ဇင်လင်း ● ပြည်ထောင်စုအစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမယ့် ရခိုင်ပြည်နယ်အရေး

ဇင်လင်း ● ပြည်ထောင်စုအစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမယ့် ရခိုင်ပြည်နယ်အရေး

ဇင်လင်း ● ပြည်ထောင်စုအစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမယ့် ရခိုင်ပြည်နယ်အရေး (မိုးမခ) စက်တင်ဘာ ၄၊ ၂ဝ၁၇ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် အစိုးရက ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးအရွေ့တခုကိုဖေါ်ဆောင်ဖို့အားစိုက် ကြိုးပမ်းနေခိုက်မှာ ရခိုင်ပြည်နယ်အရေးက ဘူးလေးရာ ဖရုံဆင့်ဆိုသလို ပေါ်ပေါက်လာတယ်။ အချိန်ကိုက် ဖေါက်ခွဲလိုက် တဲ့ ဗုံးတလုံးနဲ့လည်း တူနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ရှိ အစိုးရဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာရုံစိုက် ဆောင်ရွက်ဖို့ပြင်ဆင်နေခိုက်မှာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါ တယ်။ တချိန်တည်းမှာ အစိုးရဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ လုံးပမ်းနေချိန်လည်း ဖြစ်ပါ တယ်။ အခြားတဖက်မှာလည်း  တရားဥပဒေစိုးမိုးရေး တိုးတက်ကောင်းမွန်ရေးကိစ္စနဲ့ ရင်ဆိုင်နေရပါတယ်။ NLD အစိုးရရဲ့ အမျိုး သားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးရည်မှန်းချက် အောင်မြင်ရေးအတွက်...

Read more »

မင်းကိုနိုင်ရဲ့ ဒဏ်ရာရ ပန်းသီးများ

မင်းကိုနိုင်ရဲ့ ဒဏ်ရာရ ပန်းသီးများ

မင်းကိုနိုင်ရဲ့ ဒဏ်ရာရ ပန်းသီးများ (မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၇   “ဖဲဆိုတာ ဂမ္ဘီရပညာရှင်တွေက လူတွေရဲ့ကံကြမ္မာကို ဟောကိန်းထုတ်လို့ရတဲ့ တဲရော့ဗေဒင်ကို အဓွန့်ရှည်တည်တံ့အောင်အမြော်အမြင်ကြီးကြီးနဲ့ထားရစ်ခဲ့တာကွ အ​မှောင်​လမ်းကြားထဲ စမ်းတဝါးဝါးဒုက္ခမရောက်ရအောင် ဂရုဏာနဲ့” “တော်စမ်းပါ ချမ်းသာရာ” “တကယ်ပြောနေတာကွ” ,,,,,,,,,,,,,,,, မင်းစွဲနေပြီမဟုတ်လားဟု ချမ်းသာက လှောင်သလိုမေး၏။ “မစွဲပါဘူး ဒါပေမဲ့လာချင် တာဝန်ခံပါတယ်” ရွက်ကြွေတွေ ဖြန့်ခင်းထားသည့်လမ်းပေါ် အောင်ဇော် အနွေးထည်ထဲ လက်နှိုက်လျှောက်လာရင်း ပုံမှန်အသံဖြင့် ဖြေသည်။ စိတ်ဝင်းစားနေပြီလို့ပြောရင်ရမလားဟု ချမ်းသာက ထပ်မေး၏။ “အင်း ရနိုင်ပါတယ် ငါကိုယ်တိုင်မပတ်သက်ဘဲ မနေနိုင်အောင် ဆွဲဆောင်မှုရှိနေတဲ့အရာပဲလို့တော့ ပြောနိုင်ပါတယ်” “ကဒ်ပြားလေးတွေကပြောပြမယ့် လူတွေရဲ့ကံကြမ္မာအလှည့်အပြောင်းကိုလား” “ဟင့်အင်း၊ လူ့ကံကြမ္မာကို လူတွေကသာဖန်တီးနေတာပါ။ မင်းကဒ်ပြားလေးတွေက ဘာတတ်နိုင်မှာတဲ့လဲ။ လူတွေကိုယ့်ဘာသာကိုယ်ဖန်တီးထားတဲ့ကံကြမ္မာကို သူက ဟောနိုင်တယ်ဆိုတာတော့ ဟုတ်ချင်ဟုတ်မှာပေါ့”...

Read more »

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း ၁

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း ၁

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း (၁) (မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးသပ်ချက်) (မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၇ ● ငြိမ်းချမ်းရေး၏ အလွဲများ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် ပေါ်ထွက်လာခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်သော်လည်းကောင်း၊ မူလရှိပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်သော်လည်းကောင်း၊ နဝတသည် အပစ်အခတ်ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေးဆိုသည်ကို တည်ဆောက်ထားနိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်အတွင်းမှစ၍ ၂၀၀၉ ခုနှစ်အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း အလယ်ပိုင်းတို့တွင် အဓိကအားဖြင့် အပစ်ရပ်ထားနိုင်ခဲ့သည်။ ထိုကာလများတွင် စစ်မက်သည် ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင်သာ ဖြစ်ပွားခဲ့သည်။ ထိုစဉ်ကာလက အပစ်ရပ်ရေး ကတိကဝတ်များတွင် ပါဝင်သည့် အချက်တချက်မှာ လက်ရှိကာလတွင် အပစ်အခတ်ရပ်ထားပြီး စစ်အုပ်ချုပ်ရေးလွန်မြောက်၍ အရပ်သားအစိုးရပေါ်ပေါက်လာချိန်တွင်...

