လုံးနှင့်ကြည့်ကာမျှဖြင့် အထဲမှ အုတ်၊ ရေ၊ သဲကျောက်တို့၏ အချိုး၊ သံချောင်းအရွယ်အစား၊ သူတို့၏ လုပ်ပုံကိုင်နည်း ပရိုစီဂျာများကို သိသည်ဆိုခြင်းကား နည်းတဲ့စကေးတော့ မဟုတ်ဘူးဟု ကျွန်ုပ်မှာ သြချယူရပါပေ၏။ ကျွန်ုပ်လူမှန်းသိတတ်စကတည်းက လူကြီးဆိုသူများသည် မည်သည့်လုပ်ငန်းကို လာရောက်စစ်ဆေးသည် ဆိုကာ ဝတ်ကောင်း စားလှများဝတ်လျှက် နောက်က...

Read more »

သစ်ကောင်းအိမ် ● မော်တော်ကားတစင်းနဲ့ စကားစမြည်

သစ်ကောင်းအိမ် ● မော်တော်ကားတစင်းနဲ့ စကားစမြည်

သစ်ကောင်းအိမ် ● မော်တော်ကားတစင်းနဲ့ စကားစမြည် (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈ ဟိုတလောလေးကမှ အောက်တွင်ဖော်ပြထားသော ကဗျာနှစ်ပုဒ်ထဲမှ (ခေါင်းစဉ်ခွဲတပ်ထားသည့် ကဗျာနှစ်ပိုဒ်လည်း ဖြစ် နိုင်ပါသည်…) တပုဒ်အား ပေးထားသည့်ခေါင်းစဉ်အားပြောင်းကာ စိတ်ထဲတွေ့ရာ (ဇူလိုင် ၃၀) ဟူသော ခေါင်းစဉ်ဖြင့် တင်လိုက်မိလေသည်။ ကျနော့်စိတ်ထဲတွင် ဘယ်လိုမှ ဘဝင်မကျ..။ ကဗျာနှစ်ပိုဒ်လည်း ဖြစ်နိုင်သည့် ထိုကဗျာနှစ်ပုဒ်သည် ကျနော်အတွက် အဆုံးအစမဲ့ကာ အစပြုရခက် အဆုံးသတ်ရခက် ဖြစ်နေပါသည်။ လက်ရှိကျနော် အသက်မွေး ဝမ်းကျောင်းကာ နေထိုင်ကျင်လည်နေသည့် အင်ဒီယားနား ပြည်နယ်၏ ခုဘက်ပိုင်းနှစ်များတွင် ဟောတရုံ ဟောတရုံဖြင့် တရုံပြီးတရုံ တိုးတက်ဖွင့်လှစ်လာနေသော စက်ရုံများသည်လည်း မော်တော်ကားပစ္စည်း ထုတ် လုပ်သည့် စက်ရုံတွေချည်းဖြစ်ပြီး ကိုယ့်အရည်အချင်းနှင့် ကိုက်ညီစွာ သက်မွေးဝမ်းကျောင်းမှု ပြုနိုင်သည်ကလည်း...

Read more »

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) – စားသွားပါဦးလား

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) – စားသွားပါဦးလား

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) – စားသွားပါဦးလား (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၈ Tags: ကာတွန်း နေညိုအေး (ဥသျှစ်ပင်) Related posts ကာတွန်း နေညိုအေး (ဥသျှစ်ပင်) ရဲ့ ရိုးသားကြစတမ်း (0)

Read more »

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၅ )

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၅ )

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၅ ) (မိုးမခ) စက်တင်ဘာ ၁၅၊ ၂ဝ၁၈ တစ်အချက်- ဆန့်ကျင်တယ်။ နှစ်အချက်- မကြောက်ဘူး။ သူတို့ သူမရဲ့ဓာတ်ပုံတွေ ပြန်ဖြုတ်ချကြ သူတို့ သူမရဲ့ဆုတံဆိပ်တွေ ပြန်ရုပ်သိမ်းကြ သူတို့။ ငါတို့ တစ်အချက်- ဆန့်ကျင်တယ် ငါတို့ နှစ်အချက်- မကြောက်ဘူး ငါတို့။ သူတို့ သူမကို လည်ပင်းကြိုးကွင်းစွပ်ဖို့ ကြံစည်ကြ သူတို့ သူမကို ရာထူးက နုတ်ထွက်ဖို့ ဖိအားပေးကြ သူတို့။ ငါတို့ တစ်အချက်- ဆန့်ကျင်တယ် ငါတို့ နှစ်အချက်- မကြောက်ဘူး ငါတို့။...

