ကာတွန်း ATH ● ငလျင်လှုပ်လျှင် လုပ်ဆောင်ရမည့်အချက်များ

ကာတွန်း ATH  ● ငလျင်လှုပ်လျှင် လုပ်ဆောင်ရမည့်အချက်များ

ကာတွန်း ATH  ● ငလျင်လှုပ်လျှင် လုပ်ဆောင်ရမည့်အချက်များ (မိုးမခ) မတ် ၁၃၊ ၂၀၁၇ No tags for this post.

Read more »

မြေ (စက်မှု) – ဥဒါန်းမကြေည

မြေ (စက်မှု) – ဥဒါန်းမကြေည

    မြေ (စက်မှု) – ဥဒါန်းမကြေည   (မတ်လ ၁၃၊ ၁၉၈၉၊ စက်မှုအားမာန်စာစောင်၊ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂ) မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့၊ ဖုန်းမော်နေ့ – နှစ်ပတ်လည်  ၂၈ နှစ်မြောက်အဖြစ် ပြန်လည် ဖော်ပြသည်   (၁) ညပေါင်းများစွာ ကဗျာ ဖြစ်ခဲ့ ခုညတော့ မတူဘူးလေ။ (၂) ကောင်းကင်မှာလေ နီရဲကြယ်တွေ ဆူပွက်နေကြ တခိျု့ကြွေကျ တခိျု့ကြေမွ ရက်စက်လှစွာ ဒါ … … တကယ်ဖြစ်ခဲ့တယ်။ မတ် ၁၃ ရက်နေ့ည ထာဝရရှင်သန်ဖို့ သွေးစက်တို့နဲ့ စုတ်ချက်တင် ကျောင်းရင်ပြင်မှာ သမိုင်းခြေရာချန်ခဲ့ ဒါ … … တကယ်ဖြစ်ခဲ့တယ်။ ရဲဘော် ဖုန်းမော် ရဲဘော်...

Read more »

ကာတွန်း စောငို – မရိုးနိုင်တဲ့ ပြန်လည်ဆန်းသစ် ကာတွန်းများ

ကာတွန်း စောငို – မရိုးနိုင်တဲ့ ပြန်လည်ဆန်းသစ် ကာတွန်းများ

  ကာတွန်း စောငို – မရိုးနိုင်တဲ့ ပြန်လည်ဆန်းသစ် ကာတွန်းများ (မိုးမခ) မတ် ၁၃၊ ၂၀၁၇ (စောငိုကာတွန်းတွေ ပြန်လည်ဆန်းသစ်လိုက်ပါတယ်) No tags for this post.

Read more »

မန္တလေးက ဟိန္ဒူပွဲတော် မြင်ကွင်း (ချမ်းမြ)

မန္တလေးက ဟိန္ဒူပွဲတော် မြင်ကွင်း (ချမ်းမြ)

 မန္တလေးက ဟိန္ဒူပွဲတော် မြင်ကွင်း (ချမ်းမြ) (မိုးမခ၊ မတ် ၁၃၊ ၂၀၁၇) မတ်လ ၁၂၊ ၂၀၁၇ – ညနေ ၃ နာရီအချိန်က မန္တလေးမြို့ ဧရာဝတီမြစ် ဂေါဝိန်ဆိပ်ကန်းတွင် ဟိန္ဒူဘာသာဝင် တို့ ရေချိုး ၊ အပ်ထိုး ပွဲကျင်းပနေသည်ကို တွေ့မြင်ရစဉ်။                             သတင်းဓာတ်ပုံ – ချမ်းမြ Tags: ချမ်းမြ

Read more »

မေဇော် – ဒီလမ်းမကြီး

မေဇော်  – ဒီလမ်းမကြီး

မေဇော်  – ဒီလမ်းမကြီး (မိုးမခ) မတ် ၁၂၊ ၂၀၁၇ မေ့လျော့ပျောက်ကွယ်သွားခဲ့ကြရပြီဖြစ်ခဲ့ရသောအကြောင်းများ ၂၀၀၇ ၏ မေတ္တာသုတ်ရွတ်ဖတ်သံများ၊ သွေးစက်များဘဝများ လေလွင့်သွားခဲ့ကြသော ရော်ရွက်များ၊ တန်ဆောင်မုန်းလပြည့်ည၏ မီးပေါင်းခအလင်းတန်းများ သစ်ခုတ်သမားများသစ်ပင်များရော်ရွက်ဝါများ လမ်းမများ အဖြူအစိမ်းများ သွေးစက်များရော်ရွက်ဝါများ ကိုယ်တော်မှိုင်းများသခင်အောင်ဆန်းများ လက်သီးဆုပ်များ မျက်ရည်ဝဲနေခဲ့ကြရသည့်မျက်လုံးများ တောက်ခေါက်အံကြိတ်သံများ ရော်ရွက်ဝါများ လုံထိန်းများ အင်ယားကန်များ ရော်ရွက်ဝါများ တံတားအဖြူအနီများ လမ်းမများ သံတိုင်များ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးများ ရွှေတိဂုံအနောက်ဘက်မုဒ်များ ရင်ပြင်တော်များ ရော်ရွက်ဝါများ သွေးစွန်းနေသည့်လမ်းမများ ပိတ်ဆို့ထားကြသည့်လမ်းမများ သံဆူးကြိုးများအကာအရံများ ရော်ရွက်ဝါများ လက်ခုပ်သံများ မျက်ရည်စက်များ မျှော်လင့်ခြင်းများ ယုံကြည်ရာများကြောက်ရွံ့ခြင်းများ ရော်ရွက်ဝါများ မျှော်လင့်ခြင်းများရော်ရွက်ဝါများ အားကိုးရာများ ပခုံးများ လက်များဘဝများ အိပ်မက်များ ရော်ရွက်ဝါများ။ မာန်မာနများ တိမ်များ စိတ်ကူးအိပ်မက်များ...