Read more »

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၃)

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၃)

  ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၃) (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၇ နောက်ဆုံးဂဏန်း သုံးလုံးသည် ဘာလဲ 777777 × 999999 7777777 × 9999999 77777777 × 99999999 တို့တွင် နောက်ဆုံးဂဏန်းသုံးလုံးသည် အဘယ်နည်း။ စဉ်းစါးနည်း ချ မြှောက်လျှင်အဖြေရပါသည် ။သို့သော် ဂဏန်းအားလုံးကို ချ မြှောက်ဖို့တော့မလိုပါ။ ချမမြှေက်ဘဲနဲ့လဲ အခြားနည်းနဲ့ ရနိုင်ပါသည်။ ———–999 x ————777 ————————– ————993 ———-993 ———993 —————————- ————223ရှေ့ တွင် ဘယ်နှလုံးဘဲ ရှိသည်ဖြစ်စေ နောက်ဆုံး သုံးလုံးမှာ ၂၂၃ ဖြစ်သည်။ ချမမြှာက်ဘဲ ဤကဲ့သို့တွက်နိုင်သည်။ 777777...

Read more »

မောင်လူပေ – စာပေဟောပြောပွဲဆီသို့

မောင်လူပေ – စာပေဟောပြောပွဲဆီသို့

မောင်လူပေ – စာပေဟောပြောပွဲဆီသို့ (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၇ ‘စာပေတင့်မှလူမျိုးမြင့်မည်’ တဲ့။ ဟုတ်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို သူ့ရဲ့စာပေဖွံ့ဖြိုးမှုကို ကြည့်ပြီး အကဲခတ်လို့ရပါတယ်။ မြန်မာစာပေဟာလည်း ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်းထောင်ချီရှိခဲ့ပါပြီ။ တိဘက်မြန်မာအနွယ်ဝင် မြန်မာတွေဟာ တိဘက်ကုန်းမြင့်က ဆင်းသက်လာကြပေမဲ့ စာပေရေးသားမှုကိုရော ယဉ်ကျေးမှုကိုပါ အိန္ဒိယကို မှီငြမ်းခဲ့ကြပါတယ်။ အစောဆုံးမြန်မာစာအဖြစ် မြစေတီကျောက်စာမှာ တွေ့နိုင်ပါတယ်။ ကျောက်စာတွေရေးခဲ့ကြတယ်။ မှင်စာတွေရေးခဲ့ကြတယ်။ ပေစာတွေရေးခဲ့ကြတယ်။ ကဗျာ လကာင်္တွေ သီခဲ့ကြတယ်။ ပျို့၊အဲချင်း၊ အေးချင်း၊အိုင်ချင်း၊တေးထပ်၊ ရတု၊ ရကန်၊ ဘောလယ် စတဲ့ မြန်မာမှုအနုသုခုမတွေကို သီကုံးခဲ့သူ ပညာရှင်တွေ ခေတ်အဆက်ဆက်မှာ ပေါ်ထွန်းခဲ့ပါတယ်။ ပုဂံခေတ်က အနန္တသူရိယအမတ်ကြီးကစပြီး ပင်းယခေတ်၊ အင်းဝခေတ်က ပေလေးပင်ရှင်လေးပါး၊ ကုန်းဘောင်ခေတ်က မြဝတီမင်းကြီး၊ စလေဦးပုည...

Read more »

ကာတွန်း နေလင်းအောင် (မန်း) – ရွှေစွန်ညို

ကာတွန်း နေလင်းအောင် (မန်း) – ရွှေစွန်ညို

  ကာတွန်း နေလင်းအောင် (မန်း) – ရွှေစွန်ညို (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၇ Tags: ကာတွန်း နေလင်းအောင် (မန်း)

Read more »

ရွှေပြည်စိုး – ကြုံတုန်းဆုံတုန်း ပြောရအုံးမယ့် – အစွန်းရောက်

ရွှေပြည်စိုး – ကြုံတုန်းဆုံတုန်း ပြောရအုံးမယ့် – အစွန်းရောက်

ရွှေပြည်စိုး – ကြုံတုန်းဆုံတုန်း ပြောရအုံးမယ့် – အစွန်းရောက် သံဃာအချို့ လူအချို့တို့အကြောင်း ( မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၇ဒီဆောင်းပါးရဲ့ အဓိက ဇာတ်ကြောင်းကတော့ လတ်တလော ရန်ကုန်၊ မန္တလေးမြို့တို့မှာ ဖြစ်ပေါ်နေတဲ့ “NLD ပြည်သူ့အစိုးရ ဖြုတ်ချရေး” ထိုင်သပိတ် ကျင်းပနေတဲ့ အမျိုးသားရေး အရေခြုံ သံဃာအချို့ လူအချို့တို့ရဲ့ ဇာတ်ကြောင်း ဖြစ်ပါတယ်။ သပိတ်မှောက်တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်လိုသူ စုပေါင်းဖွဲ့စည်းထား တယ်ဆိုတဲ့ မျိုးချစ် အမည်ခံ အမျိုးသားရေး သံဃာအချို့နဲ့ လူအချို့တို့ဟာ ရန်ကုန်၊ မန္တလေး မြို့တို့မှာ ၂၀၁၇-သြဂုတ်လ ၂-ရက်နေ့ ညနေ (၅)နာရီခန့်က ထိုင်သပိတ် တပြိုင်တည်း ပြု လုပ်ကြပြီး “အစိုးရ ဖြုတ်ချရေး”...

