ကိုဂျေ – ဒေါသနဲ့ မာနတွေကို ခဝါချခဲ့သူ ဆရာကြီးဦးတက်တိုး

ကိုဂျေ – ဒေါသနဲ့ မာနတွေကို ခဝါချခဲ့သူ ဆရာကြီးဦးတက်တိုး

  Photo Credit – Myat Khine ကိုဂျေ – ဒေါသနဲ့ မာနတွေကို ခဝါချခဲ့သူ ဆရာကြီးဦးတက်တိုး (မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၈ ၁၉၈ဝ ပြည့်နှစ်။ နဝဒေးလမ်း.. ယခင်အခေါ် လန်ကစ္စတာလမ်း ခြံအမှတ် ၁၁ ရဲ့ ခြံတံခါးမှာ တပ်ဆင်ထားတဲ့ ခေါင်းလောင်းကို လှုပ်သင့် မလှုပ်သင့် စဉ်းစားနေခဲ့တယ်။ စိတ်ထဲမှာ သိမ်ငယ်စိတ်၊ ကြောက်စိတ်ကလဲ ဝင်နေတယ်။ တွေ့ရမယ့်သူက ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ နည်းပြဆရာအဖြစ် တာဝန်ထမ်းခဲ့သူ၊ ပြန်ကြားရေး ဘာသာပြန်ဌာနခွဲစာတည်း၊ Time Magazine ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်၊ မြန်မာ့သတင်းစဉ် နိုင်ငံခြားသတင်းဌာနရဲ့ အယ်ဒီတာချုပ်၊ သတင်းနဲ့ စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် အမှုထမ်းခဲ့တဲ့ စာရေးဆရာကြီး...

Read more »

မောင်ရင်ငတေ ● ပင်လယ်မရှိတဲ့ မြေကမ္ဘာသို့ စာစု (ပိုလန်နယ်စပ်သို့ တညအိပ် – အပိုင်း ၂)

မောင်ရင်ငတေ ● ပင်လယ်မရှိတဲ့ မြေကမ္ဘာသို့ စာစု (ပိုလန်နယ်စပ်သို့ တညအိပ် – အပိုင်း ၂)

မောင်ရင်ငတေ ● ပင်လယ်မရှိတဲ့ မြေကမ္ဘာသို့ စာစု (ပိုလန်နယ်စပ်သို့ တညအိပ် – အပိုင်း ၂) (မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈ ပိုလန်နယ်သို့ အဝင်ဝ (ဓါတ်ပုံ မရငတ) Polska (Rzeczpospolita Polska) (Pologne) (Poland) ပိုစကာ (သို့မဟုတ်) ပိုလန် သူတို့ ဒေသခံတွေက Polska အိမ်နီးချင်း ချက်တွေက Polsko အိမ်နီးချင်း ဂျာမန်တွေက Polen ပြင်သစ်စာ အသိုင်းအဝိုင်းက Pologne အင်္ဂလိပ်စာ အသိုင်းအဝိုင်းကတော့ Poland ပိုလန်နယ်စပ်သို့ တညအိပ် ပထမပိုင်းရေးခဲ့ရာမှာ ပရာဟာမြို့တော်ကနေ နယ်စပ်စည်းရောက်တဲ့အထိ စာမျက်နှာ ၂၉ မျက်နှာရှိသွားခဲ့လို့ ဒုတိယပိုင်းအဖြစ် ပိုလန်နယ်အကြောင်းစစ်စစ်ကို ဆက်ပြီးရေးပါမယ်၊ Salut Polska...

Read more »

မောင်သာရ ● မေမေကြီးကြီး

မောင်သာရ ● မေမေကြီးကြီး

မောင်သာရ ● မေမေကြီးကြီး (မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈ ကျုပ်မှာ ကျုပ်တို့တူတူမတွေအားလုံးက မေမေကြီးကြီးလို့ခေါ်ရတဲ့ ကြီးဒေါ်ကြီး တယောက်ရှိတယ်။ ကျုပ်ရဲ့အမေ့မှာ မွေးချင်းညီအမငါးယောက်ကြီးများတောင် ရှိခဲ့ပေမယ့် ကျုပ်အမေအ ပါအဝင်အိမ်ထောင်ရှိတဲ့ ညီအမသုံး ယောက်လုံးကကျတော့ ရှားရှားပါးပါး သားသမီးတယောက်စီပဲ မွေးခဲ့တယ်။ အမေ့အောက်က ကျန်နှစ်ယောက်ဆိုရင် တယောက်ကအိမ် ထောင်ရှိရက်နဲ့ သားသမီးလုံးဝမထွန်းကားဘူး။ မေ့ညီမအငယ်ဆုံးကျတော့ သက်ဆုံးတိုင် ပျိုကြီးဘဝနဲ့ အရိုးထုတ်တယ်။ မျိုးဆက်ကိုပြတ်ကရော။ ဆိုတော့ကာ ကျုပ်မှာတဝမ်းကွဲဆိုပါတော့။ ညီမနှစ်ယောက်ရှိတယ်။ ကြုံရပုံကကျုပ်တို့ မောင်နှမသုံးယောက်ကိုလဲ အမေတွေက ချိန်းဆိုတိုင်ပင်ပြီး မွေးကြလေရော့သလား အောက်မေ့ရတယ်၊ တယောက်နဲ့တယောက်က မီးဝင်မီးထွက်တွေ ချည်းပဲ။ ပြီးတော့အဲဒီ ခေတ်က အခုခေတ်လိုမဟုတ်ဘူး။ ဆွေသံယောဇဉ် မျိုးသံယောဇဉ် အင်မတန်ကြီးကြတော့၊ ကျုပ်တို့ အဖိုးအဖွား မိဘအရိပ်အောက်မှာ သည်တပြုံတမကြီးက...