Read more »

ကိုအောင်မှိုင်း – “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း)

ကိုအောင်မှိုင်း –  “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း)

ကိုအောင်မှိုင်း –  “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း) (မိုးမခ) မတ် ၁၂၊ ၂၀၁၇ (စကားချီး။ ။ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆ ခု မိုးမခမဂ္ဂဇင်းမှာရေးခဲ့တဲ့ ကိုအောင်မှိုင်း “ထွက်ပေါက်”ကိုဆန်းစစ်ခြင်း ဆောင်းပါးကို တိုင်းပြည်ရဲ့ ကနေ့လိုအပ်ချက်နဲ့အညီ ဒုတိယပိုင်းအဖြစ် ဆက်လက်ရေးသားလိုက်ရပါတယ်။မြန်မာနိုင်ငံ သူနိုင်ငံသားတိုင်းအပေါင်း “ထွက်ပေါက်”ကို ဆန်းစစ်နိုင်ကြပါလေကုန်။) ကနေ့မြန်မာ့နိုင်ငံရေးကို သောင်မတင်ရေမကျအခြေအနေလို့ပြောရမလား၊ ဟိုမရောက် ဒီမရောက် အခြေအနေလို့ပြော ရမလား၊ ရှေ့မတိုးနောက်မဆုတ် အခြေအနေလို့ပြောရမလား၊ သေချာတာကတော့ အီလည်လည်ကြီးဖြစ်နေတာ လူတိုင်း အသိဖြစ်ပါတယ်။ မြန်မာနိုင်ငံတနိုင်ငံလုံး မွန်းကျပ်လှောင်ပိတ်ပြီး အသက်ရှုမ၀တဲ့ အခြေအနေလို့ပြောရင် မှားမယ်မထင် ပါ။ ကျနော်တို့ ဒီအခြေအနေက လွတ်မြောက်အောင်“ထွက်ပေါက်”ရှာကြရပါမယ်။ “ထွက်ပေါက်”ပိတ်နေရင်လဲ ဆရာကြီး ဦးဝင်းတင်ရဲ့ စကားအတိုင်း “ဖေါက်ထွက်”ဘို့ ကြိုးစားကြရမယ်လို့ထင်ပါတယ်။ NCA...

Read more »

ကာတွန်း ဂျော်ဒီး – ၂၀၀၈ ကွက်ပျောက်များ

ကာတွန်း ဂျော်ဒီး – ၂၀၀၈ ကွက်ပျောက်များ

  ကာတွန်း ဂျော်ဒီး – ၂၀၀၈ ကွက်ပျောက်များ (မိုးမခ) မတ် ၁၂၊ ၂၀၁၇ No tags for this post.

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၅)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၅)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၅) (မိုးမခ) မတ် ၁၂၊ ၂၀၁၇ ● ရဲဘော်ထွန်း မိမိတို့နှစ်ယောက် မန်းရှိုးတွင် သုံးလေးရက်ခန့် ကြာပါသည်။ ကြာရသည့်အကြောင်းမှာ မိမိအားခေါ်လာပေးပေးသူ ကို ရန်နိုင်မှာ မန္တလေးမြေအောက်ခေါင်းဆောင်တဦးဖြစ်ရာ မြေအောက်လုပ်ငန်းနှင့်ပတ်သက်၍ ပါတီဗဟိုကို အစီရင်ခံရန်နှင့် ပါတီဗဟို၏ ညွှန်ကြားချက်များကိုလက်ခံရန်အတွက် ပါတီဗဟိုမှ မြေအောက်တာဝန်ခံအလာကို စောင့်ဆိုင်းနေရခြင်းဖြစ် သည်။ မိမိနှင့်မဆိုင်သော်လည်း အတူပါလာသူဖြစ်၍ မိမိပါစောင့်ဆိုင်းနေရခြင်းဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ဖွဲ့စည်းပုံအရ ပါတီကွန်ဂရက်သည် အမြင့်ဆုံးဖြစ်သည်။ ပါတီကွန်ဂရက်တခုနှင့်တခု ကွန်ဂရက် က တင်မြှောက်လိုက်သည့် ဗဟိုကော်မတီက တာဝန်ယူခေါင်းဆောင်ပါသည်။ CPB အနေနှင့် စစ်ရေးအခြေအနေကြောင့် ဒုတိယအကြိမ် ကွန်ဂရက်ပြီးကထဲက ပါတီကွန်ဂရက်မကျင်းပနိုင်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပါတီဥက္ကဌနှစ်ဦးလည်းကျ ဆုံးထားသည့်အခြေအနေတွင် တဗိုလ်ကျ တဗိုလ်တက်စနစ်ဖြင့်...

Read more »

တင်မိုး – “အကျဉ်းထောင်က အလင်းရောင်”

တင်မိုး – “အကျဉ်းထောင်က အလင်းရောင်”

တင်မိုး – “အကျဉ်းထောင်က အလင်းရောင်” (မိုးမခ) မတ် ၁၂၊ ၂၀၁၇ ထောင်စခန်းဆိုတာ အမှောင်လမ်းပါပဲ ဒါပေမဲ့ – အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့ တာရှည် စံမြန်းရာ။ သစ္စာမဖောက် ဒူးမထောက် မကြောက်မရွံ့ သူတွေရဲ့ နိဗ္ဗာန်ဘုံမို့ တိရစ္ဆာန်ရုံ မဟုတ်ပါ။ အရိုင်းဆုံးထဲက လူယဉ်ကျေး အရဲဆုံး သွေး မို့ အရေးတော်ပုံရဲ့  သူရဲကောင်း အရောင်မပြောင်းတတ်သူပါ။ မြန်မာ့ စာနယ်ဇင်းလောကမှာ အတောက်ပဆုံး ကလောင်ဘုရင် ဟံသာဝတီ ဦးဝင်းတင် တဲ့ ဂန္ထ၀င်မြောက် စံတင်လောက်အောင် ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော် ခေတ်သစ်ရဲ့  မင်းမဟော်လို့ ပူဇော်ထိုက်သူ အမှန်ပါ။ ပြည်သူကို သူက ချစ် သူ့ကိုလဲ ပြည်သူက ချစ်...

