ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – a drop

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – a drop

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – a drop  (Academic Weekly Journal, Yangon) မိုးမခ၊ သြဂုတ် ၁၇၊ ၂၀၁၇ No tags for this post.

Read more »

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (27)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (27)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (27) အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန် (မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၇   Using multiple sheets တဖိုင်တည်းတွင် Google Sheet အများအပြား တွဲသုံးခြင်း Sheet နဲ့ Docs နဲ့ မတူတာကတော့ စာရင်းစာရွက်တွေကို တဖိုင်တည်းမှာပဲ တွဲပြီး sheet အများအပြား ဖွင့်လှစ် သုံးစွဲတာမျိုး ဖြစ်ပါတယ်။ docs မှာဆိုရင် လအလိုက် တဖိုင်စီ သိမ်းထားရမယ်။ sheet မှာ ဆိုရင်တော့ တဖိုင်တည်းအတွင်းမှာ...

Read more »

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၁)

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၁)

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၁) (မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၇ ဝက် နှင့် ကြက်တူရွေး အရေအတွက် မောင်ညိုသည် ဝက်များနှင့် ကြက်တူရွေး များကို မွေးထားသည်။ ၄င်းတို့၏ ခေါင်းအရေအတွက် မှာ ၁၅ ခု နှင့် ခြေထောက် အရေအတွက်မှာ ၅၀ ဖြစ်လျှ င် ဝက် ဘယ် နှစ်ကေါင် ရှိသနည်း။ အားလုံးတွင် အမြီး ဘယ်နှစ်ခု ရှိသနည်း ။ စဉ်းစားနည်း ၀က် အရေအတွက် = x ကြက်တူရွေး အရေအတွက် = y ဟုထါးပါ။ ဝက် နှင့် ကြက်တူရွေး အရေအတွက်ပေါင်းသည် ခေါင်း အရေအတွက်ဖြစ်သည်။...

Read more »

မောင်စွမ်းရည် – ချစ်ဦးညီနဲ့ တင်မိုး

မောင်စွမ်းရည် – ချစ်ဦးညီနဲ့ တင်မိုး

မောင်စွမ်းရည် – ချစ်ဦးညီနဲ့ တင်မိုး (မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၇ အဖိုးကြီးမို့ ယောင်ယောင်မှားမှားနဲ့ ချစ်ဦးညိုကို “ချစ်ဦးညီ” လို့ ရေးလိုက်မိတာမဟုတ်ပါ။ ညီလေး တစ်ယောက်လိုချစ်လို့ “ချစ်ဦးညီ” ခေါ်တာပါပဲ။ ဒီလို “ချစ်ဦးညီ” လို့ သူ့ကို နာမည်ပြောင်းခေါ်တဲ့သူက တစ်ယောက်တည်းရှိပါတယ်။ ကျွန်တော်တို့ဘေးလူတွေက ရောယောင်ပြီး “ချစ်ဦးညီ” လို့ခေါ်ရင် မကြိုက်ပါ။ ကျွန်တော်တို့လည်း သူ့ကို ညီလေးလို ချစ်ခွင့်မရှိဘူးလား မမေးနဲ့။ ဦးခေါင်း ခါပါလိမ့်မယ်။ ပါးစပ်က ဆေးလိပ်ခဲ ထားလို့ နှုတ်နဲ့မပြောအားဘူးလေ။ ဒီလိုဆို ချစ်ဦးညိုရဲ့ တစ်ဦးတည်းပိုင် အစ်ကိုကြီးက ဘယ်သူလဲဆိုတာ တစ်ချို့ကရိပ်မိလောက်ပါပြီ။ ဟုတ်ကဲ တင်မိုး ပါ။ ကွယ်လွန်သူ ကဗျာဆရာရာကြီး ဦးတင်မိုးပါ။ မန္တလေးတက္ကသိုလ်ထွက်၊ လူထုတိုက်ထွက်...

Read more »

လှကျော်ဇော ● ဝ တောင်တန်းက သစ္စာပန်းတခက် (ရဲဘော်အီလွတ် သို့မဟုတ် မစန်း)

လှကျော်ဇော ● ဝ တောင်တန်းက သစ္စာပန်းတခက် (ရဲဘော်အီလွတ် သို့မဟုတ် မစန်း)

လှကျော်ဇော ● ဝ တောင်တန်းက သစ္စာပန်းတခက် (ရဲဘော်အီလွတ် သို့မဟုတ် မစန်း) (မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇ အချိန်က ၁၉၈၄ ခုနှစ် အစောပိုင်းကာလ ….။ နေရာက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဗဟိုရုံးနဲ့အရှေ့မြောက်စစ်ဒေသတို့ရုံးစိုက်ရာပန်ဆန်း (ယခုအခေါ်-ပန်ခန်း)။ အဲဒီနေ့က ကျွန်မတို့ရဲ့အရှေ့မြောက်စစ်ဒေသဆေးရုံကြီးမှာ သတင်းတရပ်ပျံ့နှံ့လာပါတယ်။ ကိုနိုင်ဦးကြီး ဝတောင်ခရိုင်က ဝ အမျိုးသမီးလေးတယောက်နဲ့ လက်ထပ်လာပြီဆိုတဲ့သတင်းပါ။ ရှေ့တန်းစစ်ဆင်ရေးတာဝန်တရပ်နဲ့ ဝ တောင်ခရိုင်ဘက် ရောက်သွားတဲ့ အရှေ့မြောက်စစ်ဒေသစစ်ဦးစီးဌာနက ရဲဘော်နိုင်ဦးက အီလွတ်ဆိုတဲ့အမျိုးသမီးလေးနဲ့ တွေ့ဆုံ မေတ္တာ မျှခဲ့ပြီး လက်ထပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက တာဝန်အရ ပန်ဆန်းပြန်လာရာမှာ ယောင်နောက် ဆံထုံးပါပြီး အီလွတ် ကလေးပါ ပါလာတာပါ။ ပန်ဆန်းမြို့နယ်ရုံးမှာရောက်နေကြပြီဆိုတဲ့သတင်းကြောင့် ကျွန်မနဲ့ ဆရာမကြီးဒေါ်ငွေ (စစ်ဒေသ ဆေးရုံ၊ ဒုနိုင်ငံရေးမှူး)...

