ရာမိုးဇင် ● လေချွန်ပြီး အေးအေးလူလူတင်ဆက်နေတဲ့ ကဗျာအော်ပရာ

ရာမိုးဇင် ● လေချွန်ပြီး အေးအေးလူလူတင်ဆက်နေတဲ့ ကဗျာအော်ပရာ

ရာမိုးဇင် ● လေချွန်ပြီး အေးအေးလူလူတင်ဆက်နေတဲ့ ကဗျာအော်ပရာ (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၇ လေချွန်သံတွေနဲ့ ဒီကဗျာကိုတွေ့ဆုံဆွေးနွေးထားတယ် အမှောင်အောက်မှာ အမှောက်မှောက်အမှားမှားနဲ့ ရာစုနှစ်ခုစာလွယ်ပိုးထားခဲ့ရတဲ့သန္ဓေသားကို ယမ်းငွေ့တအူအူမှာပွင့်တဲ့ နေကြာပန်းပွင့်လို ပန်းချီကားကင်းဗတ်စတွေပေါ် အဝါရဲရဲ ပွင့်ပြတော့မယ် ဆန်ကြမ်းစားသူတွေရဲ့မျက်နှာပေါ် မငြိမ်းမချမ်းတဲ့ငြိမ်းချမ်းရေးညစာဟာ အာသာငမ်းငမ်း ငတ်မွတ်လို့ သေနတ်တွေကြည်အသွားတဲ့အထိ ငါတို့ကဗျာတွေရွတ်နေကြမယ် အဝါရောင်သစ်တောလမ်းလေးရှိရာမှာ ငါတို့လေညင်းခံထွက်ကြမယ် တောင်ကုန်းတွေပေါ်ကဂီတမှာ ဘုရားသခင်ရဲ့မေတ္တာတော်နဲ့ ငါတိုတေးသီချင်းဖွဲ့ဆိုကြမယ် ဘီလူးတွေရဲ့အံကြိတ်သံမျိုးနဲ့ ကြိတ်ခွဲခံနေရတဲ့ ပခုံးသားတွေပေါ်က နင်းချေခံဘဝတွေကို ဘယ်သူတွေ ထမ်းပိုးထူမတ်ပေးကြမလဲ…. ငါတို့ဟာ သေနတ်တကမ်း ဓားတလှမ်းစာ ခေတ်အပျက်ကြီးကိုပွေ့ဖက် ကျောင်းခေါ်ချိန်ခေါင်းလောင်းထိုးသံနဲ့ စာမကျက်ခဲ့ရပဲ စစ်ခရာမှုတ်သံတွေနဲ့ကျောင်းတက်ခဲ့ကြပြီး ကမ္ဘာမကျေသီချင်းကို လူမမယ်သံတွေနဲ့ ဆိုညည်းခဲ့ကြရတယ် စိန်ပန်းပွင့်တွေလို ရဲသွေးနီနီနေ့များ ကံ့ကော်ဦးတွေလို ပြာရီလင်းတဲ့အလံများ ချယ်ရီ သံလွင် ရနံ့တွေကင်းတဲ့လမ်းမတွေဆီ တရားသောသူတို့ရဲ့တိုက်ပွဲ...

Read more »

ကာတွန်း ညီထွေး ● ရေပေါ်မှာမျှော ပေါလော

ကာတွန်း ညီထွေး ● ရေပေါ်မှာမျှော ပေါလော

ကာတွန်း ညီထွေး ● ရေပေါ်မှာမျှော ပေါလော (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၇ Tags: ကာတွန်း ညီထွေး

Read more »

ကျော်မောင် (တိုင်းတာရေး) ● အကြော်မပါရင်

ကျော်မောင် (တိုင်းတာရေး) ● အကြော်မပါရင်

ကျော်မောင် (တိုင်းတာရေး) ● အကြော်မပါရင် (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၇ သိပ်မကြာသေးသော တစ်ခါတုန်းက ဖြစ်စဉ်တစ်ခုဖြစ်သည်။ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကာ အသက်မွေးဝမ်းကျောင်းပြု နေသော ရန်ကုန်မြို့ကြီးသားတစ်ယောက် ရှိသည်။ ရန်ကုန်သားဟု သုံးစွဲကြပါစို့။ တစ်နေ့သော် သူသည် သူအလုပ်လုပ် ရာရုံးသို့ ခါတိုင်းရက်များကဲ့သို့ပင် ပုံမှန်အချိန်တွင်ရောက်၏။ ပြုလုပ်ရန်ရှိသော ကိစ္စအ၀၀တို့ကို အားကြိုးမာန်တက် ပြုလုပ်ပြီးသော် ညနေပိုင်း ရုံးဆင်းချိန်တွင် MRT (Mass Rapid Transit) ဟု အမည်တွင်သော တွဲခြောက်တွဲပါ ရထား မြန်ယာဉ်ကြီးဖြင့် မြို့တော်ခန်းမဘူတာရုံ (City Hall MRT Station) သို့ အပြင်းနှင်လေခဲ့သည်။ အလုပ်ချိန်ပြီးပြီးချင်း ဤသို့ ဒရောသောပါးပြေးခဲ့ခြင်းမှာ မိတ္တူကူးထားသော မူရင်းစာအုပ်နှင့် မိတ္တူစာအုပ်ကို ပြန်ရွေးယူရန်...

Read more »

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – New kid on the block

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – New kid on the block

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – New kid on the block (Academic Weekly Journal, Yangon) မိုးမခ၊ အောက်တိုဘာ ၁၃၊ ၂၀၁၇ No tags for this post.