Read more »

ကျော်ကျော် (မြရည်စမ်း) ● ချွေးစက်​​လေးများရဲ့သီအိုရီ

ကျော်ကျော် (မြရည်စမ်း) ● ချွေးစက်​​လေးများရဲ့သီအိုရီ

ကျော်ကျော် (မြရည်စမ်း) ● ချွေးစက်​​လေးများရဲ့သီအိုရီ (မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈ ကျွန်​​တော်​​နောက်​ဆုံးနှစ်​စာ​မေးပွဲမ​ဖြေခင်​ကတည်းက ​မေ​မေ​​ပြောပြော​နေတဲ့စကားက အခုဆို ပိုလို့မှန်​လာတာ​ပေါ့။ ကျွန်​​တော် အခု​ကျောင်းပြီးသွားပြီ။ ​ကျောင်းတက်​​နေရတုန်းက  ​စာ​တွေကျက်​ရတာ ပင်​ပန်းတဲ့အ​ကြောင်း၊ ပိုက်ဆံကိုသူများသုံး သလို မသုံးနိုင်​လို့ စိတ်​ညစ်​​ကြောင်း ​မေ​မေ့ကို ​ပြောခဲ့ဖူးပါတယ်​။ ​မေ​မေက ကျွန်​​တော့်​ကို တ​ခွန်းထဲပဲ ပြန်​​ပြောခဲ့ပါတယ်​။ “​ကျောင်းပြီးသွားရင်​ ဒီထက်​ပိုပြီးပင်​ပန်းအုံးမှာ၊ ပိုက်​ဆံဆိုတာ ဘယ်​လိုဟာလဲဆိုတာကိုလဲ ပိုပြီးသိမှာ” တဲ့။ ကျွန်​​တော်​က ရူပ​ဗေဒအဓိကနဲ့ ​ကျောင်းပြီးပါတယ်​။ ဘွဲ့​တော့ မယူရ​သေးပါဘူး။ ကျောင်းတက်​​နေတုန်းက စိတ်​ကူး​တွေဟာ ​ကျောင်းပြီးတာနဲ့ မှုန်​သထက်​ မှုန်​လာ​တော့တာပါပဲ။ အစိုးရအလုပ်​မလုပ်​ချင်​တာ ငယ်​ကတည်းကဆို​တော့ ​ကျောင်းပြီး တဲ့အခါ ကျူရှင်သင်​စားမယ်​လို့ စိတ်​ကူးခဲ့ဖူးပါတယ်​။ တကယ်​​တမ်း ကျူရှင်​ပြစားမယ်​ စိတ်​ကူး​တော့လည်း ထင်​ထားသလို မလွယ်​လှပါဘူး။...

Read more »

ကာတွန်း ညီပုချေ ● ခုန်နေတာပဲလေ …

ကာတွန်း ညီပုချေ ● ခုန်နေတာပဲလေ …

ကာတွန်း ညီပုချေ ● ခုန်နေတာပဲလေ … (မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈ Tags: ကာတွန်း ညီပုချေ

Read more »

ကိုသန်းလွင် ● မူးမြစ်နှင့် ခေတ်ပြောင်းလဲခြင်း

ကိုသန်းလွင် ● မူးမြစ်နှင့် ခေတ်ပြောင်းလဲခြင်း

ကိုသန်းလွင် ● မူးမြစ်နှင့် ခေတ်ပြောင်းလဲခြင်း (မိုးမခ) ဇန်နဝါရီ ၉၊ ၂ဝ၁၈ (၁) မလွမ်းရော့သော်ကော့၊ ကျွန်းမော့မော့မြောက်ခွင်၊ မူးရေယဉ် လက်ျာစီးပါလို့ မောင်ကြီးတို့နေတဲ့ရွာမှာ၊ မြောက်ညာနှင့် တောင်စွယ် လက်ကယ်က၊ အင်းနှစ်ဘက် ကာတယ်လေး…. ဦးကြီး ကျွန်တော်သည် မမျှော်လင့်ဘဲတနေ့က မူးမြစ်ကမ်းနဘေးသို့ ရောက်သွားခဲ့သည်။ သူငယ်ခြင်းရှိရာ သာဝတ္တိ သို့သွားရန်ဖြစ် သည်။ သူငယ်ခြင်းက ရဟန်းဘောင်သို့ တက်နေပြီဖြစ်၏၊ လွန်ခဲ့သောနှစ်ပေါင်း ၆ဝ ကျော်ကတွေ့ ခဲ့ရသည့်အတိုင်း အမြင် မှာ ဘာမှမပြောင်းလဲပါ၊ လူတို့၏ အပြုအပြင်ကို မခံရသော ဤမြစ်ပြင်ကျယ်သည် သူ့ သဘာဝ အတိုင်းသာရှိနေခဲ့ပါသည်။ ကျွန်တော်တို့သည် ဤမြစ်ကြီးကိုကြည့်ကာ လူလားမြောက် ကြီးပြင်းခဲ့ကြသည်။ မြစ်ပြင်ကျယ်ကြီးနားမှာ ဆော့ကစားရင်း ငယ်ငယ်ကအချိန်တွေကုန်ခဲ့ဘူးသည်။ (၂) ကျွန်တော့်အမေ၏...

Read more »

တည်ဘွားဦး – လည်ပတ်ခြင်း

တည်ဘွားဦး – လည်ပတ်ခြင်း

လည်ပတ်ခြင်း တည်ဘွားဦး (မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈ ကမ္ဘာကြီးက ဒီလို လည်တာလား ဒီလို လည်တာလား ဒီလို လည်တာလား ဒီလို လည်တာလား ကမ္ဘာကြီးက… ကမ္ဘာကြီးက ဘယ်လိုလည်တာလဲ ကမ္ဘာကြီးက အာဏာရှင်တွေလို လည်တာလား… ကမ္ဘာကြီးက ဘယ်လိုလည်လည်ပါ ခင်ဗျားတို့ ကျနော်တို့ မအဖို့လိုပါတယ် ကမ္ဘာကြီးက စိတ်မညစ်နဲ့ ပျော်ပျော်နေကြ တဲ့ ကမ္ဘာကြီးက လည်ပါတယ် ကမ္ဘာကြီးက ဘယ်လိုလည်တယ်တော့ ပြောမထားဘူး ။ ။  – တည်ဘွားဦး ၈ ၁ ၂၀၁၈  16:45 pm No tags for this post.