Read more »

မောင်လူရေး – တစုံတယောက်မှ တစုံတရာဆီ

မောင်လူရေး – တစုံတယောက်မှ တစုံတရာဆီ

  မောင်လူရေး – တစုံတယောက်မှ တစုံတရာဆီ (မိုးမခစာအုပ်စင်) စက်တင်ဘာ ၃၊ ၂၀၁၇ စံရည်မမှီသည့် အုပ်ချုပ်စီမံပုံတွေက ကျင့်ဝတ်နှင့် လူ့တန်ဖိုးကို အဖက်ဖက်က ဆုတ်နစ်ပျောက်ကွယ်သွားအောင် နင်းချေ ကြိတ်မှုန်းပြီးနောက် မြန်မာ့လူ့အဖွဲ့အစည်းသည် ရွံရှာစက်ဆုပ်ကြောက်လန့်ဖွယ် အမနုဿများ = လူရည်လူသွေးပျက်နေသူများကို မွေးထုတ်ပြီးသား ဖြစ်သွားလေပြီ။  ယင်းအမနုဿများက ကြားသူ မြင်သူစိတ်နှလုံးကို ထိတ်လန့်တုန်လှုပ် ညှိုးချုံးသိမ်ငယ်သွားစေနိုင်သည့် ပြစ်မှုကြီးများကို လွယ်လင့်တကူ နေ့တဓူဝ ကျူးလွန်နေကြသည်။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝန်းများ၊ မှီခိုရှင်သန်နေထိုင်ခြင်းများကို ချေမွဖျက်စီးပစ်သည့် လူ့မျိုးဆက်လိုက် မြှင်းသတ်သည့် ကျောက်စိမ်းတွင်းကြီးများ၊ သတ္တုတွင်းကြီးများတူးဖော်မှု၊ သစ်တောကြီးတွေလိုက် ခုတ်ထွင်မှု၊ အဆိပ်လွှမ်းနေသည့် ရွှေတူးဖော်မှု တောတောင်ဖြိုချမှုလုပ်ငန်းများ၊ ဥပဒေမဲ့ ရက်ရက်စက်စက် ယုတ်ယုတ်ကန်းကန်းလုပ်ပိုင်ခွင့်များ၊ ပေးကမ်း ညှိနှိုင်း ဖုံးဖိ ရှောင်တိမ်းခြင်းများဖြင့်သာ ဖြေရှင်းနေသည့်...

Read more »

ရဲရင့်သက်ဇွဲ ● ငါ့ရဲ့ညထဲမှာ ငါ့ကိုထားခဲ့

ရဲရင့်သက်ဇွဲ ● ငါ့ရဲ့ညထဲမှာ  ငါ့ကိုထားခဲ့

ရဲရင့်သက်ဇွဲ ● ငါ့ရဲ့ညထဲမှာ  ငါ့ကိုထားခဲ့ (မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၇ ည လကို အန်ချလိုက်တယ် နှင်းတွေထဲ ပိုးစိုးပက်စက် လရဲ့အရိပ်နဲ့ အရောင်များ ညအမှောင်မှာ တောက်ပ ကိုယ့်အတွက်တော့ သတ်ပုံမှားတဲ့ည … ည အရိပ်နဲ့ အရောင်များ ဖမ်းမရဘူး အရိပ်နဲ့ အရောင်များ ရှာမရဘူး အရိပ်နဲ့ အရောင်များ ရှာမရဘူး အရိပ်နဲ့ အရောင်များ ရှာမရဘူး ညဟာ အရိပ်မဲ့ အရောင်မဲ့သယောင်နဲ့  လွမ်းအောင်ဖန်နေတော့တယ် … ည အဝေးက အူသံများကြားရ အဝေးက လူသံများကြားရ ငါဟာ … ငါ့အသက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင် ဟောဒီငါချစ်တဲ့ မြေပေါ်မှာ သစ္စာရှိစွာ နေထိုင်ခဲ့တယ် ညကတော့ ခိုလှုံစရာ...

Read more »

ကာတွန်း KZZH ● ကျောင်းတွေ ပိတ်ပြန်ပြီ

ကာတွန်း KZZH ● ကျောင်းတွေ ပိတ်ပြန်ပြီ

ကာတွန်း KZZH ● ကျောင်းတွေ ပိတ်ပြန်ပြီ (မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၇ Tags: ကာတွန်း - KZZH

Read more »

နိုင်ဝင်းသီ- Black List တဲ့လား

နိုင်ဝင်းသီ- Black List တဲ့လား

Black List တဲ့လားနိုင် ဝင်း သီ(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၇                                              ခေတ်ကြီးကိုက အနည်းဆုံး အကောင့် နှစ်ခုရှိမှ အဆင်ပြေမယ့်ခေတ်။ တခုက ဖေ့စ်ဘုတ်လို့လူသိများနေတဲ့ Fb အကောင့်။ နောက်တခုက ငွေသွင်းငွေထုတ်လုပ်တဲ့နေရာမှာ လွယ် ကူမြန်ဆန်စေဖို့ အတွက် ပုဂ္ဂလိကဘဏ်တခုခုမှာ ကိုယ့်ရဲ့နာမည်နဲ့ဖွင့်ထားတဲ့ ဘဏ်စာရင်း အကောင့်။         သေချာပြီ။ အဲဒီအကောင့်နှစ်ခုသာ ဖွင့်ထား လိုက်လျှင်  ထိုင်း၊ မလေးရှား၊ စင်ကာပူတို့လို နိုင်ငံမျိုး ကိုမဆိုထားနှင့်။ တကမ္ဘာလုံးနှင့် ဆက်သွယ်ဖို့ပင် အဆင်ပြေသွားပါပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးသို့ရောက်ရှိနေကြသောရွှေမြန်မာ များနှင့် လည်း ငွေပို့၊ ငွေလွဲလုပ်ရတာ အတော့်ကို အဆင်ပြေသွားပါပြီ။          ဆိုတော့  နည်းပညာခေတ်ကြီးထဲမှာ ငုပ်တုတ်မေ့မသွားရလေအောင် မောင်ဥက္ကာတို့လို စာလေး ပေလေးချောက်တိချောက်ချက်ရေးသောစာရေးဆရာတွေကလည်း ခေတ်နှင့်လျော်ညီအောင်...