Read more »

ကျော်ဇံလှ (ကလေးဝ) ● နံနက်ခင်း သတင်း

ကျော်ဇံလှ (ကလေးဝ) ● နံနက်ခင်း သတင်း

ကျော်ဇံလှ (ကလေးဝ) ● နံနက်ခင်း သတင်း (မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇ မြစ်ကို ငေးမိတော့လည်း လတ်ဆတ်တဲ့ရေစီးတွေက အားကောင်းမောင်းသန် ။ ပြုစားမှုကင်းတဲ့ ကမ်းစပ်များဆီ လှိုင်းတွေက တဝုန်းဝုန်း ဝင်ဆောင့်။ ငါ ငေးရီနေမိတဲ့ နာရီများ အလှည့်ကျ မုန်တိုင်းများ တောထဲက ပြန်လာတဲ့ သားသတ်သမားများ။ ရေပြင်ကျယ် ထွက်ခွာသွားတဲ့ တံငါသည်များ။ သီချင်းသံတွေ နဲ့ လယ်ကွင်းများ အမှိုက်ကားတစင်းရဲ့ ခေါင်းလောင်းသံများ။ စားကျက်ထဲက ပျော်ရွှင်မှုတွေကို တောစပ်က ငြိမ်သက် ဝပ်တွားနေတဲ့ အသက်လုပွဲများ။ သည်မနက်ခင်းသတင်းဖတ်ပြီးကတည်းက ရေတခွက် ဒေါင်းမျို ကြက်မျို မျိုရင်း စစ်တလင်းဘက် စစ်ခင်းထွက်ရပြန်တော့တယ်။ ။ ကျော်ဇံလှ (ကလေးဝ)   Tags: ကျော်ဇံလှ...

Read more »

ဇော်အောင် (မုံရွာ) ● အင်ဂိုလာ၊ အမေရိကန်၊ စင်ကာပူနဲ့ မြန်မာကမ်းလွန်ရေနံသင်္ဘောလုပ်ငန်း

ဇော်အောင် (မုံရွာ) ● အင်ဂိုလာ၊ အမေရိကန်၊ စင်ကာပူနဲ့ မြန်မာကမ်းလွန်ရေနံသင်္ဘောလုပ်ငန်း

ဇော်အောင် (မုံရွာ) ● အင်ဂိုလာ၊ အမေရိကန်၊ စင်ကာပူနဲ့ မြန်မာကမ်းလွန်ရေနံသင်္ဘောလုပ်ငန်း (မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇ • ကိုဇော်ပြောင် မြန်မာနိုင်ငံကို ပြန်ခြင်း စာရေးသူ ကိုဇော်ပြောင် ရန်ကုန်၊ အီမန်နျူရယ်အသင်းတော်အနီးက မိတ်ဆွေတဦးရဲ့ တိုက်ခန်းမှာစခန်းချပြီး၊ မြန်မာနိုင်ငံမှာ စတင်လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၄ သင်္ကြန်ပွဲမှာ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်၊ စက်စဲ ခရီးစဉ်များသွားရောက်ခွင့်ရရှိပြီး၊ မနေ့က ဒေါ်အောင်ဆန်းစုကြည်ရောက်ခဲ့တဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်ကိုလည်း ရောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်းက မြန်မာ၊ ကရင် မိသားစုများနဲ့ ဝိညာဉ်ရေး အတူခံစား၊ လှုပ်ရှားခဲ့ပြီး၊ မွန်ပြည်နယ်က မြန်မာ၊ မွန်၊ ကရင်မိသားစုများ အထူးသဖြင့် သင်္ကြန် ပျော်ပါးနေတဲ့ မွန်လူငယ်များကြားမှာ သူတို့စကားနားမလည်ပဲ သွားလာနေထိုင်ခဲ့ရပါတယ်။ နောက်ဆုံးတော့ ကိုဇော်ပြောင်...

Read more »

ယောဟန်အောင် ● သူခိုးတွေကြားထဲ ငါပြုတ်ကျတဲ့အခါ

ယောဟန်အောင် ● သူခိုးတွေကြားထဲ ငါပြုတ်ကျတဲ့အခါ

ယောဟန်အောင် ● သူခိုးတွေကြားထဲ ငါပြုတ်ကျတဲ့အခါ (မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇ ညက ဘယ်မှာခေါင်းချခဲ့ပါလိမ့် မိုးလင်းနိုးထတော့ မြေကဖုန်းဆိုး သူခိုးတွေကြားထဲ ငါပြုတ်ကျနေခဲ့တယ်။ ငါကျောချမ်းသွားပေါ့ အသွင်မတူလို့ကတော့ ဒီနေရာက ပြန်လမ်းမရှိဘူး ဂျက်လန်ဒန် ပြုတ်ကျတဲ့ ချောက်ကမ်းပါးမျိုးလား သတိတရားကို ပြန်မွေး ငါဟာ တွေးခေါ်တတ်သူပါ ငါဟာ ပညာတတ်ပါ… အသွင်ယူနေထိုင်ရင်း သူတို့အရပ်ကို ကျမ်းပြုဖို့ဖြစ်ခဲ့တယ်။ ဒီအရပ်မှာ အထာထားလို့ မရဘူး ငါလစ်ရင် ငါ့ဟာ သူခိုးမယ် သူလစ်ရင် သူ့ဟာ ငါခိုးမယ် စောရနက္ခတ်နိုးကြား မျိုးရိုးဗီဇမှာ မင်ကြောင်ထိုးထားတဲ့ အရပ်။ ဒီအရပ်မှာ သူခိုးပြေးစရာမလို ထိုးကွင်းထစရာမလိုဘူး တခါတလေ ပြူးပြဲပြီး “လူ.. လူ… လူ” ထဟစ်ပေးရသေးတယ် ဂျပိုးက တကယ်ကြီးလာတော့...

