လင်းသစ္စာဦး – အဖြေ မရှိတဲ့ မေးခွန်းများ

လင်းသစ္စာဦး – အဖြေ မရှိတဲ့  မေးခွန်းများ

အဖြေ မရှိတဲ့  မေးခွန်းများ လင်းသစ္စာဦး (မိုးမခ)၊ ဒီဇင်ဘာ ၃၊ ၂၀၁၇ ဖျောက်ဆိပ်ကြယ်လေးတွေဟာ ငါတို့အနာဂတ်လား တဲ့ မလင်းလက်နိုင်တော့တဲ့ ပိုးစုန်းကြူလေးက မေးတယ် ဒဏ်ရာကိုနက်နက်တူးရင်  ကျောက်စိမ်းထွက်နိုင်သလားဆရာ တဲ့ ပထဝီဘာသာရပ်နဲ့ နေသားမကျသေးတဲ့ ကျောင်းသားလေးကမေးတယ် လူလူချင်းတူညီပါလျက်  ဘာကြောင့် ပိုင်ဆိုင်မှုတွေ မညီမျှတာလဲ တဲ့ ဒုက္ခသည်စခန်းက ခြေတဖက်ဆာနေတဲ့ကောင်မလေးက မေးတယ် ဘုရားသခင်ဆီမှာ  ဒီအဖြေတွေ ရှိနိုင်ပါသလားတဲ့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်တဲ့ကောင်းလေးက မေးတယ် စစ်ပွဲတွေဆီက ဘာအကျီုးအမြတ်တွေ ရနိုင်ပါသလဲတဲ့ ရွာကိုပစ်ပြေးနေရတဲ့ စစ်ရှောင်ကောင်လေးက မေးတယ် ဒီသောကတွေက လွတ်မြောက်ဖို့ ဘာတွေလိုအပ်ပါသလဲ တဲ့ ဆေးရုံမှာပိုက်တန်းလန်းနဲ့ အသက်လုနေရတဲ့ လူမမာလေးက မေးတယ် မီးပြတိုက်ကြီးတွေဆီမှာ သူတပါးဘဝကို လင်းလက်စေလိုတဲ့ဆန္ဒတစုံတရာ ရှိနိုင်ပါသလားတဲ့ အသက်သေနေတဲ့ ပင်လယ်ကြီးက...

Read more »

အောင်ဒင် – နိုင်ငံတကာ ဖိအားများကို နည်းလမ်းတကျ တုန့်ပြန်ကြဖို့

အောင်ဒင် – နိုင်ငံတကာ ဖိအားများကို နည်းလမ်းတကျ တုန့်ပြန်ကြဖို့

အောင်ဒင် – နိုင်ငံတကာ ဖိအားများကို နည်းလမ်းတကျ တုန့်ပြန်ကြဖို့ (ခေတ်ရနံ့မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၁၇) မိုးမခ၊ ဒီဇင်ဘာ ၃၊ ၂၀၁၇ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေဟာ ဆက်လက် မြင့်မားနေဆဲဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရများကတင် ဖိအားပေးနေတာမဟုတ်ပဲ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများမှာ အခြေစိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ဘာသာရေးအဖွဲ့အစည်းများကပါ ပြည်သူလူထုအခြေပြု လှုပ်ရှားမှုများ (Grassroots Campaigns) ပြုလုပ်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေ စတင်ပြုလုပ်နေပါပြီ။ ဒီ ဖိအားပေးမှုတွေကို ကျနော်တို့ မြန်မာနိုင်ငံက စနစ်တကျ ရင်ဆိုင်တုန့်ပြန်နိုင်ကြဖို့ ဒီဆောင်းပါးနဲ့ အကြံပြုချင်ပါတယ်။ လက်ရှိ နိုင်ငံတကာဖိအားနှင့် ရှေ့အလားအလာများ ကျနော်တို့ မြန်မာနိုင်ငံမှာက နိုင်ငံတကာသတင်းတွေကို အပြည့်အဝ...

Read more »

ဆဒုံးမြို့ ဒုက္ခသည်စခန်း မြင်ကွင်း

ဆဒုံးမြို့ ဒုက္ခသည်စခန်း မြင်ကွင်း

ဆဒုံးမြို့ ဒုက္ခသည်စခန်း မြင်ကွင်း ဖြိုးသီဟချို/Myanmar Now (မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၇ ကချင်ဒေသ တိုက်ပွဲများကြောင့် ကချင်ပြည်နယ် ဆဒုံးမြို့ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသူများထဲတွင် လီဆူတိုင်းရင်းသား အများအပြား ပါဝင်သည်။ မကြာသေးမီက စစ်ရှောင်စခန်းတွင် မှတ်တမ်းတင်ထားသော မြင်ကွင်းတချို့ကို ဖော်ပြလိုက်သည်။ ဆဒုံး စစ်ဘေးရှောင်စခန်းတွင် ဆော့ကစားနေသည့် ကလေးငယ်များ။ ညစာအတွက် ပြင်ဆင်နေသည့် လီဆူ ကလေးငယ်။ စစ်ဘေးရှောင်စခန်းတွင် မနက်စာ ပြင်ဆင်နေသည့် လီဆူ မိသားစု။ ဆဒုံးစစ်ဘေးရှောင်စခန်းတွင် နေရာမလုံလောက်၍ ၁ဝ ပေ အကျယ်အဝန်းတွင် မိသားစု တစ်စုနေထိုင်နေရသည်။ ထိုမိသားစုမှ ကလေးငယ်တို့ အိမ်စာလုပ်နေသည်ကို ပုံတွင် တွေ့နိုင်သည်။ စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်၂ဦးဆော့ကစားနေပုံ။ သားငယ်ကိုအဝတ်အစားလဲပေးနေသည့် လီဆူတိုင်းရင်းသူ မိခင်။ စစ်ဘေးရှောင်စခန်းအတွင်း ညပိုင်းဘုရားဝတ်ပြုရန်...

