ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား အမျိုးသားရင်ကြား ကွဲအက်ရေး ရှောင်ကျဉ်ပြီး ရဲဘော်ရဲဘက်စိတ်နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားကြဖို့ အပိုင်း (၁) (မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈ ၁။ ပြည်သူလူထုက ယုံကြည်အားကိုးလို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေး ကိုင်စွဲပြီးတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိတွေ့ဆက်ဆံကာ ငြိမ်းချမ်းရေး တည်ဆောက်ကြိုးပမ်းနေပါတယ်။ အမျိုးသားရင်ကြားစေ့ရေး ဆိုတာက အတိတ်က ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တွေကို သင်ခန်းစာဖေါ်ထုတ်ပြီး ပစ္စုပ္ပန်ကာလမှာ လက်စားချေခြင်းနှင့် အမုန်းတရား၊ အာဃာတတရား အလျဉ်းလုံးဝမထားဘဲ သင်ပုန်းချေကာ ငြိမ်းချမ်းရေး (သို့) နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့ စည်းလုံးခြင်းရဲ့အင်အားတည်ဆောက်တဲ့ မဟာဗျူဟာဆိုင်ရာ တွေးခေါ်မျော်မြင်မှုပင် ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၇ခုနှစ် စောစောပိုင်းမှပင် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကာလထိ ပါတီ၊...

Read more »

ကာတွန်း ဆွေသား – ကျင့်နေတာ ၇၁ နှစ် 

ကာတွန်း ဆွေသား – ကျင့်နေတာ ၇၁ နှစ် 

  ကာတွန်း ဆွေသား – ကျင့်နေတာ ၇၁ နှစ်  (မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈ Tags: ကာတွန်း ဆွေသား

Read more »

ေ အ ာ င္ ေ ဝ း ● ခ် စ္ လို ့ ေ ရ း တဲ့ က ဗ် ာ ( ၄ )

ေ အ ာ င္ ေ ဝ း ● ခ် စ္ လို ့ ေ ရ း တဲ့ က ဗ် ာ ( ၄ )

ေ အ ာ င္ ေ ဝ း ● ခ် စ္ လို ့ ေ ရ း တဲ့ က ဗ် ာ ( ၄ ) (မုိးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈ အချစ်အတွက် ဆုတွေ မလိုပါဘူး။ ချစ်နေဖို့ဆို စု ပဲ လိုတယ်။ ပြည်ထောင်စု၊ လူမျိုးစု ကြယ်စင်စု၊ တပ်ပေါင်းစု အချစ်ဟာ စုစည်းညီညွတ်မှု။ ဆယ်စု၊ ရာစု ထောင်စု၊ ရာဇ၀င်စု အချစ်မှာ စည်းရုံးစုစည်းကာနေ။ ဆုတွေ မလိုပါဘူး ပြည်သူကချစ်နေရင် အဲဒါ စု ပဲ။ စတော့ဟုမ်းက ဒဗ္ဗလင်က အောက်စဖို့ဒ်က...

Read more »

စိန်ဝင်း (MJI) ● အင်းဒင်ရယ် မင်းကြောင့်

စိန်ဝင်း (MJI) ● အင်းဒင်ရယ် မင်းကြောင့်

စိန်ဝင်း (MJI) ● အင်းဒင်ရယ် မင်းကြောင့် (မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၈ ရိုက်တာရဲ့ အင်းဒင်လူသတ်မှု သတင်းထွက်တော့ သတင်းသမားတွေအကြား ငြင်းစရာပွက်ကုန်တယ်။ ဒီတစ်ခေါက်မှာ တစ်ခြားအသိုင်းအဝိုင်းက ဝင်ပြောတာ၊ ဆွမ်းကြီးဝိုင်းလောင်းတာ အတော်နည်းတယ်လို့ ထင်တယ်။ သတင်းသမားတွေကြားတော့ အချက်အလက်ပေါ် အခြေပြုဆွေးနွေးတာကနေ မီးတွေမြင့်လာပြီး သတင်းလိုက်တဲ့သတင်း သမားတွေ၊ သတင်းရင်းမြစ်တွေကို သစ္စာဖောက်ကောင်တွေ ရှင်းပစ်လို့ ပြောသူပြော၊ အဲဒီလိုပြောသူတွေကို တန်ပြန်ပြီး ကြေးအိုးပွဲသေး ငတုံးကောင်တွေလို့ ပြောသူပြောနဲ့ မြိုင်လှတယ်။ (၁) အဓိက နှစ်ဘက်ငြင်းမှုမှာ အမှန်တရားဦးစားပေးသူနဲ့ national interest နိုင်ငံတော်အကျိုးစီးပွားဦးစားပေးလိုင်းက ကွဲသွားကြတယ်။ တကယ်တော့ ဒီလိုငြင်းခုံကြမှုက မဆန်းလှပါဘူး။ စနိုးဒန်းအမှု အမေရိကန်ထောက်လှမ်းရေးရဲ့ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ လျို့ဝှက်ဖိုင်တွေ ဖော်ထုတ်လိုက်တော့ အမေရိကန်မှာ အရပ်ရပ်အလွှာလွှာမှာ...