Read more »

မင်းခိုင် ● ကျောက်ခေတ်ဦးမှာ တို့တတွေ … နေ

မင်းခိုင် ● ကျောက်ခေတ်ဦးမှာ တို့တတွေ … နေ

မင်းခိုင် ● ကျောက်ခေတ်ဦးမှာ တို့တတွေ … နေ (မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇ ပညာရေးဆိုတာ ဘာလဲ၊ ပညာသင်တယ်ဆိုတာ ဘာလဲဆိုတဲ့မေးခွန်းအတွက် ရောင်စုံအဖြေတွေ ရှိပြီးသား၊ ကြားဖူးပြီးသား ပါ။ ဥပမာ နိုင်ငံသားကောင်းဖြစ်ဖို့တို့၊ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းရဖို့၊ အတတ်ပညာတခုခုကို နားလည် တတ်ကျွမ်းစေဖို့၊ စာရိတ္တကောင်းဖို့၊ စဉ်းစားတွေးခေါ်တတ်ဖို့ … စသည်စသည်ဖြင့်ပေါ့လေ။ အဲဒီ့ထဲမှာ ကျနော်အကြိုက်ဆုံး အ ကောက်အယူကတော့ သိမှုကနေ မသိမှုဆီကိုသွားခြင်းတဲ့။ တနည်းအားဖြင့် သိခြင်းကနေ မသိခြင်းဆီသို့ … ။ ကျနော် ပိုပြီးဝေးဝေးမြင်ရတယ်ဆိုရင် အဲ့ဒါ ရှေးမဟာလူကြီးတွေရဲ့ ပုခုံးပေါ် တက်ကြည့်ခဲ့လို့ပါပဲဆိုတဲ့ နယူတန်ကြီးစကား ငှားသုံးရမှာပါပဲ။ အရင်သိခဲ့တဲ့ အသိတွေကို အခြေခံပြီး မသိသေးတဲ့နယ်ဆီကို အရောက်သွားနိုင်ရပါတယ်။ ပညာသင်တယ်...

Read more »

ကာတွန်း ဆွေသား ● နာမည်ပျက်တော့မယ်

ကာတွန်း ဆွေသား ● နာမည်ပျက်တော့မယ်

ကာတွန်း ဆွေသား ● နာမည်ပျက်တော့မယ် (မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇ Tags: ကာတွန်း ဆွေသား

Read more »

လင်းငယ် ● ပညာတမူ၊ ယွန်းသူတို့ ဌာနေ

လင်းငယ် ● ပညာတမူ၊ ယွန်းသူတို့ ဌာနေ

လင်းငယ် ● ပညာတမူ၊ ယွန်းသူတို့ ဌာနေ (မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇ “စစ်မှာတမူ နှမလေး မယ့်ထက်ဖြူကို ယူမလားတော်။ စစ်မှာ ယွန်းမ နှမလေး မယ့်ထက်လှကို ရမလားတော်” (၁) အခု ဒီမြို့ကို ရောက်နေခဲ့တာ တလလောက်ရှိပြီ။ ဒီမြို့ဆိုပေမယ့် နိုင်ငံကူးလက်မှတ်ကိုင်ပြီးမှ တရားဝင်လာလို့ရတဲ့မြို့။ တိုင်းတပါးလို့ အလွယ်ခေါ်ရင်လည်း ရမှာပါ။ ဒါပေမဲ့ တစိမ်းတွေနေတဲ့မြို့တော့လည်း မဟုတ်ပြန်ဘူး။ အိမ်နီးချင်းတွေ အများကြီးထဲမှာမှ အရင်းနှီးဆုံး အိမ်နီးချင်းမြို့။ လာချင်ရင် နီးလွန်းတဲ့မြို့။ ဒီမြို့မှာပဲ ကိုယ့်အမျိုးတွေ အများကြီးက တရား မဝင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ နှစ်ကလာများစွာကတည်းက ရောက်ရှိနေထိုင်ခဲ့ကြတာကို ကိုယ်မလာခင်ကတည်းက သိပြီး သား။ ဒါပေမဲ့ ဒီလောက်တော့လည်း အများကြီးတွေ့ရလိမ့်လို့ မမျှော်လင့်ခဲ့။ နယ်ဘက်လောက်မှာသာ...

Read more »

တင်ဇော်လွင် – ဒေါက်တာရောဘတ်ကော့ (Robert Koch) တံဆိပ်ခေါင်းများ

တင်ဇော်လွင် – ဒေါက်တာရောဘတ်ကော့ (Robert Koch) တံဆိပ်ခေါင်းများ

တင်ဇော်လွင် – ဒေါက်တာရောဘတ်ကော့ (Robert Koch) တံဆိပ်ခေါင်းများ (မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၇ “ဒီတလတော့ ငါ့တူကြီးကို တီဘီ(TB) ဆိုတဲ့ အဆုတ်နာရောဂါအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြစရာတွေ ရှိတယ်ကွ” ” ဟာ လွဲပါစေ ဖယ်ပါစေ ဦးလေးရာ။ ကြားရတာနဲ့တင် နှလုံးတုန် ရင်တုန် ရှိလိုက်တာ၊ လန့်သွားတာပဲ” ” အေး မင်းလန့်မယ်ဆိုရင်လဲ လန့်စရာဘဲကွ။ တို့ကမ္ဘာသူ ကမ္ဘာသားတွေကို သေမင်းဆီ ပို့ခဲ့တဲ့ သေမင်းတမာန်ရောဂါကြီးတွေထဲမှာ တခု အပါအ၀င်ကွ။ Tuberculosis ဆိုတဲ့ TB အဆုတ်နာရောဂါကို တကမ္ဘာလုံးက ကြောက်နေဆဲဘဲကွ” ”အခုတော့ ကုလို့ရပြီမဟုတ်လား။ ဆေးတွေရှိပြီ မဟုတ်လား။ ဦးလေးက ဆရာဝန်ဆိုတော့ ပိုသိမှာပေါ့” “ဆေးတွေ ရှိနေပြီ။...