Read more »

ခင်မောင်စော (ဘာလင်) – “ရိုဟင်ဂျာ”၏ဇာစ်မြစ်

ခင်မောင်စော (ဘာလင်) – “ရိုဟင်ဂျာ”၏ဇာစ်မြစ်

  ခင်မောင်စော (ဘာလင်) – “ရိုဟင်ဂျာ”၏ဇာစ်မြစ် (မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇ (ဤစာတမ်းမှာ ၁၉၉၃ ခုနှစ်၊ လွန်ခဲ့ သော ၂၄ နှစ်ခန့် ကပင်ရေးသားထားခဲ့ သော စာတမ်းဖြစ်ပါသည်။ ထိုအချိန်ကပင် စာရေးသူသည် ၎င်းရိုဟင်ဂျာဆိုသူများ၏ အကြံမှာ မြန်မာပြည်၏တစိတ်တဒေသ သို့ မဟုတ် ဖြစ်နိုင်ပါက တပြည်လုံးကို သိမ်းပြီး အစ္စလာမ်မစ်နိင်ငံထူထောင်နေချင်ကြကြောင်း အသိပေးထားပြီး၊ ၎င်းအန္တရာယ် ကို အချိန်မီ ကြိုတင်ကာကွယ်ထားကြရန် ကြိုတင်သတိပေးထားခဲ့ ပါသည်။ ဝါရင့် နိင်ငံရေးသမားကြီး ဘုံပေါက်သာကျော်ကလည်း “ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ရိုဟင်ဂျာအန္တရာယ်” ဆိုသောအမည်ဖြင့် စာအုပ်တအုပ်ကို ၁၉၉၃ ခုနှစ်က ရေးသားထုတ်ဝေခဲ့ ပြီး နဝတ၊ အင် အယ်လ်...

Read more »

မောင်နောင်မွန် ● တောတောင်ခင်တန်းတွေအကြောင်း

မောင်နောင်မွန် ● တောတောင်ခင်တန်းတွေအကြောင်း

မောင်နောင်မွန် ● တောတောင်ခင်တန်းတွေအကြောင်း (မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇ မြင်ကွင်းတွေက တဖြေးဖြေးပြောင်းလာသည်။အဝါတွေအညိုတွေမှသည် အစိမ်းရောင်ဆီပြေးလာနေသည်။  အစိမ်းရောင်ခင်တန်းတွေရဲ့အဆုံးသတ်အနားလေးတွေကိုတော့မတွေ့ရသေး။ မိုးရိပ်မိုးညိုလေးတွေတော့တွေ့နေရသည်။ စစ်တောင်းတံ တားကြီး ကိုဖြတ်ကာ ရာမညတိုင်းသို့ဝင်လာခဲ့လေသည်။ လမ်းမတွေဟာ ရှည်လျားထွေးပြာလွန်းနေသည်။ တောင်တန်ကြီး တွေက ထီးထီးတည်ရှိနေသည်။ ထိုရှုမျှော်ခင်းသည် ဘုရားပေးသော သဘာဝလက်ဆောင်ဖြစ်သည်။ အရပ်လေးမျက်နှာတွင် အစိမ်းရောင်တွေကနေရာယူထားကြသည်။ ထိုကဲသို့လှပသောမြင်ကွင်းများရှုမျှော်ခင်းများသည် လူသားတို့(သို့မဟုတ်) လူတစု(သို့မဟုတ်) လူတဦးတယောက်ကြောင့်ပျက်စီးသွားမှာစိုးရွံ့မိသည်။ ဆရာမြသန်းတင့်၏ နွေဆိုသောအက်ဆေးတစ်ပုဒ်ကိုဖတ်ဖူးသည်။ ဆရာရေးထားသည်မှာ နွေဦးရာသီဆိုသည်နှင့် ထန်းပင် ထန်းလက်တွေနဲ့ အညာနွေအလှကိုမြင်ယောင်မိသည်ဟုဖွဲ့ထားသည်။ ခုကျနော်လည်း မိုးဦးရာသီဆိုသည်နှင့် အောက်ပြည် အောက်ရွာကိုသတိရသည်။ ဗညားဟန်၏ ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ ဟူသော သီချင်းသံကသောတအာရုံထဲအလိုလိုဝင်လာသည်။ မိုးဦးရာသီပြောလိုက်တာနဲ့ဟင်္သာတို့ပျော်စံရာမြေမှ မိုးစက်မိုးပေါက်တွေကိုမြင်ယောင်မိသည်။ အာဆီယံအဆင့်မီအာရှလမ်းမကြီးဟုနာမည်တပ်ထားသော အဝေးပြေးလမ်းပေါ်တွင် ကားများရှင်လင်းနေသည်။ မနက်ခင်း ခုနစ်နာရီဝန်းကျင်လောက်ရှိသောကြောင့်လည်းပါမယ်ထင်သည်။ လမ်းဘေးတဖက်တချက်တွင် အစိမ်းရောင်ရာဘာခင်းများကိုတမျှော်တခေါ်တွေ့နေရသည်။...

Read more »

ကာတွန်း ATH ● ဇာတ်တိုက်ထားတယ်နော် ….

ကာတွန်း ATH ● ဇာတ်တိုက်ထားတယ်နော် ….

ကာတွန်း ATH ● ဇာတ်တိုက်ထားတယ်နော် …. (မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇ No tags for this post.

