ညလွမ်းအိမ် ● ကြွက်လိုလို ကြောင်လိုလို နေ့စဉ်မှတ်တမ်း

ညလွမ်းအိမ် ● ကြွက်လိုလို ကြောင်လိုလို နေ့စဉ်မှတ်တမ်း

ညလွမ်းအိမ် ● ကြွက်လိုလို ကြောင်လိုလို နေ့စဉ်မှတ်တမ်း (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈ မြေကြီးနဲ့နီးလေလေ လေထုဖိအားများလေလေ မုန်တိုင်းတော့ရောက်မလာဘူး ညမထွက်ရ အစိုးရအမိန့်ထဲမှာ ပျော်တယ် ငါတို့ဆီမှာ စီးကရက်အနံ့လည်း ရှိမနေဘူး စွမ်းအင်ရမှ လှုပ်ရှားနိုင်ပြီး လှုပ်ရှားမှရတဲ့စွမ်းအင်ထဲ နေထိုင်အစာရှာဖွေတယ် မီးတောင်ပေါက်ကွဲမှုဖြစ်စဉ် Lesson plan တွေ နေ့စဉ်တင်တယ် မစားသောက်မီ တူးဆွအနံ့ခံတာကအစ မုန့်ထုပ်တစ်ထုပ်ကို ကိုက်ဖောက်နေစဉ် စစ်ဆေးမှု စားသောက်ပြီးရှိတဲ့ စွမ်းအင်ပမာဏကို တိုင်းတာရတယ် အသံထွက်နှုန်းငြိမ်သက်ပြီး ရုန်းကန်တယ် သဘာဝပတ်ဝန်းကျင်က သွေးနွေးသတ္တဝါလို အဝင်အထွက်လုပ်တယ် တနင်္လာနဲ့ဗုဒ္ဓဟူးနေ့တွေမှာ နေ့ဖက်အပူချိန်ကိုကြောက်လို့ တွင်းအောင်းတယ် သောကြာနေ့မှာ မြေကြီးထဲကနေထွက်လာပြီး *pattern တွေပေါ် ကုတ်ခြစ်ချ ဖရဲသီးခင်း တစ်ခင်းလုံး ငါတို့ပြေးလွှားဆော့ကစားဖို့ ရှိတယ် အမြင့်ပေပေါင်းများစွာကနေ အလုံးစုံသိတဲ့မျက်လုံးနဲ့...

Read more »

စန္ဒာမော် (Myanmar Now) ● ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ် (အင်တာဗျူး)

စန္ဒာမော် (Myanmar Now) ● ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ် (အင်တာဗျူး)

စန္ဒာမော် (Myanmar Now) ● ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ် (အင်တာဗျူး) (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈ တအာင်းဒေသ၏ ပညာရေး နှင့် ဒေသခံတို့အကြောင်းကို အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးက ပြောပြထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း ခေါ် ပလောင်တိုင်းရင်းသားတို့ နေထိုင်သည့် ဒေသတွင် အခြေစိုက်သည့် တအာင်း ပညာရေး အင်စတီကျု TEI သည် ဒေသတွင်း ပရဟိတကျောင်း ၁၆ဝ ကျော် ဖွင့်လှစ်ထားရာ ထိုကျောင်းများတွင် လူမျိုး ဘာသာမရွေး တက်ရောက်ပြီး မူလတန်းပညာ သင်ယူနိုင်သည်ဟု သိရသည်။ မကြာသေးခင်က တွေ့ဆုံမေးမြန်းရာတွင် ထိုအဖွဲ့၏ အတွင်းရေးမှူး လွေးချယ်ရီက ပညာရေး အပါအဝင် ဒေသတွင်း အခြေ အနေများကို ပြောပြထားသည်။...

Read more »

မြင့်ကျော် ● ဘာပြဿနာတွေရှိခဲ့တာလဲ

မြင့်ကျော် ● ဘာပြဿနာတွေရှိခဲ့တာလဲ

မြင့်ကျော် ● ဘာပြဿနာတွေရှိခဲ့တာလဲ (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈ (ဒီအကြောင်းတွေကို သတင်းမီဒီယာကောင်စီ ရွေးချယ်ပွဲနဲ့ပတ်သက်လို့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ကိုယ်တိုင်သိရှိ သူတယောက်အနေနဲ့ ပြောပြဖို့ လိုအပ်မယ်ထင်လို့ ရေးသားလိုက်ပါတယ်။ ဒီအဖြစ်အပျက်ထဲ ကိုယ်တိုင် ပါဝင်နေသူ မဟုတ်တဲ့ တခြားမီဒီယာသမားတွေ အနေနဲ့ နားလည်မှု ရှုပ်ထွေးတာ၊ လွဲမှားတာ မဖြစ်ရအောင် ထုတ်ဖေါ်ရေးသားလိုက်တာပါ။ ) သူများတွေကို ဝေဘန်ထောက်ပြရေးသားနေတဲ့ သတင်းမီဒီယာ လောကရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သတင်းမီဒီယာ ကောငစီရွေးပွဲမှာ အသံတွေ ဆူဆူညံညံထွက်ပေါ်လာတော့ သတင်းမီဒီယာနယ်ပယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ တခြား နယ်ပယ်က သူတွေလည်း မေးကြ၊ ပြောကြ ဝေဘန်ကြမယ် ထင်ပါတယ်။ မှန်ပါတယ် သတင်းမီဒီယာလောက ဆိုတာလည်း၊ သူတော်စင်တွေချည်း စုဝေးနေတဲ့နေရာမဟုတ်ပဲ တခြားသော နယ်ပယ် တွေလိုပဲ...

Read more »

ကိုသန်းလွင် ● တိုတောင်းသောဘဝ

ကိုသန်းလွင် ● တိုတောင်းသောဘဝ

ကိုသန်းလွင် ● တိုတောင်းသောဘဝ (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈ ယနေ့ခေတ်သစ်၏ လက်တွေ့ဘဝကိုကြည့်ပါ။ ကျွန်တော်တို့ကိုင်တွယ်အသုံးပြုနေသော အီလက်ရောနစ်ပစ္စည်း များ၌ သူတို့၏သက်တမ်းရှိကြပါသည်။ ဝယ်လာသောပစ္စည်းမှန်သမျှ တစ်နေ့တွင်ပျက်စီးရပါသည်။ ယေဘုယျအားဖြင့် တစ်နှစ်၊ နှစ်နှစ်နှင့် ငါးနှစ်အထိခံတာတွေ့ရှိမည်၊ သူတို့ကို ဖန်တီးပြီးသည်နှင့် တစ်နေ့တွင်ပျက်စီးရမည်ဆိုသော သဘောကပါပြီးဖြစ်ပါ သည်။ သင်ကိုင်နေသောဟန်းဖုန်းကိုကြည့်ပါ။ ၂နှစ်တခါအသစ်လဲကိုင်နေရသည် ကသက်သေဖြစ်ပါသည်။ ထူးဆန်းသည်မှာ ဆီလီကွန်တောင်ကြားမှ စိတ်ကူးစိတ်သန်း များနှင့်ထွက်ပေါ်လာသော ထိုပစ္စည်းများနှင့်အတူ ”ကျွန်တော် တို့ အသက်သည်ထာဝရရှင်သန်နေရမည်” ဟူသောစိတ်ကူးသည်လည်း ဆီလီကွန်တောင်ကြားမှပင် ထွက်ပေါ်လာပါသည်။ အသက်ရှည်ရှည်နေထိုင်ရေးစီမံကိန်းများတွင် စက်မှုဘီလီယမ်နာဖြစ်သော မစ္စတာ သီလ် (Peter Thiel) ၏ စိတ်ကူးစိတ်သန်း များလည်းပါဝင်ပါသည်။ သူက (Anti-ageing) ခေါ် အိုမင်မစွမ်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သော ဆေးတမျိုးထုတ်လုပ်ရေး တွင်...