Read more »

ပုံဖျက်ခံနေရတဲ့ကိစ္စလည်းအရေးကြီးတယ်

ပုံဖျက်ခံနေရတဲ့ကိစ္စလည်းအရေးကြီးတယ်

ပုံဖျက်ခံနေရတဲ့ကိစ္စလည်းအရေးကြီးတယ် ထိပ်တန်းဖြစ်ရပ်များကို ဂရုစိုက်နေရချိန်မှာ  ဘာသာစကား ပုံဖျက်ခံနေရခြင်းကိုလည်း အလေးထားကြရမှာဖြစ်ပါတယ် အညတရ  (မိုးမခ) စက်တင်ဘာ ၁၅၊ ၂ဝ၁၈ ရန်ကုန်မြို့မှ သတင်းစာ၊ ဂျာနယ် အရောင်းဈေးကွက်မှ ဖြန့်ဝေသူတစ်ဦး (ဓာတ်ပုံ – ဇာနည်ဝင်း/Myanmar Now) အသိ ညီငယ်တစ်ယောက်က ကျွန်တော့်ကိုလှမ်းမေးပါတယ်။ “အစ်ကို၊ Editorial ဆိုတာ ဗမာလိုဘာလဲ”တဲ့။ မြန်မာပြည်မှာမွေး၊ ဗမာစကားပြောပြီး ဗမာလိုကြီးလာတဲ့လူတစ်ယောက်က အင်္ဂလိပ်စာလုံးကိုတော့သိပြီး ဗမာလိုတော့မသိဘူး ဆိုတော့ ရင်နာမိရတယ်။ တကယ်ဆိုရင် “အစ်ကိုရေ သတင်းစာခေါင်းကြီးဆိုတာ အင်္ဂလိပ်လိုဆို ဘာလဲ”လို့ မေးတာမျိုးပဲ ဖြစ်သင့် တာမဟုတ်လား။ စိတ်ထဲမှာ တင်းခနဲဖြစ်သွားမိပေမယ့် သူ့အပြစ်မဟုတ်ဘူးဆိုတာ ဆင်ခြင်မိတော့လည်း စိတ်လျှော့ လိုက်ပါတယ်။ သည်ကနေ့ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်တွေ၊ ရုပ်သံလိုင်းတွေ ကြည့်လိုက်ရင် အဲဒီ...

Read more »

မျက်ကွယ်ပြုခံရသော ဖားကန့်ဒေသ မူးယစ်ဆေးဝါးပြဿနာ

မျက်ကွယ်ပြုခံရသော ဖားကန့်ဒေသ မူးယစ်ဆေးဝါးပြဿနာ

မျက်ကွယ်ပြုခံရသော ဖားကန့်ဒေသ မူးယစ်ဆေးဝါးပြဿနာ  လူသွားလမ်းပေါ် မူးယစ်ဆေး ပေါ်ပေါ်တင်တင် သုံးစွဲမှုကို ဖားကန့်ကျောက်စိမ်းတွင်းတွင် တွေ့နိုင်သည် ခွန်းလတ်/Myanmar Now (မိုးမခ) စက်တင်ဘာ ၁၅၊ ၂ဝ၁၈   လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါးနှင့်ဆက်စပ်နေသူဟု ယူဆရသူတဦးကို ဖမ်းဆီးကာ လက်ကြိုးတုပ်ထားစဉ်။ ဖားကန့် ဩဂုတ်လ၊ ၂၀၁၈။ (ဖားကန့်) — မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဖားကန့်ဒေသကို ဒေါ်လာဘီလျံချီ တန်ဖိုးရှိသော ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရာအဖြစ် လူသိများသော်လည်း ယင်းဒေသ၏ ကြီးမားသော မူးယစ်ဆေးဝါး ပြဿနာကိုမူ သိရှိသူ နည်းပါးသည်။ ဖားကန့်ဒေသတွင် ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည့် ပြဿနာမှာ ပိုမိုဆိုးရွား လာနေသည်။ ဖားကန့်တွင် ဘိန်းဖြူ၊ ဘိန်းမည်း၊ ယာဘ အစရှိသော မူးယစ်ဆေးဝါများကို ကုန်စိမ်း...

