မေခ (Twilight Over Burma – 27) မေ ၁၄၊ ၂၀၁၂ အခန်း (၁၃) သုံးရက်မြောက်နေ့တွင် စဝ်သည် အဝတ်အစားလဲခွင့်နှင့် တဲအပြင်ဘက်တွင် ရေချိုးခွင့်ရလေသည်။ဒီလိုပုံမျိုးအပြင်မှာ သူရေမချိုးခဲ့ဖူးချေ။ သို့ရာတွင် အစောင့်ကသယ်ယူလာပေးသော ရေပုံးနှစ်ပုံးထဲက ရေအေးအေးကိုသူ နှစ်ခြိုက်စွာပင် ချိုးချလိုက်သည်။ သူသည် ခေါင်းမှစ၍ ပုခုံးပေါ်မှစီးကျသွားအောင် အသေအချာစဉ်းစားပြီး လောင်းချလိုက်သည်။ သူ့တကိုယ်လုံးကို တလက်မမကျန်ထိတွေ့ပြီး သန့်ရှင်းသွား အောင် သူလောင်းလေသည်။ သူရေချိုးနေချိန်တွင် သူ့အားနှိမ်ချသောအားဖြင့် လက်နက်ကိုင်ဆောင်ထားသော အစောင့်လေးယောက်က စောင့်နေကြသည်။ စဝ်သည် သူအဖမ်းခံရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ခန္ဓာကိုယ်သည် ပြန်လည်လန်းဆန်းလာသည်ဟု ခံစားရ သည်။ သူသည် ပုံမှန်အတိုင်း သူ့ရုပ်ရော စိတ်ပါပြန်လည်အားရှိလာဖို့ သူပြန်တည်ဆောက်မည်ဟု ဆုံးဖြတ်လိုက်သည်။ တကျွိကျွိမြည်သော ဝါးကြမ်းခင်းပြင် တဲလေးအတွင်းသူပြန်ရောက်သောအခါ...





















>ဆရာ ဦးတင်မိုး ကယ်ြလနြ်ူခင်း ၁ိံစြ်ူပည့်၊ အမတ်ြတရ လမြ်းဆတြ်ူခင်း ဓာတ်ပုံမဵား
>China's Tainted-Milk Crisis Grows
>When DASSK was sentenced 18 months to house arrest ...
>MoeMaKa Win - The September Blood
>commercial for Thadingyut period
>၂ဝဝ၉ ခုနှစ် မတ်လ ၈ ရက် မိုးမခ ရေဒီယို အစီအစဉ်
>Fund Raising for CoBA in Washington DC Metro

စာဖတ်သူတွေရဲ့အသံ