Read more »

ဆလိုင်းမြတ်နိုးသူ ● ခူးဆွတ်ပြီးသား သစ်သီးများဟာ ရေငွေ့ ပျံနေကြဆဲ

ဆလိုင်းမြတ်နိုးသူ ● ခူးဆွတ်ပြီးသား သစ်သီးများဟာ ရေငွေ့ ပျံနေကြဆဲ

ဆလိုင်းမြတ်နိုးသူ ● ခူးဆွတ်ပြီးသား သစ်သီးများဟာ ရေငွေ့ ပျံနေကြဆဲ (မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇ ၁။ အိမ်ရှင်မတစ်ယောက်ရဲ့ဆံပင်တွေ ပြတ်ကျသွားကြတယ် တစ်နေရာမှာ နတ်သမီးတွေ ကခုန်နေကြရဲ့ စိတ်ကူးထဲက နတ်ဘုံ နတ်နန်းတစ်ခု ဖြစ်မှာပါ အဲဒါကြောင့်သာ အားလုံး နဖူးအစ ခြေအဆုံး သက်ပြင်းချနိုင်ကြတာ ၂။ တစ်ဘဝလုံး အမှောင်ထဲက တိုင်းပြည်ကလေးဟာ သေသွားရှာတော့ နောင်ဘဝမှာ မှိုပွင့်ကလေးတောင် မဖြစ်ရပါစေနဲ့ဆိုတယ် ဒါဟာ မိမိကိုယ်ကို ကျိန်စာတိုက်နိုင်သူတစ်ယောက်ရဲ့သံသယ ၃။ ကြီးမားတဲ့ ကြက်တစ်ကောင်ဟာ ဆန်တစ်စေ့ကနေ အရင်းပြုရဲ့ မိုးရေထဲ ရေမစိုဘဲ သူတို့ ရပ်နေကြတာ မြေကြီးကထွက်တဲ့ သစ်တောကြီးတွေဟာ ကျည်တစ်ထောင့်ဖြစ်သွားကြတာ အဘွားရဲ့လယ်ကွက်ထဲက ငါးတစ်ကောင်ဟာ ကျည်တစ်ထောင့်ဖြစ်သွားတာ အရှင်လတ်လတ် နေထိုင်သူတွေဟာ ငိုနေရပ်နေတုန်းပဲ...

Read more »

ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​​အ​ရောက်​သွားမိတဲ့ ဈာပနတခု

ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​​အ​ရောက်​သွားမိတဲ့ ဈာပနတခု

ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​​အ​ရောက်​သွားမိတဲ့ ဈာပနတခု (မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇ (၁) အ​စောကြီးထဲက နိုး​နေသည်​။ နာရီကို ကြည့်​မိ​တော့ မနက်​သုံးနာရီသာသာရှိ​သေး၏။ ခဏပြန်​အိပ်​လိုက်​ဦးမည်​ဟု ​တွေးပြီး မျက်​စိကိုအသာပြန်​မှိတ်​သည်​။ အိပ်​၍ကား မ​ပျော်​နိုင်​​တော့။ခင်​မင်​နှစ်​လိုဖွယ်​​ကောင်း​သော သူ၏ ရုပ်​သွင်​သာ တဝဲလည်​လည်​ကြီးစိုး​နေသည်​။ ဒီ​နေ့… သူ၏ ​နောက်​ဆုံးခရီးကို လိုက်​ပို့ရမည်​။ လူ့ဘဝသို့ ​ရောက်​လာခိုက်​​လေးတွင်​ ခန္ဓာ​ကြွေသည်​အထိ ​ခေတ်​၏ဝန်​ကို ပခုံးထမ်းခဲ့​သော သူတစ်​​ယောက်​၏ နာ​ရေးကို ကျ​နော်​လိုက်​ပါပို့​ဆောင်​သင့်​ပါသည်​။ ပြတင်း​ပေါက်​ကို ဖွင့်​လိုက်​သည်​။ကချင်​​တောင်​တန်းများ​ပေါ်မှ မိုးနံ့စွက်​​နေ​သော ​လေနု​အေးများက မျက်​နှာကို ပွတ်​သပ်​ကြသည်​။ ရှူရှိုက်​လိုက်​တိုင်း လန်းဆန်းချမ်း​မြေ့​စေ​သော ​လေနု​အေး​လေးများကို ​သေချာစွာ အနံ့ခံကြည့်​ရသည်​မှာလည်း ​နေ့စဉ်​ဝတ္တရားတစ်​ခု။ဝ-်​ဒုက္ခတစ်​ခုလည်း ဖြစ်​​နေနိုင်​​သေးသလို ထိုနှစ်​ခုစလုံးလည်း ပြိုင်​တူဖြစ်​​နေနိုင်​​သေးသည်​။ ယမ်းနံ့နှင့်​​သွေးညီနံ့များ ပါမလာချိန်​များမှာသာ ​လေနု​အေး​လေး​တွေ၏ အနှစ်​သာရကို...

Read more »

ကာတွန်း အောင်မော် ● သူလုပ်တာ .. သူလုပ်တာ …

ကာတွန်း အောင်မော် ● သူလုပ်တာ .. သူလုပ်တာ …

 ကာတွန်း အောင်မော် ● သူလုပ်တာ .. သူလုပ်တာ … (မိုးမခ) သြဂတ်စ် ၃၁၊ ၂၀၁၇ No tags for this post.

Read more »