Read more »

ကမ္ဘာ့သန့်ရှင်းရေးနေ့အထိမ်းအမှတ်အဖြစ် မန်းတွင် စုပေါင်းအမှိုက်ကောက်

ကမ္ဘာ့သန့်ရှင်းရေးနေ့အထိမ်းအမှတ်အဖြစ် မန်းတွင် စုပေါင်းအမှိုက်ကောက်

ကမ္ဘာ့သန့်ရှင်းရေးနေ့အထိမ်းအမှတ်အဖြစ် မန်းတွင် စုပေါင်းအမှိုက်ကောက် ခင်နှင်းဝေ/Myanmar Now (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၈ (ဓာတ်ပုံများ – ခင်နှင်းဝေ/Myanmar Now) မန္တလေးတွင် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့် မြို့တော်ဝန် ဦးဆောင်ပြီး ကမ္ဘာ့သန့်ရှင်းရေးနေ့ အထိမ်းအမှတ် အဖြစ် ယနေ့နံနက်ပိုင်းတွင် စုပေါင်း အမှိုက်ကောက်ခဲ့ကြသည်။ မြန်မာပြည်တွင် တစ်ရက်လျှင် အမှိုက်တန်ချိန်ပေါင်း ရှစ်သောင်းကျော် ထွက်နေကြောင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် ရာသီဥတု ဖောက်ပြန်လာခြင်းသည် အမှိုက်နှင့် ဆက်စပ်နေသောကြောင့် အမှိုက်ကို စနစ်တကျ စွန့်ပစ်ရန် အရေးကြီးကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းခဲ့သည်။ အမှိုက်နှင့် ပတ်သက်ပြီး ပညာပေး လုပ်ငန်း အရေးကြီးကြောင်း Clean Mandalay Campaign လှုပ်ရှားမှုအဖွဲ့မှ ဥက္ကဋ္ဌ ကိုသန့်စင်က ပြောသည်။...

Read more »

ဇင်လင်း – သတင်းမီဒီယာများ၏ ဗဟုသဘောထား အမြင်များကို လမ်းဖွင့်ပေးဖို့လိုသည်

ဇင်လင်း – သတင်းမီဒီယာများ၏ ဗဟုသဘောထား အမြင်များကို လမ်းဖွင့်ပေးဖို့လိုသည်

သတင်းမီဒီယာများ၏ဗဟုသဘောထားအမြင်များကို လမ်းဖွင့်ပေးဖို့ လိုသည် ဇင်လင်း  (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၈ သတင်းစာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ယေဘုယျအခြေအနေကို ဖော်ညွှန်းပြသသည့်  နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ၏ ၂၀၁၈ ခုနှစ်ညွှန်းကိန်း(Index) အရဆိုလျှင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံ၏အဆင့်သည် ၁၃၇ တွင် ရှိနေသည်။ ၂၀၁၇ ခုနှစ်က မြန်မာ့သတင်းလွတ်လပ်ခွင့်သည် အဆင့် ၁၃၁ ဖြစ်သဖြင့် ယခုနှစ်တွင် ၆ ဆင့် ကျဆင်းသွားသည်။  အထူးသဖြင့် စက်တင်ဘာ ၃ ရက်နေ့က ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် နိုင်ငံ၏သတင်းလွတ်လပ်ခွင့် ပုံရိပ်ကို အကြီးအကျယ်ထိခိုက်စေသည်။ ရိုက်တာသတင်းထောက် (၂)ဦး ကို...

Read more »

ကျော်စံလှ(ကလေးဝ) – သမုဒ္ဒရာ

ကျော်စံလှ(ကလေးဝ) – သမုဒ္ဒရာ

သမုဒ္ဒရာ ကျော်စံလှ(ကလေးဝ) (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၈ သစ်ခုတ်သမားက တောကိုသတ်တယ်။ သိုက်ဆရာက တောင်ကိုဖြိုတယ်။ သဘာဝက မြစ်ကိုဒဏ်ခတ်တယ်။ မြစ်က ဆင်းရဲပင်ပမ်းစွာ အသက်ရှူတယ်။ သစ်ဖောင်သမားက မဝတဝ ဝမ်းစာကို အသက်နဲ့ရင်းတယ်။ ခရိုနီနဲ့ စနစ်ဆိုးဟာ အဲသည် အောက်စီဂျင်တွေနဲ့ ဆူဖြိုးစွာ ကခုန်ကြတော့တယ်။ ။ No tags for this post. Related posts No related posts.