Read more »

ကိုအောင်မှိုင်း ● ဖက်ရှင်သစ်

ကိုအောင်မှိုင်း ● ဖက်ရှင်သစ်

ကိုအောင်မှိုင်း ● ဖက်ရှင်သစ် (မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၇ ဆောင်းဦးလှိုင်ရဲ့ မေမေနိုင်မှဖြစ်မှာပါ သီချင်းကိုနားထောင်ရင်း ဆရာဦးကိုနီကို သတိရမိတယ်။ ပန်းခင်းကြီးတွေ မျက်ခင်းပြင်ကျယ်ကြီးတွေပေါ် လိပ်ပြာလေးတွေ လေမှာဝဲပျံနေကြမယ်ထင်ခဲ့တဲ့ အိပ်မက်လှလှလေးတွေအတွက် အနာဂါတ်မဲ့ ဖေါက်ဖျက်ခံရသလိုဘဲ။ စစ်အာဏာရှင်စနစ်ကို လူထုမဲနဲ့ ခွေးကတက်က အလုပ်အကျွေးပြုလိမ့်မယ်လို့ လုံးဝ လုံးဝမတွေးမိခဲ့ဘူး။ ခုတော့ ငါကိုယ်တိုင်မှားခဲ့တာလား။ ငါ့ကိုလိမ်လိုက်တာလား။ အလိမ်ခံခဲ့ရတာလား။ ဂတိမတည်မှုတွေက ဝေခွဲရခက်တဲ့ လောကငရဲဆီကို အဓမ္မခေါ်ဆောင်ခံရသလိုဘဲ။ အရင်နဲ့မတူတာဆိုလို့ နာရီတွေ မိနစ်တွေ စက္ကန့်တွေဘဲရှိတော့တယ် ဒါတောင် သဘာဝတရားကြီးက တားဆီးထားလို့။ ဒီလောက်ငတ်နေတဲ့လူတွေကို ဟင်းတနပ်လျှော့စားခိုင်းလောက်အောင် အသိမဲ့နေတဲ့ ပညာတတ်ဆိုသူတွေကို နရင်းတချက်လောက်တော့ ရိုက်လိုက်ပါရစေဗျာ။ အမှန်တရားဟာ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူးလို့ဆိုပြီး ခုတော့လဲ ပြားပြားဝပ်ပါဘဲလား။ နင်ပြီးဆို့နေတဲ့အသံနဲ့...

Read more »

မောင်ဥက္ကလာ – ပြန်လာကြည့်ပါ ဗိုလ်ချုပ်

မောင်ဥက္ကလာ – ပြန်လာကြည့်ပါ ဗိုလ်ချုပ်

မောင်ဥက္ကလာ – ပြန်လာကြည့်ပါ ဗိုလ်ချုပ် (မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၈ ပေါက်ဖော်ကြီးနိုင်ငံထုတ် ဂျက်လေယာဉ်မှာ အရှိန်အဟုန်နဲ့ ဝေဟင်မိုးကောင်ကင်ထက် ဝဲပျံတက်ကာ နှစ် (၂၀) အတွင်း စင်္ကာပူတိုင်းနိုင်ငံကို ကျော်တက်တော့မည့်အလား အရှိန်ယူနေချိန်မှာ – မတရားဥပဒေ စိုးမိုးနေသော ရွှေပြည်ကြီးမှာတော့ မောင်ဥက္ကလာတစ်ယောက် ကြောက်လန့်ပြီး ဘာမှမရေးမပြောဘဲနဲ့ နေခဲ့သည်မှာ တနှစ်ကူးပြောင်းခဲ့လေပြီ။ အခုမှ လွတ်လပ်ရေးပွဲတော် ဆူညံပူညံ လော်သံ၊ မူးသံ၊ အူသံတွေကြောင့် အလန့်တကြား နိုးထ၊ အိပ်မရတော့တာနဲ့၊ သွားလေသူ ဗိုလ်ချုပ်ကို တမ်းတပြီး ဒီစာကို ရေးပါသည်။ ဗိုလ်ချုပ်ဆိုလို့ ကျုပ်တို့ ရွှေပြည်ကြီးကို နှစ်နဲ့ချီ ကိုယ်ဖိရင်ဖိ အကုန်ဖိပြီး မင်းမှုအုပ်ချုပ်သွားတဲ့ မဟာကျေးဇူးရှင် “အဘ” လို့ ခေါ်သည်ကို သဘောခွေ့နှစ်ခြိုက်သော...

Read more »

ကာတွန်း နေလင်းအောင် (မန်း) ● ရှိတာအကုန်ထုတ်စမ်း …

ကာတွန်း နေလင်းအောင် (မန်း) ● ရှိတာအကုန်ထုတ်စမ်း …

ကာတွန်း နေလင်းအောင် (မန်း) ● ရှိတာအကုန်ထုတ်စမ်း … (မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၁၇ Tags: ကာတွန်း နေလင်းအောင် (မန်း)

Read more »