Read more »

မောင်လူပေ – အဟောင်းနဲ့အသစ် မြန်မာကျောင်းသစ်ဆီသို့

မောင်လူပေ – အဟောင်းနဲ့အသစ် မြန်မာကျောင်းသစ်ဆီသို့

မောင်လူပေ – အဟောင်းနဲ့အသစ် မြန်မာကျောင်းသစ်ဆီသို့ (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရောက် မြန်မာမိသားစုတွေတည်ထောင်တဲ့ ဘုန်းကြီးကျောင်းများထဲမှာ စာရင်းသစ်တိုးတဲ့ကျောင်းက “မြောက်ဦးဆရာတော်ကြီး” တည်ထောင်တော်မူတဲ့ ဖရက်စနိုမြို့( Fresno, CA ) ကျောင်းပါ။ လွန်ခဲ့တဲ့လကကျင်းပတဲ့ ကျောင်းသစ်ဖွင့်ပွဲကို မရောက်ဖြစ်ပေမဲ့ ယခုလ စက်တင်ဘာ(၉)ရက်နေ့မှာ ကျင်းပတဲ့ ‘ဆရာတော်မွေးနေ့နဲ့ ဓမ္မစင်တာဖွင့်ပွဲ’ ကိုတော့ ရောက်ခဲ့တယ်။ ဖရက်စနိုမြို့ဟာ မြန်မာအများအပြားနေထိုင်တဲ့ ဆန်ဖရန်နဲ့ အယ်လ်အေမြို့တွေရဲ့အလည်တည့်တည့်လောက်မှာရှိတယ်။ နှစ်မြို့လုံးနေ မြန်မာတွေအတွက် သုံးနာရီလောက်ကားမောင်းရင် ရောက်တဲ့ခရီးမို့ မြို့နှစ်မြို့က မြန်မာတွေအများအပြားဆင်းလာကြတာ တွေ့ရတယ်။ ဖရက်စနိုမြို့အနေအထားကတော့ ကယ်လီဖိုးနီးယားအလယ်ပိုင်းမြို့ပီပီ အလွန်ပူတဲ့ရာသီဥတုရှိတယ်။ စိုက်ပျိုးရေးပဲအဓိကလုပ်ကြတဲ့နယ်မြေမို့ မြန်မာမိသားစုနည်းတယ်။ မြန်မာမိသားစုလေးဆယ်ဝန်းကျင်ပဲရှိကြတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒီမိသားစုတွေက ဆရာဝန်တွေအပါအဝင် ဝင်ငွေကောင်းတဲ့ ကျွမ်းကျင်လုပ်သားတွေပါ။ သူတို့တွေစုပေါင်းတည်ထောင်တဲ့ကျောင်းပေါ့။...

Read more »

လွန်းဆက်နိုးမြတ် – နှုတ်ခမ်းမွှေးစက်ရုံ

လွန်းဆက်နိုးမြတ်  – နှုတ်ခမ်းမွှေးစက်ရုံ

နှုတ်ခမ်းမွှေးစက်ရုံ လွန်းဆက်နိုးမြတ်  (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈ အဲဒီက ထွက်လာတဲ့ လူမှန်သမျှ  နှုတ်ခမ်းမွှေးကိုယ်စီနဲ့။  အမျိုးသမီးတွေတောင်မှ။ ရူးသွပ်မှုတမျိုးပေါ့လေ  ဝင်းဦးနောက်တယောက်လည်း  ဖြစ်သွားနိုင်သလို ပပဝင်းခင် နောက်တယောက်လည်း  ဖြစ်လာနိုင်တာပဲ။ ဒါမှမဟုတ် ကလက်ခ်ဂါဘယ်နောက်တယောက်လည်း  ဖြစ်ချင်ရင် ဖြစ်သွားနိုင်သလို ဇူအီဒက်စ်ကန်နယ်လ် နောက်တယောက်လည်း  ဖြစ်ခွင့်ရှိရဲ့။ နားလည်ဖို့တော့ ခက်သား။ နေ့မှာ ဝတ်ကောင်းစားလှတွေဝတ်ဆင် အဲဒီ့ကို လူတွေ သွားကြ ပျော်ရွှင်ဟားတိုက်ရယ်မောပြီး  နှုတ်ခမ်းမွှေးအသစ်နဲ့ ပြန်ထွက်လာကြ။  ညဆို အလောင်းကောင်လို အဝတ်အစားနဲ့ အဲဒီ့ထဲ လူတွေ ဝင်ကြ ငြီးတွားငိုကြွေးအော်ဟစ်ပြီး  နှုတ်ခမ်းမွှေးဖရိုဖရဲ ပြေးထွက်လာကြ။ ဘယ်တတ်နိုင်ပါ့မလဲ။ သင့်ကိုယ်တိုင်လည်း နှုတ်ခမ်းမွှေးနဲ့ လူတယောက်ပေါ့။ ချာလီချာပလင်ရဲ့ ပြောင်စပ်စပ်နှုတ်ခမ်းမွှေးပါတီက ထုတ်လုပ်လိုက်တဲ့ ဟာသတွေ သုံးစွဲပြီး အဒေါ့ဖ်ဟစ်တလာရဲ့  အေးစက်စက်နှုတ်ခမ်းမွှေးပါတီက...