Read more »

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၃)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၃)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၃) (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇ ● ဘုရားသုံးဆူ နေ့ရက်များ (၁၁) ဘုရားသုံးဆူ ၁၀၂ စခန်းမှာ တောင်ယာခုတ်ပြီး ကျောက်ဖရုံသီး အကြီးအကျယ် စိုက်ကြတယ်။ ဦးဆောင်သူတွေကတော့ တပ်ရင်း ၁၀၂ က ခေါင်းဆောင် ကိုတိုးကြီးနဲ့ ကိုရဲမွန်၊ ကျန်သူတို့ရဲဘော်တွေပဲ။ ကိုတိုးကြီးက ဂျီတီအိုင် ကျောင်းသား ဟောင်း၊ စိတ်ရင်းကောင်းတယ်။ လူချစ်လူခင်လည်း ပေါတယ်။ ဒါပေမယ့် ပြဿနာက စကားမပီတာ၊ ‘တ’ နဲ့ ‘သ’ နဲ့ မကွဲ ဘူး။ ဒါကြောင့် ကျနော်တို့က သူ့ကို စနောက်ကြတယ်။ “ကဲ… တိုတိုတိပ်တိပ်နဲ့ တေတေတပ်တပ် သွားကြမယ်။”...

Read more »

ရန်လိုကျွဲ ● အမျိုးသားတို့ ကိုယ်ဝန်ဆောင်သောအခါ

ရန်လိုကျွဲ ● အမျိုးသားတို့ ကိုယ်ဝန်ဆောင်သောအခါ

ရန်လိုကျွဲ ● အမျိုးသားတို့ ကိုယ်ဝန်ဆောင်သောအခါ (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇ အာလာဒင်မီးခွက်စောင့်သည့် နတ်ဘီလူးက သူ့ကို မီးခွက်တွင်းမှ ထွက်နိုင်အောင်ကူညီသူ ပြာသိုကြည်တင်၊ မယ် သောကြာ တို့ လင်မယားကို ကျေးဇူး ဆပ်သည့်အနေဖြင့် လိုရာဆုနှစ်ခု တောင်းခိုင်းသည်။ ပြာသိုကြည်တင်က ‘ဒီမိုကရေစီရချင်တယ်’ ဟု ဆုတောင်းသောအခါ နတ်ဘီလူးက   ဒီမိုကရေစီဖန်တီးပေးရန် အခက်အခဲနှင့် ကြုံရသော်လည်း နောက်ဆုံးတွင် ပြဿနာကို သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းပေးလိုက်သည်။ ဖြေရှင်းပုံမှာ ဒီမိုကရေစီဟုအမည်ရသော သတင်းစာတစ်စောင် ဝယ်ပြီး ပြာသိုကြည်တင်၏လက်ထဲ ထည့်လိုက်ခြင်းပင်တည်း။ (ဒီမိုကရေစီ သတင်းစာ ဝယ်ပေးလိုက်ပုံနှင့် ပြီးခဲ့သည့်လက အဆုံးသတ်ခဲ့သည်။ အောက်ဖော်ပြပါ ဇာတ်သိမ်းပိုင်းကို ပထမ ပိုင်း  မဖတ်ရသေးသူများလည်း  အရသာမပျက် ဖတ်ရှုနိုင်ပါကြောင်း အာမခံပါသည်။) မယ်သောကြာမှာ...

Read more »

ကာတွန်း ကိုခေတ် ● အသစ်လဲထားပြီ

ကာတွန်း ကိုခေတ် ● အသစ်လဲထားပြီ

ကာတွန်း ကိုခေတ် ● အသစ်လဲထားပြီ (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၁၇ Tags: ကာတွန်း ကိုခေတ်

Read more »

မောင်အောင်မွန်- ခေတ်စုံ လူစုံနှင့် တွဲတတ်သော မင်းကျော်မင်း- ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၇)

မောင်အောင်မွန်- ခေတ်စုံ လူစုံနှင့် တွဲတတ်သော မင်းကျော်မင်း- ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၇)

ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၇) မောင်အောင်မွန်ခေတ်စုံ လူစုံနှင့် တွဲတတ်သော မင်းကျော်မင်း (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇ (၁) စာရေးဆရာ မင်းရှင် မိတ်ဆက်ပေး၍ ခင်မင်သော ဗိုလ်မှူးဘသော် (မောင်သော်က) အယ်ဒီတာချုပ် လုပ်သော ရှေ့သို့ထုတ်ရာ ရုံးသို့ရောက်သွား၏။ Forward အယ်ဒီစားပွဲ၌ ထိုင်နေသော ဦးကျော်မင်းနှင့် ဆရာမောင်သော်က မိတ်ဆက်ပေး၍ သူနှင့်စတွေ့စ သိ၏။ ၁၉၅၉ ခု၊ အောက်တိုဘာလ ကျွန်တော် မြန်မာ့အသံတွင် စက်မှုလက်ထောက် အလုပ်ရချိန်တွင် သူလည်း အင်္ဂလိပ်ပိုင်းအစီအစဉ်၌ ရှိနေသေးဟုထင်၏။ သူတို့က ၀င်ဒါမီယာကရက်ဆင့်မှာ–ကျွန်တော် တာဝန်ကျ သည်ကား ရေကူးအသံလွှင့် စက်ရုံမှာမို့ ရေဒီယိုကကြားဖူးနေသူ ဦးကျော်မင်းနှင့် မဆုံလိုက်ရပါ။၁၉၆၀ ခု၊ ပြည်လမ်း မြန်မာ့အသံ ဖွင့်ချိန်တွင် ဦးကျော်မင်း...

Read more »