Read more »

အာဏာရှင်ရဲ့ လမ်းခုလတ်မဟုတ်ဘူး၊ ဒီမိုကရေစီသို့ လမ်းခွဲ (ဦးဝင်းတင်နဲ့ မိုးမခအင်တာဗျူး)

အာဏာရှင်ရဲ့ လမ်းခုလတ်မဟုတ်ဘူး၊ ဒီမိုကရေစီသို့ လမ်းခွဲ (ဦးဝင်းတင်နဲ့ မိုးမခအင်တာဗျူး)

  အာဏာရှင်ရဲ့ လမ်းခုလတ်မဟုတ်ဘူး၊ ဒီမိုကရေစီသို့ လမ်းခွဲ (ဦးဝင်းတင်နဲ့ မိုးမခအင်တာဗျူး) မိုးမခ ပြန်လည်ဆန်းသစ်ခြင်း၊ (ဦးဝင်းတင် (၁၉၃၀-၂၀၁၄) ကဏ္ဍ) ကွယ်လွန်ခြင်း ၃ နှစ်ပြည့် (ဓာတ်ပုံ – ၂၀၁၄ ဧပြီ ၂၂၊ ဦးဝင်းတင်ဈာပနအကြို ဂါရ၀ပြုအခမ်းအနား၊ ယုဒသန်ရိပ်သာ၊ ရန်ကုန်တွင် ချိတ်ဆွဲထားသည့် ပိုစတာ) (လမ်းခုလတ် ၂၀၁၃ ) – ဟံသာဝတီဦးဝင်းတင်နဲ့ စကားလက်ဆုံ မိုးမခ၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၃ နိုဝင်ဘာ ၁၉ ရက်နေ့၊ ရန်ကုန်မြို့၊ ကျောက်ကုန်းက နေအိမ်မှာ ဆရာဦးဝင်းတင်နဲ့ မိုးမခ၀ိုင်းတော်သားတွေ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆုံတွေ့ခွင့်ရခဲ့တယ်။ ဆရာဦးဝင်းတင်ရဲ့ အင်တာဗျုးတွေ၊ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ကြတဲ့ဆီမှာ ဦးဝင်းတင် အကျဉ်းထောင်က လွတ်မြောက်ချိန်ကစပြီး...

Read more »

ကာတွန်း ဆလိုင်းစွမ်းပီ ● အစိုးရပြောင်းပေမယ့် …

ကာတွန်း ဆလိုင်းစွမ်းပီ ● အစိုးရပြောင်းပေမယ့် …

ကာတွန်း ဆလိုင်းစွမ်းပီ ● အစိုးရပြောင်းပေမယ့် … (မိုးမခ) မတ် ၁၁၊ ၂၀၁၇ No tags for this post.

Read more »

တူမောင်ညို ● အဆက်မပြတ် မှိုင်းတိုက် အဆိပ်ခပ် အကြမ်းဖက်လုပ်ကြံနေကြသူများအကြောင်း

တူမောင်ညို ● အဆက်မပြတ် မှိုင်းတိုက် အဆိပ်ခပ် အကြမ်းဖက်လုပ်ကြံနေကြသူများအကြောင်း

တူမောင်ညို ● အဆက်မပြတ် မှိုင်းတိုက် အဆိပ်ခပ် အကြမ်းဖက်လုပ်ကြံနေကြသူများအကြောင်း (မိုးမခ) မတ်လ ၁၁၊ ၂၀၁၇ “မီးစတဖက် – ရေမှုတ်တဖက်” ဆိုတဲ့ စကားရှိပါတယ်။ ဒီကနေ့ ထိုစကားသုံး၍မဖြစ် “မီးစတဖက် – ဓာတ်ဆီတဖက်” လို့ ပြောင်း၍သုံးမှသာ လက်တွေ့အခြေအနေတွေနဲ့ ကိုက်ညီပါလိမ့်မယ်။ တကယ်တော့ စစ်အုပ်စုက တဖက်မှာ မီးစနဲ့တူတဲ့ “အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်၊ ဇေယျဖြိုး၊ ကြည်လင်း” တို့ကို ကိုင် ထားပြီး၊ အခြားတဖက်မှာတော့ ဓာတ်ဆီသဖွယ် အသုံးတော်ခံနေတဲ့ “ဝီရသူ – ဝိမလ”  တို့လို သင်္ကန်းခြုံများကို ကိုင်ထားပြီး တိုင်းပြည် ကို မီးလောင်တိုက်သွင်းနေကြခြင်းဖြစ်ပါတယ်။ မီးစပဲဖြစ်ဖြစ်၊ ဓာတ်ဆီပဲဖြစ်ဖြစ် ထိုသူများမှာ ကိုင်းဖျားကိုင်းနား များသာဖြစ်ပါတယ်။ သူတို့ နောက်ကွယ်တွင်...

Read more »

မောင်မောင်ငြိမ်းအေး ● မြေဖြူကလေးအတွက်တေး

မောင်မောင်ငြိမ်းအေး ● မြေဖြူကလေးအတွက်တေး

 မောင်မောင်ငြိမ်းအေး ● မြေဖြူကလေးအတွက်တေး (မိုးမခ) မတ် ၁၁၊ ၂၁၀၇ ငယ်ငယ်ကလေး သုံးဆယ်တောင်မပြည့်သေး သွေးတွေ ခေါင်းမှာ။ စွန့်ပစ်မြေစာပုံနံဘေးမှာ သူ့ခန္ဓာ ငြိမ်သက်စွာ လဲလျောင်း ပန်းပေါင်းစုံက ဦးညွှတ်လို့ပါ။ သူ ဘာတွေစိုက်ပျိုးခဲ့လို့ အခုလိုကျည်ဆံတွေရိတ်သိမ်းခဲ့ရရှာတာလဲ ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရမယ်ဆိုတာ ဒီနေရာမှာတော့ ရယ်စရာ။ သူ အနာဂတ်ကို စိုက်ပျိုးခဲ့တာပါ အနာဂတ်ကို ပေါင်းသင်ခဲ့တာပါ အနာဂတ်ကို ရေလောင်းခဲ့တာပါ။ ဒီအနာဂတ်ရှင်သန်လာရင် ဒီ အနာဂတ် ပွင့်လန်းလာရင် ဒီ အနာဂတ် မွှေးမြလာရင် တိုင်းပြည်လှပလာမယ် လူမျိုးတွေ အေးချမ်းလာမယ် တိုင်းပြည်နဲ့လူမျိုး ငြိမ်းချမ်းဖွံ့ဖြိုးရေးတေး ဟစ်ကြွေးသီဆိုနိုင်ပေလိမ့်မယ်။ မြေဖြူတတောင့်ဟာ အိမ်ရာထောင်သောင်း တည်ဆောက်နိုင်စေတယ် လူထုကျန်းမာရေး စိတ်အေးချမ်းနိုင်စေတယ် စီးပွားရေးသမားတွေကိုလည်း မွေးထုတ်ကြီးပြင်းနိုင်စေတယ် ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်စေတယ် မျက်လုံးမဲ့...