Read more »

ဇင်လင်း ● သတင်းစာလွတ်လပ်ခွင့်နှင့် အမျိုးသားညီညွတ်ရေးပြဿနာ

ဇင်လင်း ● သတင်းစာလွတ်လပ်ခွင့်နှင့် အမျိုးသားညီညွတ်ရေးပြဿနာ

ဇင်လင်း ● သတင်းစာလွတ်လပ်ခွင့်နှင့် အမျိုးသားညီညွတ်ရေးပြဿနာ (မိုးမခ) စက်တင်ဘာ ၁ဝ၊ ၂ဝ၁၈ ယနေ့ မြန်မာနိုင်ငံတွင် ရေပန်းအစားဆုံး စကားလုံးမှာ ‘ဒီမိုကရေစီ’ ဟု ဆိုနိုင်သည်။ အလွန်တရာ မွန်းကျပ် ပိတ်လှောင် မှောင်ကျနေသော အာဏာရှင်ခေတ်မှ အထိုက်အလျောက် လွတ်လပ်သော ခေတ်အခြေအနေသို့ အသွင်ကူးပြောင်းလို၍ ‘ဒီမိုကရေစီအသွင်ကူးပြောင်းရေး’ ဟုလည်း အထပ်အထပ်အဖန်ဖန် ပြောဆိုသုံးနှုန်းခဲ့ကြပြန်သည်။ ပြည်သူအများ၏ ခံစား ချက်အရ မွန်းကျပ်လှသည့် အဖိနှိပ်ခံဘဝမှ လွတ်မြောက်လိုခြင်းမှာ သဘာဝကျပါသည်။ ထို့ကြောင့်လည်း ဒီမိုကရေစီ၏ အနက်အဓိပ္ပာယ်ကို တစုံလုံး နားမလည်သော်လည်း အခြေခံလွတ်လပ်ခွင့် ရရှိလိုသောကြောင့် ဒီမိုကရေစီလိုချင်သည် ဟု အနှစ်ချုပ် ပြောဆိုသုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံသားတို့၏ အခြေခံလွတ်လပ်ခွင့်များအနက် အရေးပါသည့်ကိစ္စမှာ လွတ်လပ်စွာပြောဆိုရေးသားဖေါ်ပြခွင့်နှင့် သတင်းစာလွတ်လပ်ခွင့်တို့ဖြစ်သည်။ ထိုအခွင့်အရေးသည် နိုင်ငံသားတိုင်းအား...

Read more »

ကာတွန်း ကိုတေရဲ့ စာကြည့်တိုက်ကို သွားကြမယ်

ကာတွန်း ကိုတေရဲ့ စာကြည့်တိုက်ကို သွားကြမယ်

ကာတွန်း ကိုတေရဲ့ စာကြည့်တိုက်ကို သွားကြမယ် (မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၈ Tags: ကာတွန်း ကိုတေ Related posts ကာတွန်း ကိုတေရဲ့အတွေး (0) ကာတွန်း ကိုတေရဲ့ ပြည်သူနှင့် အတူ (0) ကာတွန်း ကိုတေရဲ့ နေရာယူတတ်သူ (0) ကာတွန်း ကိုတေရဲ့ ဆေးပြီးနေတဲ့ နိုင်ငံ (0) ကာတွန်း ကိုတေရဲ့ ကျေးဇူးတင်ကြသူတွေ … (0)

Read more »

ဝင်းနန္ဒာ (Myanmar Now) ● အစ္စလာမ်အမျိုးသမီးများ အလွယ်တကူကွာရှင်းခံရခြင်းအတွက် မေးခွန်းထုတ်

ဝင်းနန္ဒာ (Myanmar Now) ● အစ္စလာမ်အမျိုးသမီးများ အလွယ်တကူကွာရှင်းခံရခြင်းအတွက် မေးခွန်းထုတ်

ဝင်းနန္ဒာ (Myanmar Now) ● အစ္စလာမ်အမျိုးသမီးများ အလွယ်တကူကွာရှင်းခံရခြင်းအတွက် မေးခွန်းထုတ် (မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၈ အိမ်ထောင်ရေးကိစ္စကိုထုတ်ဖော်ပြောဆိုခဲသည့်အစ္စလာမ်အမျိုးသမီးများအနေဖြင့် မတရားမှုကိုထုတ်ဖော်ပြောဆိုရန်လည်း လင်ယောက်ျား၏ တစ်ဖက်သတ်ကွာရှင်းခြင်းကိုခံခဲ့ရသည့် မအေးမြတ်သူကတိုက်တွန်းလိုက်သည်။ ရန်ကုန်၊ စက်တင်ဘာ ၁၀ — အစ္စလာမ် ဘာသာဝင် အမျိုးသမီးများကို လင်ယောက်ျားများက ဘာသာရေးအကြောင်းပြကာ အလွယ်တကူ ကွာရှင်းနေမှုများကို အဆုံးသတ်ရန်အတွက် အသက်၂၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးက တိုက်တွန်းလိုက် သည်။ မှတ်ပုံတင်တွင် ရှမ်း+ကရင်+ဘင်္ဂါလီ လူမျိုး/အစ္စလာမ်ဘာသာဝင်ဟု ဖော်ပြထားသည့် မအေးမြတ်သူသည် ဆန္ဒမပါဘဲ ကွာရှင်းခဲ့ရသဖြင့် တရားမျှတမှုမရှိဟု ထုတ်ဖော် ပြောဆိုလိုက်ပြီး ဘာသာရေးအကြောင်းပြ ကွာရှင်းမှုအတွက် အမျိုးသား ဟောင်းနှင့် အစ္စလာမ် ဘာသာရေးအဖွဲ့ အစည်းများအား ပြစ်တင်ဝေဖန်ခဲ့သည်။ ကရင်ပြည်နယ် ဘားအံမြို့ဇာတိ၎င်းသည် နှစ်ဖက်မိဘဆန္ဒအရ ၂၀၁၇...

Read more »

ကေဇွန်နွေး (Myanmar Now) ● အိမ်ပြန်ချင်သည့် ကချင်တိုင်းရင်းသားဒုက္ခသည်များ (ရုပ်သံ)

ကေဇွန်နွေး (Myanmar Now) ● အိမ်ပြန်ချင်သည့် ကချင်တိုင်းရင်းသားဒုက္ခသည်များ (ရုပ်သံ)