Read more »

ဈန်ခ ● အကြည့်

ဈန်ခ ● အကြည့်

ဈန်ခ ● အကြည့် (မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈ တယောက်နဲ့တယောက် ခိုက်ရန်ဖြစ်တာအစ ချစ်ခြင်းမေတ္တာအဆုံး အားလုံးကို အကြည့်တချက်တည်းနဲ့ ဆုံးဖြတ်သွား တာတွေ အများ ကြီးတွေ့ကြုံရပါတယ်၊ ၂၀၁၃ ခုနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်၊ ကျွန်တော်တို့ရွာက လူငယ်လေးတယောက်ဟာ ပခုက္ကူမြို့ပေါ်ကို ဇာတ်သဘင်ပွဲအကြည့် သွားတော့ အနီးအနားက လူငယ်တစုဆီသို့ သူ့မျက်လုံးက ကြည့်မိပါတယ်၊ ဒါကို ထိုလူငယ်တစုက သူတို့ကို မကြည်ကြည့် ကြည့်တယ်ဆိုပြီး ဝိုင်း ရိုက်လိုက်လို့ဆေးရုံဆေးခန်းပြယူရပါတယ်။ တကယ်တော့ ရွာကလူငယ်ကောင်လေးဟာ ရန်မဖြစ်တတ်သလို သည်းခံစိတ်လည်းရှိတဲ့လူငယ် တယောက်ပါ၊ သို့သော် တဖက်လူငယ် တွေက မူးရူးလာတဲ့အခါ သူတို့ကိုကြည့်တဲ့အကြည့်မှန်သမျှ အမုန်းမျက်လုံးချည်းထင်နေမိတာပဲ ဖြစ်ပါတယ်၊ ကိုယ်ကချစ်တဲ့မျက်လုံးနဲ့ ကြည့်ပေ မယ့် တဖက်လူကအခန့်မသင့်တုန်းနဲ့ကြုံတဲ့အခါတွေမှာလည်း  လှောင်ပြောင်တယ်ထင်ပြီး အမုန်းပွားတတ်ပြန်ပါတယ်၊ လူတွေရဲ့စိတ်သဘော...

Read more »

ကမ်လူဝေး ● တရား

ကမ်လူဝေး ● တရား

ကမ်လူဝေး ● တရား (မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈ အသတ်​ခံရနီးဆဲဆဲ ဒူး​ထောက်​ထားကြတဲ့ လူအုပ်​စုရဲ့ဓာတ်​ပုံက ခိုကိုးရာမဲ့ ​ကြောက်​လန့်​​နေတဲ့မျက်​ဝန်း​တွေဟာ ငါ့ရဲ့နှလုံးသားကိုဆုတ်​ကိုင်​ဖြစ်​ညှစ်​​နေတယ်​။ ကိုယ်​ချင်းစာတရားနဲ့ ချစ်​ခြင်း​မေတ္တာဟာ ကမ္ဘာလုံးဆိုင်​ရာဘာသာတရားရဲ့အ​ခြေခံဖြစ်​တယ်​ ကိုယ်​ချင်းစာတရားနဲ့ ချစ်​ခြင်း​မေတ္တာကိုစွန့်​ပယ်​ထားတဲ့ အမျိုးဘာသာ သာသနာကိုချစ်​သူ​တွေ ကြီးစိုးရာ​မြေမှာ ရက်​စက်​ခြင်းနဲ့အ​ကြောက်​တရား​တွေ ပြန့်​နှံ့။ အမြစ်​ပြတ်​​အောင်​သတ်​ဖြတ်​ခြင်းက အဖြစ်​မှန်​ကို ဘယ်​​လောက်​ကြာကြာဖုံးကွယ်​ထားနိုင်​မလဲ တရားဟာ အ​သေသတ်​ရင်​​တောင်​မှ တ​နေရာရာက အ​ညှောင့်​ထွက်​ အပင်​​ပေါက်​တတ်​တယ်​။ တရားကို လူအများ​ရှေ့ အ​ရောက်​ပို့သူဟာ အသက်​ကိုစွန့်​ရနိုင်​တယ်​ လွတ်​လပ်​ခွင့်​ကို စွန့်​ရနိုင်​တယ်​။ ဖြစ်​ရပ်​​တွေကို ရှင်းရှင်းလင်းလင်း ဖြစ်​​စေချင်​တယ်​ ဒီအဖြစ်​မျိုး အနာဂတ်​မှာ ထပ်​ဖြစ်​ဖို့မလိုလားဘူး တရားကို မစွန့်​နိုင်​သူက ဓာတ်​ပုံ​လေးကို ကိုင်​ရင်း​ပြောတယ်​။         ။ ကမ်​လူ​ဝေး Tags: ကမ်လူဝေး

Read more »

ကာတွန်း ဘီရုမာ – အဘနည်း အဘဟန်

ကာတွန်း ဘီရုမာ – အဘနည်း အဘဟန်

ကာတွန်း ဘီရုမာ – အဘနည်း အဘဟန် (မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၈ Tags: ကာတွန်း ဘီရုမာ

Read more »

အုပ်မိုး – ဝါ စိမ်း နီ မိုးသား

အုပ်မိုး – ဝါ စိမ်း နီ မိုးသား

ဝါ စိမ်း နီ မိုးသား အုပ်မိုး (မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၁၈ ငါတို့ဒဏ်ရာဆိုတာလက်ကောက်ဝတ်ပေါ်မှာအန်ဖူးတဲ့ သူငယ်နာပဲ။ စုန်တာဆန်တာအတက်အကျတွေပြောတော့မကျူးကျော်ရဆိုင်းပုဒ်ကငါတို့ဘဝထဲကျော်ကျလာခဲ့တယ်။ နှလုံးသားမှာ..ကျီးတန်းမထိုးရမဲ့ မုန့်ပဲသရေစာကိုညီတူညီမျှခွဲလိုက်ကြစမ်းပါ။ ကိုယ့်အိုက်တင်ပေါ်ကိုယ်တက်ပြီးဓာတ်ဖမ်းချင်သူတွေပေါလာသောအခါတိုက်ပုံတထည်အတွက်ငါတို့လူကြီးမဖြစ်ချင်ဘူး။ မေမေခင်းထားတဲ့ကစားကွင်းထဲရေဝပ်ခြင်းတွေ ဧရိယာကျယ်လာခဲ့ပြီ။ ။ အုပ်မိုး 5.2.2018 No tags for this post.