Read more »

ရခိုင်အရေး – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ တင်ပြချက်

ရခိုင်အရေး – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ တင်ပြချက်

ရခိုင်အရေး – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ တင်ပြချက် (မြန်မာနိုင်ငံ အတိုင်ပင်ခံရုံး ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၁၂၊ ၂၀၁၇ ပြည်သူပြည်သားအားလုံး ကျန်းမာ ချမ်းသာကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ဦးစွာ ပထမ၊ ကျွန်မတို့နိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ နားလည်မှု အပြည့်အဝနဲ့ စည်းစည်းလုံးလုံး ကျွန်မတို့အစိုးရကို ဝန်းရံပေးတဲ့အတွက်၊ အင်မတန်မှ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ပြည်သူရဲ့ ထောက်ခံမှု၊ ပြည်သူရဲ့ ယုံကြည်မှု၊ ပြည်သူရဲ့ ညီညွှတ်မှုနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဘာအင်အား မှမရှိပါဘူး။ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံတွေ့ရပါစေ၊ ပြည်သူရဲ့ ညီညွှတ်မှုအင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ပြည်သူတွေသိတဲ့ အတိုင်းပါပဲ၊ယခင်နှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ် ရဲစခန်းများ အတိုက်အခိုက်ခံရမှုမှ စတင်ခဲ့ပြီး၊ ယခုနှစ် သြဂုတ်လတွင်...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၄)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၄)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၄) (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၇ ကြိုတင်ပြင်ဆင်ထားသင့်သည့်ခံစစ်စည်းနဲ့ ရေရှည်ဆွဲထားသင့်သည့် မဟာဗျူဟာစီမံချက် (သို့မဟုတ်)အစိုးရနဲ့တပ်မတော်တို့က ကျောချင်းကပ်ပြီး ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲ ၃၆။ နယ်စပ်ခြံစည်းရိုးခတ်ရာမှာ ဟိန္ဒူအမျိုးသမီးတွေဖမ်းခေါ်ထားတဲ့  အကြမ်းဖက် ARSA အဖွဲ့က ဘယ်လို ကျော်ဖြတ်ခေါ်ထုတ်သွားနိုင်သလဲဆိုတာ စုံစမ်း မေးမြန်းပြီး နောက်တခါ ဒီလိုနည်းနဲ့ကျော်လို့ မရအောင် ခိုင်ခန့်စွာတည်ဆောက်ရပါမည်။ နယ်စပ်ကို လှည့်ကင်းနဲ့ စစ်ဆေးတာမျိုးပုံမှန် လုပ်တာအပြင် အရပ်ဝတ်နဲ့ လှည့်လည်ပြီး မသင်္ကာစရာတွေ့ပါက စက်နဲ့ လှမ်းခေါ်ရင် လုံခြုံရေးအဖွဲ့က ကားနဲ့ချက်ခြင်းရောက်လာတာမျိုး လေ့ကျင့်သင့်ပါတယ်။ ခြံစည်းရိုး တလျှောက် လုံခြုံရေးဆိုင်ရာ လုပ်ပိုင်ခွင့်တခုခု ထုတ်ပြန်နိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးပြီး ညဘက်ချဉ်းကပ်လာမှုကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး...

Read more »

ရွှေပိုးအိမ် (ပဲခူး) ● ခေါ်သံ

ရွှေပိုးအိမ် (ပဲခူး) ● ခေါ်သံ

ရွှေပိုးအိမ် (ပဲခူး) ● ခေါ်သံ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂ဝ၁၇ အဝေးကြီးကနေ ဖြတ်သန်းလာတဲ့ လေထဲမှာ။ တကယ်ပါ ငါ ကြားနေရတယ် အချစ်ရယ်။ ဘယ်မှာလဲ ဘယ်ကနေ လာခဲ့ရတာလဲ။ ငါ့လက်ကို ဆုပ်ကိုင်ပစ်လိုက်ပေါ့။ ငါ့ ပခုံးကို လှုပ်နိုးပစ်လိုက်ပေါ့။ ခေါ်သံကြားလျှက် မင်းဆီရောက်မလာနိုင်တဲ့ ခန္ဒာဝန်ကြီးကို ငါမုန်းလာပြီ။ လှုပ်မရနိုင်တဲ့ လေး လံမှုကြီးကို ငါ့ဆီက ပြန်ယူသွားကြစမ်းပါ။ လျင်မြန်တဲ့ လေဟာ ငါ့ မျက်နှာပေါ်ကနေ ရှပ်တိုက်ပြေးလွှား ဆော့ကစားလို့။ မင်းအသံကို သယ်ဆောင်လာတဲ့ အဲ့ဒီ လေ ဟာ….။ ကောင်းကင်ကြီးတစ်ခုလုံး ဖိချထားခံရသလို ငါ့လောက် ဘယ်အရာတွေကများ လေးလံနေနိုင်မှာလဲ။ အသံလာရာဆီပဲ ငါ့စိတ် ဟာ စူးရှစွာ….။ တိမ်တွေကို ဖြတ်ကျော်ပြီး...

Read more »