ကေဇွန်နွေး (Myanmar Now) ● အိမ်ပြန်ချင်သည့် ကချင်တိုင်းရင်းသားဒုက္ခသည်များ (ရုပ်သံ) (မိုးမခ) စက်တင်ဘာ ၁ဝ၊ ၂၀၁၈   (မိုးညှင်း၊ ကချင်ပြည်နယ်) — လူအများအပြား အိမ်ပြန်လိုပါက အခက်အခဲမရှိ အိမ်ပြန်နိုင်ကြ၏။ ချက်ချင်း မပြန်နိုင်ပါက နာရီပိုင်း သို့မဟုတ် ရက်ပိုင်းသာ စောင့်ဆိုင်းရန် လိုသည်။ အိမ်ပြန်ရေးက ထိုသို့ လွယ်ကူနေသော် လည်း ကချင်ပြည်နယ် မိုးညှင်းမြို့တွင် သောင်တင်နေသည့် ကချင်တိုင်းရင်းသားဒုက္ခသည်များအတွက်မူ ထိုသို့ မလွယ်ကူပေ။ ယာယီစစ်ရှောင်စခန်းသို့ ရောက်နေသည်မှာ ခေတ္တ၊ ယာယီ မကတော့ဘဲ ၆ နှစ်ကျော် လာပြီဖြစ်သည်။ မကြာသေးမီက မိုးညှင်းမြို့ ဘုရားကျောင်းတစ်ခု တွေ့ရသော စစ်ပြေးဒုက္ခသည်တချို့၏ ပုံရိပ်ကို ၂ မိနစ်ကြာ ရုပ်သံတွင် တွေ့ရမည်...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၀)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၀)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၀) (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈ ငှက်မျိုးစိပ်များတွင် ကြိုးကြာဖြူသည် မြောက်အရပ်မှာမွေးသော ငှက်တမျိုးပင်ဖြစ်လင့် ကစား အရွယ်ရောက်သောအခါ တောင်အရပ်တွင် ရှင်သန်ကြီးပြင်းလေ့ရှိသည့် ငှက်မျိုးဖြစ်သည်။ သတ္တ၀ါတိုင်းက ကိုယ့်ရဲ့မွေးရပ်ဇာတိကို ခုံမင်တတ်ကြသော်လည်း သူက မွေးရပ်မြေမှာ မပျော်သောငှက်တဲ့လေ။ နာမည်ကြီး တိဗက်ရိုးရာ ကျေးလက် တေးသီချင်းတပုဒ်ထဲမှာ ဖတ်ဖူးတာပါ။ ၁၉၅၉-ခုနှစ် ဧပြီလထဲတွင် ဘုန်းတော်ကြီးဒလိုင်းလားမားနှင့်အဖွဲ့ နိုင်ငံရေးခိုလှုံဖို့ အိန္ဒိယနိုင်ငံထဲရောက်နေပြီဖြစ်ကြောင်း အိန္ဒိယအစိုးရအဖွဲ့အားလုံးကို အသိပေးပါသည်။ ၀န်ကြီးချုပ်နေရူးကိုယ်တိုင်က အလေးဂရုပြုအပ်သော ဧည့်သည်တော်မို့ အစိုးရအဖွဲ့ဝင် တွေအားလုံးကလည်း ဘုန်းတော်ကြီးရောက်လာခြင်းကို လိုလိုလားလား ကြိုဆိုကြပါ သည်။ ဘုန်းတော်ကြီးကိုအကြောင်းပြုပြီး အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံကြားမှာ အဖုအထစ်တွေ မဖြစ်စေလို။ တိဗက်အရေးနှင့်ပတ်သက်လို့...

Read more »

ကာတွန်း ကိုခေတ်ရဲ့ လာဘ်ဒုက္ခ

ကာတွန်း ကိုခေတ်ရဲ့ လာဘ်ဒုက္ခ

ကာတွန်း ကိုခေတ်ရဲ့ လာဘ်ဒုက္ခ (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈ Tags: ကာတွန်း ကိုခေတ် Related posts ကာတွန်း ကိုခေတ်ရဲ့ ပြောင်းလည်း ပြောင်းပြောင်းပါပဲ (0) ကာတွန်း ကိုခေတ်ရဲ့ အာစိတို့ကြိုက်တဲ့ကား (0) ကာတွန်း ကိုခေတ်ရဲ့ ဟိုပူရ သည်ပူရ (0) ကာတွန်း ကိုခေတ်ရဲ့ လူသားဆန်တဲ့ အမှု (0) ကာတွန်း ကိုခေတ်ရဲ့ မအားသေးပါ … (0)

Read more »

သူသူမေ ● နွေကိုပက်ဖြန်းခဲ့ဖူးသည့် ရနံ့များ

သူသူမေ ● နွေကိုပက်ဖြန်းခဲ့ဖူးသည့် ရနံ့များ

သူသူမေ ● နွေကိုပက်ဖြန်းခဲ့ဖူးသည့် ရနံ့များ (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈ နွေရာသီကျောင်းပိတ်ရက်၏ အဦးအစတွင်ဖြစ်သည်။ စိတ်အားခဲထားသည့် အားလပ်ရက်ခရီး၏ ပွဲဦးထွက် နံနက်ခင်း လည်းဖြစ်သည်။ အိမ်ကလေး၏ ဟိုမှဒီမှအပေါက်များမှ အလင်းရောင်တို့ထိုးထွက်လာနေသည်။ မျက်စိနှစ်လုံး ဖွင့်သည်နှင့် တိတ်ဆိတ်ငြိမ်သက်သော ကျေးလက်ရနံ့များမှ ခရီးဦးကြိုပြုလိုက်ပါသည်။ လင်းကြက်တွန်သံတချို့တလေ ကြားရ၏။ ဒုတိယတန်း မြန်မာဖတ်စာမှ ရွှေဗဟိုရ်ကဗျာကိုပင် သတိရမိသည်။ အစစတိုးတက်လာနေသည့် ယခုအခါတွင်တော့ ကြက် သံကို ဗဟိုပြုရန်မလိုတော့ပေ။ ကျေးရွာဆိုသော်လည်း ဖုန်းမျက်နှာပြင်ကိုဖွင့်လိုက်ရုံနှင့် ကမ္ဘာကြီးကို အတိုင်းသား မြင်ကြ ရမည်မဟုတ်လော။ သူငယ်ချင်း၏ ထမင်းအိုးငှဲ့သံသဲ့သဲ့မှာ အိပ်ရာမှထရန် အချက်ပေးနေသည့်အလား။ ကျွန်မအနေဖြင့်အိပ်ရာမှ ထရပါတော့ မည်။ ညိုညက်ညက်ရောင်မြေသားလမ်း၊ အစိမ်းရောင်သစ်ပင်အုပ်များနှင့် တငြိမ့်ငြိမ့်စီးဆင်းနေသော ရေပြင်တို့မှာ ကျေး လက်ကို အပြိုင်းအရိုင်းသရုပ်ဖော်လျက်။...