Read more »

ဇာနည်ဝင်း (Myanmar Now) ● ပြည်သူ့ဘဏ္ဍာအသုံးပြုမှုစောင့်ကြည့်ရန် ဒေါ်ညိုညိုသင်း တိုက်တွန်း

ဇာနည်ဝင်း (Myanmar Now) ● ပြည်သူ့ဘဏ္ဍာအသုံးပြုမှုစောင့်ကြည့်ရန် ဒေါ်ညိုညိုသင်း တိုက်တွန်း

ဇာနည်ဝင်း (Myanmar Now) ● ပြည်သူ့ဘဏ္ဍာအသုံးပြုမှုစောင့်ကြည့်ရန် ဒေါ်ညိုညိုသင်း တိုက်တွန်း (မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၇ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း  (ဓာတ်ပုံများ – ပြည့်ပြည့်/Myanmar Now) ပြည်သူ့ဘဏ္ဍာ အသုံးပြုရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတို့ကို  ဖိအားပေး၊ တွန်းအားပေး၊ ပညာပေး၊ စည်းရုံး၊ လက်တွဲခေါ်သည့်အခါ ဝိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်ကြောင်း  ရန်ကုန်မှ ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဒေါ်ညိုညိုသင်းက သြဂုတ် ၁၁ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။ ရန်ကုန်၊ ကမာရွတ်မြို့နယ်၊  ယုဒဿာန်ရိပ်သာတွင် ၂ ရက်ကြာ ပြုလုပ်သည့်  ပွင့်လင်းပါစေ ဘဏ္ဍာငွေ၊ ချမ်းသာကြွယ်ဝ ပြည်သူ့ဘဝဟု အမည်ပေးထားသော ကာတွန်းပြပွဲ ဖွင့်လှစ်သည့် အခမ်းအနားတွင်...

Read more »

ဇင်လင်း ● နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကြား ယုံကြည်မှုရှိမှ နိုင်ငံတိုးတက်နိုင်မည်

ဇင်လင်း ● နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကြား ယုံကြည်မှုရှိမှ နိုင်ငံတိုးတက်နိုင်မည်

ဇင်လင်း ● နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကြား ယုံကြည်မှုရှိမှ နိုင်ငံတိုးတက်နိုင်မည် (မိုးမခ) သြဂတ်စ် ၁၅၊ ၂ဝ၁၇ ယခုတလောတွင် ပြည်သူလူထုအကြား လက်ရှိအစိုးရအပေါ် ထင်ယောင်ထင်မှားဖြစ်စေရန်၊ အကြည်ညိုပျက်စေရန်၊ ပြော ဆို လှုံ့ဆော်မှုများ ခပ်စိပ်စိပ်တွေ့နေရသည်။ သို့သော်လည်း ခြေခြေမြစ်မြစ်မဟုတ်သည့် အချက်အလက်များကို အခြေခံ ပြောဆိုနေသည်က များသဖြင့် ပြည်သူလူထုအများစု၏ ထောက်ခံမှုကိုကား ယိမ်းယိုင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိချေ။ လက်ရှိ အစိုးရသည် နှစ်ပေါင်း ၅ဝ ကျော် ပျက်စီးယိုယွင်းခဲ့သော နိုင်ငံကို ပြန်လည်ထူထောင်ရန် တာဝန်ကျလာသောကြောင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားသည့် အစိုးရဖြစ်သည်။ အစိုးရတာဝန်ထမ်းဆောင်သည်မှာ ၂ နှစ်ပင် မပြည့်သေး။ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှုန်း နှေးကွေးလွန်းသည်ဟု ဝေဖန်သံကို အများဆုံး ကြားနေရသည်။  ၂...

Read more »

မောင်ရင်ငတေ ● အမ်ဝမ်း အမြန်လမ်းမကြီးပေါ်က အဝါရောင် ရေဂျီယိုဂျက်

မောင်ရင်ငတေ ● အမ်ဝမ်း အမြန်လမ်းမကြီးပေါ်က အဝါရောင် ရေဂျီယိုဂျက်

မောင်ရင်ငတေ ● အမ်ဝမ်း အမြန်လမ်းမကြီးပေါ်က အဝါရောင် ရေဂျီယိုဂျက် (ပင်လယ်မရှိသောမြေသို့ စာစုများ) (မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၇   ကားကြီးဂိတ်ဝင်းထဲ တပတ်ပတ်ရှာမေး၊ သူတို့ လမ်းညွှန်ချက်အရ လမ်းတဘက်ကိုကူး လိုက်ပို့လေ သူတွေနဲ့ ပိုက်စိတ်တိုက် လိုက်ရှာလိုက်တော့ မိုင်ဝက်လောက်ပတ်မိမှ ရှာတွေ့ပါတယ်။ ကားဂိတ်ကို၊ တကယ့်ကားဂိတ်ဝင်းကြီးထဲမှာ ဂိတ်မရှိတဲ့ အဝါရောင် ရေဂျီယိုဂျက် စတူးဒန့်အေဂျင်စီ ကားရပ်နားရာကတော့ လမ်းဆုံတဘက်က ဘတ်စ်ကားမှတ်တိုင်သာသာမှာပါ၊ မှတ်တိုင်အနီးမှာတော့ အအေးဆိုင်လေးတဆိုင်တော့ ခြောက်ကပ်ကပ်နဲ့ ရှိနေလေရဲ့။ လမ်းနဘေးက ရေဂျီယိုဂျက် စတူးဒန့်အေဂျင်စီ ကားကြီးဂိတ် (ဓါတ်ပုံ မရငတ) မေးမြန်းကြည့် သေချာပြီဆိုမှ လွယ်လာတဲ့ ကျောပိုးအိတ်တွေကိုချ လိုက်ပို့ကြသူနှစ်ဦးကို ဘာစားမလဲ ဘာသောက်မလဲ မေးပြီး ဆိုင်ရှင် ဟန်ဂေရီးယန်းသူကို ဘာရမလဲ...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

မိုးမခ သြဂတ်စ် ထွက်ပြီ

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့ သုတ၊ ရသအစုံအလင်အနဲ့အတူ မိုးမခလစဉ်ထုတ်မဂ္ဂဇင်းရဲ့ အတွဲ ၄၊ အမှတ် ၈၊ ၂၀၁၇ ကို ထွက်ရှိပါပြီ။ မိုးမခ မဂ္ဂဇင်း လစဉ်ထုတ်တွေကို မြန်မာနိုင်ငံ ဘယ်နေရာက မဆို ဖုန်းဆက် မှာယူနိုင်ပါတယ်။  ပို့ခ၊ ဝန်ဆောင်ခ မှာသူက ပေးစရာမလို၊ မိုးမခက အိမ်အရောက်ပို့ပေးနေပါတယ်။ မိုးမခ ရဲ့ ထုံးစံအတိုင်း မျက်မှောက်ရေးရာ၊ နိုင်ငံတကာရေးရာ၊ ပညာရေး၊ လူမှုရှုခင်း၊ စာပေရေးရာ၊ ကဗျာ၊ ဘာသာပြန်ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ မှတ်စုမှတ်တမ်း၊ ကာတွန်း၊ သရော်စာ အမယ်စုံ နဲ့ အကောင်းဆုံး ဖွဲ့စည်း တင်ဆက်ထားတဲ့ အတွက်...