Read more »

သျှင်မျိုးငယ် – နှုတ်ပိတ်ခ

သျှင်မျိုးငယ် – နှုတ်ပိတ်ခ

သျှင်မျိုးငယ် – နှုတ်ပိတ်ခ (မိုးမခ) မတ် ၁၁၊ ၂၀၁၇ လက်လွန်သွားတဲ့သတင်းစာတစ်စောင်ရဲ့နောက်ကျောမှာ ချောင်းမြောင်းလုပ်ကြံမယ့်ပစ္စတိုတစ်လက်ရှိနေတယ် ဆိုပါစို့ လက်ညှိုးကလေးကွေးလိုက်တာနဲ့ မျက်နှာသစ်စရာမလိုတော့တဲ့အကြောင်းဟာ ခေတ်စားလာတယ် နောက်ကွယ်ကနေ ကြိုးကိုင်နေတာဘယ်သူလဲ နောက်ကွယ်က လက်မဲကြီးက ဘယ်သူလဲ လေသူရဲကောင်းတွေက လေနဲ့ပစ်ဖမ်းနေကြမှာပေါ့ လေကောင်းလေသန့်ဆိုတာလည်း သန့်စင်ပြီးမှ ကျင်ယူရတာမျိုးလေ ကြိုးကိုင်နေတယ်လို့ ထင်သလား ထင်ပေါ့ ထင်ခွင့်ရှိတာပဲ ကြိုးကိုင်နေတဲ့လူက ကြိုးကို ဆက်ကိုင်ထားတုန်းပဲလား ကြိုးကို လွှတ်ထားလိုက်ပြီလား လိုက်ကြည့်ပေါ့ တွေ့တဲ့ကြိုးစကလေးအတိုင်းသာ လိုက်သွား မီးခိုးကြွက်လျှောက်သဘောမျိုးနဲ့ပေါ့ လမ်းဆုံးရင် ရွာတွေ့သလို ကြိုးဆုံးရင် ကြိုးကွင်းတစ်ကွင်းတော့ တွေ့မှာပဲလေ လည်ပင်းကို အသင့်ပြင်ထားပြီး တိုးဝင်လိုက်ရုံပဲ လူဆိုးခေါင်းဆောင်ဟာ သေနတ်တစ်လက်ကို ခါးမှာချိတ်ပြီး အဖြစ်အပျက်တွေကို ခါးထောက်ကြည့်ရင်း ဟားတိုက်ရယ်မောနေတယ်ဆိုတဲ့သတင်းကို ဖုံးကွယ်ထားတယ် နှုတ်ပိတ်ခဟာ တန်ဖိုးကြီးလွန်းတယ် မထင်ဘူးလား။...

Read more »

ကာတွန်း ကိုခေတ် ● ပြောင်းလဲသွားပြီဆို …

ကာတွန်း ကိုခေတ် ● ပြောင်းလဲသွားပြီဆို …

ကာတွန်း ကိုခေတ် ● ပြောင်းလဲသွားပြီဆို … (မိုးမခ) မတ် ၁၁၊ ၂၀၁၇ Tags: ကာတွန်း ကိုခေတ်

Read more »

မင်းကိုနိုင် ● ဖြုံဘူး … အားပြိုင်ပွဲ

မင်းကိုနိုင် ● ဖြုံဘူး … အားပြိုင်ပွဲ

မင်းကိုနိုင် ● ဖြုံဘူး … အားပြိုင်ပွဲ (မိုးမခ) မတ် ၁၁၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ ဆရာမ ခင်ခင်​ထူးက သူ၏အမျိုးများနှင့် နှစ်ကြိမ်မိတ်ဆက်ပေးဖူးသည်။ “အညာသူ အညာသား ကျွန်မ ဆွေမျိုးများ” ဆို သည့်စာအုပ်တွင် ပထမအကြိမ် မိတ်ဆက်ခြင်း။ ထိုစဉ်ကပင် သူ့အမျိုးရွာများကို ကျွန်တော်က ရင်းနှီးနှင့်ပြီ။ အပြင်တွင် ထပ်မိတ်ဆက်သော် ကျွန်တော့်အတွက် မျက်နှာမစိမ်းသည့် ရွာများဖြစ်နေပြီ။ ၂၀၁၃ ခုနှစ်ခန့်က ဖြစ်မည်။ သူခေါ်သွားသည့် အမျိုးရွာမှာ တည်နေရာကော နာမည်ပါ ထူးပါဘိ။ ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြားမှ ကျွန်း။ သင်္ချိုင်းမြေ မရှိ၍ လှေနှင့်ပင် ရေထဲ ဈာပနချရသည့် ရွာကလေး။ အမည်ကလည်း “ဖြုံဘူး” ဆိုပဲ။ ရုတ်တရက်ဆိုလျှင်တော့...