Read more »

မျိုးတေဇာမောင် ● အကျဉ်းသား

မျိုးတေဇာမောင် ● အကျဉ်းသား

မျိုးတေဇာမောင် ● အကျဉ်းသား (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၈ “အပြစ်ရှိတယ်” ဆိုတာ ဘာကိုဆိုလိုသလဲ သူမ နားမလည်ဘူး။ ကျောင်းသွားတဲ့အခါတိုင်း အလုပ်သွားတဲ့အခါတိုင်း အားလပ်ရက် ခရီးထွက်တိုင်း သူ့ကို သတိပေးနေကျအတိုင်း “မင်းကို မင်း ဂရုစိုက်နော်” လို့ ပြောလို့ရမယ့်အချိန်ထိ ထောင်ဗူးဝမှာ သူမစောင့်နေတယ်။ စကားပြောစင်လေးနောက်မှာ ယူနီဖောင်းဝတ်တွေ အခုပြောနေတာ ဘာလဲ သူမ နားမလည်။ သူ့ကို အဲ့ဒီမှာ တစိမ်းတွေနဲ့အတူတူ ထိန်းသိမ်းထားရမယ်တဲ့ သူတို့သတင်းပို့ကြတယ်။ သူ့အိပ်ရာပေါ်မှာ သားချော့တေးတွေ သီဆိုနေခဲ့တုန်းမှာတော့ ဝေးနေကြပေမယ့် သူမ ဘယ်တော့မှအထီးမကျန်ပါဘူး တနေ့နေ့မှာတော့ အဲ့ဒီ့အေးစက်ပြီး ပြူတင်းပေါက်မရှိ၊ လမင်းမရှိတဲ့ နေရာကို သူအဆုံးသတ်နိုင်မှာပါ။ သူမ နားမလည်တာက အကျဉ်းသားရဲ့အမေ နားမလည်တာက “ဧည့်တွေ့ချိန်ကုန်ပြီ” ဆိုတဲ့စကားကြောင့်...

Read more »

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) ရဲ့ ရိုးသားကြစတမ်း

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) ရဲ့ ရိုးသားကြစတမ်း

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) ရဲ့ ရိုးသားကြစတမ်း  (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈ Tags: ကာတွန်း နေညိုအေး (ဥသျှစ်ပင်) Related posts ကာတွန်း နေညိုအေး (ဥသျှစ်ပင်) – စားသွားပါဦးလား (0)

Read more »

မိုးခါး – လူအိုနာ

မိုးခါး – လူအိုနာ

လူအိုနာ မိုးခါး (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈  ဝတ်နေကြ ဆိုရှယ်လစ်တိုက်ပုံဟောင်းခါခါထု တ်ကြည့်လိုက်တော့ မေးထူးခေါ်ပြောမရှိတဲ့ခေတ်မှာ နောင်တနှင့်တူအိုမင်းမှုတွေပါလာတယ် တချိန်ရွှေထီးဆောင်းသူကောင်းပြုခံယူခြင်းမှာ မျက်ရည်နဲ့ဆေးကြောလို့မရတဲ့ ကြေးဝါရောင်ကြယ်ပွင့်ကအညှိတက်လို့… ဒီလမ်းကိုဘယ်လိုရောက်လာတာလဲ မေးခွန်းနှင့်အတူ အညွန့်ချိုးခဲ့ပန်းပွင့်တွေနေရာရောက်တိုင်း ရှုံ့တွလာတဲ့အရေပြားပေါ်ကဆေးမှင်ကြောင်တွေကသက်သေ ထိုင်နေတဲ့ကုလာထိုင် ဘောင်ကျဉ်းလာတဲ့လျှောက်လမ်းမ တိတ်ဆိတ်နေတဲ့ကြိုးတန်းပေါ်ကအဝတ်စုတ် အဖော်မဲ့လာတဲ့နေညိုရီ အထီးကျန်ဆန်မှုရဲ့စကားလုံးများ ဟန်မဆောင်တန်းမျက်ရည်တွေစီးကျလာတာကလွဲရင် အတွေးမှာမုန်တိုင်းကျနေသလို အသိမှာကြောက်ရွံထိတ်လန့်နေပြီ မကြာမီ ကောင်းသောသွားခြင်းမျိုးမဟုတ်တာလဲ မျက်ရည်ကြားကအသိတရားကမဲမှောင်အုံ့မှိုင်းလို့…..။      ။ No tags for this post. Related posts No related posts.

Read more »

ကျော်ကျော် (မြရည်စမ်း) ● အရောင်လွင့်ပြယ်သွားသည့် ဆိုင်းဘုတ်များနှင့် ပြယ်လွင့်သွားသော ဆိတ်ဖလူးပန်းရနံ့

ကျော်ကျော် (မြရည်စမ်း) ● အရောင်လွင့်ပြယ်သွားသည့် ဆိုင်းဘုတ်များနှင့် ပြယ်လွင့်သွားသော ဆိတ်ဖလူးပန်းရနံ့

ကျော်ကျော် (မြရည်စမ်း) ● အရောင်လွင့်ပြယ်သွားသည့် ဆိုင်းဘုတ်များနှင့် ပြယ်လွင့်သွားသော ဆိတ်ဖလူးပန်းရနံ့ (မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈ (တစ်) ကျွန်တော်သည် ဆိုင်းဘုတ်ရေးစားသူ တယောက်သာ ဖြစ်ပါသည်။ ယခုအချိန်တွင် ကွန်ပြူတာဖြင့် ဒီဇိုင်းလုပ်၍ ဗီနိုင်းစက် ကြီးများဖြင့် ရိုက်နှိပ်သော ဆိုင်းဘုတ်များ ခေတ်စားလာပြီ ဖြစ်ပါသည်။ သို့သော်လည်း နှစ်ရှည်လများ လုပ်ကိုင်လာသော ဆီဆေးဖြင့် ဆိုင်းဘုတ်ရေးသည့် လုပ်ငန်းကို ကျွန်တော် မစွန့်လွှတ်နိုင်သေးပါ။ ထမင်းနပ်မမှန်လှသော လုပ်ငန်းကို မစွန့် လွှတ်နိုင်သေးသည့်ကိစ္စအတွက် ကျွန်တော့်ထံတွင် ဆင်ခြေတခု၊ (စကားလှလှပြောရလျှင်)အကြောင်းပြချက်တခုတော့ ရှိနေပြန်သည်။ ကျွန်တော်တို့အထက်တန်းကျောင်းသားဘဝက စူးနှင့်ဂျွန်ဆီပါဝင်သော နောက်ဆုံးသစ်ရွက်ဟူသည့် စာလေးတပုဒ်ကို သင်ကြားခဲ့ရပါသည်။ ထိုသင်ခန်းစာထဲတွင်  ပန်းချီဆရာကြီး တယောက်လည်း ပါဝင်ပါသည်။ ပန်းချီ ဆရာကြီးသည် သူ့ဘဝအတွက် သူဘာသာ...