ခင်စန္ဒာမြင့် ● ဆေးစွဲအမျိုးသမီးတို့အတွက် လိုအပ်နေတဲ့ ဘိန်းဖြတ်စခန်း

ခင်စန္ဒာမြင့် ● ဆေးစွဲအမျိုးသမီးတို့အတွက် လိုအပ်နေတဲ့ ဘိန်းဖြတ်စခန်း

ခင်စန္ဒာမြင့် ● ဆေးစွဲအမျိုးသမီးတို့အတွက် လိုအပ်နေတဲ့ ဘိန်းဖြတ်စခန်း (မိုးမခ) သြဂတ်စ် ၃၁၊ ၂၀၁၇ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က အိမ်ကြီးတစ်ခုထဲမှာ အသက် ၄ဝ အရွယ် အမျိုးသမီးက သူ့ဘဝအကြောင်း ပြောပြရင်း မျက်ရည်ကျနေပါတယ်။ ပျက်စီးနေတဲ့ လက်သည်းပန်းကုံးတွေ၊ အပ်ပေါက်ရာတွေပြည့်နေတဲ့ လက်ဖမိုးနဲ့ မျက်ရည်သုတ်နေသူက မြစ်ကြီးနားသူ မကော့ (အမည်လွှဲ) ဖြစ်ပြီး ဆယ်ကျော်သက်ဘဝ ကချင်ပြည်နယ် ကျောက်စိမ်းဒေသ ရောက်ချိန်မှာ  မူးယစ်ဆေးစွဲသူတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့သူပါ။ “သူက နေ့တိုင်း ဘိန်းစားနေပြီး ကျွန်မကို ပိုက်ဆံလည်း မပေးတော့ဘူးလေ။ အဲ့ဒီတော့ ကျွန်မလည်း သူ့ကို အရွဲ့တိုက်ပြီး ဘိန်းလိုက်စားလိုက်တာ စွဲမှန်းမသိ စွဲသွားတယ်” လို့ ခပ်ညစ်ညစ် အသားအရေပိုင်ရှင် မကော့က ခပ်တိုးတိုး ပြောပြပါတယ်။ ဘိန်းမည်းသုံးတဲ့အဆင့်ကနေ...

Read more »

တူမောင်ညို ● ထိတ်လန့်ဖွယ်ကောင်းသော Black Friday အတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ

တူမောင်ညို ● ထိတ်လန့်ဖွယ်ကောင်းသော Black Friday အတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ

တူမောင်ညို ● ထိတ်လန့်ဖွယ်ကောင်းသော Black Friday အတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ သြဂတ်စ် ၃၀၊ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တုန့်ပြန်အရေးယူဆောင်ရွက်မှုမျိုးစုံကို အုံနဲ့ကျင်းနဲ့လုပ်ဆောင်နေတာကို မြင်ရပါ တယ်။ တုန့်ပြန်မှုတွေထဲမှာ ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်သူမှာတာဝန်ရှိတယ်၊ ဘယ်သူကတာဝန်ခံမယ် ဆိုတာကိုလည်း ဖော်ထုတ်ဖို့လိုသလို၊ ထိုသို့တာဝန်ရှိသူအနေနဲ့လည်း သူ့တာဝန်ပျက်ကွက်မှုအတွက်  တာဝန်ယူဖို့ လိုအပ် ပါတယ်။ နံပါတ်တစ်တာဝန်ရှိသူဟာ ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဖြစ်ပါတယ်။ နံပါတ်နှစ်တာဝန်ရှိသူမှာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ တိုက်ခိုက်ခံရမှုတွေအပြီး ပြည်ထဲရေးဝန်ကြီးက တိုက် ရိုက် ခန့်အပ်တာဝန်ပေးခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင် ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ အခြားဒီမိုကရေစီတိုင်းပြည်တွေမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေဟာအခုလောက်ဆိုရင် သူ့တို့ဂုဏ်သိက္ခာ သူတို့ ထောက်ထားပြီး သူတို့တာဝန်ပျက်ကွက်မှုအတွက် တိုင်းပြည်နဲ့လူထုထံ တောင်းပန်ဝန်ချစကားဆိုပြီး တာဝန်ကနေ...

Read more »

ကာတွန်း ဝင်းအောင် ● သြော် … အရိုး … အရိုး ….

ကာတွန်း ဝင်းအောင် ● သြော် … အရိုး … အရိုး ….

ကာတွန်း ဝင်းအောင် ● သြော် … အရိုး … အရိုး …. (မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၇ No tags for this post.

Read more »

ဇာဝါရီ ● အရှုံးထဲက အမှန်တရား

ဇာဝါရီ ● အရှုံးထဲက အမှန်တရား

ဇာဝါရီ ● အရှုံးထဲက အမှန်တရား (မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၇ ဒီစာ (ဆောင်းပါး) က ငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မာဘောလုံးအသင်းကို တစိုက်မတ်မတ်အားပေးခဲ့သူ၊ အခုအခါ  ဝမ်းနည်းကြေ ကွဲ စိတ်မကောင်းဖြစ်နေတဲ့ အထက်တန်းကျောင်းသူ သမီးလေးအတွက်ပါ။ သမီးတို့တွေ မျှော်လင့်ချက်တွေနဲ့  အသံတွေပျောက် အော်ဟစ်အားပေးနေတဲ့ နိုင်ငံဂုဏ်ဆောင် (မယ့်) မြန်မာဘောလုံး အသင်းကို သမီးတို့နဲ့အတူ မကြည့်နိုင်တာကို ခွင့်လွှတ်ပါ။ သမီးတို့တွေ တီဗီဖန်သားပြင်ပေါ်ကနေ တခဲနက် အားပေးနေချိန် မှာ ဦးဇာက ဘန်ကောက်မြို့မှာ Semi-finals နဲ့ Finals တွေကို ထိုင်းနိုင်ငံသား မိတ်ဆွေတွေနဲ့အတူ ကြည့်နေ၊ အားပေးနေ ခဲ့တယ်။ သူတို့တွေကတော့ အောင်ပွဲဆက်ခံကြလို့ အတိုင်းထက်အလွန် ဝမ်းမြောက်နေကြတာပေါ့။ ကဲ သမီးတို့ စိတ်ထိခိုက်...