Read more »

သေနတ်သမားကြည်လင်း၏ စာအုပ်တွင် အောင်ဝင်းထွန်းဖုန်းနံပတ် ရှိနေ

သေနတ်သမားကြည်လင်း၏ စာအုပ်တွင် အောင်ဝင်းထွန်းဖုန်းနံပတ် ရှိနေ

သေနတ်သမားကြည်လင်း၏ စာအုပ်တွင် အောင်ဝင်းထွန်းဖုန်းနံပတ် ရှိနေ လေဆိပ်လုပ်ကြံမှု သံသယတရားခံအောင်ဝင်းထွန်းက   ကြည်လင်း ရေးမှတ်ထားသည့် ဖုန်းနံပတ်မှာ ၎င်းယခင်က အသုံးပြုခဲ့သည့် နံပတ်အဟောင်းဟု ထွက်ဆိုသည်။ ဖြိုးသီဟချို/Myanamr Now (မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၈ ၂၀၁၈ စက်တင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် တွေ့ရသော  အောင်ဝင်းထွန်း (ဓာတ်ပုံ – ဖြိုးသီဟချို/Myanamr Now)  (ရန်ကုန်) —    ရှေ့နေကြီး ဦးကိုနီကို ပစ်ခတ်လုပ်ကြံခဲ့သူ သေနတ်သမားကြည်လင်း၏  နေအိမ်မှ သိမ်းဆည်းရမိသော မှတ်စုစာအုပ်ထဲတွင် အောင်ဝင်းထွန်း၏ ဖုန်းနံပတ် ရေးမှတ်ထားခြင်းနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၃ တရားခွင်တွင် စစ်ဆေးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် စိုင်းလျားကျေးရွာရှိ ကြည်လင်း၏နေအိမ်တွင် တွေ့ရသော မှတ်စု စာအုပ်တွင် အောင်ဝင်းထွန်းတို့ ဇနီးမောင်နှံ၏  ဖုန်းနံပတ်များ ရှိနေရခြင်းအကြောင်းကို...

Read more »

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲ စက်တင်ဘာ၁၅

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲ စက်တင်ဘာ၁၅

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲ စက်တင်ဘာ၁၅ K (မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၈ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲကို ရန်ကုန်မြို့လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်း၊ အမှတ် (၂၉)ရှိ UMFCCI Office Tower ဒုတိယထပ် ( မင်္ဂလာခန်းမ)၊မှာ စက်တင်ဘာ၁၅ရက် (စနေနေ့)နေ့လယ် ၂နာရီမှာ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။ ဟောပြောမည့်ခေါင်းစဉ်မှာ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ”ဖြစ်ပြီး ဟောပြောမည့်ပုဂ္ဂိုလ်ကတော့ ဒေါ်ခင်သီတာ ထွန်း (ဦးစီးအရာရှိ၊ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး)ဖြစ်ပါတယ်။ အဆိုပါဟောပြောပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ပေ့မှာလည်း “အသင်းဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အသိပညာ ဗဟုသု တများတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလဟောပြောပွဲကို အောက်ပါ အစီအစဉ်အတိုင်းကျင်းပမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာဌာနများမှ ပညာရှင်များ၊ အရပ် ဘက်လူ့အဖွဲ့ အစည်းများ၊ သတင်းမီဒီယာများနှင့် စိတ်ပါဝင်စားသူများ အခမ်းအနားသို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်”လို့ပြောဆိုထားပါတယ်။...

Read more »

ရဲရင့်သက်ဇွဲ ● မီးဝေးချိတ်

ရဲရင့်သက်ဇွဲ ● မီးဝေးချိတ်

ရဲရင့်သက်ဇွဲ ● မီးဝေးချိတ် (မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၈ ကြေကွဲစရာ မိုးကောင်းကင်တခုတည်းရဲ့အောက်မှာ ဘဝတွေက ရေခြား … မြေခြား ဖြေသိမ့်စရာ စကား ရှားပါးလို့  နေလေရဲ့ ….။ မင်းရှိတဲ့ အရပ်က မြင်ရတဲ့ ကောင်းကင် လမင်း ကြယ်စင်နဲ့  ငါရှိတဲ့ အရပ်က မြင်ရတဲ့ ကောင်းကင် လမင်း ကြယ်စင် အတူတူပါကွဲ့ ….။ ငါတို့  ….. ဘဝတခုအတွက် အိပ်မက်ဖူးတွေ ခူးခဲ့ကြဘူးရဲ့  အိပ်မက်က နိုးထ မျက်ရည်စတွေနဲ့  ကြေကွဲကြရ ….။ ဝေးကွာခြင်းရဲ့ အတွင်းမှာ စိတ်တွေက ခံတွင်းပျက် အမြင်အာရုံတွေက ဖျားချင် နာချင်...