မြဇင်ယော် – မိုးသည်းထဲမှာ

မြဇင်ယော် – မိုးသည်းထဲမှာ

မိုးသည်းထဲမှာ မြဇင်ယော် (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇ ည ၈ နာရီမှ ဆင်းရမယ့်​အတန်းကို ၅ မိနစ်​​စောဆင်းလိုက်​တယ်​။ အတန်း​စော​စောဆင်းရတယ်​ဆိုတာ ဆရာလည်း​ပျော်​၊ ကျောင်းသားလည်း​ပျော်​။ ဒါ​ပေမဲ့​ ဒီ​နေ့က​တော့ ဆရာမ​ပျော်​ဘူး။ မိုး​တွေက သည်းကြီးမည်းကြီးရွာ​နေတယ်​​လေ။ က​လေး​တွေက အ​ဆောင်​ကဆို​တော့ ပြန်​စရာမလိုဘူး၊ ​အေး​အေး​ဆေး ဆေး။ ကိုယ်​က​တော့ ဆိုင်​ကယ်​နဲ့ပြန်​ရမှာကို ထီးလည်းမပါ၊ မိုးကာအင်္ကျီလည်းမပါ။ မိုးကထီး​လေး၊ မိုးကာ​အင်္ကျီလေး​တောင်​ မ​ဆောင်း နိုင်​​လောက်​​အောင်​ အပျင်းကြီးတဲ့ကိုယ့်​ကို မှတ်​​လောက်​သား​လောက်​ရွာချ​နေသလား အောက်​​မေ့ရတယ်​။ တ​ဝေါ​ဝေါနဲ့​လေ။ မိုး​ရေထဲထွက်​ဖို့အ​ရေး မစဉ်းစားတတ်​​အောင်​ပဲ။ အ​ဆောင်​မှာ​နေတဲ့က​လေးမ​လေးတယောက်​က သူ့ထီး​လေး လာငှားရှာတယ်​။ မယူ​ တော့ဘူးသမီး၊ အစိုပဲခံလိုက်​​တော့မယ်​ဆို​တော့ သူက ဇွတ်​​ပေးရှာတယ်​။ အဲ့ဒါတို့က​လေး​တွေရဲ့ ​လေးစားစရာ​ကောင်းတဲ့ စိတ်​ထား​လေးပဲ။ သူတို့ကိုဘယ်​လို​ဆူဆူ၊ ဘယ်​လို​ငေါက်ငေါက်၊ ဘယိုအပြစ်​​ ပေးပေး...

Read more »

၂၀၁၇ နှစ်အတွင်း အင်တာနက်အဖောက်ခံရမှုများ

၂၀၁၇ နှစ်အတွင်း အင်တာနက်အဖောက်ခံရမှုများ

၂၀၁၇ နှစ်အတွင်း အင်တာနက်အဖောက်ခံရမှုများ (Source: CNET) မိုးမခ၊ ဒီဇင်ဘာ ၂၊ ၂၀၁၇ CNET ၀က်ဆိုက်အဆိုအရ ၂၀၁၇ နှစ်အတွင်း အမေရိကန်မှာ အထင်ရှားဆုံး Hack – အင်တာနက်ဖောက်ထွင်းခံရမှုတွေကတော့ လအလိုက် အောက်ပါအတိုင်း ဖြစ်ပါတယ်တဲ့။ ဇန်န၀ါရီ – မဟာဓာတ်အားလိုင်းများ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ အမေရိကန်ရဲ့ ဓာတ်အားလိုင်းကြီးတွေ ပြတ်တောက်သွားနိုင်တယ်လို့ ဆိုပါတယ်။ electrical grid တွေက computer network တွေနဲ့ ချိတ်ပြီး အလုပ်လုပ်နေတာမို့ အဲသည်နက်ဝပ်ဖောက်ထွင်းခံနိုင်ရဖို့ အလားအလာရှိတယ်လို့ ဆိုကြတာပါ။ သာဓကကတော့ ရုရှားဟက်ကာတွေက ယူကရိန်း ဓာတ်အားလိုင်းကို ဖောက်ထွင်းပြီး ပြတ်တောက်စေခဲ့ပါတယ်။ ဖေဖော်ဝါရီ –  မိုးပေါ်ကဖိုင်တွေ Cloud ဆိုပြီးတော့ သင့်ရုံးနဲ့ အိမ်မှာ မထားရှိဘဲ...

Read more »

သျှင်မျိုးငယ် – စည်းလွတ်ဝါးလွတ် အက္ခရာများ

သျှင်မျိုးငယ် – စည်းလွတ်ဝါးလွတ် အက္ခရာများ

စည်းလွတ်ဝါးလွတ် အက္ခရာများ သျှင်မျိုးငယ် (မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၇ အဲဒီတိမ်တွေပေါ့ ငါ့ရင်ဘတ်ကို လာစူးနေတာ ညနေခင်းတခုလုံးလည်း အိပ်တန်းပြန်အတောင်ပံများနဲ့အပြည့် မီးမှိတ်ထားလိုက်မှ ဘဝဟာ ပိုပြီးလုံခြုံလာတယ်… အသွေးထဲ အသားထဲ အရိုးထဲအထိ ရူးသွပ်ခဲ့တာပဲ ငါ့ကောင်းကင်တခုလုံးဟာ အနုပညာ…။ လူငယ်တယောက်ရဲ့ ကောင်းကင်ဘုံဆိုတာ ကိုယ်ကြိုက်တာ/ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေရတာပဲ နိယာမတွေကို ဖောက်ဖျက်ပစ်လိုက်တာမျိုး သီအိုရီတွေကို ငြင်းပယ်ပစ်လိုက်တာမျိုး အခု လွင့်နေတဲ့မီးခိုးတွေပဲလေ ငါ့ကို သယ်ဆောင်သွားကြတာ…လေထဲမှာ။ ဖောက်ထုတ်ပစ်လိုက်တဲ့ လက်မောင်းသွေးဟာ မြစ်တစင်းပဲ ယုံကြည်ချက်အတွက်  စတေးခဲ့ကြ ခံစားချက်နဲ့ အသက်ဆက်ရှင်သန်ကြ အောင်မြင်မှုလား ကျော်ကြားမှုလား အထင်ကြီးခြင်းလား လူရာဝင်ခြင်းလား ငါ့အတွက်ကတော့ ကဗျာတပုဒ်လောက်တောင် အရေးမပါဘူးလေ ကဗျာတပုဒ်ဟာ ငါ့အတွက် ဘဝပဲဟေ့။ ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်…လက်ထဲမှာ ရင်ဘတ်တစ်ခုလုံးလည်း ပြတ်ရှနာကျင်ကြေမွ ငါ့အတွေးကို...