Read more »

ကာတွန်း ရွှေဗိုလ် ● ဆဲ (လ်) ဖီ ရိုက်မလို့ဟေ့ …

ကာတွန်း ရွှေဗိုလ် ● ဆဲ (လ်) ဖီ ရိုက်မလို့ဟေ့ …

ကာတွန်း ရွှေဗိုလ် ● ဆဲ (လ်) ဖီ ရိုက်မလို့ဟေ့ … (မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၇ Tags: ကာတွန်း ရွှေဗိုလ်

Read more »

ကိုသန်းလွင် ● အိန္ဒိယမှ နာမည်ပြဿနာ

ကိုသန်းလွင် ● အိန္ဒိယမှ နာမည်ပြဿနာ

ကိုသန်းလွင် ● အိန္ဒိယမှ နာမည်ပြဿနာ (မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၇ (၁) အိန္ဒိယရှိမြို့တော်ကြီးများသည် ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ဆုံးလျက်ရှိသည်။ ၁၉၉၅ ခုနှစ်က ဘုံဘေ (ပေါ်တူဂီအမည် Bon bian) သည် မွန်ဘိုင်းဖြစ်လာသည်။ ၁၉၉၆ ခုနှစ်က မဒရပ်သည် ချနိုင်မြို့ဖြစ်လာသည်။  နောင်လာမည့်အနှစ် ၂၀ အ တွင်း တွင် အိန္ဒိယရှိ မေဂျာမြို့ကြီးများသည် တမြို့ပြီး တမြို့ နာမည်အသစ်များရရှိကြသည် ကိုချင်း (Cochin) သည် Kochin ဖြစ် လာသည်။ ဘန်ဂလိုမြို့မှာ Bangalura ဖြစ်လာသည်။ Calcutta မြို့သည်  Kolkata ဟု ဖြစ်လာသည်။ ကလကတ္တားမှာ Kolkatta အဖြစ်သို့ အဘယ်သို့ပြောင်းလဲသည်ကိုမသိရပါ။ ပြင်သစ်လူများတို့က Paris...

Read more »

ကမ်လူဝေး ● ​ဆေးရုံ (၁၂)

ကမ်လူဝေး ● ​ဆေးရုံ (၁၂)

ကမ်လူဝေး ● ​ဆေးရုံ (၁၂) (မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၇ အသက်​ ဆီမီးက ခမ်း​ခြောက်​လုနီးနီး သက်​တမ်းတိုး ​ရှေ့ဆက်​ဖို့ ပိုက်​ဆံထုပ်​ကိုပိုက်​ရင်း ​ရောက်​လာ။ ​လေထဲမှာရှိတဲ့ ​လေကို ​လေထဲက ဟတ်​ယူ ရှူသွင်းဖို့ ပါးစပ်​ဟ ​မေးထိုးရင်း ကြိုးစား။ ခန္ဓာရှိ ​ဝေဒနာရှိ မ​ရှောင်​နိုင်​တဲ့တရား ​ဝေဒနာကင်းဖို့ ခန္ဓာကိုထားခဲ့ရမလား။ ​ဆေးဝါး​တွေက အသက်​ကို သက်​တမ်းမလွန်​​အောင်​ ဆွဲဆန့်​ တရက်​ တမနက်​ကလဲ တခါတ​လေ ​ဈေးကြီးလှ။ ဒီ​နေရာက အသက်​ကို အရယူပြီးပြန်​ခဲ့ သို့​ပေမဲ့ ပြန်​စရာ အိုးမဲ့ အိမ်​မဲ့။        ။ ကမ်​လူ​ဝေး Tags: ကမ်လူဝေး

Read more »

လှကျော်ဇော ● ခေတ်သစ် မာရှယ်စီမံကိန်း

လှကျော်ဇော ● ခေတ်သစ် မာရှယ်စီမံကိန်း

လှကျော်ဇော ● ခေတ်သစ် မာရှယ်စီမံကိန်း (မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၇ ၂၀၁၃ ခုနှစ်မှာ တရုတ်သမ္မတ ရှီကျင့်ဖင်က တရုတ်-ဥရောပနဲ့ အာရှနိုင်ငံများရဲ့ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအရှိန်ရလာစေရန် ပိုးလမ်းမ စီးပွားရေးစင်္ကြန်လမ်းနဲ့ ၂၁ ရာစု ရေကြောင်းပိုးလမ်းမကြီး (ကုန်းလမ်းတကြောင်း-ရေလမ်းတကြောင်း) တည် ဆောက်ရေးအဆိုကို တင်သွင်းလာပါတယ်။ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တရုတ်က ဒေါ်လာဘီလီယံ (၄၀) နဲ့ “ပိုးလမ်းမရန်ပုံငွေ” ကိုမတည်ပြီး ဒေါ်လာဘီလီယံ (၁၀၀) နဲ့လည်ပတ်မယ့် “အာရှ အခြေခံအဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုဘဏ်” (Asian Infrastructure Investment Bank-AIIB) တည်ထောင်ရေးမှာလည်း ရှေ့ဆောင် ရှေ့ရွက်ပြုခဲ့ ပါတယ်။ တရုတ်သမ္မတရဲ့အဆိုပြုချက်ပေါ်ထွက်လာကတည်းက တချို့လူတွေက ဒါဟာ အမေရိကန်ကဖော်ဆောင်ခဲ့ဖူးတဲ့ “မာရှယ် စီမံကိန်း” ကိုတရုတ်က...

Read more »

ကာတွန်း OKKW ● တောကြောင်တွေ … တောကြောင်တွေ …

ကာတွန်း OKKW ● တောကြောင်တွေ … တောကြောင်တွေ …

ကာတွန်း OKKW ● တောကြောင်တွေ … တောကြောင်တွေ … (မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၇ Tags: ကာတွန်း OKKW

Read more »