Read more »

ကာတွန်း ဆွေသားရဲ့ ပြည်သူ့ ဆောင်ပုဒ်

ကာတွန်း ဆွေသားရဲ့ ပြည်သူ့ ဆောင်ပုဒ်

ကာတွန်း ဆွေသားရဲ့ ပြည်သူ့ ဆောင်ပုဒ် (မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈ Tags: ကာတွန်း ဆွေသား Related posts ကာတွန်းဆွေသား ● အစည်းအဝေး စနေပြီ (0) ကာတွန်း ဆွေသားရဲ့ မြန်မာ့ငြိမ်းချမ်းရေးပဲ့ကိုင်ရှင်ကြီး (0) ကာတွန်း ဆွေသားရဲ့ ယောင်နေသူတွေ … (0) ကာတွန်း ဆွေသားရဲ့ အထွက်တိုးပြီ … (0) ကာတွန်း ဆွေသားရဲ့ အဆင့်မြင့် ဘယာကြော်တွေ ရမယ် … (0)

Read more »

သစ်ကောင်းအိမ် ● ပီတာဇော်ကြီး ရုပ်ရှင်ရိုက်ပြီး ရူးသွားခြင်း …

သစ်ကောင်းအိမ် ● ပီတာဇော်ကြီး ရုပ်ရှင်ရိုက်ပြီး ရူးသွားခြင်း …

သစ်ကောင်းအိမ် ● ပီတာဇော်ကြီး ရုပ်ရှင်ရိုက်ပြီး ရူးသွားခြင်း … (မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈ ကြမ်းပြင်တွေက မြေအောက်ခန်း ခေါင်းတလားထဲမှာ သေချင်ယောင်ဆောင်နေတဲ့ ဖုတ်ကောင်တကောင်ကိုဝှက်ပေးထားပြီး မျက်နှာကြက်တွေက သင်းအုပ်ဆရာယောင်ဆောင်ထားတဲ့ ရာဇဝတ်ကောင်တကောင်ကို ထိန်ချန်ထားတယ်… တိုက်ရာပါပစ္စည်းဝေစုခွဲဖို့ ပင်လယ်ဓားမြတွေဝိုင်းထိုင်နေတဲ့ ဧည့်ခန်းဆောင်စားပွဲပေါ်မှာ ဖြန့်ခင်းထားတဲ့ နိုင်ငံလေးတခုရဲ့ ခေါက်ရိုးကျိုးတွန့်ကြေနေတဲ့မြေပုံတချပ်.. အဲဒီမြေပုံပေါ်မှာ… သေအံမူးမူးမြွေတကောင်လို လှုပ်ယမ်းလူးလွန့်ရင်း ယိမ်းထိုးလဲပြိုနေတဲ့ ဒေါက်ဖိနပ်တရံပေါ်က အညွှန့်ကျိုးမီးလျှံတခုရဲ့အရိပ်… ဇာတ်လမ်းအစဆိုတော့ ဒီလိုပဲ… ဦးကျောက်လုံးတွေက ရွှေသွားတဖြဲဖြဲ ရွှေဘကြီးတွေ အသည်းကွဲမယ် ဇာတ်ရှိန်တက်လာတော့ … ကိုအောင်ဆန်းဟာ ရုပ်ဖျက်ပြီး အမွိုင်သင်္ဘောကြီးပေါ်တက်သွားတယ်.. ဇာတ်ရှိန်တက်လာတော့ … ဂရမ်မာရွက်လှေဟာ လူ ၁၂ ယောက် သေနတ် ၁၂ လက်နဲ့ ရဲဘော်ချေပုခုံးကိုဖက်ပြီး ဟာဗားနားမြို့တော်ကြီးဆီ ချီတက်သွားတယ်.....

Read more »

K ငြိမ်းချမ်း- နိုင်ငံရေးအကျဉ်းသား ဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလုပ်နေတဲ့ ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)နဲ့ တွေ့ဆုံခြင်း

K ငြိမ်းချမ်း-  နိုင်ငံရေးအကျဉ်းသား ဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလုပ်နေတဲ့ ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)နဲ့ တွေ့ဆုံခြင်း

ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်) လူထုအစိုးရအနေနဲ့ နိုင်ကျဉ်းဟောင်းတွေရဲ့ပါဝါအင်အားကို မေ့မထားစေချင်ပါဘူးလို့ပြောဆိုလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလုပ်နေတဲ့ ကဗျာဆရာ မောင်နန်းဝေ (ဗန်းမော်)နဲ့ တွေ့ဆုံခြင်း K ငြိမ်းချမ်း (မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈ ယခင် စစ်အစိုးရ လက်ထက်များမှာ နိုင်ငံအတွက် ပြည်သူ့အတွက် ယုံကြည်ရာပြောဆိုလုပ်ကိုင်ခဲ့သူမှန်သမျှကို စစ်အစိုးရက နည်းလမ်းမျိုးစုံသုံး နှိပ်ကွပ်ချေမှုန်း ဒါမှမဖြုံသေးရင် နှစ်ရည်လများထောင်ဒဏ်တွေချမှတ်ကာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို နိုင်ငံတကာနဲ့ပြည်တွင်းနိုင်ငံရေးအင်အားစု တွေက နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ကြပါတယ်။ အဲဒီနိုင်ငံရေးအကျဉ်းသားတွေကို စစ်ဝါဒီများက ထောင်တွင်းနှစ်ရှည်လများနှိပ်ကွပ်ချေမှုန်းခဲ့တဲ့ဒဏ်တွေကြောင့် ကိုသက်ဝင်းအောင်အပါ အ၀င် နိုင်ငံရေးအကျဉ်းသားများဟာ ထောင်တွင်းမှာပင် အသက်သေဆုံးခဲ့ရပါတယ်။  ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများမှာလည်း ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအစစအရာအရာနိမ့်ပါး ကြေမွခဲ့ကြ ရတာ ယခုအရပ်သားအစိုးရကို တင်းပြည့်ကျပ်ပြည့်အကောင်အထည်မဖော်နိုင်သေးတဲ့NLD အစိုးရလက်ထက်မှာပါ ဒီအဖြစ်အပျက်တွေ ရှိနေပါသေးတယ်။ NLD အစိုးရတွင်းမှာလည်း...

Read more »

ချောင်းရေကြီးမှုကြောင့် နေရာရွှေ့ရသည့်စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

ချောင်းရေကြီးမှုကြောင့် နေရာရွှေ့ရသည့်စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

ချောင်းရေကြီးမှုကြောင့် နေရာရွှေ့ရသည့်စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ အောင်ငြိမ်းချမ်း / Myanmar Now   (မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၈ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်းသို့ရွှေ့ပြောင်းလာသော စစ်ရှောင်စခန်း (ဓာတ်ပုံ-ဝါရှောင်ဆရာတော် ဦးဝိဇယ) နမ္မတီးချောင်း မကြာခဏရေကြီးမှုနှင့် အခြားအခက်အခဲများကြောင့် ကချင်ပြည်နယ် နမ္မတီးမြို့နယ်ရှိ AG ခရစ်ယာန် ဘုရားကျောင်း စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်တို့သည် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက် နယ်မြေ (၅) ရှိ ယာယီစစ်ရှောင်စခန်းသို့ ပြီးခဲ့သည့်လကုန်က ပြောင်းရွှေ့ခဲ့ကြရာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သတင်းရရှိသည်။ စခန်းသစ်သို့ ဩဂုတ်လ ၂၂ ရက်နေ့က ပြောင်းရွှေ့လာခဲ့ကြသည့် အဆိုပါစစ်ဘေးရှောင်တို့သည် နမ္မတီးမြို့နယ် ကဆုန့်ကျေးရွာနှင့် သုံးမိုင်ခန့်အကွာ ခါနန်ကျေးရွာမှဖြစ်ပြီး ယခုနှစ် ဧပြီလက တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့...