Read more »

ကမ်လူဝေး ● အမှိုက်

ကမ်လူဝေး ● အမှိုက်

ကမ်လူဝေး ● အမှိုက် (မိုးမခ) မတ် ၁၁၊ ၂၀၁၇ အိမ်ရှေ့က လမ်းမပေါ်မှာ တွေ့လိုက်ရတဲ့ ဘီယာဘူးခွံ အလွတ်ဟာ အမှိုက်တခုဖြစ်တယ် ဗူးခွံကောက်တဲ့ကလေးတွေ ကောက်မသွားသေးတဲ့ အမှိုက်တခုဖြစ်တယ် အိမ်ဘေးက ဘီယာဆိုင်ရဲ့ ဘေးထွက်ပစ္စည်းဖြစ်တယ်။ အိမ်နောက် လမ်းကြားက ကလေးတွေ ကောက်လာတဲ့ အကောင်းစား ရာဘာဗူပေါင်းဟာ အမှိုက်တခု ဖြစ်တယ် ကွန်ဒွန်းအဟောင်းတခုဖြစ်တယ် လမ်းကြားဘေးက အိမ်တအိမ်မှာ သန္ဓေတားခဲ့တယ် ကူးဆက်ရောဂါကို တားဖို့ကြိုးစားခဲ့တယ် ဒါမှမဟုတ် သံဝါသပြုခြင်းရဲ့ ဘေးထွက်ပစ္စည်းဖြစ်တယ်။ လူကြီးကားပေါ်က နိုင်ငံခြား အရက်ပုလင်းများဟာ အမှိုက်တွေဖြစ်တယ် အရက်ဆိုင်ရဲ့ကောင်တာပေါ် ပြန်ရောက်မည့် အမှိုက်တွေဖြစ်တယ် ကိုယ့်လိုအင်ပြည့်ဖို့ ပစ်ချခဲ့တဲ့ အမှိုက်တွေဖြစ်တယ် လူကြီးတယောက်ရဲ့ ဘေးထွက်ပစ္စည်းဖြစ်တယ်။ အဲဒီလူကြီးကလည်း ကလေးတွေ ကောက်မသွားသေးတဲ့အမှိုက်ဖြစ်တယ် သံဝါသပြုခြင်းရဲ့ ဘေးထွက်ပစ္စည်းဖြစ်တယ် ကောင်တာပေါ်...

Read more »

မောင်မောင်စိုး – ကိုးကန့်စစ်မြေပြင်

မောင်မောင်စိုး – ကိုးကန့်စစ်မြေပြင်

မောင်မောင်စိုး – ကိုးကန့်စစ်မြေပြင် (မိုးမခ) မတ် ၁၁၊ ၂၀၁၇ ၂၀၁၇ ခုနှစ် ဇန္နဝါရီလ အစောပိုင်းကထဲက စခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲများဟာ တစတစပို၍ ပြင်းထန်လာသည်ဟုဆိုရမည်။ အရပ်ရပ် သတင်းများအရ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA ) ဟာ လက်ရှိ အချိန်မှာ မော်ထိုက်၏အရှေ့ဘက် ဟုန်အိုင် ( ဟုန်ဟိုင်) ဒေသ တောင်ကြော များမှာ အခြေပြု ထားသည်ဟု ယူဆရပါသည်။ ထို့ပြင် ဟုန်အိုင်၏တောင်ဖက် ကိုးကန့်ဒေသအခေါ် ပယ်ရီဟော်ဒေသတွင်လည်း ကိုးကန့်တပ်ဖွဲ့များ အခြေချ တပ်စွဲထားခဲ့ပုံရသည်။ ၂၀၁၇ ဇန္နဝါရီလမှစ၍ ဖြစ်ပွါးသည့် တိုက်ပွဲများမှာ ပယ်ရီဟော်ဒေသတွင်ဖြစ်ပြီး တပ်မ တော်မှ ထုတ်ပြန်သည့်ကြေညာချက်များတွင် ပါရှိသည့် ပွို င့် ၂၁၄၅ တောင်ကြောဖြစ်သည်။...

Read more »

ကာတွန်း မိုးသွင် – လက်မည်းကြီးကို တွေ့ဘီ

ကာတွန်း မိုးသွင် – လက်မည်းကြီးကို တွေ့ဘီ

ကာတွန်း မိုးသွင် – လက်မည်းကြီးကို တွေ့ဘီ (မိုးမခ) မတ် ၁၁၊ ၂၀၁၇ Tags: ကာတွန်း မိုးသွင်

Read more »

ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊

ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊

ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊  မောင်အောင်မွန်ဝတ္ထုတိုလည်း ၆၁ နှစ် ပြည့် ကျနော်တွေးမိသလို ရေးပါမည် (၂၂၉) (မိုးမခ) မတ် ၁၁၊ ၂၀၁၇ (၁) ခေါင်းငုံ့ထားရာကနေ မ၀ံ့မရဲမဆိုစလောက်မေ့ကြည့်လိုက်သည့် မျက်လုံးရွှန်းပပနှင့် ဟုတ်ကဲ့ရှင့် ဟူသော စကားသုံးလုံး ရင်တွင်းအောင်းနေ၏။ အိပ်ချိန်-စားချိန်–စာသင်ခန်းထဲ- သည်မျက်လုံးနှင့် သည်စကားလုံး လွှမ်းခြုံထားလေပြီ။ ပန်းချီဆွဲတတ်ဖို့မလို မျက်စိဖွင့်ထားထား ပိတ်ထား အကောင်းဆုံး ပန်းချီကား။ သီချင်စပ်ဖို့မလို ဟုတ်ကဲ့ရှင်က အကောင်းဆုံး ဂီတသံလေ။ ရင်တွင်းက ထွက်ပြေးသွားမှလည်း စိုးရိမ်မိ၊ သူကလေးကိုလည်း သိစေချင်၏။ သည်လိုနှင့်ပင် စာရေးဆရာ တယောက်မွေးဖွား ၀တ္ထုတို တပုဒ်ဖန်တီး ( A writer is born and a...