Read more »

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Cock and Bull Story

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Cock and Bull Story

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Cock and Bull Story (Academic Weekly Journal, Yangon) မိုးမခ၊ ဖေဖော်ဝါရီ ၉၊ ၂၀၁၈ No tags for this post.

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၄)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၄)

  မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၄) (မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂ဝ၁၈ အပျော်လွန် တပည့်များသို့ ပါမောက္ခကြီး၏ ရာဇသံ (၁) ၁၉၄၉-၅ဝ ခု၊နှစ်လောက်က ဖြစ်ပေလိမ့်မည်။ ၁၉၅၃ ခု၊ နှစ် ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ရောက်ချိန်ထိ မီလိုက်သော နောင်တော်ကျောင်းသားကြီးများပြောပြ၍ သိကြရ စိတ်ဝင်စားကြရသော အပျော်လွန်ကျောက်းသားများသို့ ပါမောက္ခကြီး၏ ရာဇသံပါ။ (၂) ရန်ကုန်တက္ကသိုလ် Archway (နောက်ပိုင်း စစ်ကိုင်းလမ်းဟုလည်းခေါ်) ထိပ်၌ ပါမောက္ခချုပ် ဒေါက်တာထင်အောင်နေပြီး၊ Archway နှင့် ပုဂံလမ်းထောင့်တွင် ပါမောက္ခဦးအောင်လှနေသည်။ ဝန်းနှင့်ခြံနှင့် နှစ်ထပ်တိုက် အင်းဝဆောင်နှင့် မလှမ်း မကမ်း။ ခြံတံခါးရယ်လို့ မရှိ၊ မြက်ခင်း ပန်းပင်များ၊ ဆင်ဝင်အောက်တွက် ပါမောက္ခ၏ ကားရပ်လေ့ရှိသည်။...

Read more »

မောင်စိန်သော် ● မဆုတ်တမ်း ခံစစ်စခန်း တိုက်ခဲ့စဉ်က – အပိုင်း (၂)

မောင်စိန်သော် ● မဆုတ်တမ်း ခံစစ်စခန်း တိုက်ခဲ့စဉ်က – အပိုင်း (၂)

မောင်စိန်သော် ● မဆုတ်တမ်း ခံစစ်စခန်း တိုက်ခဲ့စဉ်က – အပိုင်း (၂) (မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂ဝ၁၈ နံနက် ၉ နာရီကျော် ၁ဝ နာရီလောက် ဖြစ်လိမ့်မယ်။ ရန်သူလေတပ်က ဗုံးကြဲလေယာဉ်တွေ ရောက်လာပြီး ကျွန်တော်တို့ လာလမ်းနဲ့ ရှေ့တန်းကွပ်ကဲမှုရုံး မှန်းပြီး ဗုံးကြဲချတာဖြစ်မယ်။ ကျွန်တော်တို့စခန်း ဦးတည်ထိုးစစ် ဆင်နေတဲ့တပ်တွေနဲ့ ခဲယမ်းကျည်ပို့ပေးနိုင်တဲ့ နောက်ပိုင်းလမ်းကြောင်း ဖြတ်တောက်ခံရသလို ဖြစ်သွားတယ်။ အရေးတကြီးလိုနေတဲ့ လက်နက်ကြီးပစ်ကူပေးရေး မပစ်နိုင်ဘဲ အခက်အခဲဖြစ်နေတယ်။ ပို့လာတဲ့ ဖြည့်ကျည်ကလည်း မလုံမလောက်။ ရှိတဲ့လက်နက်ကြီးပစ်ကူနဲ့ဘဲ မီးကျည် ၂ လုံးပစ်ပြီး နောက်တချီဆက်ထိုးတယ်။ ရဲဘော်တချို့ ခြံစည်းရိုးနားရောက်နေပြီ။ ကျွန်တော်တို့အဖွဲ့လည်း လျှိုတခုအမြန်ဖြတ် ရှေ့ထိုးတက်တယ်။ ဒဏ်ရာရများနေလို့ တက်မရဖြစ်နေတယ်၊ ကျောက် တောင်ကြီးတခု...

Read more »

နေချိုသွေး ● သွေးခြည်ဥနေတဲ့သမိုင်းမှာ အမှန်တရားဟာ နိုင်တယ်

နေချိုသွေး ● သွေးခြည်ဥနေတဲ့သမိုင်းမှာ အမှန်တရားဟာ နိုင်တယ်

နေချိုသွေး ● သွေးခြည်ဥနေတဲ့သမိုင်းမှာ အမှန်တရားဟာ နိုင်တယ် (မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၈ တပတ်မှာ ခုနှစ်ရက်ဟာ အမှောင်မှာ ကျွံကျလို့ အညောင်းမိနေတဲ့စိတ်က လမ်းမပေါ် လမ်းလျှောက်ထွက်လာတယ်။ နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်ခံလိုက်ရတဲ့အမှန်တရား နိုင်ငံပိုင်သတင်းစာမှာပါလာတယ် အမည်မသိ တရားခံဟာ လက်ခုပ်လက်ဝါးတီးလို့ မကျူးကျော်ရ လက်မှတ်ကို အပိုင်ကိုင်ထားတယ်။ အနှိမ်ခံ အနင်းခံဘဝတွေနဲ့  နိုင်ငံထဲ လှောင်ပြောင်ရယ်မောသံတွေ ညှီစော်နံလို့ ဥပဒေဟာ လုံခြုံရေးအပြည့်နဲ့ တောင်းစားနေတယ် ကောင်းစားနေတဲ့ လူတန်းစားတရပ်ကို ဘယ်လိုခေါ်လဲ။ အဖြေမှန်ဟာ ထောင်နံရံမှာ သော့ခတ်ခံလိုက်ရတယ် အာဏာနဲ့သေနတ်ကိုင်ပြီး လူလည်လုပ်နည်းသိသွားတဲ့နောက် အမှန်တရားဟာ အရင်းက ခုတ်ပိုင်းခံလိုက်ရတယ်။ ရူးသွပ်မှုမှာ အာဏာဟာ ငတ်မပြေဖြစ်နေတယ် ငတ်ကြီးကျနေတယ်။ နေမှု ထိုင်မှုပုံစံမှာ ပြည်သူပြည်သားဟာ နင်းပြားဖြစ်နေတယ် မရှိဆင်းရဲဖြစ်နေတယ်။ နိုင်ငံတော်အလံမှာ...