ယမင်းခင် ● ဒိုင်ယာရီထဲက ကြယ်နီအမှတ်အသားများ

ယမင်းခင် ● ဒိုင်ယာရီထဲက ကြယ်နီအမှတ်အသားများ

ယမင်းခင် ● ဒိုင်ယာရီထဲက ကြယ်နီအမှတ်အသားများ (မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၇ သားလေးနေမကောင်းတာ ငါးရက်လောက်ရှိနေပြီ။ ပုခက်ထဲမှာအိပ်နေတဲ့နှစ်လသားအရွယ် သားကိုတွေကြည့်နေရင်း မခင်မေ စိတ်မချမ်းမသာဖြစ်နေရ၏။ နေအိမ်မှာ ကူဖော်လောင်ဖက်ကိုယ်ခွဲမရှိသည့်ပြင် မိုးမလင်းခင်က တောင်သူသဘာဝ တောထွက်တတ်သောခင်ပွန်းသည် နေကြီးမြင့်မှပြန်လာတတ်ရာ ကလေးနှစ်ယောက်မိခင် မခင်မေအဖို့တိုင်ပင်ဖော် တိုင်ပင်ဖက်ပင်မရှိပေ။ မခင်မေတို့ အိမ် ထောင်ကျကတည်းက နှစ်ဖက်မိဘများက သဘောမတူဟုဆိုကာ ခပ်ရှောင်ရှောင်နေကြရာ ကလေးနှစ်ယောက်ရသည် ထိ စိတ်ပြေ၍ပြန်ခေါ်သည် နေအိမ်ကိုဝင်ထွက် ကူညီသည်ပင် မရှိခဲ့ကြပေ။ မခင်မေ သားငယ်အား ‘တွေ’ ကြည့်နေရင်း အတွေးစတွေဖြတ်လိုက်သည်။  လေးနှစ်ကျော်သမီးအကြီးမအား ရေချိုးပေးရန် ရေတွင်းသို့ လက်တွဲခေါ်သွားလိုက်သည်။ အကြီးမအားရေချိုးစေရင်း လျော်စရာအဝတ်တွေကို တုတ်ပုတ်ဖြင့်ထုရိုက်ကာ သားငယ်အသံအား နားစွင့်နေရသေး၏။ “အဲ့ အဲ့” သားငယ်၏ အဲ့သံထွက်လာသည်နှင့် ရေစိုနေသောလက်များအားခါရင်း...

Read more »

ကာတွန်း Joker ● နွားတွေ … မကွဲကြနဲ့ဟေ့ …

ကာတွန်း Joker ● နွားတွေ … မကွဲကြနဲ့ဟေ့ …

ကာတွန်း Joker ● နွားတွေ … မကွဲကြနဲ့ဟေ့ … (မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၇ Tags: ကာတွန်း Joker

Read more »

ရဲရင့်သက်ဇွဲ ● အိပ်မက်တယ်

ရဲရင့်သက်ဇွဲ ● အိပ်မက်တယ်

ရဲရင့်သက်ဇွဲ ● အိပ်မက်တယ် (မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၇ နွေရာသီတဲ့ နေ့မရှိတဲ့ ညမရှိတဲ့ ဝင်ရိုးစွန်းနားကပ်နေတဲ့အရပ် ငါ့အတွက်တော့ ပြဇာတ်ဆန်တယ် ….။ မိုးလင်းနေတာလား မိုးချုပ်နေတာလား နေဝင်နေတာလား နေထွက်နေတာလား မငြိမ်းသောအလင်းရောင် ငါ့ကို … လှောင်ပြောင်နေကြတယ် … တဝမ်းတခါး ကျောချစရာတနေရာ ရေကြည်ရာ မြက်နုရာ ရှာ  ရှာ  ရှာ ရေသာများပြီး ငါးမတွေ့  …..။ ခြေသလုံးအိမ်တိုင်ပဲဆိုဆို ရေမျောကမ်းတင်ပဲပြောပြော ကမ္ဘာတလွှား ဘယ်နေရာပဲသွားသွား ဘယ်နေရာပဲ နားနား နေ့ နေ့ ည ည ဧရာဝတီကို အိပ်မက်တယ် လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းကို အိပ်မက်တယ် မျှော်လင့်ချင်းများစွာနဲ့ စောင့်မျှော်နေတဲ့ အမေ့ကို အိပ်မက်တယ်...

Read more »

ခင်မောင်စော (ဘာလင်) ● ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအကြာင်းရင်း

ခင်မောင်စော (ဘာလင်) ● ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအကြာင်းရင်း

ခင်မောင်စော (ဘာလင်) ● ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအကြာင်းရင်း (မိုးမခ) သြဂတ်စ် ၂၉၊ ၂ဝ၁၇ ● နိဒါန်း ကျွန်တော်တို့ရခိုင်တွေဟာ ပညာကိုတန်ဖိုးထားသူများဖြစ်ခဲ့ကြလို့ အင်္ဂလိပ်ခေတ်အတွင်းကလည်းကောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစအချိန်ကလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ထိပ်တန်းရာထူးများကို ရခိုင်အများစုက ရယူထားခဲ့ကြပါ တယ်။ မျက်မှောက်ခေတ်မှာကတော့ ရခိုင်ပြည်ဟာ ဆင်းရဲမွဲတေမှုဒဏ်ကို အလူးအလဲခံနေရလို့ ပညာတတ်များအလွန်နည်း ပါးသွားပါတယ်။  မြန်မာအစိုးရရဲ့ တရားဝင်စာရင်းအရ ချင်းပြည်နယ်ကို အဆင်းရဲဆုံးပြည်နယ်၊ ရခိုင်ပြည်နယ်ကို ဒုတိယ အဆင်းရဲဆုံးပြည်နယ်လို့သတ်မှတ်ထားပေမဲ့ စာရေးသူရဲ့အမြင်မှာ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများဟာ လက်ရှိအခြေ အနေမှာ မြန်မာပြည်ရဲ့အဆင်းရဲဆုံးပြည်နယ်၊ ပညာရေးအဆင့်အတန်း အနိမ့်ကျဆုံးပြည်နယ်လို့ ထင်မြင်မိပါတယ်။ အ ကြောင်းကတော့ ချင်းတိုင်းရင်းသားအများစုဟာ နိုင်ငံခြားမှာရောက်ရှိနေပြီး လူငယ်အများစုမှာလည်း သက်ဆိုင်ရာ ခရစ် ယာန်အသင်းများရဲ့ထောက်ပံ့မှုများကြောင့် နိုင်ငံတကာတွင် ပညာသင်ကြားလျက်ရှိကြလို့ ချင်းပညာတတ်ဦးရေဟာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်