မျိုးတေဇာမောင် ● ခင်ဗျားစိတ်ကူးနဲ့ရူးနေတဲ့ကိစ္စ အခြေအနေဘယ်လိုလဲ

မျိုးတေဇာမောင် ● ခင်ဗျားစိတ်ကူးနဲ့ရူးနေတဲ့ကိစ္စ အခြေအနေဘယ်လိုလဲ

မျိုးတေဇာမောင် ● ခင်ဗျားစိတ်ကူးနဲ့ရူးနေတဲ့ကိစ္စ အခြေအနေဘယ်လိုလဲ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၇ (၁) ဘီယာခွက်နှုတ်ခမ်းမှာလျှံကျနေတဲ့ ဘီယာအမြုပ်တွေကို လျှာနဲ့သပ်ပြီး ဘီယာတစ်မော့ မော့ချလိုက်သူဟာ ကျနော်ဖြစ်ပြီး၊ အဲ့ဒီ့အချိန်မှာ ကျနော်ဟာ ကော့ဘ်ဘဇားက ဒုက္ခသည်စခန်းမှာ ဘုရားဝတ်ပြုနေပြန်တယ် ဗိုက်ထဲ တကျုတ်ကျုတ်မြည်တဲ့ ဆာလောင်မှုနဲ့ အမြည်းပန်းကန်ထဲကအသားတဖတ်ကို ကျနော်တူနဲ့ညှပ်ယူပြီး ဝါးတယ် ကမ္ဘာကြီးဟာ ပန်းစကြာင်္မှန်ပြောင်းထဲမှာ သဏ္ဌာန်မျိုးစုံပန်းပွင့်တွေ ငတ်တာနဲ့ပျော်တာဟာ ပြောင်းတဲ့အခါတစ်ထပ်တည်းတခါလေကျပြန်ရော ခွဲခြားမရ၊ခြေဖဝါးတွေဟာ မြက်ထဲ၊ရေထဲမှာနစ်လို့ တကယ်လှပတဲ့အရာတွေဟာ အမြင်မခံကြဘူး၊ အလှအပကိုမြင်ဖို့ ဟော့ဒီ့ မျက်လုံးတွေနဲ့ မလုံလောက်ဘူး ရေခဲပြင်ရဲ့အလွန်မှာ သမုဒ္ဒရာ သမုဒ္ဒရာရဲ့အလွန်က ကန္တာရရဲ့ ဟိုတဘက်မှာ ပိန်လှီနေတဲ့ ဠင်းတတကောင် မိုဒယ်ထိုင်နေတာအဲ့ဒာကြီးကို နိုင်ငံတကာက ပန်းချီကျော်တွေနဲ့ ဓာတ်ပုံဆရာအကျော်အမော်တွေ အလုအယက် ရေးကြ၊ ရိုက်ကြ။ (၂)...

Read more »

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (30)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (30)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (30) အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန် (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၇   ဆဲလ်များကို ညွှန်းဆိုခြင်း ဆဲလ်များကို ညွှန်းဆိုရာမှာ လိပ်စာ A1 B1 စတဲ့ အညွှန်းနဲ့ cell အတွင်းက ကိန်းဂဏန်းကို ဆိုကြပါတယ်။ အဲသည်မှာ relative reference နဲ့ absolute reference ဆိုပြီး ရှိပါတယ်။ သာမန် အပေါ်က အညွှန်းကတော့ relative reference ပါ။ A1 ဆိုတာ ကော်လံ...

Read more »

ဆူဏီးလ် ● ဖျာတစ်ချပ်ပေါ်က နေ့လည်

ဆူဏီးလ် ● ဖျာတစ်ချပ်ပေါ်က နေ့လည်

ဆူဏီးလ် ● ဖျာတစ်ချပ်ပေါ်က နေ့လည် (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇ ဆောင်းအခါသည်ကျန်ရစ်ခဲ့ပြီ။ တဟူးဟူးတိုက်ခတ်လာနေသောနွေလေပူများ ကျွန်တော့်အခန်းပြတင်းဝကိုကျော်ဖြတ်လာ ကြသည်။ ဖျာတစ်ချပ်ပေါ်ကျွန်တော်လဲလျောင်းနေစဉ်ကဖြစ်သည်။ စာကြည့်စားပွဲမှ စားပွဲခင်းမှာတဖျပ်ဖျပ်။ စာအိတ်ဖြူဖြူ များ ကြမ်းထက်သို့ ဝေ့ဝဲကာ။ လေထဲမှာပါသော ကျောက်မှုန်ကျောက်မွှားများက သွပ်ပြားများကို တရှပ်ရှပ်ပွတ်တိုက်နေကြ သည်။ နွေလေများကြောင့် လေထဲမှာရပ်တန့်နေသောမီးသီးက ခပ်ကြမ်းကြမ်းလှုပ်ရမ်းနေသည်။ အနီရောင်တဘက်ကလည်း တလှုပ်လှုပ်။ တန်ဖိုးထားမျှော်လင့်ခဲ့သောအရာများ နွေကြောင့် တဖျစ်ဖျစ်လောင်ကျွမ်းကာ အရည်ပျော်ကျသွားသလိုရှိနေသည်။ ဖျာပေါ် မှာ လှဲမနေဘဲ ပြတင်းဝမှကြည့်လိုက်လျှင် သစ်ရွက်ခြောက်တို့၏ပြာစများကို တွေ့ရလိမ့်မည်။ ကြွေကကျလာသောသစ်ရွက်ခြောက်များနှင့်ပြာမှုန်များ လေထဲတွင် ရောက်မိရောက်ရာလွင့်မျောနေလိမ့်မည်။ ပူပြင်းသော နေရောင်အောက်တွင်  အရိုး အပြိုင်းပြိုင်းထနေသော အဆောက်အဦး ပျက်တခုကိုလည်း တွေ့နိုင်သေးသည်။ တဂျီးဂျီးအသံပြုနေသော စက်ရွေ ဘော်သံများက နွေနေ့လည်ခင်းကို ပို၍စိတ်ပျက်ညစ်ညူးစေသည်။...

Read more »

ကာတွန်း ညီပုချေ ● ဤကမ္ဘာဝယ်

ကာတွန်း ညီပုချေ ● ဤကမ္ဘာဝယ်

ကာတွန်း ညီပုချေ ● ဤကမ္ဘာဝယ် (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇ Tags: ကာတွန်း ညီပုချေ

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၄) (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇ ● ပထမပတ်သင်တန်းဆင်းပွဲ ကောက်ကွတ်သင်တန်းကျောင်း ပထမ ၃ လတာကာလသည် လျင်မြန်စွာပင်ကုန်ဆုံးသွားခဲ့သည်။ သင်တန်းဆင်းပွဲရက် ရောက်လာ၍ သင်တန်းကျောင်းတခုလုံး လှုပ်လှုပ်ရှားရှားနှင့် အလုပ်ရှုပ်နေကြသည်။ လေ့ကျင့်ရန်ထုတ်ပေးထားသည့် M21 သေနတ်ဟောင်းများ ပြန်သိမ်းပြီး KIA အားထောက်ပံ့ရန် ကတိပြုထားသည့် လက်နက်များများကို ထုတ်ပေးရန် ပြင်ဆင်ကြရ သည်။ KIA အားထောက်ပံ့မည့်လက်နက်များအား သင်တန်းဆင်းချိန်နှင့် ချိန်ကိုက်ပင် ပါတီဗဟို၏စီစဉ်မှုဖြင့် တရုတ်ပြည်ဖက်မှ လာရောက်ပို့ဆောင်သည်။ အဆိုပါ လက်နက်သေတ္တာများစွာကိုလက်ခံပြီး KIA အားစာရင်းနှင့်တကွ ချက်ခြင်းလွှဲကြ သည်။ သင်တန်းတပတ်လျင် KIA အား တပ်ခွဲ ၂ ခွဲစာလက်နက် ထောက်ပံ့သည်။...