Read more »

ဆောင်းယွန်းလ ● မမြင် မခင် မကြင်ပဲ လွမ်း

ဆောင်းယွန်းလ ● မမြင် မခင် မကြင်ပဲ လွမ်း

ဆောင်းယွန်းလ ● မမြင် မခင် မကြင်ပဲ လွမ်း (မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၇ မထားတတ်တဲ့စိတ်က ကျဉ်းနေတော့ ချောင်းကလေး ထားရာမှာ အေးအေးမနေနိုင်ဘူး ထားတတ်တဲ့ စိတ်က ကျယ်ဝန်းနေတဲ့အခါ ပင်လယ်ပြာ စေရာကို သွားနိုင်တယ် ပန်းသတင်းကိုလည်း လေညှင်းဆောင်ရဲ့ လူသတင်းကိုလည်း လူချင်းဆောင်ခဲ့ဆိုလေတော့ လူကို လူချင်းလွမ်းတာ ဆန်းသလား ကက်ဆက်ထဲ လွင့်ဝဲလာတဲ့ သီချင်းထဲမှာ အလွမ်းတွေများများပါလာရင် မြန်မြန်လွင့်ပြီး များများလွမ်းနေလိုက်ကြရုံပေါ့ လူကိုသေစေတတ်တဲ့ ဗုံးသေနတ်သံတွေမှ မဟုတ်တာပဲ ဘာလဲ ခင်ဗျားက အလွမ်းကိုဖမ်းချုပ်ထားနိုင်စွမ်းတဲ့ ထောင်မှူးကြီးလား လွမ်းဆွတ်ခြင်းနဲ့ ဝမ်းနည်းကြေကွဲခြင်းမှာ မူပိုင်ခွင့်ရှိလို့လား ဒါဆိုရင်လည်း ခင်ဗျားရဲ့ကျဉ်းနေတဲ့ စိတ်တွေနဲ့ အလွမ်းကို ထောင်သွင်းအကျဉ်းချထားလိုက်ပါ မူပိုင်ခွင့် မှတ်ပုံတင်ပြီး ပလက်စတစ်လောင်းထားလိုက်ပါ ကျယ်ဝန်းတဲ့ ကျနော်တို့ရဲ့စိတ်တွေထဲမှာ...

Read more »

ကိုသန်းလွင် ● မလေးရှားအတိုက်အခံ အင်အားစု

ကိုသန်းလွင် ● မလေးရှားအတိုက်အခံ အင်အားစု

ကိုသန်းလွင် ● မလေးရှားအတိုက်အခံ အင်အားစု (မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇ (၁) မလေးရှားတွင် အတိုက်အခံဆိုသည်မှာ မရှိမဖြစ်ဖွဲ့စည်းထားရခြင်းပင် ဖြစ်သည်။ အစိုးရအနေဖြင့် မှုစရာမလိုခဲ့ပေ၊။ ယခု အခါဝန်ကြီးချုပ်ဟောင်း မဟာသီယာ (Mahathir Muhamad) ပါဝင်သော အတိုက်အခံအဖွဲ့အစည်းတခုကို ဖွဲ့စည်း နိုင် ခဲ့ကြပြီဖြစ်သည်။ သူ၏လက်ထောက်ဟောင်း အန်ဝါအီဗရာဟင်  (Anwar Ibrahim) ပြန်လည် ပူးပေါင်းမိခါ မလေးရှား အ တိုက်အခံ အင်အားစုကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ထိုအဖွဲ့အစည်းကို (Parakan Harnpan) ဟုခေါ်သည်။ နောက်ဆုံး PH ၏ ခေါင်းဆောင်သုံးယောက်ကိုကြေညာခဲ့သည်။ အန်ဝါအီဘရာဟင် မှာ PH ၏ခေါင်းဆောင်ဖြစ်သည် ဒေါက်တာမဟာသီဟာမူရာမက်မှာ အဖွဲ့၏ ချဲယားမင်းဖြစ်သည်။ အန် ဝါ၏ဇနီး (Dr...

Read more »

ကျော်ထင် ● တောတွေလည်းပြုန်း၍

ကျော်ထင် ● တောတွေလည်းပြုန်း၍

ကျော်ထင် ● တောတွေလည်းပြုန်း၍ (မိုးမခ) သြဂတ်စ် ၁၄၊ ၂ဝ၁၇ (၁) မရွယ်ဘဲ စောကဲ မင်းဖြစ်တဲ့။ ဒီစကားပုံဟာလေ ကျနော့်အတွက်တော့ မှန်လွန်းတယ်လို့ ဆိုရမယ်။ ကျောင်းဆရာဘဝကို မရည်ရွယ်ဘဲ ရခဲ့တယ်။ လုပ်စကတော့ စိတ်ပါလှတယ်လို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းက အကူအညီတောင်းတာနဲ့လိုအပ်တဲ့ ကျောင်းလေးမှာ လိုအပ်တဲ့ဘာသာပြအဖြစ် ဝင်သင်လိုက်တာ။ အဲ့ဒါကနေ ကျောင်းဆရာဘဝ စတော့တာပါပဲ။ ကျောင်းက ရွာကျောင်းလေးပါ။ တွဲဖက်အထက်တန်းကျောင်းအဖြစ်နဲ့ ဖွင့်ထားတာ။ မြို့နဲ့ ဆယ်မိုင်လောက် ဝေးတယ်။ စက်ဘီးနဲ့သွားရတယ်။ ရွာလမ်းရှိပေမယ့် အဲ့ဒီ့ရွာလမ်းက လှည်းလမ်းဆိုတော့ စက်ဘီးနဲ့သွားလို့မဖြစ်ဘူး။ မိုးဆို ရွှံ့တွေ နစ်တယ်။ ဆောင်းနဲ့နွေဆိုရင် ဖုတ်တွေထူလို့ဝပ်တယ်။ ဒီတော့ အဲ့ဒီ့လမ်းကို ရှောင်ပြီး သံလမ်းဘေးအတိုင်း သွားကြတယ်။ ရွာလမ်းထက်လည်း ပိုနီးတယ်။ ပြီးတော့...