Read more »

ခင်နှင်းဝေ (Myanmar Now) ● ခွင့်ပြုချက်မကျသဖြင့် မန္တလေးမှုခင်း ကျဆင်းရေး ဆွေးနွေးပွဲဖျက်သိမ်း

ခင်နှင်းဝေ (Myanmar Now) ● ခွင့်ပြုချက်မကျသဖြင့် မန္တလေးမှုခင်း ကျဆင်းရေး ဆွေးနွေးပွဲဖျက်သိမ်း

ခင်နှင်းဝေ (Myanmar Now) ● ခွင့်ပြုချက်မကျသဖြင့် မန္တလေးမှုခင်း ကျဆင်းရေး ဆွေးနွေးပွဲဖျက်သိမ်း   (မိုးမခ) စက်တင်ဘာ ၁၃၊ ၂ဝ၁၈ မန္တလေးလုံခြုံရေးကို သရော်ထားသည့် ကာတွန်းများ   (မန္တလေး) — မြို့ လည်ခေါင်လူသတ်ပွဲများအပါအဝင် မြို့ တွင်း ဖြစ်ပွားနေသည့် မှုခင်းများ အဆုံးသတ်စေရန် ဒေသခံ အထင်ကရ စာရေးဆရာများ ဦးဆောင်သည့် “မန္တလေးလူထုလုံခြုံမှုရေးရာ တွေ့ဆုံဆွေးနွေးပွဲ” ကို ယနေ့ (စက်တင်ဘာ၁၃တွင်) ပြုလုပ်ရန်စီစဉ်ထားရာ အစိုးရက ခွင့်ပြုချက် မချပေးသဖြင့် ဖျက်သိမ်းလိုက်ရသည်။ ညီပုလေး၊ နေဝင်းမြင့်၊ ဆူးငှက် စသည့် စာရေးဆရာများ၊ သံဃာများ၊ တက္ကသိုလ် ပါမောက္ခများ၊ ဆရာဝန်များ၊ ကုန်သည်များနှင့် လူမှုအသင်းများက   ၃၁ လမ်း သကျသီဟ...

Read more »

ဝုမ်လျံစန်း (MyanmarNow) ● အကောင့်တုများကို MM Social ဖယ်ရှားမည်ဟုဆို

ဝုမ်လျံစန်း (MyanmarNow) ● အကောင့်တုများကို  MM Social ဖယ်ရှားမည်ဟုဆို

ဝုမ်လျံစန်း (MyanmarNow) ● အကောင့်တုများကို  MM Social ဖယ်ရှားမည်ဟုဆို (မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၈ MM Social လူမှုကွန်ရက် စာမျက်နှာကို စတင် အသုံးပြုရန် ၎င်း၏ လိပ်စာဖြစ်သော http://mmsocial.net သို့ သွားလျှင် အထက်ပါပုံကို တွေ့ရမည်ဖြစ်သည်။ MM Social ကို အဆိပ်အတောက်ကင်းသည့် ၀န်းကျင်အဖြစ် ဖော်ဆောင်သွားမည်ဟု တည်ထောင်သူက ကတိပြုထားသည်။ (ရန်ကုန်) — မြန်မာလူမှုကွန်ရက် MM Social မှ အကောင့်အတုများကို ယခုသတင်းပတ်တွင် စတင်ဖယ်ရှားတော့မည်ဟု  တည်ထောင်သူ ကိုရန်နိုင်မြင့်က Myanmar Now ကို ပြောသည်။  “အကောင့်အတု သေချာရင်တော့ ၎င်းသက်ဆိုင်ရာအကောင့်ကို ဖျက်ဆီးသွားမှာပါ။ မသေချာတဲ့အခြေအနေ ဆိုရင်တော့  ယာယီ...