Read more »

ကာတွန်း ဇာနည်ဇော်ဝင်း ● အလွန့် အလွန် ရူးသွပ်နေသည်

ကာတွန်း ဇာနည်ဇော်ဝင်း ● အလွန့် အလွန် ရူးသွပ်နေသည်

ကာတွန်း ဇာနည်ဇော်ဝင်း ● အလွန့် အလွန် ရူးသွပ်နေသည် (မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၈ No tags for this post.

Read more »

ဆောင်းယွန်းလ ● အမေရိကန် ဒရင်းမ်

ဆောင်းယွန်းလ ● အမေရိကန် ဒရင်းမ်

ဆောင်းယွန်းလ ● အမေရိကန် ဒရင်းမ် (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၈ အိပ်မက်မပါတဲ့ ဒရင်းမ်ဘတ်ပေါ်က ပြူးတူးပြဲတဲ နိုးထလာခဲ့ပြီး မနက်ခင်း သူငယ်ချင်းနဲ့ လက်ဖက်ရည်နှစ်ခွက် ပေါင်မုန့်ရှစ်ချပ် စီးကရက်နှစ်လိပ် မမက်ဖူးသေးတဲ့ အိပ်မက်တွေက လူနှစ်ယောက်ရဲ့ အသံတိတ်ဝိုင်းထဲ လေပြေလို ရုတ်တရက်ဝင်လာပြီး မုန်တိုင်းတွေနဲ့  တဖြေးဖြေးပြန်ထွက်သွားခဲ့ ပြောရင်းဆိုရင်း လူနှစ်ယောက်လုံးကို ပုံစံတမျိုးစီနဲ့ ချိန်ရွယ်လိုက်တဲ့ အချိန်ကြောင့် တယောက်က အနောက်ကိုကျောပေးပြီး ကျနော်က အရှေ့ဘက်ဆီကို ဦးတည်ခရီးထွက်ခဲ့ နေမွန်းတည့်ချိန်မှာ နောက်ထပ် သူငယ်ချင်းတယောက်နဲ့  အေးခဲနေတဲ့ ရေနှစ်ဗူး ဘယ်ညာလွန့် လူးနေတဲ့ ထရပ်ကားဟာ အရည်မပျော်သေးတဲ့ နှင်းတွေပေါ်မှာ လူမမြင်တဲ့ အပူအပင်တွေကို အလေးလံဆုံး ဆိုဖာထိုင်ခုံထဲထဲ့ပြီး အိမ်ဟောင်းတစ်လုံးထဲ ပစ်သွင်းခဲ့ကြ လူတွေက...

Read more »

သံလွင်ရေကား စီးမြဲပင်

သံလွင်ရေကား စီးမြဲပင်

သံလွင်ရေကား စီးမြဲပင် (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၈ ရဲထွဋ်ဆိုတာ ဟိုးအရင် ၉၀ ပြည့် ရွေးကောက်ပွဲတွေရဲ့အလွန် ရဲထွဋ်၊ သန်းထွဋ်၊ ဇီဝဇိုး၊ မြင်းရည်တက်ဦးသာ စတဲ့ ကလောင်တွေနဲ့ သံလွင်တဘက်ကမ်း ထိုင်း – မြန်မာနယ်စပ်မှာ မင်းဆိုးကို မိုးကြိုးပစ်မည် ဆောင်ပုဒ်ကို ကိုင်စွဲခဲ့တဲ့  မြန်မာနိုင်ငံလွတ်လပ်သော သတင်းအေဂျင်စီ (Burma Independent News Agency – BINA) ရဲ့သတင်းစဉ်  မိုးကြိုးရဲ့ အယ်ဒီတာချုပ်။   မြောက်များလှစွာသော အာဘော်၊ ဆောင်းပါး၊ သုံးသပ်ချက်၊ နိုင်ငံရေးစစ်တမ်း၊ စာတမ်း၊ ဘာသာပြန်တွေများစွာထဲက တော်လှန်ရေးသမားရေးတဲ့ အက်ဆေးများဆိုတဲ့ ရသတွေကို ထုတ်နုတ်လိုက်ပါတယ်။   ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ အဝေးရောက်ညွှန့်ပေါင်းအစိုးပေါ်ပေါက်ရေးအတွက် တဖက်တလမ်းက ပါဝင်ကြိုးစားရင်း၊ အတိုက်အခံတော်လှန်ရေးသမားအဖြစ်...