Read more »

နရီမင်း ● မူးနေရင် အေးဆေးနေ

နရီမင်း ● မူးနေရင် အေးဆေးနေ

နရီမင်း ● မူးနေရင် အေးဆေးနေ (မိုးမခ) မတ် ၁၀၊ ၂၀၁၇ စားသောက်ဆိုင်မှာ အသားတုံးတွေက သေးသေးသွားပြီး လေလုံးတွေ ထွားလာတယ်။ ဘီယာခွက်ရဲ့ သုံးပုံတပုံက အမြှုပ်တွေနဲ့ “ခင်ဗျား အခုလို အေးအေးလူလူ ဘီယာသောက်နေချိန်မှာ ငတ်တဲ့လူတွေက ငတ်ကုန်ပြီ” တဲ့ … ဒီကောင် ခွက်ကို အရင်မမော့ဘဲ စကားအရင်ပြောတယ်။ အေးဆေးနေစမ်းပါ လက်ဝဲဝါဒဆိုတာ ဘီယာနဲ့ မြည်းလို့ကောင်းတာ မဟုတ်ဘူး။ ချိစ်တပွဲပေးကွာ။ တတိယကမ္ဘာက တောသားတွေ ချိစ်ကို သကြားဖြူးရတယ် ဘယ်သူပြောလဲ။ လက်ဝဲဖြစ်ဖြစ် လက်ယာဖြစ်ဖြစ် လာသာလာခဲ့ကွာ သကြားတွေဘာတွေ ဖြူးမနေပါနဲ့။ ဘူဇွာဆိုလည်း ဘူဇွာပီပီသသနေစမ်းပါ။ ဘယ်အရာမှ အစစ်မရတာ မင်းတို့ တတိယကမ္ဘာရဲ့ပြဿနာပဲ။ အပိုတန်ဖိုးထုတ်လုပ်မှုဆိုပြီး ဆိုရှယ်လစ်ဘောဂဗေဒနဲ့ အရင်းရှင်ဝါဒကို ဝေဖန်သူက...

Read more »

အရှင်ဇဝန ● ကျေးဇူးတင်ပါတယ်

အရှင်ဇဝန ● ကျေးဇူးတင်ပါတယ်

အရှင်ဇဝန ● ကျေးဇူးတင်ပါတယ် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ကျေးဇူးစကားကိုကြားရတိုင်း မြန်မာလူမျိုးတွေနှင့် ကျေးဇူးစကား ကျေးဇူးတရား၏ အနီးအဝေးကို ပုံဖော်ကြည့်မိသည်။ ကျေးဇူး နှင့်ပတ်သက်တာတွေကို တသီးတတန်းတွေးရင်း ထိတွေ့မိသော ကျေးဇူးမြင်ကွင်းကို ဖြန့်ခင်းကြည့်လိုက်သည်။ လူမျိုးတိုင်းတွင် ကျေးဇူးစကားရှိသည်။ ထိုအထဲ ဂျပန်ကိုရောက်တုန်းက ဂျပန်လူမျိုးတွေ၏ ကျေးဇူးတင်စကားနှင့် ကျေးဇူး တင်ဟန်ကို တငေးတမောဖြစ်ခဲ့ရသည်။ သူတို့ ကျေးဇူး မြင်ကွင်းကြောင့် ရင်ထဲထိ  ကြည်နူးရသည် ။ သာမန် ဝတ်ကျေတန်း ကျေ လောကဝတ်အမှုထက်ပိုသော ကာယကံအမူအရာကြောင့်ဟုဆိုရမည်။ ကျေးဇူးတင်စကားကိုဆိုကြသော လူမျိုးတွေ ကို တော်တော်များများတွေ့ဘူးသည်။  ဂျပန်လူမျိုးတို့၏ ကျေးဇူးတင်စကားပြောပုံက ခါးကိုညွှတ်လိုက်သည်။ ဦးခေါင်းနှင့် ဒူးထိမတတ်။ သူတို့ပြောသော အာရိဂတ်တော စကားသံနှင့် ဟန်အမူအရာက မြင်ရသူတိုင်း စိတ်ထဲတသသ။...

Read more »

ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်

ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်

ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ၂၀၁၇ ခုနှစ်ဟာ မြန်မာ့တပ်မတော်ကို တရားဝင် ပြုပြင်ပြောင်းလဲနေတာ ၅ နှစ် သမတဦးသိန်းစိန်အပြီး ဒေါ်အောင်ဆန်းစု ကြည် ၁ နှစ်ပြည့်အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်မှာ စစ်ဗိုလ်များက တိုင်းပြည်အုပ်ချုပ်လို့ နိမ့်ကျ ရှက်ဖွယ်ဖြစ်သွားရတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာ ၅ သန်းလောက် အလုပ်သွားလုပ်ရတယ်၊ တရုတ်ပြည် ကြွယ်ဝချမ်းသာလာပြီး အိမ်နီးချင်း ယူနန်ပြည်နယ်ကတဆင့် မြန်မာနိုင်ငံကို တရုတ်တွေချယ်လှယ်လာတော့ ပြုပြင်ပြောင်း လဲမှု မဖြစ်မနေ ဖြစ်လာရပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်လည်း နိုင်ငံတော်အာဏာကို စွန့်ခွာရတယ်။ အရင် စစ်အာဏာရှင် ဗိုလ်နေဝင်းခေတ်လိုပဲ စစ် ဗိုလ်တွေပဲ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဌာနတွေကို စစ်ဝတ်စုံချွတ်ပြီး...

Read more »

အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက်

အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက်

 အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ဟိုတနေ့က ရဲဘော်မိဆူးပွင့်တင်တဲ့ ဓာတ်ပုံကလေးတပုံကို တွေ့ရတယ်။ ဓာတ်ပုံထဲမှာ ရဲဘော်မင်းဌေးနဲ့ ရဲဘော်မနှောင်းတို့ရဲ့ သမီးငယ်လေး မေသန့်စင်မင်းက ပြည်တွင်းစပ်ရပ်စဲဖို့ ချီတက်တောင်းဆိုနေတာပါ။ သမီးလေးနောင်းမေနဲ့ဆို ရွယ်တူလောက်ပေါ့။ ဂုဏ်ယူစိတ်ဖြစ်မိနေရင်းနဲ့ပဲ ဘယ်လိုမှ မျှော်လင့်မထားခဲ့တဲ့ ဆို့ဆို့နင့်နင့်ခံစားမှုတခုက ကျနော့်ရင်ကို စူးစူးနစ်နစ်နာကျင်စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ်(၃၀)လောက်က ကျနော်တို့လုပ်ခဲ့ကြတဲ့အလုပ်၊ ကျနော်တို့ လျှောက်ခဲ့ကြတဲ့လမ်း။ ခု ဓာတ်ပုံထဲမှာ ချီတက်နေတဲ့ အရေးတော်ပုံတပ်သားက ကျနော်တို့ရင်သွေးဖြစ်နေတယ်။ သူ့အဖေ ရဲဘော်မင်းဌေးက (သူပုန်က သူပုန်ကိုဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့) ထောင်ထဲမှာ။ ကွန်ပြူတာစားပွဲမှာ ထိုင်နေရာကနေ ကျနော်ထလိုက်တယ်။ ပြီးတော့ သမီးအခန်းတံခါးကို သွားခေါက်တယ်။ “ဘာလဲအဖေတဲ့” သမီးကမေးတယ်။ သူ့အမေးကို...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄) (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ● ရှမ်းပြည်ရောက် ဗမာတယောက် မိမိ ၁၉၇၅ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့ ရွှေတိဂုံဘုရားတောင်ဖက်မုခ်မှတင်ထွက်လာခဲ့မှာ တနှစ်ခန့်ရှိပေပြီ။ မြန်မာပြည် အထက်အောက် အတော်နှံ့ခဲ့သည်။ ရောက်သည့်နေရာတိုင်း ဒေသတိုင်းတွင် သီချင်းတပုဒ် အမြဲကြားရသည်။ မြန်မာ ပြည်တပြည်လုံး ပေါက်နေသည့်သီချင်းဟု ဆိုရမည်။ စိုင်းထီးဆိုင်၏ “မန္တလေးရောက် ရှမ်းတယောက်” ဆိုသည့်သီချင်းဖြစ် သည်။ “လမ်းတကာလျှောက်တိုင်းလဲ ကလေးလေးတွေက နောင်ဗိန်နောင်လို့စကြတယ် ” ဆိုသည့် ဗိုလ်ထီး၏သီချင်းက ဘယ်နေရာရောက်ရောက်ကြားနေရ၍ နားထဲစွဲနေသည်။ လောလောဆယ် မိမိကတော့ ဗိုလ်ထီးသီချင်းနှင့်ဗြောင်းပြန်ဖြစ်ပါသည်။ ရှမ်းပြည်ရောက် ဗမာတယောက်ဟု ဆိုရပါမည်။ ● မန်ရှိုး...

Read more »

ကိုပွေး ● ကျိုးနေတဲ့ ဒရမ်စတစ်

ကိုပွေး ● ကျိုးနေတဲ့ ဒရမ်စတစ်

ကိုပွေး ● ကျိုးနေတဲ့ ဒရမ်စတစ် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ တီးတဲ့ဗုံ မပါရင် ကြည့်မယ့်လူ ရှိမှာမဟုတ်ဘူး စင်ပေါ်မှာဖြစ်ဖြစ် လမ်းဘေးမှာဖြစ်ဖြစ် ဒီလက်နဲ့ မျက်စိကို လှည့်စားတာပဲ လှောင်အိမ်ထဲက ခြသေ့င်္ကို ကြာပွတ်တချောင်းနဲ့ ကခိုင်းတယ် နှင်းဆီပွင့်ကို လေထဲမြှောက်လိုက်တော့ ငှက်ဖြူလေးတကောင် လေထဲလွှင့်လို့ အုပ်ထားတဲ့ပုဝါကို လှပ်လိုက်တော့ လက်ခုပ်သံတွေ ဗုံသံက ဆူလွန်းတော့ လူတွေက အနား မကပ်နိုင်ဘူး ဂျွမ်းထိုးနေတဲ့မျောက်လက်မှာ လင်ကွင်းခြမ်းနဲ့ သေနတ်နဲ့ ပွဲဈေးက မျက်လှည့်ဝိုင်းနားမှာ ရဟတ်ကြီးက သံသရာလို မရပ်မနား လောကဓံက ရှင်ဘုရင်လို ဝတ်စားထားတော့ ဘုရားထဲက မီးဟာ တဘဝဆာ လင်းလို့ ။ ။ ။ ကိုပွေး ဖေဖော်ဝါရီ ၁၃၊...

Read more »

မောင်ဥက္ကလာ – အရှုပ်ထုပ် ရှင်းပွဲ – ရှင်းမှပိုရှုပ်

မောင်ဥက္ကလာ – အရှုပ်ထုပ် ရှင်းပွဲ – ရှင်းမှပိုရှုပ်

မောင်ဥက္ကလာ – အရှုပ်ထုပ် ရှင်းပွဲ – ရှင်းမှပိုရှုပ် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ဆိုင်းမဆင့်ဗုံမဆင့် သီးသန့်ဖိတ်ခေါ် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် “အရှုပ်ထုပ်ရှင်းပွဲ” (လျှို့ ဝှက်) သတင်းစာရှင်းလင်းပွဲကို မိုးမကျသတင်းဂျာနယ်ကိုယ်စား တက်ရောက်ခွင့်ရရှိခဲ့ပြီး အခမ်းအနားမှာ ရှင်းနေတာကို ရှုပ်အောင် ဟစ်တလာ သီအိုရီနဲ့ “ကြီးကြီးလိမ်၊ ဗြောင်သာလိမ်တဲ့ လူတွေငြိမ်နေလိမ့်မယ်” (လင်းယုန် – မြန်မာသံတော်ဆင့်၊ မတ် ၄-၁၀၊ ၂၀၁၇) ရှင်းပြဖုံးကွယ်ပေးတဲ့ အာဏာပိုင်များ နဲ့ ၆၆(ဃ) ကြောက် သတင်းထောက်များ၏ အပြန်အလှန် မေးမြန်းဖြေကြားချက်များကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ တင်ပြပါ အချက်အလက်များ မှန်မမှန် Fact-checking ကိုတော့ သက်ဆိုင်ရာ အာဏာပိုင်များနဲ့ သတင်းထောက်များကို ဆက်သွယ်မေးမြန်းကြည့်ပါ။ အခမ်းအနားမှူး —...