Read more »

K ငြိမ်းချမ်း- ပြန်ကာသာတွေး မြန်ပြည်အရေးတွေးကာသာပူသူ(သို့မဟုတ်) ပြည်သူ့တေးသံရှင် …

K ငြိမ်းချမ်း-    ပြန်ကာသာတွေး မြန်ပြည်အရေးတွေးကာသာပူသူ(သို့မဟုတ်) ပြည်သူ့တေးသံရှင် …

ပြန်ကာသာတွေး မြန်ပြည်အရေး တွေးကာသာပူသူ (သို့မဟုတ်) ပြည့်သူ့တေးသံရှင် (ဒေါ်)မာမာအေးK ငြိမ်းချမ်း(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၈စက်တင်ဘာ ၂၅ ရက်ဆိုရင် မြန်မာပြည်သမိုင်းမှာ ဒုတိယအထင်ရှားဆုံး အရေးအခင်းကြီးတခုဖြစ်တဲ့ ရွှေဝါရောင်သံဃာ့ အရေး အခင်းကြီး ဖြစ်ပွားခဲ့တာ ၁၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါ တယ်။ ၂၀၀၇၊ စက်တင်ဘာရက်နေ့တွေမှာ ပခုက္ကူမြို့ကလေးမှာ သံဃာ နှစ်ပါးကို လက်နက်ကိုင်အုပ်စုက ဓာတ်တိုင်ကြိုးတုတ်ရိုက်ရာကနေ သံဃာတွေစုဝေးးပြီး ပတ္တနိုက္ကုဇ္ဖနကံ ဆောင်ရာမှ ရန်ကုန်၊ မန္တလေးနဲ့အခြားမြို့ကြီးတွေမှာ သံဃာ့အရေးတော်ပုံတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်အရေးအခင်းကြီးကတော့ ကမ္ဘာက စောင့်ကြည့်စုတ်သပ်နာကြည်းခံပြင်းခဲ့ကြတာ အပြင်း ထန်ဆုံးဖြစ်ခဲ့ကြတာပေါ့။ အဲဒီတုန်းက ရန်ကုန်အခြေ အနေစစ်မြေပြင်ကြီးကို DVB သတင်းဌာနက ရိုက်ကူးတင်ဆက်မှုနဲ့အတူ သီချင်းတပုဒ်ကလည်း တွဲလျက်ပါလာခဲ့ပါတယ်။ မေတ္တာပို့သနေတဲ့ သံဃာတွေနဲ့ဝန်းရံပေးတဲ့ လူထုကို စစ်မြေပြင်သဖွယ်...

Read more »

ဆန်ဖရန်မှာ မင်းကိုနိုင်နဲ့ အော်ပီကျယ် စာပေဟောပြောမည် – စက်တင်ဘာ ၁၅

ဆန်ဖရန်မှာ မင်းကိုနိုင်နဲ့ အော်ပီကျယ် စာပေဟောပြောမည် – စက်တင်ဘာ ၁၅

ဆန်ဖရန်မှာ မင်းကိုနိုင်နဲ့ အော်ပီကျယ် စာပေဟောပြောမည် – စက်တင်ဘာ ၁၅ (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈ ရပ်နီး ရပ်ဝေး စာပေချစ်သူတွေကို ဖိတ်ကြားလိုက်ပါတယ်။ Tags: ဆန်ဖရန် Related posts နွယ်ခွေ – မေတ္တာနန္ဒစာသင်ကျောင်းက အပြန် (MoeMaKa Interview) (0) နိုဝင်ဘာ ၂၈၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ၀ိဟာရကျောင်း တန်ဆောင်တိုင်ပွဲမြင်ကွင်း (0) ငြိမ်းချမ်းအေး – ခွ န် အား ဖြ ည့် မိ င ယ် (0)ှShwe Pyi Soe – Essay (0)ှSF Burmese Community celebrate Metta...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်ပြီ

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်ပြီ

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်ပါပြီ (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈ မိုးမခရဲ့ ထူးခြားတဲ့ တင်ဆက်မှုတခုအဖြစ် ဧည့်အယ်ဒီတာ ကာတွန်းဝင်းအောင် တာဝန်ခံ စီစဉ်ပေးတဲ့ မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ ထွက်ပါပြီ။ သည်တခါ စုစည်းမှုကတော့ မြန်မာကာတွန်းရေစီးကြောင်းဆိုင်ရာ စုစည်းမှုများ ဖြစ်ပါတယ်။ ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄ မှာ အမှာစာများ ကြိုတင်ပေးပို့နိုင်ပါပြီ။ No tags for this post. Related posts No related posts.