Read more »

လှကျော်ဇော – တရုတ်ကွန်မြူနစ်ပါတီ-(၁၉)ကြိမ်မြောက်ကွန်ဂရက်/ အပိုင်း(၄)။ရှီအတွေးအခေါ်

လှကျော်ဇော – တရုတ်ကွန်မြူနစ်ပါတီ-(၁၉)ကြိမ်မြောက်ကွန်ဂရက်/ အပိုင်း(၄)။ရှီအတွေးအခေါ်

တရုတ်ကွန်မြူနစ်ပါတီ-(၁၉)ကြိမ်မြောက်ကွန်ဂရက်  အပိုင်း(၄)။ရှီအတွေးအခေါ်။(တခြားနယ်ပယ်များအတွက်လမ်းညွှန်ချက်။) လှကျော်ဇော (မိုးမခ)၊ ဒီဇင်ဘာ ၁၊ ၂၀၁၇ တရုတ်ကွန်မြူနစ်ပါတီရဲ့ကွန်ဂရက်အပြီးတပတ်အတွင်းမှာပဲအသစ်တင်မြှောက်ခြင်းခံရတဲ့ပါတီရဲ့အမြင့်ဆုံး ခေါင်းဆောင်အစု (နိုင်ငံရေး ဦးဆောင်အဖွဲ့အမြဲတမ်းကော်မတီဝင်-၇ ဦး) က တနိုင်ငံလုံးကပါတီဝင်တွေအတွက် အလွန်အဓိပွာယ်ရှိတဲ့နိုင်ငံရေးလှုပ်ရှားမှုတခုကို လုပ်ဆောင်လိုက်ပါတယ်။ အောက်တိုဘာ(၃၁)ရက်နေ့မနက်မှာ ပါတီရဲ့အမြင့်ဆုံးခေါင်းဆောင် (၇) ဦးရှန်ဟဲမြို့ကိုလေယာဉ်နဲ့ရောက် လာကြပြီး တရုတ်ကွန်မြူနစ် ပါတီရဲ့ပထမဆုံးအကြိမ်ကွန်ဂရက်ပြတိုက်က ပါတီအလံတော်ရှေ့ ပထမဆုံး ပါတီကွန်ဂရက်ကိုယ်စလှယ် (၁၂)ဦးရဲ့ ကြေးရုပ်ထုကြီး ဘေးမှာ ရှီကျင့်ဖင်က ကျန်(၆)ဦးကိုဦးဆောင်ပြီး၊ ပါတီဝင်များ၊ ပါတီထဲစဝင်ရောက်စဉ်မှာဆိုရတဲ့ ကတိသစ္စာကိုဆိုကြပါတယ်။ ဒါကခေါင်းဆောင်မှုအသစ်ရဲ့ပါတီရဲ့မူရင်းရည်မှန်ချက်များအပေါ်နဲ့ ပြည်သူအကျိုးဆောင်ရေးတို့အပေါ် ခိုင်မာတဲ့သန္နိဋ္ဌာန်ကိုပြသလိုက်တာ ဖြစ်ပြီး ကျန်ပါတီဝင်များကိုလည်း မိမိတို့ရဲ့မူရင်းရည်မှန်းချက်များအပေါ် ထာဝစဉ်သစ္စာရှိကြဖို့သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ရှီကျင့်ဖင်က တို့တတွေ ဘာအလုပ်ပဲလုပ်လုပ်၊ ဘာကြောင့် တို့ဒီလမ်းကိုရွေးခဲ့ကြတယ်ဆိုတာ မမေ့သင့်ဘူး၊ ပါတီဟာ ဘယ်လောက် ခရီးပေါက်ခဲ့ပေါက်ခဲ့၊ ဘယ်တော့မှ မူရင်းလမ်းကိုမမေ့သင့်ဘူး။…တဲ့။ ဒါ့အပြင်...

Read more »

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Keep your head above water

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Keep your head above water

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Keep your head above water (Academic Weekly Journal, Yangon) မိုးမခ၊ ဒီဇင်ဘာ ၁၊ ၂၀၁၇ Tags: Academic Weekly Journal

Read more »

ကျော်နိုင် – စည်ပင်ဥပဒေ – တာဝန်ယူမှု တာဝန်ခံမှု မရှိ (ဂျင်းနံပါတ် – ၇)

ကျော်နိုင် – စည်ပင်ဥပဒေ – တာဝန်ယူမှု တာဝန်ခံမှု မရှိ (ဂျင်းနံပါတ် – ၇)

ကျော်နိုင် – စည်ပင်ဥပဒေ – တာဝန်ယူမှု တာဝန်ခံမှု မရှိ (ဂျင်းနံပါတ် – ၇) (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇ ပုဒ်မပေါင်း ၄၃၄ ခုရှိတဲ့ စည်ပင်ဥပဒေမူကြမ်းမှာ ပုဒ်မ ၄၂၈ ဟာ နောက်ဆုံးနားက ပုဒ်မပါ။ ဒီဥပဒေမူကြမ်းမှာ ဂျင်းတွေအများကြီးပါတယ်ဆိုတော့ ပုဒ်မနံပါတ်အလိုက်ပြောမယ်ဆိုရင် နောက်ဆုံးဂျင်းဖြစ်မှာပါ။ ဒါပေမယ့် ဒီဂျင်းအကြောင်း စောစောသိရအောင်လို့ စောစောဖေါ်ပြလိုက်ပါတယ်။ – စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကို လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝပေးထားသည်။ – စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကို စီးပွားရေးလုပ်ပိုင်ခွင့်များ ပေးထားသည်။ – စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကော်မတီဝင်များ၊ အာဏာပိုင်အဖွဲ့ဝင်များ COI ကင်းဘို့ မတားမြစ်ထား။ – စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကော်မတီဝင်များ၊ အာဏာပိုင်အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မကြေငြာခိုင်း။...

Read more »

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၂)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၂)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၂) (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇ ● ဘုရားသုံးဆူ နေ့ရက်များ (၁၀) ကိုဇော်ထွန်းနဲ့က ကျနော် ကျောင်းမှာကတည်းက သိတယ်။ သူက ဒေသကောလိပ်ပြီးတော့မှ ဆေးကျောင်းရောက်လာ တာ ဖြစ်ပြီး၊ ကျနော်တို့က ၁၀-တန်းအောင်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့် တန်းရတဲ့နှစ်မှာ ဆေးတက္ကသိုလ် ပထမနှစ် တက်ရ တယ်။ သူတို့ အတန်းက ကျနော်တို့ထက် ၆-လလောက်စောပြီး၊ စီနီယာ အတန်းဖြစ်လာတယ်။ ကိုဇော်ထွန်းကို သိရတဲ့ အကြောင်းက သူ့အစ်ကို ကိုဇော်မင်း (ဒေါက်တာဇော်မင်း) နဲ့ ပတ်သက်တယ်။ ကိုဇော်မင်းနဲ့ ကျနော်၊ ကိုမင်းလွင်တို့က ကျောင်းမဂ္ဂဇင်းကိစ္စတွေ ဟိုစပ်စပ် ဒီစပ်စပ်လုပ်ရင်း ရင်းနှီးလာကြတယ်။ ဆေး-၂...