Read more »

ဆောင်းဝေ (နတ်မောက်) ● အိမ်ပြေး

ဆောင်းဝေ (နတ်မောက်) ● အိမ်ပြေး

ဆောင်းဝေ (နတ်မောက်) ● အိမ်ပြေး (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇ အရုပ်တွေ ရေပေါ်မှာအကြာကြီးထင်နေခဲ့ကြပြီး ဘာမှမထူးဘူးကလည်း အခိုးအငွေ့တွေအဖြစ်ပျံတက်သွားကြတယ် နေ့စဉ်လိုလို ရထားပေါ်လုတက်နေကြပြီး ဘာရစရာမှမရှိပဲ ဘက်စ်ကားပေါ်ကပြေးဆင်းလာကြတယ် ဒီအရွယ်မှာ ကျောင်းဆင်းခေါင်းလောင်းသံကိုမလိုအပ်ကြတော့ဘူး စဉ်းစားနေဆဲပျော်ရွှင်မှုဟာ ပျော်ကျနေတဲ့ရေခဲမုန့်ပေါ်မှာဖြစ်ပြီး ပတ်တီးစည်းထားတဲ့အနာပေါ်မှာ နေ့စဉ်ဘဝဟာပျံသန်းလို့ ဘာဖြစ်လဲ လူတိုင်းဟာ အကောင်းဆုံးကိုမျှော်လင်ြ့ကတာချည်းပဲ ချမ်းသာတဲ့နိုင်ငံကလေယာဉ်ကွင်းကို မင်းလည်းဆင်းသက်ချင်မှာပဲ ငါလည်း ချစ်သောလရောင်ကို ဂစ်တာကြိုးပေါ်တင်ထားချင်ခဲ့တာပဲ တက်တူးရုပ်အဖြစ် အိမ်ကိုလက်ဖျံရိုးပေါ်ရွှေ့တင်ကာ ငယ်ဘဝရဲ့ခါးကြားထဲ လမ်းကိုလိပ်ယူပြီးထည့်လာခဲ့ သဲတရှပ်ရှပ်ဘဝကို သပ်ချကာ အဆီတဝင်းဝင်းနောက်ထပ်နေရောင်ခြည်ဆီ ချီတက်လာခဲ့ ရှောင်လို့မရတဲ့လမ်းကျဉ်းကျဉ်းလေးထဲမှာ ကမ္ဘာကြီးနဲ့ငါနဲ့တွေ့ပြီ သူတို့အရသာမရှိဘူးပြောတဲ့မုန့်ကို သီချင်းထဲထည့်ယူလာ နေ့စဉ်အော်ဆိုရင်း ငါသန်မာလာ အိပ်မက်တွေ နောက်ထပ်အိပ်မက်တွေဟာ ဘာမှမပါတဲ့အိတ်ထဲမှာအပြည့်။ ။ ဆောင်းဝေ (နတ်မောက်) စက်တင်ဘာ ၃၀၊ ၂၀၁၇ Tags:...

Read more »

ကိုသန်းလွင် ● ဂျာမနီမှ သိပ္ပံ

ကိုသန်းလွင် ● ဂျာမနီမှ သိပ္ပံ

ကိုသန်းလွင် ● ဂျာမနီမှ သိပ္ပံ (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇ (၁) ဂျာမနီမှ သုတေသနလုပ်သူ မည်သူ့ကိုဘဲမေးမေး အဘယ့်ကြောင့်ဂျာမန်တို့၏ ‘သုတေသနလုပ်ငန်းများ အောင် မြင်ရပါ သလဲ’ ဟုမေးလျင် အင်ဂျလာမာကယ် (Angela Merkel) ကြောင့်ဟုပင် ဖြေကြပါလိမ့်မည်။ ကမ္ဘာ့အာဏာ အရှိဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအ၀င်ဖြစ်သော ဂျာမနီ ချန်စဲလာ (Chencellar) သည် အရှေ့ဂျာမနီမှ ရူပဗေဒပညာရှင် ဘ၀ ကို မမေ့သူဖြစ်သည်။ (၂) တစ်ကမ္ဘာလုံးက စီးပွားရေးကပ်ဆိုက်နေချိန်တွင်ဂျာမနီအစိုးရသည် နှစ်စဉ်သိပ္ပံနှင့် သုတေသနဆိုင်ရာဘတ်ဂျက်ကို အမြဲ ထာဝစဉ်တိုးမြှင့်၍သာ သုံးခဲ့ပါသည်။ တက္ကသိုလ်အချင်းချင်းယှဉ်ပြိုင်ရေးကို အမြဲဦးစားပေးပြီး တစ်ဦးနှင့် တစ်ဦး ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်စေပါသည်။  စွမ်းအင်အသစ် အသုံးပြုရေး၊ ရာသီဥတုထိမ်းသိမ်းရေး...

Read more »