Read more »

မောင်စိန်သော် ● မဆုတ်တမ်း ခံစစ်စခန်း တိုက်ခဲ့စဉ်က – အပိုင်း (၁)

မောင်စိန်သော် ● မဆုတ်တမ်း ခံစစ်စခန်း တိုက်ခဲ့စဉ်က – အပိုင်း (၁)

မောင်စိန်သော် ● မဆုတ်တမ်း ခံစစ်စခန်း တိုက်ခဲ့စဉ်က – အပိုင်း (၁) (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂ဝ၁၈ ရှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်ဒေသဟာ တချိန်က တည်ငြိမ်တဲ့ တော်လှန်ရေးအခြေခံဒေသ ဖြစ်ခဲ့တယ်။ ဒေသတွင်းမှာ ရှမ်း၊ ပလောင်၊ ကချင်၊ တရုတ်နဲ့ မြောင်လူမျိုးများပါနေထိုင်ကြလို့ လူမျိုးစုံတဲ့ တောင်တန်းဒေသဖြစ်တယ်။ မုံဂူ၊ မုန်လုံ၊ ဖောင်းဆိုင်၊ မုန်းဟုန်၊ မုန်းပေါ်ကြီး နမ့်ကျွမ်းစတဲ့ မြို့ငယ်ပုံစံ ဈေးရွာတွေ လည်းရှိတယ်၊ ဈေးနေ့တွေမှာ အတော်အတန် စည်ကားတယ်။ ဒီဒေသကို တည်ငြိမ်တဲ့ တော်လှန်ရေးအခြေခံ ဒေသဖြစ်လာဖို့ အသက်သွေးချွေးတွေ ရင်းနှီးပြီး ရန်သူကို တောရှင်းသလို ခုတ်ထွင်ရှင်းလင်း တိုက်ထုတ်ခဲ့ရတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးအရစည်းရုံးမှုနဲ့ ဒိုင်နယ်၊ မြို့နယ်၊ ခရိုင်စတဲ့ ပြည်သူ့အုပ်ချုပ်ရေး...

Read more »

သျှင်မှူး (ပဲနွယ်ကုန်း) ● ဗိုလ်ချုပ်ပေးတဲ့ တိုက်ပုံ

သျှင်မှူး (ပဲနွယ်ကုန်း) ● ဗိုလ်ချုပ်ပေးတဲ့ တိုက်ပုံ

သျှင်မှူး (ပဲနွယ်ကုန်း) ● ဗိုလ်ချုပ်ပေးတဲ့ တိုက်ပုံ (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၈ လူတယောက်က အမှတ်တရ အထိမ်းအမှတ်ပစ္စည်းတွေကို တယုတယ သိမ်းထားတတ်ကြသည်။ ထင်ပေါ်ကျော်ကြား သူတို့ကပေးတဲ့ လက်ဆောင်တွေဆို ပိုမိုမြတ်နိုးတတ်ကြပါသည်။ ကျွန်တော်မှာလည်း ဗိုလ်ချုပ်ပေးသည့် တိုက်ပုံရှိပါသည်။ အလှူဧည့်ခံပွဲနှင့် အစည်းအဝေးတွေသွားရင်တိုက်ပုံ ဝတ်လေ့အကျင့်မရှိသော ကျွန်တော့်အတွက် ထိုတိုက်ပုံကြီးက ကျွန်း ဗီဒိုကြီးထဲမှာသာ အိပ်စက်အနားယူလျက်ရှိပါသည်။ ဗိုလ်ချုပ်ပေးတဲ့တိုက်ပုံ ဘယ်လိုရလာခဲ့လည်း ဖြစ်ကြောင်းစုံလင် ရှင်း ပြပါအံ့။ ** ၂၀၁၅ ခုနှစ် တနိုင်ငံလုံး အတိုင်းအတာနှင့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲတော်တွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြပါသည်။ ကျွန်တော့်ဇာတိ ပဲနွယ်ကုန်းမြို့မှာလည်း နှစ် ၁၀၀ ပြည့်နေ့တည့်တည့်မှာ မွေးတဲ့ သားသမီး မိခင်ကို မွေးစားရိတ်ထောက်ပံ့ ပေးခြင်း၊ စာစီစာကုံးနှင့်...

Read more »

ကာတွန်း ATH ● သူ့ ဒုက္ခ

ကာတွန်း ATH ● သူ့ ဒုက္ခ

ကာတွန်း ATH ● သူ့ ဒုက္ခ (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၈ No tags for this post.

Read more »

မေစာ – ဆရာတင်မိုး အမှတ်တရ

မေစာ – ဆရာတင်မိုး အမှတ်တရ

မေစာ – ဆရာတင်မိုး အမှတ်တရ (မေစာအမှတ်တရ  – ၄၄/၅၅၅) မိုးမခ၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၈ မင်္ဂလာပါ … ဆရာကြီး ဦးတင်မိုး ကွယ်လွန်ခဲ့တာ ဘာလိုလိုနဲ့ ၁၀ နှစ်ကျော်လို့ ၁၁ နှစ်ပြည့်တော့မှာပါ ကလား။ ဆရာက ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ကွယ်လွန်ခဲ့တာလေ။ ကွယ်လွန်တာ နှစ်တွေ ကြာခဲ့ပေမယ့် ဆရာ့ကို ချစ်တဲ့ ဆရာ့ပရိသတ်က ဆရာ့ကို အောက်မေ့ဆဲ တသဆဲပါပဲ။ ဆရာ့အတွက် အလွမ်းစာတွေ စုပေါင်းထုတ်တဲ့သူကထုတ်၊ ဆရာ့စာတွေ ပြန်ဖော်တဲ့သူကဖော်။ ဟိုတလောက ကျင်းပပြီးသွားတဲ့ စာပေ ညီလာခံအခမ်းအနားမှာကိုပဲ ဆရာ့ရုပ်တုကြီးနဲ့ မော်ကွန်းတိုင်တစ်တိုင် စိုက်ထူထားတာ ကြည်နူးစရာ မြင်လိုက်ရပါသေးတယ်။ နိုင်ငံအကျိုး စာပေအကျိုး၊...