ဒီလူည ● လူပျောက်ကြော်ငြာ

ဒီလူည ● လူပျောက်ကြော်ငြာ

ဒီလူည ● လူပျောက်ကြော်ငြာ (မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၁၈ “ရှင်တို့အတွက်တော့ ဒါဟာ ထူးဆန်းတဲ့သတင်းတပုဒ်လို ဖြစ်ချင်ဖြစ်မှာပါ။ ခဏတာ အံ့သြမှုတခုအနေနဲ့ပေါ့။ ဒါပေမယ့် ကျမအတွက်တော့ ဘဝတခုလုံး အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲထွက်မတတ်ပဲ” သူမရဲ့မျက်ဝန်းတွေက ကျနော့ကိုကျော်ပြီး အဝေးဆီကိုကြည့်နေပါတယ်။ ဘယ်ဆီဘယ်ဝယ်မသိတဲ့ အဝေးတနေရာဆီ ကို ပေါ့။ ပြီးတော့ သက်ပြင်းသဲ့သဲ့ကလေးချပြီး သူမဆက်ပြောတယ်။ “အဲ့ဒီတုန်းက ကျမဘဝတခုလုံး ပြိုကျမသွားအောင် မနည်းထောက်ကန်ထားခဲ့ရတယ်။ ငြမ်းတခုရဲ့ နှီးချက်မမိတဲ့နေရာကို ခြေချမိတဲ့လူတယောက်ရဲ့ အဖြစ်လိုမျိုးပေါ့။ သေခြင်းနဲ့ရှင်ခြင်းဟာ အလွှာပါးပါးကလေးသာ ခြားထားတဲ့ကာလ။ ဘာမဆို ဖြစ်ပျက်သွားနိုင်တဲ့အချိန်။ ပြီးတော့ ကျမမှာလည်း ရွေးချယ်စရာ များများစားစားလည်း ရှိမနေဘူးလေ။ Do or Die။ ဒီနှစ်ခုပဲ။ ကျမ ဆက်နေမလား ဒီနေရာမှာတင်ပဲ...

Read more »

ကာတွန်း ဇာနည်ဇော်ဝင်း • ကြေက်ရွံ့ခြင်းမှ ကင်းဝေးနည်း ..

ကာတွန်း ဇာနည်ဇော်ဝင်း • ကြေက်ရွံ့ခြင်းမှ ကင်းဝေးနည်း ..

 ကာတွန်း ဇာနည်ဇော်ဝင်း • ကြေက်ရွံ့ခြင်းမှ ကင်းဝေးနည်း .. (မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈ No tags for this post.

Read more »

မင်းကိုနိုင် ● ဒဏ်ရာရပန်းသီးများ

မင်းကိုနိုင် ● ဒဏ်ရာရပန်းသီးများ

မင်းကိုနိုင် ● ဒဏ်ရာရပန်းသီးများ (မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။ “ဒီမှာ …ချယ်ရီတကယ်..ပုံပြောဖို့ ရှိတယ် နားထောင် ” သူစိုးရိမ်သွား၏ ငါ့အကြံတွေကို ကြိုမြင်လို့ တားဖျက်တော့မှာလားဟု ပူကာ“ဟား တို့ကိစ္စရှိသေးတယ်”ဟု ကန့်ကွက်လိုက်၏။ “ရောက်မှ မရောက်သေးတာ ကိုယ့်အလှည့်ကျမှ ကိုယ်ပြော….ခုနားထောင်အလှည့်” သူ….“ ဟုတ်ကဲ့ပါ ”ဟု မှင်သေသေ၀န်ခံရတော့သည်။ချယ်ရီသည် စင်ပေါ်မတက်ဖူးဘဲ ရောက်လာသည့် သတ္တိနည်းသော ကလေး၊ အလွတ်ကျက်ထားရသည့် ပုံပြင်တက်ပြောရသလို ဖြစ်နေ၏။ “ဟိုလေ တခါက…ငှက်မလေးတကောင် မိုးရွာထဲ အင်္ကျီချုပ်ဆိုင်သွားတယ်တဲ့” “ဟာ…ငှက်က အင်္ကျီဘယ်လိုဝတ်မလဲ ယုတ္တိမရှိတာ ” သူမ…အခက်တွေ့သွား၏။ သူမကို သနားမိပြန်၍ သူကပင် “ဒီလိုလုပ် ငှက်အမွေးအတောင်အလှပြင်ဆိုင်ကို သွားတယ်လုပ်လိုက်”ဟု အကြံပေးည်။...

Read more »