Read more »

ဆလိုင်းမြတ်နိုးသူ ● လာလီပေါပ့်များနှင့် နေထိုင်ခြင်း

ဆလိုင်းမြတ်နိုးသူ ● လာလီပေါပ့်များနှင့် နေထိုင်ခြင်း

ဆလိုင်းမြတ်နိုးသူ ● လာလီပေါပ့်များနှင့် နေထိုင်ခြင်း (မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇ ငါဟာ ငါမှဟုတ်ရဲ့လားလို့ တွေးချိန်မရဘူး လာလီပေါပ့်တွေ အထပ်လိုက် ဒါ အပျင်းဖြေစရာကစားနည်းတခုဖြစ်မယ်ဆိုတာ ရိပ်မိတယ် သေချာအောင် အတည်ပြုလို့မရ မြက်ခင်းစိမ်းစိမ်းပေါ်က ကုလားထိုင်တခုမှာ ငါရောက်နေတယ် လာလီပေါပ့်တချောင်းကို ကောက်လိုက်တော့ ရှေ့က နောက်ခံတွေဟာ ပြောင်းသွား မြို့ဟာ မျက်စိစမ်းသပ်မှုခံယူဖို့ တန်းစီနေတဲ့ပုံစံ ရေဟာ မြို့ကိုဝါးစားဖို့ တဖြည်းဖြည်း ချီတက်လာတယ် ငါ့ပါးစပ်ထဲ လာလီပေါပ့်ရောက်သွားတယ် ဒူးစပ်နားထိ ရေဟာ တက်လာ မြို့က တောင်းပန်တယ် ကျနော် မျက်စိမစမ်းရသေးပါ ငါ့လက်မှာ နောက်ထပ် လာလီပေါပ့်အသစ်တခု ရေဟာ ခါးစပ်နားထိရောက်သွား လာလီပေါပ့်အသစ် ကုန်သွားပြီ ငါ့လက်ဟာ နောက်ထပ်လာလီပေါပ့်တခု ကျနော် မျက်စိစမ်းသပ်ပြီးရင် အားလုံးဖြစ်စေရပါမယ်...

Read more »

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) ● ပြည်သူ့ပိုက်ဆံ ပေါ်တင် ခိုးတဲ့ကောင်တွေ

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) ● ပြည်သူ့ပိုက်ဆံ ပေါ်တင် ခိုးတဲ့ကောင်တွေ

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) ● ပြည်သူ့ပိုက်ဆံ ပေါ်တင် ခိုးတဲ့ကောင်တွေ (မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇ Tags: ကာတွန်း နေညိုအေး (ဥသျှစ်ပင်)

Read more »

မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၅)

မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၅)

မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၅) (မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇ ● ၁၉၄၂ ခုနှစ် ရခိုင် ဘင်္ဂါလီအရေးအခင်း ဂျိမ်းဘက်စ်တာ အစီရင်ခံစာထွက်လာသော်လည်း ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ အကောင်အထည်ဖေါ်နိုင်ခြင်း မပြုနိုင်သည့် ပြင် အင်္ဂလိပ်တို့သည် ဂျပန်နှင့်ပေါင်း၍ ၎င်းတို့အားတော်လှန်ကြသည့် မြန်မာပြည်မှ ဒေသခံတိုင်းရင်းသားများအား လုံးဝ အယုံအကြည်မရှိတော့ပေ။  ထို့ကြောင့် ရခိုင်မှ အင်္ဂလိပ်များဆုတ်ခွာသောအခါ နောက်ချန်အဖြစ် စစ်တကောင်းမွတ်စလင်တပ်ဖွဲ့များအားလက်နက်ထုတ်ပေးခဲ့သည်။ (စစ်တကောင်းတပ်ဖွဲ့ဝင်များအား ရခိုင်တို့က ရာဇပုတ်တပ်ဖွဲ့ဝင်များဟု ခေါ် ကြသည်) ထိုစစ်တကောင်းတပ်ဖွဲ့ဝင်များ အားကိုးအားထားရာပြုရာသည် ရခိုင်သို့ဝင်ရောက်နေသည့် စစ်တကောင်းမွတ်စလင်များဖြစ်ခဲ့ကြပြီး အင်္ဂလိပ်တို့ကလည်း ၎င်းတို့အား အမာခံသတင်းပေးများအဖြစ် မွေးမြူထားခဲ့သည်။ ဤသို့ စစ်တ ကောင်းသားများအား ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်အကျိုးစီးပွားပေါ်မျှော်ကိုး၍ လက်နက်တပ်ဆင်ပေးခဲ့ခြင်း လက်ရုံး...