ဆောင်းယွန်းလ ● ချိန်ခွင်လျှာပျက်နေသော ကမ္ဘာ

ဆောင်းယွန်းလ ● ချိန်ခွင်လျှာပျက်နေသော ကမ္ဘာ

  ဆောင်းယွန်းလ ● ချိန်ခွင်လျှာပျက်နေသော ကမ္ဘာ (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ ကမ္ဘာမှာ အရေးအကြီးဆုံးက လူသားဝါဒလား လူသားဆန်ဆန် တွေးကြည့်ပြန်တော့ လူသားတွေ မူမမှန်တာကို ဂဏန်းပေါင်းစက်တွေက အဖြေထုတ်ပြတယ် တွင်းထွက်ရေနံဟာ အပြစ်မဲ့သူကို သေဒဏ်ပေးနိုင်တဲ့အထိလည်း တန်ခိုးရှိတယ် လူ့အခွင့်အရေးတံဆိပ်ကပ်ပြီး အခမဲ့ရိတ်သိမ်းလို့ အကောင်းဆုံးပစ္စည်းဟာ မြေကြီးတွေအောက်က သဘာဝတွင်းထွက်သယံဇာတပဲ ကိုယ့်နိုင်ငံ အားနည်းတဲ့အခါ အားကိုးရာအတွက် ကမ္ဘာပတ်ပြီး သဟာယဖွဲ့ရှာကြစမြဲ မမြဲတဲ့ တရားတော်အတိုင်း ဘာဆို ဘာမှမမြဲပါဘူး တစုံတရာကို မြဲမြဲဆုပ်ကိုင်ထားတဲ့လက်ဟာ ချိနဲ့ဆင်းရဲနွမ်းပါးလာတဲ့အခါမှာ အားကောင်းရာ အလေးသာရာဘက်ကို ယိမ်းကြစမြဲ နားနှစ်ဘက်နဲ့ နားထောင်ကောင်းတဲ့ ဂလိုဘယ်လ်လိုက်ဇေးရှင်းဟာ မျက်စိရှေ့မှောက်မှာတင် အိုရင်ပယ်လိုက်ကြတာချည့်ပဲ မမြဲတဲ့ တရားတော်အတိုင်း ဘာဆို ဘာမှမမြဲပါဘူး တစုံတခုကောင်းဖို့အတွက် တစုံတရာကဆိုးပေးရမြဲဆို ဘာကိုလိုချင်လို့...

Read more »

ကာတွန်း ဆွေသား ● မြန်မာ့ငြိမ်းချမ်းရေးငှက်

ကာတွန်း ဆွေသား ● မြန်မာ့ငြိမ်းချမ်းရေးငှက်

ကာတွန်း ဆွေသား ● မြန်မာ့ငြိမ်းချမ်းရေးငှက် (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ Tags: ကာတွန်း ဆွေသား

Read more »

နိုလှိုင်း ● လထဲက ယုန်​ရုပ်​အ​ရေးလွင့်​လာ ​လေထဲကလူငယ်

နိုလှိုင်း ● လထဲက ယုန်​ရုပ်​အ​ရေးလွင့်​လာ ​လေထဲကလူငယ်

နိုလှိုင်း ● လထဲက ယုန်​ရုပ်​အ​ရေးလွင့်​လာ ​လေထဲကလူငယ် (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ ၁။ လမ်း​ပေါ်က ခဲလုံးကို ကျုံးကျုံးကန်​တတ်​ပြီဆိုရင် တော်လှန်သောလူငယ်​​​နေ့​တွေ ​ရောက်​​လာ တော့တာပဲ။ ခဲလုံးလိုကန်လိုက်တဲ့အရှိန်အတိုင်း ဖိနှိပ်ခံရလို့ လမ်းပေါ်လိမ့်နေတဲ့လူငယ်​​တွေ ရှိတယ်။ လမ်းပေါ်မှာ လွတ်လပ်ချင်နေတဲ့ လူငယ်တွေရှိ တယ်။ လူငယ်​​နေ့​တွေ ​ရောက်​လာ တယ်​။ စာသင်​ခန်းအပြင်က လူငယ်​​နေ့အ​ကြောင်းများမှာ အိမ်​ကထွက်​လာပြီဆိုတာနဲ့ စုမိကြ တာ လူငယ်​တွေပဲ။ လွတ်​​နေတဲ့စိတ်​က လပ်​​နေတဲ့ကွက်​လပ်​ထဲ လဲရာက လူးလဲထလာတတ်​တာ လူငယ်​တွေပဲ။ အိပ်​မက်​ကို အစာသွပ်​လို့ ​ပြေးလာ​တယ်။ အိမ်​နဲ့မတည့်​သလို ကိုယ့်အိမ်​ထဲမှာ ဘယ်လိုမှနေလို့မရ အိမ်အပြင်ထွက်နေချင် တဲ့စိတ်က နောက်က ကျားလိုက်သလို ​ပြေးလာ​ လွတ်​လပ်​မိုးသား စာသားများရွတ်​လို့ လူငယ်​​တွေ လမ်း​မပေါ်​လာ​နေပြီ။ လမ်း​ပေါ်ကလူငယ်​​နေ့​တွေအ​ကြောင်း...

Read more »

ဇော်အောင် (မုံရွာ) ● နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ်

ဇော်အောင် (မုံရွာ) ● နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ်

ဇော်အောင် (မုံရွာ) ● နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ် (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက အဂတိမထိန်းချုပ်နိုင်မှုကြောင့် ကမ္ဘာ့ဘဏ်ရင်းနှီးမြှုတ်နှံမှုတွေ ၂၀၁၃ ကတည်းက ရပ်ဆိုင်းလိုက် ခဲ့ပါတယ်။ တချိန်ထဲမှာကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး ပရိုဂျက်များမှာ ခြစားမှုမရှိဖို့ သတိပေးလိုက်ပြီး၊ ဘတ် ဂျတ်တွေ ချပြတဲ့အထဲ လျှပ်စစ်မီးလင်းစေဖို့ စတင်ပါတယ်။ ဘယ်နေရာက ဘယ်အစီအစဉ်မှာပဲဖြစ်ဖြစ် အကျင့်ပျက်ခြစားမှု ဆိုင်ရာ သက်သေသာဓကတွေ့ရှိတာနဲ့ ချက်ခြင်းရပ်ဆိုင်းပစ်ဖို့ လက်နှေးနေမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ အမေ ရိကန်သမ္မတကလဲ ဒီမိုကရေးစီပွင့်လင်းမြင်သားစွာလုပ်ဆောင်နိုင်ဖို့ အခြေခံဥပဒေပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင် ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့မြန်မာ အစိုးရက မလုပ်ဆောင်ရင် အမေရိကန် ပြည်ထောင်စုက ပေးဖို့ရှိနေတဲ့ ထောက်ပံ့ကူညီမှုတွေကိုရပ်ဆိုင်းပြီး ဒဏ်ခတ်ပိတ်ဆို့ရေးဆီ ပြန်ဦးတည်သွားနိုင်မယ့်...