နေထက်နိုင် ● ကျီးကန်း

နေထက်နိုင် ● ကျီးကန်း

နေထက်နိုင် ● ကျီးကန်း (မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈ ငါတို့ ကျီးကန်းတွေမဟုတ်ဘူး ဒါပေမဲ့ ကျီးကန်းတွေနဲ့တူနေတယ်။ ဘာပဲဖြစ်ဖြစ် နှစ်ဆယ့်လေးနာရီ ကျီးကန်းတွေလို အော်ကြတယ်၊ နှစ်ဆယ့်လေးနာရီလောက်ပဲဝိုင်းအော်တတ်တယ် ။ လက်ဖက်ရည်ခွက်ထဲကယင်ကောင်သေတွေအတွက် ကျီးတွေလိုဝိုင်းအာခဲ့တယ်။ ငါတို့ဟာ ကျီးကန်းအဖွဲ့အစည်းမဟုတ်ဘူး။ ကျီးကန်းတွေက ကဗျာမဖတ်ဘူး ငါတို့က ကဗျာဖတ်တယ်။ ငါတို့ရေးချိုးတယ် ကျီးကန်းတွေလည်း ချိုးပါတယ်။ ကျီးကန်းတွေလည်း သူတို့ကိုယ်သူတို့ သကြတယ်။ ငါတို့လည်းငါတို့ကိုယ်ငါတို့သကြတယ်။ ကျီးကန်းတွေကမနက်စာစားဖို့ပိုက်ဆံမလိုဘူး။ ငါတို့က မနက်စာစားဖို့ ပိုက်ဆံအမြဲလိုခဲ့တယ်။ ငါတို့ကနေ့လည်စာကိုစားသောက်ဆိုင်မှာစားတဲ့အခါ ကျီးကန်းတွေ ကလမ်းဘေးကအကောင်သေတွေစားကြတယ်။ ငါတို့ငါမှာညီညွတ်တဲ့အော်သံတွေအမြဲမရှိဘူး ကျီးကန်းတွေမှာ ညီညွတ်တဲ့  အော်သံတွေအမြဲရှိတယ်။ ကျီးကန်းတွေကသူတို့ အမျိုးအတွက်အော်ကြတယ် ငါတို့လည်းငါတိုအမျိုးအတွက် ငါတို့အခွင့်အရေး တွေအတွက်အော်ကြတာပဲ အော်တာပဲ။ ကျီးကန်းတကောင်က နင့်အိမ်နားသစ်ပင်ပေါ်ကနေ သာသာယာယာ အ’...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၃)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၃)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၃) (မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈ တိဗက်လူမျိုးများ အိန္ဒိယတိုင်းပြည်တွင် လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း အထက် မှာ ဆိုခဲ့ပြီ။ တိဗက်လူမျိုးများအပေါ် အိန္ဒိယရဲ့ကျေးဇူးတရားက ထုထည်ကြီးမား လွန်းလှသည်။ ဘာသာယုံကြည်မှုအရပဲဖြစ်ဖြစ်၊ လူမှုရေး အရပဲဖြစ်ဖြစ်၊ နိုင်ငံရေး အရပဲဖြစ်ဖြစ် တိဗက်တို့အပေါ် တင်းကြပ်ပိတ်ပင်ထားတာမျိုးတွေ သိပ်မတွေ့ရ။ လွတ်လပ်စွာ သွားလာခွင့်ရှိသလို လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေရှိသည်။ ဘာသာရေးအခမ်းအနားများ၊ ရိုးရာယဉ်းကျေးမှုပွဲများ လွတ်လပ်စွာ ကျင်းပပြု လုပ်ခွင့်ရကြသည်။ တိုင်းပြည်အတွင်း အချုပ်အနှောင်ကင်းစွာ သွားလာခွင့်ရှိခြင်းနှင့် လွတ်လပ်စွာ ပညာသင်ခွင့်ရရှိနေခြင်း၊ တိဗက်ရိုးရာပွဲတော်များ ကျင်းပခွင့်ရရှိနေခြင်းဆိုတဲ့ အခွင့်အရေးဟာ ဧည့်နိုင်ငံသားတစ်ယောက်အတွက် နည်းတဲ့အခွင့် အရေးမှ မဟုတ်တာ။ အိန္ဒိယတွင် တိဗက်လူမျိုးတို့...

Read more »

မောင်ရစ်  – အဘ သခင်အုန်းမြင့် ကို နှုတ်ဆက်လိုက်တယ်

မောင်ရစ်  – အဘ သခင်အုန်းမြင့် ကို နှုတ်ဆက်လိုက်တယ်

မောင်ရစ်  – အဘ သခင်အုန်းမြင့် ကို နှုတ်ဆက်လိုက်တယ် စက်တင်ဘာ  ၁၇၊ ၂၀၁၀ (သခင်အုန်းမြင့် ရာပြည့်အထိမ်းအမှတ် ပြန်လည်တင်ဆက်ပါတယ်)                သခင်အုန်းမြင့် ကွယ်လွန်သွားတဲ့အတွက် မိုးမခ မီဒီယာတဖွဲ့လုံးက ၀မ်းနည်း ကြေကွဲကြောင်း မှတ်တမ်းပြုလိုက်တယ်။ မိုးမခက ၀ိုင်းတော်သားတွေအားလုံးက ၈၈ အရေးအခင်းထဲမှာ ထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း လျှောက်ခဲ့ကြဖူးသူတွေ၊ သမဂ္ဂတွေ၊ အင်န်အယ်ဒီ၊ လူ့ဘောင်သစ်၊ တပ်ဥိးတွေ စသည်တို့မှာ ဘယ်နေရာက ဖြစ်ဖြစ် လုပ်အားလေး ဘာလေး နဲနဲပါးပါး ပေးခဲ့ဖူးကြသူတွေ ဆိုတော့ အဘသခင်အုန်းမြင့်ကို မြင်ဖူး၊ တွေ့ဖူး၊ ကြားဖူး၊ ကြုံဖူးသူတွေချည်းမို့ ချစ်ခင်ကြည်ညိုသူတွေချည်းမို့ သည်လိုမျိုး ရဲရဲကြီး ပြောရဲတာာ ဖြစ်ပါတယ်။               ဆရာဦးတင်မိုးလိုပဲ အမြဲတမ်း ပြုံးနေတတ်သူဟာ အဘသခင်အုန်းမြင့် ဖြစ်ပါတယ်။ အမြဲတမ်း...

Read more »

ကမ်​လူ​ဝေး – ရှင်​သန်​မှု စစ်​စစ်​များ

ကမ်​လူ​ဝေး – ရှင်​သန်​မှု စစ်​စစ်​များ

KT#     ရှင်​သန်​မှု စစ်​စစ်​များ ကမ်​လူ​ဝေး (မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈   ဓမ္မနဲ့ အဓမ္မ အားပြိုင်​ရာ ဓမ္မက နိုင်​ရမတဲ့ ခက်​ပုံများ ခင်​ဗျား စွဲကိုင်​ထားတဲ့ ဓမ္မက  ဓမ္မ မဟုတ်​ဘူး ခင်​ဗျား ကိုးကွယ်​တဲ့ဘုရားက ဖွတ်​ထွက်​လာတဲ့​တောင်​ပို့ကြီး။ စိုက်​ခင်းကို မယုံကြည်​မှုနဲ့ ကြည့်​တယ်​ ဘာ​တွေ သီးပွင့်​လာ​လေမလဲ စိုက်​တဲ့ အတိုင်းရိတ်​သိမ်းရမတဲ့ ဖြစ်​နိုင်​ပါ့မလား မယုံကြည်​မှု​တွေသာ ပွားများလာခဲ့။ မ​ပျော်​ဘူး ရှင်​သန်​​နေမှုက မ​ပျော်​ဘူး ရှင်​သန်​နေမှုကို အဆုံးသတ်​ရင်​ ​ပျော်​ရွှင်​မှု​တွေ ဝင်​လာမလား တချို့က​တော့ ​နောင်​ဘဝမှာ ​ပျော်​ရွှင်​စရာ ရှာဖို့ ထွက်​သွားကြ။ ထမင်းဝ​အောင်​ မစားရတဲ့သူကို ဟင်း​လျော့စားခိုင်းတဲ့ အဖိုးက အ​ကောင်းစားဝီစကီပုလင်းကို ပိုက်​လို့။ ဓမ္မအတု...