Read more »

ဗိုလ်သူရိန် ● ဘယ်လဂျီယမ်နိုင်ငံ ဂျန့် (Ghent) မြို့ရောက် ကျွန်တော် သင်္ဘောသား

ဗိုလ်သူရိန် ● ဘယ်လဂျီယမ်နိုင်ငံ ဂျန့် (Ghent) မြို့ရောက် ကျွန်တော် သင်္ဘောသား

ဗိုလ်သူရိန် ● ဘယ်လဂျီယမ်နိုင်ငံ ဂျန့် (Ghent) မြို့ရောက် ကျွန်တော် သင်္ဘောသား (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇       ဥရောပတိုက်က အင်္ဂလိပ် ရေလက်ကြားကိုဖြတ်ပြီး ဘယ်လဂျီယမ် ဂျန့် (Ghent) မြို့မှာ သံတိုသံစ (SCRAP) တွေ သွားတင်ဖို့ ကျွန်တော်တို့သင်္ဘောက ဦးတည်မှောင်းနှင်လာခဲ့ပါတယ်။ ဒီဇင်ဘာ ဆောင်းရာသီလဆိုတော့  အင်မတန်အေးခဲလျှက်ရှိနေ တယ်။ ပင်လယ်ရေ (sea water) စုပ်ယူကာ မီးသတ်ပိုက်တွေနဲ့ ကုန်တင်ပေါက်တွေကို ပက်ဖြန်း သန့်ရှင်းရေးလုပ်တဲ့အခါ လက်တွေကျင်နေအောင်  ခံစားရပါတယ်။ သင်္ဘောသားဆိုတော့လည်း ကုန်တင် ကုန်ချပြုလုပ်ရမယ့်နိုင်ငံ သူ့အရပ် သူ့ရာ သီဥတုကို ခံစားရတာပါပဲ။ ငြင်းပယ်လို့ရတဲ့ အခွင့်အရေး ကိုယ်တွေမှာ မရှိပါဘူး။ သင်္ဘောကြီးတစ်စီးကို သူဌေးတယောက်...

Read more »

ဆောင်းယွန်းလ ● ဒုက္ခသည်တံဆိပ်ဟာ ခိုင်ခန့်တယ်

ဆောင်းယွန်းလ ● ဒုက္ခသည်တံဆိပ်ဟာ ခိုင်ခန့်တယ်

ဆောင်းယွန်းလ ● ဒုက္ခသည်တံဆိပ်ဟာ ခိုင်ခန့်တယ် (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇ မနက်က အလုပ်သွားဖို့ ကားမောင်းနေရင်း ဒေသတွင်း ရေဒီယို FM လိုင်းတခုကို ဖွင့်ထားမိခဲ့တယ်။ ခရစ္စမတ်နားနီးပြီဆိုတော့ ထုံးစံအတိုင်း ခရစ္စမတ်သီချင်းတွေလာနေပြီး ခဏကြာတော့ ဒေသတွင်းသတင်းတချို့နဲ့ အင်တာဗျူးအတိုလေးတခုကို ကြားလိုက်မိပါတယ်။ အင်တာဗျူးက ဒေသတွင်း ခရစ်ယာန်ဘုရားကျောင်းမှာ ဆောင်းရာသီအတွက် ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား ကျောင်းသူ ကလေးငယ်တွေကို အနွေးထည်လှူပေးတဲ့အစီအစဉ်နဲ့ ပတ်သက်ပြီးတော့မေးမြန်းထားတဲ့ အင်တာဗျူးတခုပါပဲ။ အလှူပေးတဲ့ အဖွဲ့အစည်းထဲက တာဝန်ရှိသူတဦးဖြစ်ဟန်တူတဲ့ အမျိုးသမီးကို မေးမြန်းထားတာဖြစ်ပြီး အဲဒီအမျိုးသမီး ဖြေ နေတဲ့ ပြန်ပြောပြနေတဲ့အကြောင်းအရာတချို့ကို နားထောင်မိရင်း စိတ်မကောင်းဖြစ်ရပါတယ်။ အမျိုးသမီးပြောပြနေတာက ဆောင်းရာသီသွေးခဲမတတ်အေးနေတဲ့အချိန်မှာ တချို့ကျောင်းသားကျောင်းသူတွေ ကျောင်းကို အနွေးထည်မပါပဲ ရောက် လာတာ တွေ့ရသလို တချို့ဆိုလည်း...

Read more »

ကာတွန်း မှတ်ကြီး (အောင်ပင်လယ်) ● အခွံပဲရှိတာကိုး …

ကာတွန်း မှတ်ကြီး (အောင်ပင်လယ်) ● အခွံပဲရှိတာကိုး …

 ကာတွန်း မှတ်ကြီး (အောင်ပင်လယ်) ● အခွံပဲရှိတာကိုး … (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇ Tags: ကာတွန်း မှတ်ကြီး (အောင်ပင်လယ်)

Read more »

ရန်လိုကျွဲ ● အာလာဒင် မီးခွက်စောင့်နတ်ရဲ့ ဒီမိုကရေစီ

ရန်လိုကျွဲ ● အာလာဒင် မီးခွက်စောင့်နတ်ရဲ့ ဒီမိုကရေစီ

ရန်လိုကျွဲ ● အာလာဒင် မီးခွက်စောင့်နတ်ရဲ့ ဒီမိုကရေစီ (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇ ဒုက္ခသီရိနေပြည်တော်တွင် ပြာသိုကြည်တင်နှင့် မယ်သောကြာဟူသော လင်မယားနှစ်ယောက် ရှိသည်။ တစ်ခုသောညနေခင်း သူတို့နှစ်ဦး လေညင်းခံလမ်းလျှောက်ထွက်စဉ် လမ်းဘေးပလက်ဖောင်းအနီး မီးခွက်တစ်လုံးကို အမှတ်မထင် တွေ့ကြလေသည်။ သောက်ပြီးသား ဆေးလိပ်တိုမှအစ ဘီယာဘူးခွံအထိ လွှင့်ပစ်လေ့မရှိဘဲ အိမ်နံရံကြွက်လျှောက်တန်းတွင် တန်းစီ သိမ်း ထား တတ်သူ ပြာသိုကြည်တင်က ထိုမီးခွက်ကို ကောက်ယူ လိုက်သည်။ “ကိုပြာရယ်၊ ဒီမီးခွက်ကြီး ကောက်မလာစမ်းပါနဲ့။ အိမ်မှာလည်း ရှင့်ရဲ့ပစ္စည်းအဟောင်းအစုတ်တွေ ထားစရာနေရာ မရှိတော့ ဘူး” “သြော်…ငါ့မိန်းမကလည်းကွာ၊ အစိုးရသစ်လက်ထက်မှာ မီး အဆက်မပြတ်ပျက်နေတာ။ ဒီမီးခွက်က သေချာပေါက် အသုံး တည့်မှာကွ။ အနည်းဆုံးတော့ ငါ့အတွက် ဆေးလိပ်ပြာခွက်လုပ်လို့ရမှာပါ။ ရှေးဟောင်းပစ္စည်းဆိုရင်လည်းရောင်းပြီး...