Read more »

ကာတွန်း ကိုခေတ် ● ရမလားလို့ …

ကာတွန်း ကိုခေတ် ● ရမလားလို့ …

ကာတွန်း ကိုခေတ် ● ရမလားလို့ … (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ Tags: ကာတွန်း ကိုခေတ်

Read more »

မောင်ကျေးရေ (ကယ်လီဖိုးနီယား) – Gold become ghost ဖုန်းဆိုးမြေ လက်ပံတောင်းတောင်ဒေသကို စွန့်ခွာခြင်း

မောင်ကျေးရေ (ကယ်လီဖိုးနီယား) – Gold become ghost ဖုန်းဆိုးမြေ လက်ပံတောင်းတောင်ဒေသကို စွန့်ခွာခြင်း

မောင်ကျေးရေ (ကယ်လီဖိုးနီယား) – Gold become ghost ဖုန်းဆိုးမြေ လက်ပံတောင်းတောင်ဒေသကို စွန့်ခွာခြင်း (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ စကားဦး ကျွန်တော် ဒီဆောင်းပါးကို မရေးချင်ပါ။ သို့သော် ရေးလိုသည့်ဆန္ဒ ရှိနေသည်မှာ ကြာပါပြီ။ အတန်ကြာစဉ်းစားပြီးမှ ရေးလိုက်ခြင်း ဖြစ်ပါသည်။ သတ္တုတွင်းတည်ရှိရာ အရပ်ဝန်းကျင်ဒေသများတွင် သတ္တုထုတ်လုပ်ခြင်းမရှိသေးသည့် အချိန်ကာလကစ၍ ယနေ့ထိနေထိုင်ကြကုန်သော ကျေးလက်ဒေသနေ ပြည်သူများအတွက် ရည်ရွယ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သတ္တုတွင်းများ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင် မြေရေ အများစုကို နှစ်ကာလ၊ ဆယ်စုနှစ်များစွာ ဆိုးကျိုးများ သက်ရောက်စေပါသည်။ ဤစာတမ်းတွင် သတ္တုတွင်းများ၏ စွန့်ပစ်ရေဆိုးများကြောင့် သတ္တုထုတ်လုပ်ခြင်းကာလပြီးဆုံးပြီးနောက်ကာလက စ၍ ထိုဒေသနယ်မြေသည် သောက်သုံးရေ မရရှိနှိင်ခြင်း၊ လူသူ နေထိုင်စိုက်ပျိုး၍ မရနှိင်သောမြေ ဖြစ်လာခြင်းများကြောင့်ဖုန်းဆိုးမြေ...

Read more »

ဂျော်ဒီး – “မိုးမခရွာသားကလေးငယ်များ နှ့င် လက်မည်းကြီးပုံပြင်”

ဂျော်ဒီး – “မိုးမခရွာသားကလေးငယ်များ နှ့င် လက်မည်းကြီးပုံပြင်”

  ဂျော်ဒီး – “မိုးမခရွာသားကလေးငယ်များ နှ့င် လက်မည်းကြီးပုံပြင်” (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ သစ်တပင်ကောင်း ငှက်တသောင်းနားနိုင်ဆိုသကဲ့သို့ မိုးမခရွာထိပ်ညောင်ပင်ကြီးပေါ်တွင် ယခုတလော ငှက်ပေါင်းစုံကြသည်။ ငှက်တို့ကား အရောင်အသွေးစုံလှ၏။ အသံမျိုးစုံထွက်ကြ၏။ ထို့ကြောင့် မိုးမခရွာ ညောင်ပင်ကြီးအရိပ်တွင် ငှက်ချေးမျိုးစုံရနံ့တို့ သင်းပျံ့နေလေရာ ဖြတ်သွားသူခရီးသွားတို့ကား ရနံစုံလွန်းသဖြင့် ဘာပင်မှန်းမသိအောင် ဇဝေဇ၀ါ နဝေတိမ်တောင် ဖြစ်ကာ မကြာမကြာ မော့မော့ကြည့်ရလေ၏။ မိုးမခရွာသား ကလေးငယ်များခမျာ သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ ကစားနေကျ ညောင်ပင်ကြီးအောက်မှာ သံယောဇဉ်မပြတ်နိုင်ရှာပဲ တ၀ဲလည်လည် နှာခေါင်းတရှုံ့ ရှံ့ ငှက်ချေး အလူးလူးနှင့်ပင် စိတ်မသက်မသာ လာရောက်စုရုံးကစားနေကြလေသည်။ ထိုစဉ် ဟိုဘက်ရွာမှ ပြန်လာသော ဂျီးဒေါ်တယောက် ညောင်ပင်ကြီးအောက်သို့ ဆိုက်ဆိုက်မြိုက် မြိုက်ရောက်လာရာ ကလေးများက “ဂျီးဒေါ်ရေ ညောင်ပင်အောက်မှာ...

Read more »

ခက်သီ- ဘုရားသခင်ချစ်ကြည်ရေး

ခက်သီ- ဘုရားသခင်ချစ်ကြည်ရေး

 KT# ဘုရားသခင်ချစ်ကြည်ရေး ခက်သီ (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ ငါ့မှာ ဘုရားရှိတယ် မင်းမှာလည်း ဘုရားရှိတယ် ။ မင်းဘုရား နဲ့ ငါ့ဘုရား စားပွဲတဝိုင်းထဲ မထိုင်ဖူးဘူး မင်း နဲ့ ငါနဲ့ လက်ဖက်ရည်ဆိုင်အတူထိုင်ကြတယ် ။ မင်း ဘုရားသခင်ကို မင်းသတ်လို့ မင်းမှာ ဘုရားမဲ့သွားရင် မင်း နဲ့ ငါ ဟာ သူငယ်ချင်းပဲ ငါ့ ဘုရားကို မင်းသတ်လို့မရဘူး ။ ငါ့ဘုရားကို ငါသတ်လို့ ငါ့မှာ ဘုရားမဲ့သွားရင် ငါ နဲ့ မင်နဲ့ဟာ သူငယ်ချင်းပဲ မင်း ဘုရားသခင် ငါသတ်လို့မရဘူး ။ ဘုရားတွေဟာ အချင်းချင်း မမုန်းကြဘူး မင်းတို့ ငါတို့ကြားက အမုန်းတရားဟာ...