Read more »

ကာတွန်း Joker ● မြန်မာဟူသည် …

ကာတွန်း Joker ● မြန်မာဟူသည် …

ကာတွန်း Joker ● မြန်မာဟူသည် … (မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈ Tags: ကာတွန်း Joker

Read more »

လင်းငယ် ● မေးခွန်းမေးခြင်း အနုပညာ

လင်းငယ် ● မေးခွန်းမေးခြင်း အနုပညာ

လင်းငယ် ● မေးခွန်းမေးခြင်း အနုပညာ (မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈ လောကမှာ မေးခွန်းတွေ မေးတတ်ဖို့လိုတယ်လို့ ဆရာက ပြောတော့ ကျနော် ကျိတ်ပြုံးနေခဲ့ဖူးသည်။ ဘာများခက်လို့လဲ မေးခွန်းတွေ မေးတာများ။ ဆရာက ရေးကြီးခွင်ကျယ် လုပ်နေသေး။ လူတွေက မနက်ခင်း အိပ်ယာက နိုးတာနဲ့ မေးခွန်းတွေနဲ့ နေကြတာပဲ။ အင်း နိုးပြီးလားလို့ တစ်ယောက်က မေးချင်မေးမည်။ ဒါမှမဟုတ် ငါအိပ်ယာ ထရတော့မလား။ မနက်စာ ဘာစားရမလဲလို့ ကိုယ့်သာသာ မေးချင်မေးမည်။ ဒါမှမဟုတ် ဘယ်နှစ်နာရီထိုးပြီလဲလို့ စိတ်ထဲက မေးရင်း နာရီကို ကမန်းကတမ်းကြည့်ချင်ကြည့်မည်။ အလုပ်၊ ကျောင်းနောက်ကျလို့ မရဘူးမို့လား။ • ရာဇဝင် မေးခွန်း မေးခွန်းတွေ မေးတတ်ဖို့ကို ဆင်းရဲဒုက္ခခံကာ အတင်းအကြပ်...

Read more »

ကာတွန်း မင်းထက်လူ ● အဘ .. ကျုပ်နင်နေပြီဗျ …

ကာတွန်း မင်းထက်လူ ● အဘ .. ကျုပ်နင်နေပြီဗျ …

 ကာတွန်း မင်းထက်လူ ● အဘ .. ကျုပ်နင်နေပြီဗျ … (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ Tags: ကာတွန်း မင်းထက်လူ

Read more »

ဂျူနီယာဝင်း – အမေရိကန်က စေတနာ့ဝန်ထမ်းများ ဘာတွေလုပ်ကြသလဲ

ဂျူနီယာဝင်း – အမေရိကန်က စေတနာ့ဝန်ထမ်းများ ဘာတွေလုပ်ကြသလဲ

      ဂျူနီယာဝင်း – အမေရိကန်က စေတနာ့ဝန်ထမ်းများ ဘာတွေလုပ်ကြသလဲ (အတွေးအမြင် ၂၀၁၇ ဒီဇင်ဘာ အမှတ် ၃၀၆) မိုးမခ၊ ဇန်န၀ါရီ ၆၊ ၂၀၁၈ ကိုယ့်အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေ ဒါမှမဟုတ်လည်း သူစိမ်းတွေအပေါ် သူတို့လိုအပ်တဲ့ အရာတွေကို ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ပေးလှူကာ ကူညီပေးနေတဲ့အလုပ်ကို ဓလေ့ထုံးစံတစ်ခုလို လုပ်ပေးလာကြတာ အမေရိကန်မှာ ဖြစ်ပါတယ်တဲ့။ အဲဒါကို စေတနာ့ဝန်ထမ်း လို့ဘာသာပြန်ရမှာပါ။ volunteer အလုပ်ဆိုပါတော့။ ဂါလ်အပ် (Gallup) ဆိုတဲ့ စေတနာ့ဝန်ထမ်းဆိုင်ရာ သုတေသန တင်ပြချက်ရလဒ်တွေကို ကြည့်ပြီးပြောရရင် စေတနာ့ဝန်ထမ်းအလုပ်များလုပ်နေခြင်းကို အမေရိကန်ပြည်သားတွေက မမောတမ်း မညီးတမ်း လုပ်နေလျက်ရှိကြပါကြောင်း ဆိုပါတယ်။ ၁၉၈၈ကနေ ၁၉၉၀ ခုနှစ်ကာလလေး ကိုပဲ ခနလောက်...

Read more »