Read more »

လင်းသက်ငြိမ် ● နေဝင်​ရီတ​ရော

လင်းသက်ငြိမ် ● နေဝင်​ရီတ​ရော

လင်းသက်ငြိမ် ● နေဝင်​ရီတ​ရော (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈ တ​နေကုန်​စာ​တွေချည်း ဖတ်​​နေလို့ ​ကျော​တွေ​အောင့်​၊ မျက်​စိ​တွေ​ညောင်းသလို ဖြစ်​လာတာနဲ့ စာအုပ်​ကိုချ ပြီးအ​ကြောဆန့် ကာ ခြံထဲ လမ်းဆင်း​ လျှောက်​​နေရင်း ခံတွင်းချဉ်​လာတာနဲ့ လက်​ဖက်​ရည်​​သောက်​ဖို့ စိတ်​ကူးရမိတယ်​။ တ​နေကုန်​ ခုတင်​​ပေါ်လဲ​နေတဲ့အတွက်​ ထိုင်းမှိုင်း​နေတဲ့ အာရုံ​ကြောတွေကို အလုပ်​​ပေးဖို့စိတ်​ကူးပြီး ဆိုင်​ကယ်​ကို မယူ​တော့ပဲမြို့ထဲကို ​ခြေလျှင်​ထွက်​လာမိတယ်​။ အချိန်​က ည​နေခင်းကို​ခြေတ​ဖက်​လှမ်း​နေပြီ။ နေ​ရောင်​ခြည်​က​တော့ ​ပျောက်​တိ​ပျောက်​ကြား လမ်းမ​ပေါ်ထိုးကျ ​နေ​သေးရဲ့။ အရင်​က ဆိုင်​ကယ်​နဲ့ပဲ အပြင်​ထွက်​​လေ့ ရှိ​တော့ လမ်းနံ​ဘေးကအိမ်​​တွေရဲ့ အ​နေအထား​တွေနဲ့ ခြံဝင်း​တွေကို ​သေချာမကြည့်​ဖြစ်​ခဲ့ဘူး။ အခု​တော့ အရင်​က ​တောက်​ပ​နေတဲ့တိုက်​အိမ်​ကြီး​တွေလည်း မှိန်​​ဖျော့လို့။ ခြံစည်းရိုးအသစ်​ကြီး​တွေကလည်း နွယ်​ပင်​​တွေတက်​ပြီး အို​ဟောင်းလို့။ ဓာတ်​မီးတိုင်​တ​ချို့ယိုင်​နှဲ့ပြီး တိမ်း​စောင်း​နေသလို လမ်း​ပေါ်က ချိုင့်​ခွက်​​တွေ...

Read more »

ကိုသန်းလွင် ● အာဖဂန်နစ္စတန်စစ်ပွဲ

ကိုသန်းလွင် ● အာဖဂန်နစ္စတန်စစ်ပွဲ

  ကိုသန်းလွင် ● အာဖဂန်နစ္စတန်စစ်ပွဲ (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈ (၁) လွန်ခဲ့သောရက်သတ္တနှစ်ပတ်အတွင်း အာဖဂန်နစ္စတန်မှာ အကြမ်းဖက်များ၏တိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ကြရပါ သည်။ ကာဘူးရှိ အင်တာကွန်တီနင်တယ်ဟိုတယ်၊ ဂျလာလာဘတ်မှ ဗြိတိသျှအကူအညီပေးရေး ဆိုင်ရာ ရုံး၊ ကာဘူးရှိ ယဉ်ကျေးမှု ဆိုင်ရာစင်တာတို့ ပါဝင်သည်။ ရက်များမကြာမီက လူနာတင်ယဉ်ပေါ်တွင် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များတင်ကာဖေါက်ခွဲခဲ့သဖြင့် လူပေါင်း ၁၀၀ ကို သေကြေစေခဲ့သည်။ နောက်ဆုံးတိုက်ခိုက်မှုမှာ စစ်တပ်စခန်းတခုဖြစ်ပြီး လူ ၁၁ ဦးမျှ သေကြေခဲ့သည်။ (၂) ၂၀၀၈ ခုနှစ်က သမ္မတ ဂျော့ဘုရှ်ထံတင်ပြသော အာဖဂန်နစ္စတန်စစ်ပွဲအပေါ် သုံးသပ်ချက်တွင် “ကျွန်တော်တို့ အာဖဂန်နစ္စ တန်မှာ ရှုံးနေတာမဟုတ်ပါဘူး။ ဒါပေမယ့် နိုင်လည်း မနိုင်ဘူး။ အကောင်းတွေလည်း ဖြစ်လာမှာမဟုတ်ဘူး”...

Read more »

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အမျိုးသားကွန်ဂရက် – အပိုင်း (၈)

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အမျိုးသားကွန်ဂရက် – အပိုင်း (၈)

  လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အမျိုးသားကွန်ဂရက် – အပိုင်း (၈) (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂ဝ၁၈ တရုတ်ပြည်ကိုအုပ်ချုပ်ခြင်း – အတွဲ (၁) (The Governance of China.Vol  1) ကမ္ဘာပေါ်မှာ ဆိုရှယ်လစ်အယူဝါဒ ပေါ်ပေါက်လာတာ အနှစ် (၅ဝဝ) ရှိပါပြီ။ ၁။ ၁၅၁၆ ခုနှစ်မှာ သောမတ်မိုးဆိုသူက ယူတိုပီးယားဆိုတဲ့စာအုပ်ကို ထုတ်ဝေလိုက်ပြီး ဆိုရှယ်လစ်ဝါဒအယူအဆတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ကမ္ဘာ့လူသားတွေရဲ့ ယဉ်ကျေးမှုတိုးတက်ရေးလှုပ်ရှားမှု အတွေးအခေါ်နဲ့စနစ်တမျိုးဖြစ်ပြီး၊ အဲဒီထဲမှာ အလွန်လှပတဲ့ မျှော်လင့်ချက်တွေရှိနေပါတယ်။ ဒါပေမဲ့ ဒါကိုအကောင်အထည်ဖော်မဲ့လမ်းကြောင်းတွေ၊ နည်းနာတွေ ရှာမတွေ့ကြတဲ့အတွက် ဒါကို စိတ်ကူးယဉ်သဘောတရားတရပ်လို့ ပဲသဘောထားခဲ့ကြပါတယ်။ စိတ်ကူးယဉ် ဆိုရှယ်လစ် ဝါဒလို့ ခေါ်ခဲ့ကြပါတယ်။...