Read more »

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၅)

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၅)

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၅) (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ ကျောင်းသား နှင့် ကျောင်းသူအချိုး လှိုင်မြို့နယ်တွင် ကျောင်းသူ ကျောင်းသားပေါင်း 400 ရှိရာ ကျောင်းသား နှင့် ကျောင်းသူအချိုး သည် 3:2 ဖြစ်သည်။ တောင်ဥက္ကလာတွင် ကျောင်းသူ ကျောင်းသား ပေါင်း 600 ရှိသည့်အနက် ကျောင်းသား နှင့်ကျောင်းသူ အ ချိုး 2:3 ဖြစ်သည်။ ဤတွင် ကျောင်းသားနှင့် ကျောင်းသူ အချိုး ဆိုလျှင် ကျောင်းသားအရေအတွက် ကို ကျောင်းသူအရေအတွက်နဲ့  စားခြင်း ဖြစ်သည်။ လှိုင်မြို့နယ် နှင့် တောင်ဥက္ကလာပ မြို့နယ်နှစ်ခုပေါင်းရှိ ကျောင်းသူ ကျောင်းသားပေါင်းတွင် ကျောင်းသား နှင့်ကျောင်းသူ...

Read more »

လှကျော်ဇော – စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ

လှကျော်ဇော – စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ

ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ ဆောင်းပါးအမှတ်(၄၅)။ လှကျော်ဇော – စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ (မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၇ “….. ခင်ဗျားတို့တွေထဲက သူ့စိတ်ကြိုက် ပြည်သူတွေ ပိုသတ်နိုင်မယ်ထင် တဲ့လူတချို့ကို ရာထူးကြီးတွေနှင့် လာဘ်ထိုးခဲ့တယ်။ ဒီလိုနှင့် တပ်ကြပ်ကြီး ကနေ ဗိုလ်မှူးကြီးတွေအထိ နှစ်အနည်းငယ်အတွင်းတိုးပေးဖို့ဝန်မလေးဘူး။ ဒါပေမဲ့ နောက်ထပ်သတ်ဖို့ နောက်လူကိုတင်ပေးဖို့ ရှေ့လူကိုကန်ထုတ်ဖို့ လည်း ဝန်မလေးဘူး။ သူ့စိတ်ကြိုက် ပြည်သူတွေကိုသတ်ဖို့ လက်ရွံ့တဲ့မျိုး ချစ်တွေ အစဉ်အလာရှိခဲ့တဲ့လေးစားခြင်းခံရတဲ့ တပ်မှူးတပ်သားတွေကို တော့ တဦးပြီးတဦး ကန်ထုတ်တယ်မဟုတ်လား။ ဒါတွေကြောင့် ရာထူးကြီးတဲ့လူတွေလည်း စိတ်တထင့်ထင့်နေရတဲ့ဘဝ မဟုတ်လား” …….  (၁၁-၈-၁၉၇၆။ တိုင်းပြည်သို့ တင်ပြချက်။) (ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့။ ကိုယ်တိုင်ရေးအတ္ထုပွတ္တိပေါင်းချုပ်၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ယဉ်မျိုး စာပေ၊ နှာ–၃၂၂) “….ထိုအချိန်ကာလ(၁၉၅၆) ခုနှစ်သည်...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၃)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၃)

A Myanmar soldier stands near a township in Rakhine State, September 27, 2017. Soe Zeya Tun/Reuters ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၃)  (မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၇ အနောက်နိင်ငံများရဲ့ မဟာဗျုဟာ အကြံအစီက ဘာလဲ ၂၆။ အနောက်နိုင်ငံတွေ (အထူးသဖြင့် အမေရိကန်နဲ့ ဗြိတိန်)ဟာ မြန်မာနိုင်ငံကို စိတ်ကြိုက်ချယ်လှယ်နိုင်လို့ရ ၊ မရ စမ်းသပ်ချင်ပါတယ်။ အထူးသဖြင့် လက်ရှိအခြေခံဥပဒေအရ တပ်မတော်က အမျိုးသားရေးဦးဆောင်မှု အခန်းကဏ္ဏမှာ ပါဝင်နေတာကို မနှစ်မြို့ဘဲ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေးအာဏာ အပြည့်အဝရစေဖို့ ဘင်္ဂလီကိစ္စကို အသုံးချလိုက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ပြောသလို...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၃)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၃)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၃) (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇ ● မိမိနှင့် မော်တာ KIA ကို သင်ပြပေးမည့်စစ်သင်တန်းတွင် မော်တာ ပစ်ခတ်ခြင်းလည်းပါသည်။ သို့သော် မိမိတို့သင်တန်းဆရာများထဲတွင် လက်နက်ကြီးတပ်ဖွဲ့တွင်တာဝန်ယူဘူးသူ မပါဝင်။ သို့နှင့် ဆရာအားလုံးကို ကော်မတီဝင် ရဲဘော်ချီ လတန်က အရင်ပြန်သင် ပေးရသည်။ သူကတရုတ်ပြည်ထဲက ကချင်မျိုးနွယ်စုဝင် အဇီးအမျိုးသားတယောက်ဖြစ်ပြီး တပ်မဟာအဆင့် ကေဒါတဦးဖြစ် သည်။ မိမိလည်း သင်တန်းဆရာများနှင့်အတူ မော်တာပစ်ခတ်ခြင်း သင်ကြားမှုကို လိုက်လံသင်ယူရန် ရဲဘော်ချီလတန်က ခွင့်ပြု ပေးခဲ့သည်။ မီးဖိုချောင်မှ ထမင်းချက်က ငြိမ်ငြိမ်မနေနိုင်၊ ပစ်ချင် ခတ်ချင်နေသည်။ မော်တာသည် သက်တန့်ကွေးပစ်ခတ်၍ရသော လက်နက်ကြီးအမျိုးအစားဖြစ်သည်။ ရှေ့တွင်ရှိသော တောအုပ်...