ဇော်အောင် (မုံရွာ) – အချိန်ပေးခြင်းနဲ့ ငွေပေးခြင်း

ဇော်အောင် (မုံရွာ) – အချိန်ပေးခြင်းနဲ့ ငွေပေးခြင်း

      ဇော်အောင် (မုံရွာ) – အချိန်ပေးခြင်းနဲ့ ငွေပေးခြင်း (မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၈ တနေ့မှာ မိတ်ဆွေတစ်ယောက် အိမ်လာဖို့ ဖိတ်တော့ သွားလည်ပါတယ်။ ခရစ်စမတ်နေ့ဆိုတော့ လာသူများမှာ တတ်နိုင်သူများက လက်ဆောင်တွေ ယူလာကြတယ်။ သူတို့မသိတဲ့ အလွန်အကောင်းမွန်ဆုံး လက်ဆောင်တစ်ခုကတော့ အချိန်ပဲဖြစ်ပါတယ်။ သူတို့ကိုယ်ပိုင်အချိန်လေးတွေကို လာရောက်ပေးခြင်းပါ။ ကျွေးတာစာ၊း ပေးတာယူပြီး ပြောစကားတွေနားထောင်ခြင်က အချိန်ပေးတာပါ။မိမိနဲ့ရင်းနှီးသူများကို တွေ့ချိန်မှာ ငွေရှိရင် ဆိုင်တစ်ခုမှာ ခေါ်ကျွေးလိုက်ချင်တယ်။ သူလိုအပ်နေတဲ့ ငွေ ဒါမှမဟုတ် ပစ္စည်းကို ဝယ်ပြီး လက်ဆောင်ပေးလိုက်ချင်တယ်။ ဆေးကုသဖို့ လိုအပ်ရင်လဲ ဆေးကုပေးချင်တယ်။ ငွေပေးခြင်းက အလွယ်ကူဆုံး ဒါနပြုခြင်းခြင်းလို့ ဆိုပါတယ်။ မိမိကိုယ်ကိုယ် အလှုရှင်အဖြစ် ကျေနပ်စေပါတယ်။  ရန်ကုန် ကားကြပ်တဲ့...

Read more »

ကိုဂျေ – မြန်မာ့လွတ်လပ်ရေးနေ့နဲ့ စာရေးဆရာမောင်သော်က

ကိုဂျေ – မြန်မာ့လွတ်လပ်ရေးနေ့နဲ့ စာရေးဆရာမောင်သော်က

  မူရင်းဓာတ်ပုံ – ဆန်နီညိမ်း ကိုဂျေ – မြန်မာ့လွတ်လပ်ရေးနေ့နဲ့ စာရေးဆရာမောင်သော်က (မိုးမခ) ဇန်န၀ါရီ ၇၊ ၂၀၁၈လွတ်လပ်ရေးနေ့ရောက်တိုင်း ကိုဂျေ သတိရဆုံး တယောက်ကတော့ စာရေးဆရာ မောင်သော်က လို့ လူသိများတဲ့ ဗိုလ်မှူးဘသော် ဖြစ်ပါတယ်။ “ဘေတာ မင်းဒီနေ့ည ဘယ်သွားစရာရှိလဲ” “ဘယ်မှ သွားစရာမရှိဘူး ကျကျာကြီး” “ဒါဆို လသာ ဟောပြောပွဲကို လိုက်ခဲ့။ ပွဲကောင်းတယ်။ ကိုအောင်သင်း ပါတယ်။ ကျော်ဟိန်း ပါတယ်”လို့ ဆရာမောင်သော်ကက ပြောတယ်။ ၁၉၈၄ ခုနှစ်က ဟောပြောပွဲဆိုတော့ အခုဆိုရင် ၃၄ နှစ်ကြာခဲ့ပါပြီ။ ကျကျာကြီး အင်းစိန်ထောင်ထဲမှ ကျဆုံးခဲ့တာက ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ရက်… အခုဆိုရင် ၂၇ နှစ်ထဲ...

Read more »

စိုင်းညွှန့်လွင် ● ဘာတွေ ဖြစ်နေကြတာလဲ …

စိုင်းညွှန့်လွင် ● ဘာတွေ ဖြစ်နေကြတာလဲ …

စိုင်းညွှန့်လွင် ● ဘာတွေ ဖြစ်နေကြတာလဲ … (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၈သူ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။ ၂ဝ၁၈- ဇန်နဝါရီလ ၄- ရက် လွတ်လပ်ရေးနေ့ဆိုတော့ ထောင်ထဲမှာ နေခဲ့ရတဲ့ နေ့တွေကို ပြန်အမှတ်ရ နေမိတယ်။ အဲဒီလို နေ့ထူးနေမြတ် (အထူးသဖြင့် လွတ်လပ်ရေးနေ့) ဆိုတာ အကျဉ်းထောင်တွေထဲမှာ ရှိနေကြတဲ့ အကျဉ်းသား မှန်သမျှရဲ့ မျှော်လင့်ချက်ကြီးတွေနဲ့ နားစွင့်ခဲ့ကြရတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့တွေမှာ နိုင်ငံတော်သမ္မတကြီး တွေက လွတ်ငြိမ်းချမ်းသာခွင့် (သို့မဟုတ်) အကျဉ်းကျနေ့ရက်တွေကို လျော့ချ ပေးတဲ့ အလေ့အထ နဲ့ အစဉ်အလာတွေ ရှိခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ ထောင်ထဲမှာ အကျဉ်းသားဘဝ ရောက်ဖူးခဲ့သူတိုင်း ဒီခံစားချက်ကို သိကြပါတယ်။ ကိုယ်မလွတ်တာတောင်မှ...

Read more »

ကာတွန်း အောင်မော် ● ခေတ်သုံးခေတ်

ကာတွန်း အောင်မော် ● ခေတ်သုံးခေတ်

ကာတွန်း အောင်မော် ● ခေတ်သုံးခေတ် (မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၈ Tags: ကာတွန်း အောင်မော်

Read more »