Read more »

မောင်စိမ်းသစ် – မောင်​စိမ်းသစ်​ရှင်​သန်​​ရေး

မောင်စိမ်းသစ် – မောင်​စိမ်းသစ်​ရှင်​သန်​​ရေး

ပန်းချီ ဖေစိုးအောင် မောင်စိမ်းသစ် – မောင်​စိမ်းသစ်​ရှင်​သန်​​ရေး  (မိုးမခ) မတ် ၁၀၊ ၂၀၁၇  ​မောင်​စိမ်းသစ်​ဟာ ​ မောင်​စိမ်းသစ်​ဖြစ်​ခဲ့ပါပြီ။ သို့​ပေမဲ့ ​မောင်​စိမ်းခမျာမှာ မဖြစ်​စ​လောက်​က​လောင်​​လေး လှုပ်​ခါရှင်​သန်​​ရေးအတွက်​ ရက်​ရက်​စက်​စက်​ ​ သေ​ရေးရှင်​​ရေးကြိုးစား​ပေး​နေရ​လေရဲ့။ ကဗျာတ​ပုဒ်​​ရေးတဲ့အခါ အလင်္ကာနိမိတ်​ပုံလှရဲ့လား ဂုဏ်​​မြောက်​ရဲ့လား ခံစားမှုရသကို​ရော ​ပေးစွမ်းနိုင်​ပါ့မလား။ ပြည်​နယ်​​တောင်​တန်းမြစ်​ဝှမ်းလွင်​ပြင်​ ငြိမ်းချမ်း​ရေးကိုမြင်​ချင်​လိုက်​တာ။ ​မောင်​စိမ်းသစ်​ဘဝမှာ စာ​ပေအနုပညာကဗျာကလွဲရင်​ ဘယ်​စင်​မှမက်​​လောက်​တယ်​မထင်​။ ​ကျေးလက်​လယ်​သမားကဗျာဆရာ ​ မောင်​စိမ်းသစ်​အတွက်​မှာ​လေ အ​ကောင်းဆုံး​ဖျော်​​ဖြေ​ရေးဟာ ကဗျာ​အော်​ဟစ်​ရွတ်​ဖတ်​တာ အ​ကောင်းဆုံး ကျန်းမာ​ရေး​လေ့ကျင့်​ခန်းဟာ မနက်​ခင်း​တွေမှာလမ်း​လျှောက်​တာ အ​ကောင်းဆုံး စီးပွား​ရေးလုပ်​ငန်းဟာ အဝတ်​အစားခြိုးခြံ​တာ။ ဘာပဲဖြစ်​ဖြစ်​ ​မောင်​စိမ်းသစ်​က ခေတ်တခေတ်မဟုတ်ရင်တောင် ​မောင်​စိမ်းသစ်​တော့ဖြစ်​​နေရမယ်​မဟုတ်​လား။။ ​မောင်​စိမ်းသစ် Tags: မောင်စိမ်းသစ်

Read more »

ဇာနီကြီး – FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁)

ဇာနီကြီး – FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁)

ဇာနီကြီး – FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁) (မိုးမခ) မတ် ၁၀၊ ၂၀၁၇  နိဒါန်း အခု ၂၀၁၇ ခုနှစ်မှာ ပြည်ပရင်းနှီးမှုငွေတွေနဲ့ပဲ မြန်မာတွေ အလုပ်ရ စားသောက်နေနိုင်လာပါပြီ။ ဦးသိန်းစိန်ခေတ်မှာ ခရိုနီနဲ့ အစိုးရအရာရှိကြီး လတ် အငယ်တွေ လုပ်ပိုင်ခွင့်များနဲ့ ကောင်းစားတယ်။ လယ်သမား (မြန်မာ၇၀%) သားသမီးတွေ မြို့ပေါ်တက်လာ၊ အလုပ်လာ လုပ်တယ်။ မြို့ငယ်လေးတွေမှာလဲ ပြည်ပချေးငွေနဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေ၊ တာဝါတိုင်ထောင်ချီပြီး တည်ဆောက်ရေး၊ လမ်းတံတားများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ၊ ဟိုတယ်ကြီးများစွာ၊ နိုင်ငံခြားသားများနဲ့မြန်မာသူဌေးကြီးများအတွက် အဆင့်မြင့်အိမ်ယာများ၊ ကွန်ဒိုများ၊ မော်တော်ကားအကောင်းစားများ၊ စစ်၊ ရဲ၊ မီးသတ် မော်တော်ကားကြီး ထိန်းချုပ်စနစ်များ၊ ဘဏ်များစွာရဲ့ ကွန်ပြူတာထိန်းချုပ်စနစ်များ...

Read more »

ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား

ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား

ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား (မိုးယံမခ) မိုးမခ၊ မတ် ၁၀၊ ၂၀၁၇ ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနားကို ၈၊ ၂၊ ၁၇ ရက်နေ့ နံနက်ပိုင်းက မြင်သာ၊ တောင်ဥက္ကလာ စိတ်တိုင်းကျစားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။         ဦးလှရွှေ(အထွေထွေအတွင်းရေးမှူး ပြည်သူ့တိုးတက်ရေးပါတီ)၊ ဦးလေးမြင့်(ပြည်သူ့တိုးတက်ရေးပါတီ)၊ ဦးဖေအောင်(ကိုကိုးကျွန်းပြန်နိုင်ငံရေးအင်အားစု)၊ ဦးငွေလင်း(အထွေထွေအတွင်းရေးမှူး-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးထွန်းဝင်းငြိမ်း(ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်) ဦးလင်းထင်(မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ)တို့က အမှတ်တရဂုဏ်ပြုစကား ပြောကြားခဲ့ကြပါတယ်။ ဦးညိုဝင်း ဇနီး ဒေါ်စန်းပွင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အခမ်းအနားကို အခမ်းအနားမှူးအဖြစ် ကိုယဉ်ထွန်း (ယဉ်မျိုးစာပေ)က ဆောင်ရွက်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ဦးညိုဝင်းကိုချစ်ခင်လေးစားသူများ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါတယ်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်