Read more »

မောင်ရစ် – အိုဘားမားအလွန် အိုဘားမားကို ပြန်ကြည့်ခြင်း

မောင်ရစ် – အိုဘားမားအလွန် အိုဘားမားကို ပြန်ကြည့်ခြင်း

မောင်ရစ် – အိုဘားမားအလွန် အိုဘားမားကို ပြန်ကြည့်ခြင်း (မိုးမခ အယ်ဒီတာ့ လက်ရေး) နိုဝင်ဘာ ၃၀၊ ၂၀၁၇ မြန်မာပြည်မှာကတော့ ဒေါ်စုအလွန်တို့ NLD အလွန်တို့ ဘာတို့ ခေတ်စားတယ် ပြောတယ်။ ကြိုပြီး စဉ်းစားကြတဲ့သဘောပေါ့။ လက်ရှိမှာတော့ အမေရိကမှာ အိုဘားမားအလွန်ကို သူတို့နိုင်ငံသားတွေ ခပ်စပ်စပ်ကြီးကို လက်တွေ့ ခံစားနေကြရပါပြီ။ အိုဘားမားအလွန် ဘာဖြစ်လဲ … ဒေါ်နယ်ထရန့် လက်ထဲ အကုန်ရောက်ကုန်တာပေါ့လို့ ရှင်းရှင်းကြီး ပြောလိုက်ရမှာပေါ့။ အိုဘားမားလည်း လွန်ရော ထရန့်လက်ထဲမှာ အကုန် ပြင်ပစ် ဖျက်ပစ်တော့တာပဲ။ တလောက ကျန်းမာရေးဥပဒေကို ကန့်သတ်တယ်။ တပြည်သားတွေ ပြောင်းရွှေ့နေထိုင်ခွင့်ကို တားဆီးပိတ်ပင်တယ်။ ပေးထားပြီးသား ရပိုင်ခွင့်တွေကို ရုတ်သိမ်းတယ်။ အခုတော့ အခွန်ပြုပြင်ရေးဆိုပြီး ဆင်းရဲသားနဲ့ လူလတ်တန်းစားကို...

Read more »

ခိုင်ကြည်သစ် – ဆိုလူကောတပ်ဖ်

ခိုင်ကြည်သစ် – ဆိုလူကောတပ်ဖ်

Art – Than Htay Maung ခိုင်ကြည်သစ် – ဆိုလူကောတပ်ဖ် (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇ (၁) ဆိုလူကောတပ်ဖ် အသက်ကယ်ဆေးတဲ့ ရင်ကျပ်သည်အမေအတွက် သည်ကလေးမဟာ အသက်ရှူမဝတာ ကြာပြီ။ (၂) ကျန်းမာခြင်းဟာ လာဘ်တစ်ပါး တဲ့ ငွေရှိမှ အသက်ရှင်မယ်လို့ တည့်တည့်ပြောပါလား ဆိုလူကောတပ်ဖ်ဖိုးအတွက် သည်ကလေးမဟာ ကျောင်းထွက်ပြီး အလုပ်တက်ခဲ့ရတယ် (၃) ၈၈ မှာ အာဏာသိမ်းတာ အထည်ချုပ်စက်ရုံ အလုပ်သမတွေ မဟုတ်ဘူး ဒါပေမယ့် အရေးယူပိတ်ဆို့မှုမှာ သူတို့ ဒူးထောက်အရှုံးပေးလိုက်ရတယ်။ လျှပ်စစ်မီးမလုံလောက်တာလည်း သူတို့နဲ့ မဆိုင်ဘူး စက်ရုံကပြန်ရောက်မှ မှိန်ဖျော့တဲ့ ဖယောင်းတိုင်အလင်းအောက်မှာ ထင်းချောင်းချိုးပြီး ထမင်းချက်ရတာ။ ဆိုလူကောတပ်ဖ်ဖိုးအတွက် သည်ကလေးမဟာ ညအမှောင်အောက်မှာ နှုတ်ခမ်းနီတွေ အရောင်တောက်ခဲ့ရတယ်။...

Read more »

ထွန်းဝင်းငြိမ်း – ပြည်သူချစ်တဲ့ အထိမ်းအမှတ်ပွဲကလေး

ထွန်းဝင်းငြိမ်း – ပြည်သူချစ်တဲ့ အထိမ်းအမှတ်ပွဲကလေး

ပြည်သူချစ်တဲ့ အထိမ်းအမှတ်ပွဲကလေး ထွန်းဝင်းငြိမ်း (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇ အမေလူထုဒေါ်အမာအကြောင်းက ပြောလို့မကုန်ရေးလို့မခမ်းဆိုသလိုပါပဲ။ လွမ်းကြရတဲ့အဖြစ်တွေက အများသားပါ။ အမေ့မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့အရောက် မန္တလေးကို တက်ကြမယ်။ တောင် လေးလုံးကျောင်း၊ မယ်ဇယ်ပင်တန်း၊ တောင်သမန်၊ ဦးပိန်တံတား၊ ကဗျာရွတ်သံတွေနဲ့ အမေရဲ့သြဝါဒစကားတွေကြားရမယ်။ အထက်၊ အောက်၊ ဝဲ၊ ယာ၊ စာသမားတွေ၊ ကျောင်းတော်ပြန်တွေဆုံကြမယ်။ ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့ယဉ်ကျေးမှုသစ်ပါပဲ။ ပြိုမလိုညို့နေတဲ့ နိုင်ငံရေးရာသီဥတုမျိုးမှာတောင် အမေက ပွဲလုပ်မယ် ဆိုတော့ မရောက်ရောက်အောင်လူစုပြီးသွားခဲ့ကြတာ အမှတ်ရပါသေးတယ်။ ထူးခြားတာက “ပြည်သူချစ်သောအနုပညာသည်များ” စာအုပ်ထွက်ခဲ့တာ ၁၉၆၄ ဇွန်ဆိုတော့ အဲဒီစာအုပ် ၂၅ နှစ်မြောက် ငွေရတုပွဲက ၁၉၈၉ ဇွန်ထဲမှာ။ ငါးယောက်ထက်ပိုပြီး လူမစုရဆိုတဲ့ကာဖျူးအမိန့်ကလည်း မရုပ်သိမ်းသေးတဲ့အချိန်။ အရေးတော်ပုံကြီးကိုနှိမ်နင်းပြီး...