Read more »

ဦးဝင်းတင်ဖောင်ဒေးရှင်း နိုင်ငံရေးအကျဉ်သားများအတွက် အလှူငွေပေးအပ်

ဦးဝင်းတင်ဖောင်ဒေးရှင်း နိုင်ငံရေးအကျဉ်သားများအတွက် အလှူငွေပေးအပ်

ဦးဝင်းတင်ဖောင်ဒေးရှင်း နိုင်ငံရေးအကျဉ်သားများအတွက် အလှူငွေပေးအပ် (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈ NLD Democracy ခေတ် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြတဲ့အထဲက ဦးမိုးရန်နိုင်၊ ဦးကျော်စိုးဦး၊ ဦးသက်ဦးမောင်တို့နဲ့ စစ်အစိုးရခေတ် နိုင်ငံရေးအကျဉ်သားဟောင်းများကို ဦးဝင်းတင်ဖောင်ဒေးရှင်းက အစဉ်အလာမပျက် အားပေးထောက်ပံ့တဲ့ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။     မိုးမခ၀ိုင်းတော်သားများကလည်း နှစ်စဉ်လှူဒါန်းနေကျ အလှူငွေနဲ့အတူ မိုးမခစက်တင်ဘာမဂ္ဂဇင်း၊ ဒေါ်ခင်မျိုးချစ်ရဲ့ သတင်းစာလောက၊ ဒေါ်မာမာအေးရဲ့ ဆောင်းပါးစာအုပ်များကို သွားရောက် လက်ဆောင်ပေးအပ်ခဲ့ကြပါတယ်။       No tags for this post. Related posts No related posts.

Read more »

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၆) စက်တင်ဘာ ၁၅ရက်

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၆) စက်တင်ဘာ ၁၅ရက်

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၆) စက်တင်ဘာ ၁၅ရက် K (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၆)ကို ရန်ကုန်မြို့ အမှတ်(၁၇၃/ ၁၇၅) ပန်းဆိုးတန်းတာဝါ-အခန်း အမှတ်(၆၀၁) ပန်းဆိုးတန်း လမ်း(အလယ်)ရှိ မြန်မာနိုင်ငံကာတွန်း ဆရာများအသင်း ရုံးခန်းမှာ စက်တင်ဘာ ၁၅ရက်နေ့ နေ့လယ် ၁ နာရီမှ ၃နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါ ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၅)မှာ ဟောပြောမျှဝေမယ့်ကာတွန်းဆရာက ကာတွန်းအာကာ ဖြစ်ပြီး ဟောပြောမယ့်အကြောင်းအရာခေါင်းစဉ်ကတော့ ကာတွန်းအစုံသုတ် ဖြစ်ပါတယ်။ ကာတွန်း မျှဝေခြင်းအစီအစဉ်နဲ့ပတ်သက်ပြီး ကာတွန်းအာကာက “ ကာတွန်းအစုံသုပ်ဆိုတာ ပြောချင်တဲ့ခေါင်းစဉ်လေးပါ. . . .မဂ္ဂဇင်းခေတ်က. .ကာတွန်းနဲ့ရပ်တည်ခဲ့ပေမယ့်. . .လမ်းကြောင်းတစ်ခုထဲပေါ်မရပ်တည်နိုင်ကြပါဘူး။ ခုလဲ ဒီလိုပါပဲ. . .ဒီဇိုင်းလဲလုပ်ရတယ် သရုပ်ဖော်လဲရေးကြရတယ်။ လုပ်ချင်တဲ့ကလေးကော့မစ်နဲ့ ကာတွန်းက...

Read more »