Read more »

ကာတွန်း ကိုတေရဲ့ ပြည်သူနှင့် အတူ

ကာတွန်း ကိုတေရဲ့ ပြည်သူနှင့် အတူ

ကာတွန်း ကိုတေရဲ့ ပြည်သူနှင့် အတူ (မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈ Tags: ကာတွန်း ကိုတေ Related posts ကာတွန်း ကိုတေရဲ့အတွေး (0) ကာတွန်း ကိုတေရဲ့ နေရာယူတတ်သူ (0) ကာတွန်း ကိုတေရဲ့ ဆေးပြီးနေတဲ့ နိုင်ငံ (0) ကာတွန်း ကိုတေရဲ့ ကျေးဇူးတင်ကြသူတွေ … (0) ကာတွန်း ကိုတေရဲ့ အမြင့်ရောက်လေ .. လေပိုတိုက်လေ … (0)

Read more »

လင်းသက်ငြိမ် ● သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ်

လင်းသက်ငြိမ် ● သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ်

လင်းသက်ငြိမ် ● သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ် (မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈ သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ် တက်တက်ကြွကြွ အားနဲ့မာန်နဲ့ သီဆိုရမယ့် သီချင်းလေ ဒါနိုင်ငံတော်ရဲ့ တပုဒ်တည်းသော သီချင်း သူများတွေဆိုသလို ဆိုစမ်းပါ သူများတွေလက်သီးကိုဆုပ်သလိုဆုပ်စမ်းပါ သူများတွေလို လည်ပင်းကအကြောကြီးတွေထအောင်ဆိုစမ်းပါ ဆိုစမ်းဟေ့ကောင် အားရပါးရ ဆိုစမ်း ဟေ့ကောင် စိတ်ပါလက်ပါ နိုင်ငံတော် သီချင်းကွ ကလေးရဲ့စိတ်ထဲ ဘယ်ကောင်က ဘယ်လိုအတွေးတွေ ထည့်သွင်းသွားခဲ့တာလဲ သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ် ပြုံးမလို့လား ငိုမလို့လား လှောင်တာလား ပြောင်တာလား တုတ်ချက်တွေ တင်ပါးပေါ်ခဏခဏကျလည်း သီချင်းဆိုတိုင်း မျက်နှာကမဲ့တုန်းပဲ ကမ္ဘာမကြေကျ သူများထက် ပိုပြီး ကြုံးကြုံးအော်တယ် ဘာသဘောလဲ မင်းက ဘာလဲ အဲ့ဒီအချိုးကိုပြင်ကွာ...

Read more »

ဆောင်းယွန်းလ ● ကျက်သရေမရှိတဲ့အကြောင်း သောင်းပြောင်းထွေလာ

ဆောင်းယွန်းလ ● ကျက်သရေမရှိတဲ့အကြောင်း သောင်းပြောင်းထွေလာ

  ဆောင်းယွန်းလ ● ကျက်သရေမရှိတဲ့အကြောင်း သောင်းပြောင်းထွေလာ (မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈ အေးကွာ မင်းတို့ပဲ ခန့်ခန့်ကြီးတွေထိုင်လို့  မဆန့်မပြဲ စားထားတဲ့ ဖားရုပ်တွေ ဗိုလ် ကျား သေနတ်ဆွဲဆုံးဖြတ်လည်း သေနတ်ကိုင်ထားသူ ဗိုလ်ကအနိုင် လူနည်းစုဆွဲထားတဲ့ စည်းမျဉ်းထဲမှာ လူအများစုက ကျားရှေ့ လည်စင်းထိုင်ပေးနေရသလိုမျိုး မိုးကောင်းတုန်း ရွာထားလိုက် နေကောင်းတုန်း ခြစ်ခြစ်ထအောင်ပူလိုက်နဲ့ မြူနှင်းကွဲတယ်ရယ်လို့ကိုမရှိခဲ့ စိမ်းပုပ်ပုပ်အရောင်တွေနဲ့  အမှောင်သမ်းနေတဲ့ ခေတ်ကြီးထဲ မာကျူရီမီးတွေထွန်းပြပြီး လင်းလှချည်ရဲ့လို့ ဆိုလိုဆို ကျက်သရေတပြားသား လားလားမှမထိုက်တဲ့ မျက်နှာထားတွေနဲ့  ခြေပလ္လင်ခွေချိတ် လွှတ်တော်အရိပ်ထဲ အရိပ်ကိုခိုးပြီး အခက်ကိုလည်းချိုးနေခဲ့ကြတုန်း ကျောက်သင်ပုန်းကြီးပေါ် စာအတူအံခဲ့ဖူးသူတွေကိုလည်း မေ့ထားခဲ့ကြ နိုင်ငံ့မျက်နှာကို အိုးမဲသုတ် သေနတ်ကို ရဟတ်လုပ်စီးပြီး ကိုယ့်အတ္တအတွက်...

Read more »

ကာတွန်း ကိုခေတ်ရဲ့ စိုးရိမ်ရေမှတ်တွင် ရှိသည်

ကာတွန်း ကိုခေတ်ရဲ့ စိုးရိမ်ရေမှတ်တွင် ရှိသည်

ကာတွန်း ကိုခေတ်ရဲ့ စိုးရိမ်ရေမှတ်တွင် ရှိသည် (မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈ Tags: ကာတွန်း ကိုခေတ် Related posts ကာတွန်း ကိုခေတ်ရဲ့ ပြောင်းလည်း ပြောင်းပြောင်းပါပဲ (0) ကာတွန်း ကိုခေတ်ရဲ့ အာစိတို့ကြိုက်တဲ့ကား (0) ကာတွန်း ကိုခေတ်ရဲ့ ဟိုပူရ သည်ပူရ (0) ကာတွန်း ကိုခေတ်ရဲ့ လူသားဆန်တဲ့ အမှု (0) ကာတွန်း ကိုခေတ်ရဲ့ လာဘ်ဒုက္ခ (0)

Read more »

TNLA လက်ထဲမှ ရှမ်းအမျိုးသမီး ပြန်လွတ်ရေး မိသားစုဝင်များ ဆန္ဒပြ

TNLA လက်ထဲမှ ရှမ်းအမျိုးသမီး ပြန်လွတ်ရေး မိသားစုဝင်များ ဆန္ဒပြ

TNLA လက်ထဲမှ ရှမ်းအမျိုးသမီး ပြန်လွတ်ရေး မိသားစုဝင်များ ဆန္ဒပြ ထိုက်နန္ဒာဝင်း (Myanmar Now) (မိုးမခ) စက်တင်ဘာ ၈၊ ၂ဝ၁၈ စက်တင်ဘာ ၇ နံနက်ပိုင်းက နမ့်ခမ်းမြို့၊  မြို့လယ်ဘုရား ကျောင်းရှေ့တွင် နန်းမိုဟွမ်လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်နေသော မိသားစု (ဓာတ်ပုံများ – ဆိုင်စိုင့်) (ရန်ကုန်) —  ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီး နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် သူ၏ အသက် ၁၀နှစ်အောက် ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင်များက  စက်တင်ဘာ ၇ နံနက်ပိုင်းတွင်  မြို့လယ်ဘုရား ကျောင်းရှေ့သို့ သွားရောက်ပြီး ဆန္ဒထုတ်ဖော်ကြသည်။ ရပ်ဝေးတွင် အထက်တန်းကျောင်း တက်နေသော သားဖြစ်သူနှင့် အသက်အန္တရာယ်ပြုခံရမည်ကို စိုးရိမ်သဖြင့်  တိမ်းရှောင်နေသော...