Read more »

ကျော်ထင် ● ကြေးဖလားနံ့ အလွမ်းဖြန့်ဝေသီ

ကျော်ထင် ● ကြေးဖလားနံ့ အလွမ်းဖြန့်ဝေသီ

ကျော်ထင် ● ကြေးဖလားနံ့ အလွမ်းဖြန့်ဝေသီ (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇ (၁) အိပ်မက်တွေမက်တိုင်း ရေနံရောင်ဝနေတဲ့အိမ်ကြီးဟာ ပါစမြဲပါပဲ။ ဒီအိမ်ကြီး မပါဘဲနဲ့ အိပ်မက်ရယ်လို့ မဖြစ်ဘူးလေ။ ဒါ ကလည်း တမျိုးထူးဆန်းတာပဲ။ အစွဲအလန်းကြောင့်ပဲလား၊ ငယ်စိတ်နဲ့ ခင်တွယ်မိတာကြောင့်ပဲလား။ ဘယ်လိုမျိုးလဲတော့ ပြောမပြတတ်ပါဘူး။ သေချာတာကတော့ အိပ်မက်မက်လို့ အဲ့ဒီ့အိပ်မက်ရဲ့ဇာတ်ဝင်ခန်းမှာ အိမ်တလုံးပါပြီဆို ရေနံရောင်ဝ နေတဲ့ အိမ်မည်းညိုကြီးပဲ။ အိမ်မည်းညိုကြီးလို့ဆိုလိုက်ပေမယ့် အိမ်တလုံးလုံး မက်တဲ့ထဲ ပါတာမဟုတ်ပါဘူး။ အဲ့ဒီ့ အိမ်မည်းညိုကြီးမှာ နှစ်နှစ်သားကနေ နေထိုင်လာခဲ့တာ ဆယ့်သုံးနှစ်သားထိပါပဲ။ ဆယ်စုနှစ်တခု ကျော်ကျော်ပေါ့။ သိပ်ပျော်ဖို့ကောင်းတယ်။ ခြံဝိုင်းအကျယ်ကြီးထဲက ရှည်တံရှည်တထပ်အိမ်ကြီး။ အိမ်ကို ရှေ့တိုးဆောက်ထားတာ။ ရှေ့တိုး ဆောက်ထားတာဆိုပေမယ့် ခြံစည်းရိုးနဲ့ကပ်လောက်အောင်တော့ တိုးမထားပါဘူး။ အိမ်ရှေ့ ခေါင်းရင်းထောင့်မှာ အုတ်ရေ...

Read more »

ကာတွန်း ညီပုချေ ● … သူ မပါဘူး …

ကာတွန်း ညီပုချေ ● … သူ မပါဘူး …

ကာတွန်း ညီပုချေ ● … သူ မပါဘူး … (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇ Tags: ကာတွန်း ညီပုချေ

Read more »

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မစ္ဆားတရားပူဇော်ပွဲ (ဓာတ်ပုံသတင်း)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မစ္ဆားတရားပူဇော်ပွဲ (ဓာတ်ပုံသတင်း)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မစ္ဆားတရားပူဇော်ပွဲ (ဓာတ်ပုံသတင်း) (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇ နိုဝင်ဘာ ၂၉ နံနက်ပိုင်းက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ပြုလုပ်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မစ္ဆားတရားပူဇော်ပွဲကို ပရိသတ် တစ်သိန်းကျော် တက်ရောက်ခဲ့ကြသည်​။ (ဓာတ်ပုံများ – ပြည့်​ပြည့်​/MyanmarNow)                               Tags: ပြည့်ပြည့် (Myanmar Now)

Read more »

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၁)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၁)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၁) (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇ ● ဘုရားသုံးဆူ နေ့ရက်များ (၉) ကျနော်တို့ ဘုရားသုံးဆူ (၁၀၁) စခန်းကွဲဖို့ တကယ် လိုအပ်သလား။ မကွဲရင်ကော မဖြစ်ဘူးလား။ အခုထိတိုင် သေချာအဖြေမရှိပါဘူး။ အကယ်၍ အသစ်ရောက်လာတဲ့ လူ့ဘောင်သစ်အုပ်စုတွေ၊ ဆရာဦးမြင့်လှိုင်တို့၊ ဦးအောင်မြင့်စိုး၊ ကိုဌေးအောင်တို့က ခေါင်းဆောင်မှု လိုချင်တယ်ဆိုရင်ဖြင့် အချိန်တခုစောင့်၊ စခန်းမှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပတဲ့အခါ ခေါင်းဆောင်မှုထဲ ပါလာနိုင်ပါတယ်။ အရည်အချင်းရှိသလောက် ခေါင်းဆောင်မှုထဲလဲ ပါလာနိုင်ပါ တယ်။ အခြားရဲဘော်များလည်း ဒီလောက်အမြင်မကျဉ်းကြပါဘူး။ စခန်းခေါင်းဆောင် အများကြားထဲ တချို့ သူတို့လူတွေ ပါလာနိုင်ပါတယ်။ ဒါပေမယ့် စခန်းတခုလုံး ထိန်းချုပ်ဖို့ အခြေအနေမျိုးထိတော့...