Read more »

လင်းသက်ငြိမ် ● ရေကြီးချိန် အမှတ်တရများ

လင်းသက်ငြိမ် ● ရေကြီးချိန် အမှတ်တရများ

လင်းသက်ငြိမ် ● ရေကြီးချိန် အမှတ်တရများ (မိုးမခ) သြဂတ်စ် ၁၄၊ ၂ဝ၁၇ မနေ့ညက မိုးတွေရွာသွန်းပြီးတဲ့နောက် အိမ်ရှေ့မြောင်းထဲမှာ ရေတွေတိုးလာတယ်။ ဒေါင်းမြူးချောင်း ရေလျှံ နေခြင်းဖြစ်ပါ လိမ့်မယ်။  မိုးရာသီ ရေကြီးရေလျှံခြင်းမှာ ကျွန်တော်တို့အတွက် မထူးဆန်းသောကိစ္စတစ်ခုပါပဲ။  မြောင်းထဲကနေ အိမ်ဝင်းထဲ တရွေ့ရွေ့တိုးဝင်လာတဲ့ ရေဝါဝါတွေကိုကြည့်ရင်း ငယ်ငယ်က ရေကြီးချိန်တွေကိုသတိရလာမိ။  အိမ်ခေါင်းမိုး မြုပ်လုမြုပ်ခင် အထိ ရေအကြီးအကျယ်ကြီးတာကို ငယ်ငယ်ကတစ်ခါကြုံခဲ့ဖူးပါတယ်။  အိမ်ပေါ်မှာ လူနေလို့မရတော့ အဝတ်အစားတွေ ထမင်း အိုးတွေ ဆန်အိတ်တွေကိုသယ်ပြီး ကျွန်တော်တို့ထက် ကုန်းကျတဲ့ လမ်းတစ်ဖက်က အိမ်မှာသွားနေကြရတယ်။  ဆေမျိုးမတော်စပ်ပေမယ့် ရပ်ဆွေရပ်မျိုးဖြစ်နေတဲ့အိမ်ဆိုတော့ ကျွန်တော်တို့မိသားစုကို နေရာပေးကြပါတယ်။  မှတ်မိသေး တယ် အဲ့ဒီအချိန်က အဝတ်တွေရေစိုမှာစိုးလို့ အမေက ကျွန်တော့်အဝတ်တွေကို အကုန်ချွတ်ထားပြီးရေထဲက သွားရတာပေါ့ ကျွန်တော်တို့မောင်နှမတွေကရေမကူးတတ်တော့...

Read more »

ယောဟန်အောင် ● ရန်တွေဝိုင်းနေတဲ့ မြို့

ယောဟန်အောင် ● ရန်တွေဝိုင်းနေတဲ့ မြို့

ယောဟန်အောင် ● ရန်တွေဝိုင်းနေတဲ့ မြို့ (မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇ မီးမိုး၊ မြားမိုးမရွာသေးပေမယ့် ဒီမြို့ကို ရန်တွေက ဝိုင်းပတ်ထားပြီးပြီ ဟိုမှာ လှုပ်လှုပ်ရွရွ ဒီနားက ရုတ်ရုတ်သဲသဲ သားရဲအနံ့တွေနဲ့ ဂနာမငြိမ် မီးခိုး တိမ်စိုင်မှောင်ကျ ကောလဟာလတွေက တအိမ်ဝင် တအိမ်ထွက်။ တချိန်က လှပပွင့်ဖူးခဲ့တဲ့ မြို့ကြီးပါ မီးရောင်စုံနဲ့ တေးတွေမတိတ်ဆိတ်ခဲ့ ခုမှ လူတွေက စိတ်ချလက်ချ အိပ်လို့မရနိုင် ဖြစ်နေပုံများ “အိပ်မပျော်သူအတွက် ညတာရှည်လျား ပန်းနေသူ ခရီးသွားအတွက် တစ်ယူဇနာ ပိုရှည်လျား သူတော်ကောင်းတရားကို မသိနားမလည်ကြသော လူမိုက်များအတွက် သံသရာသည် အလွန်ရှည်လျား”နေရတယ်။ * ပန်းပွင့်များ၊ ဝိုင်ခွက်များ ကပွဲများညှိုးလျ တချို့က ကြံ့ကြံ့ခံ၊ တချို့လက်မြှောက် အနောက်ဖက်တံခါး ကျိုးပျက်ပြီလား...

Read more »

ကာတွန်း ATH – အဖြေ

ကာတွန်း  ATH – အဖြေ

  ကာတွန်း  ATH – အဖြေ (မိုးမခ) သြဂုတ် ၁၃၊ ၂၀၁၇ No tags for this post.

Read more »

ဝေယု ● ဆက်သွယ်မှုဧရိယာပြင်ပတွေ

ဝေယု ● ဆက်သွယ်မှုဧရိယာပြင်ပတွေ

ဝေယု ● ဆက်သွယ်မှုဧရိယာပြင်ပတွေ (မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၇ သွားတွေမပါရင် ဘာနဲ့ဝါးရမလဲ ခြေထောက်မပါရင် ဘာနဲ့လျှောက်ရမလဲ ဒီမိုကရေစီအကြောင်း ကဗျာရေးရတာပျင်းတယ်။ မြို့တွေအကြောင်း တီးမိခေါက်မိရုံပါပဲ နိုင်ငံရေးအကြောင်း နေနိုင်လွန်းပါတယ် ဟိုအရေးဒီအရေးတော့ ကျင်းထဲကြပ်ထဲ နားနားနေနေ မနေနိုင်တဲ့အကြောင်း။ လမ်းဟာ ဒလိမ့်ခေါက်ကွေးသွားနေရတဲ့ ပက်ကျိတကောင်အကြောင်းပဲ အစိမ်းရောင်ရှုခင်းထဲ မြွေဟောက်တကောင် ပါးပျဉ်းထောင်လာတယ်။ ဘဝဟာ ဈေးသွားဈေးပြန် ချည်မျှင်ချည်ထည်တွေဆီကရလာတဲ့ အနံ့တွေအကြောင်းပဲ။ တဦးနဲ့တဦး ညီရင်းအကိုတမျှ ချစ်ကြည်ရင်းနှီးကြ ဒါတောင်မှ သူ့ဘဝလေး လေထဲ တဲတဲလေးရယ်။ ငါအကြောင်းမပြန်လိုဘူး ငါ့အကြောင်းနဲ့ငါ ရှိစေတော့ ငါအကြောင်းမပြန်လိုဘူး မင်းအကြောင်းနဲ့မင်း သာယာချမ်းမြရှိစေတော့။ ရပ်ထဲရွာထဲကျော်ကြားမဲ့အလုပ်ဆိုတာ ငါမပါတဲ့ ငါ့ဘဝ ငါ့တိုင်းပြည် ငါ့အကြောင်းတွေဆီက လာတာပဲ မင်းမပါတဲ့ မင်းဘဝ မင်းတိုင်းပြည် မင်းအကြောင်းတွေဆီက...