Read more »

ကာတွန်း ဆလိုင်းစွမ်းပီ ● အန္တရာယ်ကင်းစေရမည်

ကာတွန်း ဆလိုင်းစွမ်းပီ ● အန္တရာယ်ကင်းစေရမည်

ကာတွန်း ဆလိုင်းစွမ်းပီ ● အန္တရာယ်ကင်းစေရမည် (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈ No tags for this post.

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၃)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၃)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၃) (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂ဝ၁၈ (စက္ကူနှင့်မင်ရှိလျှင် နံပါတ်တူငွေစက္ကူ ရိုက်၍ရသော မြန်မာပြည်တွင် တကယ်ရှိခဲ့ဖူးသော ငွေစက္ကူ) ဗမာငွေသည် ရွှေ ရွှေသည် ဗမာငွေ (၁) မြန်မာနိုင်ငံတွင် လူအများသုံးစွဲရန် ငွေကြေးစနစ် သတ်မှတ်ခြင်းကို မင်းတုန်းမင်းလက်ထက်၌ စတင်ကြောင်း မှတ်တမ်းများ တွေ့ရ၏။ ကုန်းဘောင်ခေတ်၏ ထိုဒုတိယ နောက်ဆုံးဘုရင်သည် မြန်မာပြည်အောက်ပိုင်းအား အင်္ဂလိပ်တို့ သိမ်းပိုက်ထား သည်ကိုလည်း မြင်နေရပြီ။ ကမ္ဘာကြီးဆိုသည်မှာ မိမိတို့နေပြည်တော် လောက်မျှသာဟု အမြင်မကျဉ်း ဘဝင်မမြင့်။ အမေရိကန်သမထံသို့ပင် စာသဝဏ်လွှာပို့ မိတ်ဆက်၏။ ဥရောပသို့ လေ့လာရေးခရီးအဖြစ် ပညာရှိအမတ်များစေလွှတ်၏။ အိမ်နီးနားချင်း နိုင်ငံများကိုသာမက သူတို့နှင့်ဆက် ဆံနေသော အခြားနိုင်ငံများကိုလည်းမြင်၏။ ပြောင်းလဲလာပြီဖြစ်သော ကမ္ဘာကြီးနှင့်...

Read more »

ကာတွန်း အောင်မော် – အရူးနဲ့ တမတ်

ကာတွန်း အောင်မော် – အရူးနဲ့ တမတ်

ကာတွန်း အောင်မော် – အရူးနဲ့ တမတ် (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈ No tags for this post.

Read more »

မောင်လူပေ – ချိုင်းနိစ်နှစ်သစ် ၂၀၁၈ ခွေးနှစ် အကြောင်း

မောင်လူပေ – ချိုင်းနိစ်နှစ်သစ် ၂၀၁၈ ခွေးနှစ် အကြောင်း

မောင်လူပေ – ချိုင်းနိစ်နှစ်သစ် ၂၀၁၈ ခွေးနှစ် အကြောင်း (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈ ချိုင်းနိစ်နှစ်သစ်ရောက်တော့မယ်။ ချိုင်းနိစ်ဗေဒအလိုအရ နှစ်တိုင်းကို အကောင်ဆယ့်နှစ်ကောင်နဲ့ သတ်မှတ်ချက်အရ ဒီနှစ် ၂၀၁၈ကတော့ သစ္စာရှိတယ်လို့နာမည်ကြီးတဲ့ ခွေး နှစ်ကိုကြရောက်ပါတယ်။ မြေကြီးဓါတ်ကိုရတဲ့ခွေး( Earth Dog year) ပါတဲ့။ အတိအကျပြောရရင်တော့ ၂၀၁၈ ဖေဖေါ်ဝါရီလ ၁၆ရက်(ချိုင်းနိစ်နှစ်သစ်ကူးနေ့)ကနေ ၂၀၁၉ ဖေဖေါ်ဝါရီလ ၉ရက်နေ့ကြားမွေးသူများဟာ ခွေးနှစ်မွေးသူများပါလို့ ဆိုလိုပါတယ်။ ချိုင်းနိစ်နှစ်ကူးအပြီး ၁၉၃၄၊ ၁၉၄၆၊ ၁၉၅၈၊ ၁၉၇၀၊ ၁၉၈၂၊ ၁၉၉၄၊ ၂၀၀၆၊ ၂၀၁၈၊ ၂၀၃၀ မှာမွေးသူတွေဟာ ခွေးနှစ်မှာမွေးသူတွေပေါ့။ ရွှေ၊ သစ် ၊ရေ၊ မီး ၊မြေ ရယ်လို့ ဓါတ်ကြီးငါးပါးနဲ့ခွဲခြားတဲ့အခါ ဒီနှစ်ဟာ...