Read more »

သျှင်မျိုးငယ် ● ကစဥ့်ကလျားဖြစ်စဉ်

သျှင်မျိုးငယ် ● ကစဥ့်ကလျားဖြစ်စဉ်

သျှင်မျိုးငယ် ● ကစဥ့်ကလျားဖြစ်စဉ် (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇ အရိပ်ကို သတ်ပစ်လိုက်တဲ့နောက် ငါ့ခြေသံတွေ ပိုပြီး လုံလာခဲ့တယ်။ ငါ့နောက်ကျောမှာ စိုက်ဝင်နေတဲ့ဓားဟာ ပြောင်းပြန်အသွားနဲ့ ကျောက်ချနေပြန်တယ်။ တကိုယ်ရေနာကျင်ကိုက်ခဲမှုများ တကိုယ်ရေဖျားနာနေတဲ့ မနက်ခင်းများ ငါတော့ မှားပြီလို့ အထပ်ထပ်အခါခါ အော်ကြည့်တယ်။ မိုးမှောင်ကျနေတာလား လမိုက်ညတခုလား လူသွားပလက်ဖောင်းအဟောင်းလေးပေါ်မှာ ငါ့ကိုယ်ငါ ပစ်ချထားခဲ့လိုက်တယ်။ ပျောက်ဆုံးနေတဲ့ငါ့ကို ငါကိုယ်တိုင် ရှာဖွေနေမိတယ် လက်ထဲမှာ ငါ့မီးအိမ်ကလေးဟာ အသက်ငွေ့ငွေ့။    ။ သျှင်မျိုးငယ် Tags: သျှင်မျိုးငယ်

Read more »

ခွာညို ● ကမ္ဘာ ကမ္ဘာ အဝေး

ခွာညို ● ကမ္ဘာ ကမ္ဘာ အဝေး

ခွာညို ● ကမ္ဘာ ကမ္ဘာ အဝေး (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇ (တစ်) “တို့နှစ်ယောက် ဘုရားကျောင်းကိုသွားရအုန်းမယ်လေ” ဆိုတဲ့ ကျနော့်ဇနီးသည်ရဲ့ သတိပေးစကားကြောင့် အင်တာဗျူး လာတဲ့ ဆရာမလေးက အားနာသွားပုံရပါတယ်။ ဟုတ်ကဲ့။ ဒီတပတ် ဘုရားကျောင်း အတူတက်ဖို့ စီစဉ်ရတာက ကျနော်တို့ရဲ့ ဘုရားကျောင်းကို အတူသွားတဲ့ နောက်ဆုံး ဝတ်ပြုပွဲလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီတနင်္ဂနွေဟာ ကျနော်တို့ဇနီးမောင်နှံအတွက် အလွန်အရေးကြီးတဲ့ တနင်္ဂ နွေဖြစ်ပါတယ်။ ဒါကြောင့် အင်တာဗျူးကို တနင်္ဂနွေမှာ လက်ခံလို့မရဘူးလို့ ကျနော့်ဇနီးက ငြင်းချင်တာပါ။ ကျနော့်မျက်နှာကို မော့ကြည့်နေတဲ့ သူ့မျက်နှာမှာ သူ့ကိုယ်သူ လုံးဝ အပစ်ပုံချထားလိုက်တဲ့ စိတ်ဆင်းရဲမှု အစုအပုံကြီးကို ကျနော်မြင်နေ ရတယ်။ တကယ်တော့ အပြစ်ရှိသူက...

Read more »

ကာတွန်း ရွှေဗိုလ် ● လူစုထားလိုက်ပီ အဘရေ …

ကာတွန်း ရွှေဗိုလ် ● လူစုထားလိုက်ပီ အဘရေ …

ကာတွန်း ရွှေဗိုလ် ● လူစုထားလိုက်ပီ အဘရေ … (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇ Tags: ကာတွန်း ရွှေဗိုလ်

Read more »

သုအိုင်စံ ● လူယဉ်ကျေးတို့ရဲ့ကမ္ဘာ

သုအိုင်စံ ● လူယဉ်ကျေးတို့ရဲ့ကမ္ဘာ

သုအိုင်စံ ● လူယဉ်ကျေးတို့ရဲ့ကမ္ဘာ (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇ ဘုရားစင်မှာ ဓားတင်ထားတာ ခင်ဗျားမြင်သာရဲ့လားဗျာ အဲဒါ ခင်ဗျားရင်ထဲက စာသားတွေပါပဲ အများမြင်သာဖို့လည်းလိုရဲ့ တရားသဘင်သာလို့လည်း ခေါ်ရဲ့ သင့်တော် မျှတမှန်ကန်သော အမှန်တရားဆိုတာ ဘုရားအပါးမှာ မေတ္တာမှန် ကိုးကွယ်ထားတယ် ဓားအသွားမှာ သစ္စာမာန် ထိုးခြယ်ထားတယ် ခင်ဗျား + ကျုပ် = ကျုပ်တို့ဆိုတာ တရားနဲ့ဓား ချုပ်ဆိုထားတဲ့ စာချုပ်လိုပါ ဒီ စာချုပ်ကို ကျုပ်ကလည်း မဆွဲဆုတ်ပေဘူး ခင်ဗျားကလည်း မဆွဲဆုတ်လေနဲ့ ဓားထုတ်တာထက်စာရင် တရားလုပ်တာက ပိုညင်သာတယ်လို့ ကျုပ်တို့အစဉ် ယုံကြည်နေသေးရဲ့ လူယဉ်ကျေးတို့ရဲ့ကမ္ဘာမှာ တရားပြလို့ မမြင်ရင် ဓားချလို့သင်ရကြောင်း ဖြစ်တည်မှုကျောင်းတုန်းက မသင်ပေးလိုက်လေပါ လူ့ယဉ်ကျေးမှုမှာ ခေါင်းသုံးလို့ မြင်ကြေးလေဗျာ ဘုရားစဉ်မှာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်