ဘုန်းသက်ပိုင် ● ဝင်ပေါက်

ဘုန်းသက်ပိုင် ● ဝင်ပေါက်

ဘုန်းသက်ပိုင် ● ဝင်ပေါက် (မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇ ကိုယ်ပိုင်ရူးသွပ်မှုနဲ့ပဲ တံခါးဖွင့်ခဲ့ပေါ့ ပင်လယ်ဆီ။ ခြေလှမ်းတွေ တစ်ချက်ချင်းနင်းဖြတ် ဗော်လ်တဲလ်ယားရဲ့ချောက်နက်ထဲ တွေဝေစိတ်နဲ့ နစ်ဆင်းလိုက်တော့ အရာအားလုံး ပကတိ ငြိမ်သက် အိပ်မက်တွေလည်း ပန်းလိုပွင့်လို့။ အဲဒီမှာ အချိန်ကာလမဲ့ဟင်းလင်းပြင်တခုရယ် လူကြိုက်နည်းသွားတဲ့အနာဂတ်ရယ် အတူတူရှိနေကြရဲ့။ တံခါးကိုဖွင့်ခဲ့ပေါ့။ အဲဒီမှာ ကျိန်ဆိုခံထားရတဲ့ နေ့တွေ၊ အဲဒီမှာ စိန့်ဟယ်လင်နာကျွန်းရောက် နပိုလျံရဲ့ ခြောက်အိပ်မက်တွေ။ အဲဒီမှာ ရောင်းမထွက်တော့တဲ့ စိတ်ကူးတွေနဲ့ ကမာကြီးကို (အလုအယက်) မျှားနေကြတာ။ အဲဒီမှာ အထူးပြုလုပ်ချက်တွေနဲ့ ကိုယ့်ကိုယ်ကိုတပ်ဆင်နေတာကြတာ။ တံခါးကိုဖွင့်ခဲ့ပေါ့ အဆက်စပ်မဲ့ဆက်စပ်မှုတွေက အသက်ဓာတ်ကိုလှိုက်စားသွားကြ ကော်ဖီတခွက်လောက်တော့ အရသာရှိချင်သေးတဲ့ဘဝမှာ ငြင်းဆန်လောင်မြိုက်မှုတွေနဲ့ပဲ တံခါးကိုဖွင့်ခဲ့ပေါ့။ အဲဒီမှာ မှားယွင်းမှု၊ အဘိဓမ္မာနဲ့ သေခြင်းတရားရဲ့ အေးစက်စက်နှုတ်ခမ်းတစုံ။ အဲဒီမှာ...

Read more »

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၉)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၉)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၉) (မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၈ ● ဘုရားသုံးဆူ နေ့ရက်များ (၁၇) ကလိန်ကန်းစခန်းမှာနေရတော့ စံခရပူရီမြို့ကို ပိုပြီးအရောက်အပေါက်များလာတယ်။ အကြောင်းကတော့ စခန်းကနေ လှေစီးရင် ၃ နာရီလောက်ဆို မြို့ကိုရောက်ပြီ။ ကြားထဲမှာ ထိုင်းဂိတ်က စစ်ဆေးတာမျိုး မရှိဘူး၊ ပိုလွတ်လွတ်လပ်လပ် ဝင် ထွက်လို့ရတယ်။ တဖက်မှာလည်း စံခရပူရီမြို့ထဲမှာ ကျနော်တို့ ထောက်ပံ့ရေးရုံးအတွက် သွပ်မိုးသွပ်ကာ အိမ်ကလေး တလုံးကိုလည်း ငှားထားတယ်။ နောက်ပြီး ရေကန်ကြီးထဲမှာလည်း ပင်လယ်ပြင်စစ်ဆင်ရေးဆိုပြီး ဖောင်အိမ်တလုံး ဝယ်ထားသေးတယ်။ စခန်းအတွက် စက်လှေငယ်တစင်းလည်း ရှိတယ်။ စံခပူရီမြို့က သေးသေးပါ။ တောင်နှမောင်းတွေပေါ်မှာ လက်ချောင်းတွေ ဖြန့်ကားထားသလို တည်ထားတဲ့မြို့၊ မြို့နဲ့...

Read more »

ကာတွန်း ဘီရုမာ – ပေးဆပ်ခြင်းဖြင့် ရယူပါ

ကာတွန်း ဘီရုမာ – ပေးဆပ်ခြင်းဖြင့် ရယူပါ

  ကာတွန်း ဘီရုမာ – ပေးဆပ်ခြင်းဖြင့် ရယူပါ (မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၈ No tags for this post.

Read more »

ရိုးတံ (ပုလဲနယ်) ● ကုန်လွန်နာရီများ

ရိုးတံ (ပုလဲနယ်) ● ကုန်လွန်နာရီများ

ရိုးတံ (ပုလဲနယ်) ● ကုန်လွန်နာရီများ (မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇ (၁) အချိန်ကို လူတွေခဏချင်းဝါးလို့ အမှားမရှိ သက်သေရှိတယ် ပြယ်ပျောက်တဲ့အရောင်ရွေးထားတယ် စနစ်တစ်ခုလုံး ကိုယ့်မျက်လုံးကို ကိုယ်ပြန်ကြည့်တော့ လူကြိုက်နည်းတယ်… (၂) သံပတ်တွေပြန်ရစ်ကြည့်ကြ သစ္စာတရားက အမှန်တရားပေါ်မှာရှိတယ်ပြောတာပဲ ငါ့ကိုယ်ပေါ်မှာလည်း မတွေ့ရ သူ့ကိုယ်ပေါ်လည်း မတွေ့ရ ဘုရားနဲ့ နီးနီးလေး ဝေးတယ်… (၃) လက်တံပေါ် တစ်ကမ္ဘာလုံး တွဲခိုထားလျက် အိပ်မက်ချင်းကွာတယ် ဒီနေရာ ညတာပိုရှည်လို့များလား အလင်းဟာ လူပြောများသလောက် ရှာရတာခက်တယ်ဆိုတာ ပျောက်လို့မှမဟုတ်ဘဲ ဖျောက်ထားတာပဲ ဖြစ်မယ်… (၄) နာကျင်တိုင်း ရယ်စရာတွေ ပြောတတ်ကြ ရှိစုမဲ့စုလေးတွေ သံသရာကြွေး ခွဲဝေယူကြ ဘာသာဗေဒနဲ့ပညာမကွဲဘူး ဘွဲ့တွေ လွန်လာတယ် ပြင်စရာရှိတာ ဖာထေးလို့...

Read more »

ကာတွန်း kzzh ● အသင်းဝင်ချင်လို့ပါ …

ကာတွန်း kzzh ● အသင်းဝင်ချင်လို့ပါ …

ကာတွန်း kzzh ● အသင်းဝင်ချင်လို့ပါ … (မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၈ Tags: ကာတွန်း - KZZH

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်