Read more »

ဆောင်းယွန်းလ ● ဘာမှ မတတ်နိုင်ဘူး

ဆောင်းယွန်းလ ● ဘာမှ မတတ်နိုင်ဘူး

ဆောင်းယွန်းလ ● ဘာမှ မတတ်နိုင်ဘူး (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇ ကိုယ်က စစ်မကြေညာရပဲ သူ့တောင်ကုန်း သူပြန်တက်သိမ်းတာ ကိုယ်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး ကိုယ်က မမုန်းမိပဲ သူက မပြုံးနိုင် မပျော်နိုင်ဖြစ်နေရတာ ကိုယ်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး ကိုယ်လဲရင် ကိုယ်ထူ ကိုယ်ထူမှ ကိုယ်ထနိုင်မယ့် ဘဝတွေထဲ သူ့အဝတ်သူ တနေ့ဘယ်နှစ်ခါပဲလဲလဲ သူ့အဝတ်သူ ဘယ်လောက်ထူထူထဲထဲဝတ်ဝတ် ကိုယ့်အပူ တပြားသားမျှမဖြစ်မိဘူး ပြောရင်းဆိုရင်း အိမ့်အပြင်မှာ လေတွေက တဟူးဟူးတရှဲရှဲတိုက်လို့ ကိုယ်မစိုက်ပဲ ကြီးထွားနေတဲ့အပင်တွေရဲ့ လေထဲ ယိမ်းထိုးနေပုံကိုကြည့်ရင်း ကိုယ်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး ဘာမှမတတ်နိုင်တော့လည်း သူ့အမှား ကိုယ့်အမှားထဲ တရားကိုမျှားရင်း တရားနဲ့ဖြေနေလိုက်ရုံသာ။ ဆောင်းယွန်းလ (နိုဝင်ဘာ ၂၈ ရက်၊ ၂၀၁၇) No tags...

Read more »

ကျော်နိုင် – စည်ပင်ဥပဒေ (အကြံပြုချက် – ၂ ၏ ဒုတိယပိုင်း)

ကျော်နိုင် – စည်ပင်ဥပဒေ (အကြံပြုချက် – ၂ ၏ ဒုတိယပိုင်း)

ကျော်နိုင် – စည်ပင်ဥပဒေ (အကြံပြုချက် – ၂ ၏ ဒုတိယပိုင်း) (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇ မနေ့ကရပ်ခဲ့တဲ့ စည်ပင်ဥပဒေမူကြမ်းထဲက ပုဒ်မ ၁၅၁, ၁၅၂, ၁၅၃, ၁၅၄ နဲ့ ၁၅၅ တို့ကို ဆက်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။ (အောက်က ဓါတ်ပုံ) အဲ့ဒီပုဒ်မတွေကို ဆွေးနွေးတဲ့အခါ ပုဒ်မ ၂၇ (ဂ)  နဲ့ ပုဒ်မ ၅၇  တွေနဲ့ပါ ယှဉ်တွဲ ရှင်းပြသွားပါ့မယ်။ ပုဒ်မ ၂၇ (ဂ) အရ YCDC ဟာ စီးပွားရေးအဖွဲ့အစည်းတွေ ဖွဲ့ပါလိမ့်မယ်။ ဥပမာ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဘို့အတွက် City Land Corporation ဆိုတာမျိုး၊ အခြားစီးပွားရေးလုပ်ငန်းတွေလုပ်ဘို့အတွက် City General...

Read more »

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (37)

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (37)

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (37) အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန် (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇   Adding transitions and animations ဆလိုက်များမှာ အကူးအပြောင်းနဲ့ လှုပ်ရှားမှုများ ထည့်ခြင်း   လက်ရှိသင်ခန်းစာများမှာ ပုံမှန်ရိုးရိုး ဆလိုက်တွေပဲ ထည့်သွင်းတာ ဖြစ်ပါတယ်။ ဆလိုက်တွေထဲမှာ လှုပ်နေတဲ့ အရုပ်တွေ စာသားတွေ (animation) နဲ့ ဆလိုက်အကူးအပြောင်း အလှအပတွေ (transition) တွေလည်း ထည့်သွင်းလို့ ရပါတယ်။ ရုပ်သံစာတန်းထိုးသလိုမျိုး စာသားတွေ ဘေးက အပေါ်က...

Read more »

ငြိမ်းဝေ(ကဗျာ့အိုးဝေ) – Suicide

ငြိမ်းဝေ(ကဗျာ့အိုးဝေ) – Suicide

Suicide ငြိမ်းဝေ(ကဗျာ့အိုးဝေ) (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇ “ဟာမန်ဟက်စ်”က  သိဒ္ဓတ္ထ ဝတ္ထုမှာ မြစ်ထဲ ရေနှစ်ခါ ချိုးလို့မရဘူးလို့ ရေးခဲ့တယ် ဟုတ်တယ် ငါတို့ တစ်ကြိမ်ထဲနဲ့ ကြေကွဲသန့်စင် မြစ်ကြီးအောက် ရောက်ကြရတာပဲ။ “မာယာကော်စကီး” သူ့ကိုယ်သူ ပစ်သတ်သလို “စဗက်ထရေဗာ” ကြိုးဆွဲချသလို “ဆီဗီယာပလပ်” ဓာတ်ငွေ့ပိုက်ရှူသလို လိုအပ်လို့လား။ စားပွဲခုံလေး ရှိခဲ့တာပဲ (နှစ်ခါမထိုင်ခဲ့ရဘူး) ရှားရှားပါးပါး လမ်းဘေး ရပ်ခဲ့တာပဲ (နှစ်ခါ မရပ်ခဲ့ရဘူး) အချိုမြဆုံး နှစ်နှစ်ကာကာ ပြုံးခဲ့တာပဲ (နှစ်ခါ ပြုံးခွင့်မရှိခဲ့ဘူး) ဒါဆို ကိုယ့်ကိုယ်ကို ကာယကံမြောက် သတ်သေဖို့ လိုလို့လား။ ပန်းပွင့်တွေအကြောင်း ပြောခဲ့ကြ လရောင်တွေအကြောင်း အပ်ကြောင်းထပ် နေကောင်းလာပါစေ….  နေရောင်ခြည်တွေ အရက်ပျံလို ပျောက်ကွယ်သွားတဲ့ ညနေခင်းတစ်ခုမှာပဲ...

Read more »

ကာတွန်း kzzh ● နိုင်ငံခြားထွက်ရတော့မယ်

ကာတွန်း kzzh ● နိုင်ငံခြားထွက်ရတော့မယ်

ကာတွန်း kzzh ● နိုင်ငံခြားထွက်ရတော့မယ် (မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၇ Tags: ကာတွန်း - KZZH

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်