Read more »

မျိုးတေဇာမောင် – တီဗွီဂိမ်း

မျိုးတေဇာမောင် – တီဗွီဂိမ်း

တီဗွီဂိမ်း မျိုးတေဇာမောင် (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈ တစ်နာရီ တီဗွီဂိမ်းကစားခ ဘယ်လောက်လဲ မမှတ်မိတော့ဘူး မုန့်ဖိုးလေးထဲက ခြစ်ကုပ်စုပြီး တီဗွီဂိမ်းကစားတယ် ရမ်ဘိုဂိမ်းလို့ ကျနော်တို့်ခေါ်ကြတယ် သေလိုက်တာ သောက်သောက်လဲ အကောင်သုံးဆယ်ခိုးကစားလည်း  အကုန်သေတယ် ၊ရှုံးတယ်။ ဟိုကောင်တွေပစ်လို့ ကားခနဲ၊ကားခနဲ သေပြနေရတာ တီဗွီဂိမ်းရုံမှာ ဂိမ်းကစားခဲ့ရတဲ့ ကလေးဘဝကနေ အခု လက်ကိုင်ဖုန်းထဲမှာ ကစားတဲ့အထိပဲ။ နိဂုံးချုပ်လိုက်တော့ ကိုယ်က အသုံးမကျသူ ဖြစ်ပြီး ဟိုကောင်တွေက အပြင်အဆင်သိပ်ကောင်းတယ်။ ဟိုကောင်တွေကို ပရိုဂရမ်ရိုက်သွင်းထားပြီး ကိုယ့်မှာက နှလုံးသားနဲ့သွားနေရတာ လို့ ဖြေတွေးလေးတွေးပြီး ဂိမ်းဆက်ကစားနေလိုက်တယ်။ No tags for this post.

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၈ မိုးမခမီဒီယာက လစဉ်လုံးချင်းစာအုပ်များ ကြိုးစားထုတ်ဝေနေရာမှာ ဒီလမှာတော့ဖြင့် ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့ ရေးသားခဲ့တဲ့ အင်္ဂလိပ်စာတတ်လိုသော်နဲ့ စာအုပ်စင်ကျေးဇူး ဆောင်းပါးစာအုပ် ထွက်ရှိလာပါပြီ။ အင်္ဂလိပ်စာ လေ့လာသူများအတွက် အကြိမ်ကြိမ် ထုတ်ဝေညွှန်းဆိုနေရတဲ့ စာအုပ်ပါ။ ယခုက ပဉ္စမအကြိမ် ပုံနှိပ်ခြင်း ဖြစ်ပါတယ်။  ကိုလိုနီခေတ် အမျိုးသားကျောင်း ပညာရေးနဲ့ ကြီးပြင်းလာခဲ့ပြီးနောက် သတင်းစာဆရာ၊ ကျောင်းဆရာနဲ့ စာရေးဆရာ အဖြစ် ဖြတ်သန်းခဲ့ကြတဲ့ စာပေဇနီးမောင်နှံ တို့ရဲ့ အင်္ဂလိပ်စာပေ လေ့လာသင်ယူခဲ့မှု ဘ၀မှတ်တမ်းများကို မော်ကွန်းတင်ရေးသားထားတဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။ စာအုပ်တန်ဖိုး – ၁၅၀၀ ကျပ် ဖြစ်ပါတယ်။ မိုးမခစာပေက ထုတ်ဝေပြီး ဆိပ်ကမ်းသာ ကနေ ဖြန့်ချိပါတယ်။ စာအုပ်ဖြန့်ချိရေးအတွက် ဆက်သွယ်မယ်ဆိုပါက  –  ဆိက်ကမ်းသာစာပေ အမှတ် ၁၃ / ၃၈...

Read more »

ကာတွန်း စောငို – နောက်ကြောင်းပြန်ကာတွန်းများ

ကာတွန်း စောငို – နောက်ကြောင်းပြန်ကာတွန်းများ

၂၀၁၃ တုန်းက ကာတွန်းပါ   ကာတွန်း စောငို – နောက်ကြောင်းပြန်ကာတွန်းများ (မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၈ No tags for this post.

Read more »

မောင်စိန်သော် ● ပြောက်ကျားစစ် လှုပ်ရှားဖြစ်စဉ်လေးတခု

မောင်စိန်သော် ● ပြောက်ကျားစစ် လှုပ်ရှားဖြစ်စဉ်လေးတခု

မောင်စိန်သော် ● ပြောက်ကျားစစ် လှုပ်ရှားဖြစ်စဉ်လေးတခု (မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂ဝ၁၈ အခြေခံဒေသတခု တည်တံ့ခိုင်မြဲရေး၊ ဒေသသစ်တိုးချဲ့ရေးတို့အတွက် တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ သဏ္ဌာန်မျိုးစုံသုံး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ကြရပါတယ်။ မိမိထက်အင်အားကြီးမားတဲ့ရန်သူကို ရင်ဆိုင် တိုက်ခိုက်နိုင်ရန် မှန်ကန်တဲ့ စစ်ရေးလမ်းစဉ် ရှိဖို့လိုအပ်ရုံမက စစ်ရေးလမ်းစဉ် အကောင်အထည်ဖော်ရေး အတွက် အတွေ့အကြုံရှိပြီး ပေါ်လစီအာမခံနိုင် မယ့် ကေဒါတွေလည်း ရှိဖို့လိုတယ်။ တပ်မဟာ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့ထားတဲ့တိုင်အောင် တော်လှန်ရေးတပ်ဖွဲ့များကို ပုံမှန်တပ်အခြေအနေမျိုး အမြဲတမ်း အင်နဲ့အားနဲ့ချည်း လှုပ်ရှားနေနိုင်တာမျိုးလည်း မဟုတ်။ တပ်ဖွဲ့ငယ်တွေ ဖြန့်ခွဲ ပြောက်ကျားစစ်နည်းကိုလည်း  မလွတ်တမ်းလှုပ် ရှားကြရတာ ရှိပါတယ်။ ရန်သူကို ချ-ပြေး၊ ချောင်းပစ်နည်း လုပ်ရသလို ရန်သူ့နောက်ပိုင်း ဝင်ရောက်မွှေနှောက် ရတာ၊ အရေးပါတဲ့ ဆက်သွယ်ရေးလမ်းမကြီးများတလျှောက် ထိုးဖောက်လှုပ်ရှား...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်