Read more »

တိုးနှောင်မိုး- တိတ်ဆိတ်တာ တမျိုးလှတယ်

တိုးနှောင်မိုး- တိတ်ဆိတ်တာ တမျိုးလှတယ်

တိတ်ဆိတ်တာ တမျိုးလှတယ် တိုးနှောင်မိုး (မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈ မပြောလို့ မပြီးတာထားတော့ဟုတ်ပါပြီ မတီးလို့တော့ ဘယ်လိုလုပ်မြည်ပါ့မလဲ ခွေးတောင်သားသမီးကိုအန်ကျွေးတယ် ခုတောပြာပုံတိုးတဲ့မြစ် ရွှံဖြစ်တာဘာဆန်းလည်း အိပ်မက်ဟာမှန်ထဲကအတိုင်း။ အရိုးခေါင်းကကျန်နေသေးတယ် ပိုင်ရှင်ကဘယ်ဘဝရောက်နေလည်း မိခင်က သားကိုချစ်သလို။ အပြစ်အနာအဆာများတဲ့ပုံပြင်ဟာ လေထဲကူးနေတယ်။ စာအုပ်ကမုန်တိုင်းကိုပြန်ဖတ်လို့ ညစောင့်ကပေါင်မုန့်ကိုတမ်းတနေသလား အချစ်ရယ် ဝိုင်ရယ် မွေရပ်ဇာတိမရှိလို့မရဘူး။ ဘဝတွေကူးခဲ့တာများလှပါပြီ အနေခက်ခက်အသေခက်ခက်ရုပ်နာမ်မး ကဗျာယုံလို့ ဆူးပုံနင်းတာမမှားဘူး မနက်ဖြန်မနက်မျက်နှာလေးသစ်ရရင်ပဲ ကြေနပ်နေပါပြီ။ ။ (26.4.2018) ကဗျာရေစီး-18 May 9th, 2:46pm No tags for this post. Related posts No related posts.

Read more »

ကာတွန်း နေလင်းအောင် -ခိုင်းတဲ့အတိုင်းသွား

ကာတွန်း နေလင်းအောင် -ခိုင်းတဲ့အတိုင်းသွား

ခိုင်းတဲ့အတိုင်းသွား ကာတွန်း နေလင်းအောင် (မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈ No tags for this post. Related posts No related posts.

Read more »

ခဲမှုန့်ပန်းချီသင်တန်းသားများ၏အနုပညာပန်းချီပြပွဲ 43 Art Gallery မှာ ပြသနေ

ခဲမှုန့်ပန်းချီသင်တန်းသားများ၏အနုပညာပန်းချီပြပွဲ 43 Art Gallery မှာ ပြသနေ

ခဲမှုန့်ပန်းချီသင်တန်းသားများ၏အနုပညာပန်းချီပြပွဲ  43 Art Gallery မှာ ပြသနေ K (မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈ ပန်းချီစုတ်ချက်လက်ပိုင်ရှင်များ ဟုအမည်ပေးထားတဲ့ ခဲမှုန့်ပန်းချီသင်တန်းသားများ၏ အနုပညာပန်းချီပြပွဲ  ကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ၄၃လမ်း (မဟာဗန္ဓုလနှင့်ကုန်သည်လမ်းကြား) အမှတ် ၁ဝ၁ရှိ 43 Art Gallery မှာ စက်တင်ဘာ ၇ ရက်မှ ၉ရက်အထိပြသလျက်ရှိပါတယ်။ ပြပွဲမှာ ခဲမှုန့်ပန်းချီသင်တန်းဆင်း လူငယ် ၁၆ယောက်ရဲ့ပန်းချီကား ၃၃ ကားကို ပြသသွားမှာဖြစ်ပြီး ပြပွဲတင်ပန်းချီ ကားများကိုတော့ ရောင်းချသွားမှာမဟုတ်ဘဲ လက်ရာနဲ့ အနုပညာများကိုတင်ဆက်ပြသသွားတာဖြစ်တယ်လို့ 43 Art Galleryမှ ပြပွဲ တာဝန်ရှိ သူတဦးက ပြောပြပါတယ်။ ခဲမှုန့်ပန်းချီပြပွဲနဲ့ပတ်သက်ပြီး ခဲမှုန့်ပန်းချီဆရာ သူရအောင်က “ရည်ရွယ်ချက်ကတော့ တပည့်တွေရဲ့...

Read more »

မြင့်အောင်သန့် – ရန်လိုနေတဲ့ကဗျာ

မြင့်အောင်သန့် – ရန်လိုနေတဲ့ကဗျာ

ရန်လိုနေတဲ့ကဗျာ မြင့်အောင်သန့် (မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈ ချစ်သူတွေဖြတ်သန်းခွင့် မပြု အပူရှိန်ကဲမီးကျီးခဲတွေပြန့်ကျဲနေတဲ့နွေကန္တာရမီးမုန်တိုင်းလေပူရိုင်းပျချစ်သူတွေမလာကြပါနဲ့။အဲဒီမှာဓားလှံလက်နက်ရမ္မက်သွေးစက်စသဖြင့်ကဗျာ့ကိရိယာလုပ်နေကြတယ်ချစ်သူတွေမလာကြပါနဲ့။မနာလိုမရှုဆိတ်မှုတွေကတလိပ်လိပ်တက်နေကြတယ်မကြာခင်စွမ်းအားပြင်းဗုံးတစ်လုံးလိုပေါက်ကွဲလွင့်စဉ်ထွက်တော့မယ်ချစ်သူတွေမလာကြပါနဲ့။ကွယ်….သွားကြစို့ဘုရားသခင်မွေးဖွားသန့်စင်ရာအရပ်ကိုရှာသလိုမျိုးကဗျာမွေးဖွားရာအရပ်ဆီမေတ္တာတော်အန္တနဲ့ ။ – စက်တင်ဘာ(၂၀၁၈) ပုံ- mark-making-abstract-art No tags for this post. Related posts No related posts.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်