Read more »

ရဲရင့်သက်ဇွဲ ● မသိတော့ဘူး … နည်းနည်းလေးရအောင်တွေး

ရဲရင့်သက်ဇွဲ ● မသိတော့ဘူး … နည်းနည်းလေးရအောင်တွေး

ရဲရင့်သက်ဇွဲ ● မသိတော့ဘူး … နည်းနည်းလေးရအောင်တွေး (မိုးမခ) သြဂတ်စ် ၁၂၊ ၂၁၀၇ ဝင်ရိုးစွန်းရဲ့ ဒီတနွေ နည်းနည်း နွေပီသလာတဲ့အထဲမှာ တိုက်ခတ်လာတဲ့ လေကတော့ အအေးဓာတ်ကိုသယ်ဆောင်လာတုန်းပဲ ….။ ငါ … အိမ်ရှေ့ဝရံတာမှာရပ်ရင်းငေး ဟိုး … ဝေးဝေးက အနာဂတ်ကိုတွေး ခပ်ရေးရေး ခပ်ဖြေးဖြေးသာ မပီဝိုးတဝါး ဆည်းဆာတိမ်တောက် အိမ်ပြန်ရောက်ချင်တယ် …..။ စိတ်အာရုံတွေ ကစဥ့်ကလျား အတွေးများဖရို ဖရဲ တောင်မင်းကို မြောက်မင်းမကယ်နိုင် ဒီတခန်းရပ်ပြဇာတ် ဇာတ်နာလှတယ် … ယုံကြည်မှု စုံလုံးကန်းတဲ့အခါ ကိုယ့်အိမ်နီးနားချင်းမိတ်ဆွေများရဲ့ ဝှက်ထားသောလက်သဲများ အလုအယက် ဒုက္ခကန္တာရ ကပ်ဆိုးကြီးထဲ ပွယောင်းယောင်း ယောင်ကိုင်းကိုင်း အသက်ဓာတ်ဟာ ထွက်ပေါက်ရှိရာ တွားတွားတက်လာ ….. ကိုယ်မပျော်ပါဘူး ကိုယ်မငိုပါဘူး...

Read more »

နယူးဇီလန်- (၆၈) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား နယူးဇီလန်နိုင်ငံ အောက္ကလန်မြို့တွင် ကျင်းပ

နယူးဇီလန်- (၆၈) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား နယူးဇီလန်နိုင်ငံ အောက္ကလန်မြို့တွင် ကျင်းပ

(၆၈) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား နယူးဇီလန်နိုင်ငံ အောက္ကလန်မြို့တွင် ကျင်းပ  (မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၇ သြဂုတ်လ (၁၂) ရက်တွင်ကျရောက်သည့် (၆၈)ကြိမ်မြောက်ကရင့်အာဇာနည်နေ့အခမ်းအနား အောက်မေ့အလေးပြုပွဲကို နယူးဇီလန နိုင်ငံရောက် ကရင်အမျိုးသားထုက New Zealand Karen Association (NZKA) ကရင်အမျိုးသားများအဖွဲ့ (နယူးဇီလန်)၏ဦးဆောင်မှုဖြင့် နယူးဇီလန်နိုင်ငံ အောက္ကလန်မြို့ မန်ဂေရီရပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြ သည်။ ထိုအခမ်းနားတွင် လွန်ခဲ့သော (၆၈)နှစ် ၁၉၅၀ ခု သြဂုတ်လ ၁၂ ရက် ယခုလိုနေ့တွင် စစ်အာဏာရှင်တို့၏ လက်ချက်ဖြင့်ကျဆုံးသွားခဲ့ရသော ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ယနေ့ထက်တိုင် ကရင်အမျိုးသားထုတရပ်လုံးလွတ်လပ်ရေးနှင့် ကရင့်ကံကြမ္မာ ကရင်ကိုယ်တိုင်ပြဋ္ဌာန်းနိုင်ရေးအတွက်တိုက်ပွဲဝင်ရင်း အသက်သွေးချွေးဘဝများပေးဆပ်ခဲ့ကြသည့် အဆင့်နေရာ အသီးသီးမှခေါင်းဆောင်များ၊ ရဲဘော်များ...

Read more »

ကာတွန်း KZZH – ဘော်ဒါစိတ်

ကာတွန်း KZZH – ဘော်ဒါစိတ်

ကာတွန်း KZZH – ဘော်ဒါစိတ် (မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၇ Tags: ကာတွန်း - KZZH

Read more »

ဇင်လင်း ● စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ (သို့မဟုတ်) နောက်မျိုးဆက်များသို့ စာပေအတွေးအမြင် အမွေပေးခဲ့သူ

ဇင်လင်း ● စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ (သို့မဟုတ်) နောက်မျိုးဆက်များသို့ စာပေအတွေးအမြင် အမွေပေးခဲ့သူ

ဇင်လင်း ● စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ  (သို့မဟုတ်)  နောက်မျိုးဆက်များသို့ စာပေအတွေးအမြင် အမွေပေးခဲ့သူ (မိုးမခ) သြဂတ်စ် ၁၁၊ ၂ဝ၁၇ စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ ကွယ်လွန်ခဲ့သည်မှာ ၂ဝ၁၇ ဩဂုတ်လ ၁၁ ရက်နေ့တွင်  ၄ နှစ်ပြည့်ခဲ့ပေပြီ။ ဆရာ မောင်ဝံသ အဆုတ်ကင်ဆာရောဂါ ခံစားနေရကြောင်း စတင်သတင်းကြားသိရစဉ်က စာရေးသူမှာ ပြည်ပသို့ ရောက် ရှိနေချိန်ဖြစ်သည်။ ဆေးပညာတိုးတက်နေသော ယခုခေတ်တွင် အဆုတ်ကင်ဆာကို အခြေအနေအဆိုးဘက်သို့ ရောက် မသွားအောင် ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သေးသည်။ သို့သော်လည်း မိမိ၏ အတွေး မမှန်ခဲ့ပေ။ ဆရာ မောင်ဝံသ သည် စာရေးရန် အကောင်းဆုံးအချိန် ပညာဗဟုသုတများဖြင့် ရင့်ကျက်နေချိန် အသက် ၆၉ နှစ်အရွယ်တွင်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်