ဆောင်းယွန်းလ ● လူပျောက်ကြော်ငြာ

ဆောင်းယွန်းလ ● လူပျောက်ကြော်ငြာ

ဆောင်းယွန်းလ ● လူပျောက်ကြော်ငြာ (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈ လူဟာ အိမ်ထဲမှာမရှိဘူး လမ်းပေါ်မှာလည်း ပျောက်နေတယ် မျက်နှာစာအုပ်ထဲမှာလည်းပေါ်မလာခဲ့ဘူး လူပျောက်ကြော်ငြာထည့်လိုက်ရမလား လူအိမ်ပျောက်ဆုံးခြင်းသတင်းဟာ ရေးလက်စ ကဗျာထဲမှာပါလာတယ် နှစ်၂၀ ကျော်လောက်ပျောက်သွားခဲ့ပြီး အခေါက် ၂၀ လောက်ပြန်ပေါ်လာလိုက် အကြိမ်၂၀ လောက်ပြန်ပျောက်သွားလိုက်နဲ့ ငုပ်ကောင်ဟာ ကုလားပုံဖဲချပ်လေးနဲ့  ပြန်ပေါ်လာမှာလား ဘရန်ဒီနဲ့ ဝီစကီပုလင်းထဲမှာ ဆက်ငုပ်နေဦးမှာလား တစုံတယောက်သော မင်းသူငယ်ချင်းဟာ သူ့ကဗျာစာအုပ်ပျောက်သွားလို့ မင်းကို ရှာပုံတော်ဖွင့်နေလေတယ် ကျောက်ပန်းတောင်းသား ပြည်မှာဆောင်းကို အဆိုရောအတီးရောကောင်းတဲ့ အကိုကြီးတယောက်ကတော့ နှစ် ၃၀ အကြာမှာ မျက်နှာစာအုပ်ထဲပြန်ပေါ်လာတယ် သူ့အမည်မှန် ကိုတင်ဝင်းဆိုတဲ့အတိုင်းနဲ့ နဂိုရုပ်ကို ပုံမဖျက်နိုင်ရှာလေတော့ ဖမ်းရလွယ်တာပေါ့ကွာ လွှတ်တော်ထဲမှာတော့ ဒီမိုကရေစီအတွက် မဲခွဲပြီးဆုံးဖြတ်ကြတယ်တဲ့ ဘုရားသုံးဆူညတချို့ကို ပြန်ရဖို့အတွက် ငါတို့က...

Read more »

ကာတွန်း ကဝိရဲ့ သိုင်းသင်ထားပါ

ကာတွန်း ကဝိရဲ့ သိုင်းသင်ထားပါ

ကာတွန်း ကဝိရဲ့ သိုင်းသင်ထားပါ (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈ Tags: ကာတွန်း ကဝိ Related posts ကာတွန်း ကဝိရဲ့ ငါဟာ ရွက်လွင့် … (0) ကာတွန်း ကဝိ ● ပြင်ရင်း ပျက် … (0) ကာတွန်း ကဝိ ● လျှောက်သောလမ်းမှာ …. (0) ကာတွန်း ကဝိ ● ကာကွယ်တာပါ အချစ်ရယ် (0)

Read more »

မေသနပ်ခါး ● မစားကောင်းသောသစ်သီးများ

မေသနပ်ခါး ● မစားကောင်းသောသစ်သီးများ

မေသနပ်ခါး ● မစားကောင်းသောသစ်သီးများ (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈ (၁) အချို့သော သစ်သီးများသည် မှည့်၏။ ဝင်း၏။ ချို၏။ အလွယ်တကူ ရယူနိုင်၏။ သို့သော် သူတပါး၏ မျက်ရည်ဖြင့် စိုက်ပျိုးထားသော သစ်သီးများဖြစ်လေ၏။ မစားကောင်းသော သစ်သီးကို ကိုယ်ချင်းစာတရားဖြင့်သာ ရှောင်ရှားရာ၏။ (၂) ပရဟိတဆေးရုံတစ်ခု၏ ပြင်ပလူနာဋ္ဌာနတွင် ဖြစ်ပါသည်။ ဆေးခန်းအတွင်းသို့ အသက်ခြောက်ဆယ်ကျော်အရွယ် အဝတ်အစား ခပ်နွမ်းနွမ်းနှင့် လူနာအမျိုးသားတစ်ဦးဝင်လာသည်။ ကျွန်မရှေ့ထိုင်ခုံတွင် ရို့ရို့ကျိုးကျိုးဝင်ထိုင်ရင်း သူ့စာအုပ်ကလေးကို ကမ်းပေး၏။ ကျွန်မက သူယူဆောင်လာသော လူနာမှတ်တမ်းစာအုပ်ကို လှန်လှောကြည့်ရှုရင်း သူ့ကို မေးခွန်းထုတ်လိုက်မိသည်။ “ပြီးခဲ့တဲ့အပတ်ကလဲ လာပြသေးတယ်နော်။ ဒီမှာ တခြားဆရာဝန်က မှတ်တမ်းရေးထားတာတွေ့လို့။ အခုရော ဘာဖြစ်လို့လဲ။ ပေးလိုက်တဲ့ဆေးတွေနဲ့ မသက်သာဘူးလား” ဆေးလိပ်တာရှည်သောက်ခဲ့ခြင်းကြောင့် နာတာရှည်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်