မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၈)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၈)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၈) (မိုးမခ) ဧပြီ ၂၊ ၂ဝ၁၈ သမတအရသာနှင့် မန်းဝင်းမောင် (၁) ၁၉၅၇ ခု၊ မတ်လ။ ကျွန်တော့်တစ်သက်တွင် ပထမဆုံးအကြိမ် စာမေးပွဲကျဖူးသော Ist Year B.Sc (Engg) စာမေးပွဲ စတင်ဖြေဆိုနေရချိန်ဖြစ်သည်။ ကျောင်းမှန်မှန်မတက် စာမကျက်၊ တကသ သို့မူနေ့စဉ်ရောက် သတင်းစာတွေ မပျက်မကွက်ဖတ် နိုင်ငံရေးအကြောင်း ပြောဆိုဆွေးနွေးကြသည့်ထဲ နားထောင်တန်နားထောင် အခွင့်သာလျှင် ဝင်ပါနှင့်မို့ စာမေးပွဲခန်းသို့ပင် မန်းဝင်းမောင်က ကျွန်တော့်ခေါင်းထဲ လိုက်ပါလာ၏။ ဒေါက်တာဘဦး သမတသက်တန်း ကုန်ဆုံးပြီမို့ နောက်တစ်ယောက် ပါလီမန်ပြည်သူ့လွှတ်တော်က ရွေးကောက်တင် မြှောက်ကြရမည်။ (၂) ကရင်တိုင်းရင်းသား အလှည့်ကျ၍ သမတလုပ်ရန် ဝန်ကြီးမန်းဝင်းမောင် အားဝိုင်းဝန်းနားချ၊ သူကလည်းကြောက်အကန် ငြင်းနေပုံသတင်းစာများက ဝေဝေဆာဆာဖော်ပြသည်။...

Read more »

မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၄)

မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၄)

မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၄) (မိုးမခ) ဧပြီ ၂၊ ၂၀၁၈ ● ၈၁၅ စစ်ဒေသ ဖွဲ့စည်းခြင်း ဆွေးနွေးသဘောတူညီချက်များရပြီးနောက် တရုတ်ပြည်နယ်စပ်တွင်လေ့ကျင့် သင်တန်းပေးထားသောအခါ ပြောက်ကျား ၃ဝဝ ကျော်နှင့် CPB ကေဒါ အင်အား ၄၂ ယောက်အားပူးပေါင်းပြီး ၈၁၅ စစ်ဒေသအား ဖွဲ့စည်းခဲ့သည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ထူထောင်ခဲ့သည့် CPB ပါတနေ့အထိမ်းအမှတ်အဖြစ် စစ်ဒေသအမည်ကို ပေးအပ်ခဲ့သည်။ CPB မှလာသူများကို ရဲဘော်ဖေသောင်း ခေါ် ဦးဘသန်းက ဦးဆောင်သည်။ ရဲဘော်ဖေသောင်းသည် ဘေကျင်းပြန် တ ယောက်ဖြစ်သည်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလက မြန်မာပြည်သို့ ပြန်ရောက်ပြီး...

Read more »

နေလွဏ်းအိမ် ● အဖိုးတန်စက္ကူ

နေလွဏ်းအိမ် ● အဖိုးတန်စက္ကူ

နေလွဏ်းအိမ် ● အဖိုးတန်စက္ကူ (မိုးမခ) ဧပြီ ၂၊ ၂၀၁၈ အချိန်တွေဘဝတွေကို အဲ့ဒီအတွက်မြှုပ်နှံခဲ့ကြ စီးရာမမှန်တဲ့ရေလှိုင်းတွေကြား ငါးဖြစ်ရတဲ့ဘဝဟာ ငါးစာပဲဖြစ်ခဲ့တယ် လမ်းဘေးကလေးငယ်တွေကအစ တောင်းစားနေသူတွေအဆုံး တစ်ကိုယ်ရေစာ ဆာလောင်မှုအတွက် သိက္ခာတရားတွေကို ချကျွေးခဲ့ကြ တစ်ထောင်တန်တွေဟာ လူကုံထံတွေအတွက် အပေါစားဆိုပေမယ့် ဘဝတချို့အတွက် ဘုရားသခင်ပဲ ကျကွဲသွားတဲ့မနက်ဖြန်တွေထဲ ကြယ်စင်တလုံး အရည်ပျော်သွားတယ် ညာဘက်လက်က တက်တူးပုံကို အသက်သွင်းပြီး တောနက်ထဲကို အစိမ်းလိုက်ခုန်ချ ကိုယ့်ကိုယ်ကိုအတွက် ပြီးတော့ မိသားစုအတွက် တရားခြင်းတွေကိုင်ဆောင်လို့ အဖိုးတန်စက္ကူနောက် ဒုန်းစိုင်းလိုက်ခဲ့တယ်။ ။ နေလွဏ်းအိမ် Tags: နေလွဏ်းအိမ်

Read more »

ကာတွန်းဆွေသားရဲ့ ကောက်နိုင်လွန်းသူ

ကာတွန်းဆွေသားရဲ့ ကောက်နိုင်လွန်းသူ

ကာတွန်းဆွေသားရဲ့ ကောက်နိုင်လွန်းသူ (မိုးမခ) ဧပြီ ၂၊ ၂၀၁၈ Tags: ကာတွန်းဆွေသား

Read more »

ဇော်အောင် (မုံရွာ) ● ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC

ဇော်အောင် (မုံရွာ) ● ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC

ဇော်အောင် (မုံရွာ) ● ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC (မိုးမခ) ဧပြီ ၂၊ ၂ဝ၁၈ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကျပ် ၁ဝ ဘီလီယံ မတည်ပြီး တည်ထောင်လိုက်ပါပြီ။ အစိုးရက စီးပွားရေးမလုပ်သင့်ပါဆိုတဲ့ အစိုးရဌာနများကို စိတ်ကုန်နေသူများအတွက် ခေါင်းထောင်ကြည့်စရာ၊ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ရန်ကုန် စည်ပင်ကို စီးပွားရေးလုပ်ဖို့ ဥပဒေကို ရန်ကုန်တိုင်းလွှတ်တော်မှာ မဆွေးနွေးခင်မှ ကြေငြာလိုက်ပါတယ်။ လူနဲ့မူ ဘယ်ဟာအရေးကြီးသလဲ ဆွေးနွေးကြသူများက လူကိုပဲပြောင်းလဲချင်ကြပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ ၂ နှစ်သက်တမ်းမှာ ရင်ကြားစေ့စပ်နေရတာနဲ့ စီးပွားရေးမတိုးတက်လို့ စိတ်ပျက်နေချိန်၊ ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးကိုကိုင်တွယ်တော့မယ်သတင်းကြောင့် အားတက်လာပါတယ်။ ဒါပေမဲ့ ခေါက်ရိုးကျိုးနေတဲ့ ဌာနဆိုင်ရာ အကြီးအကဲ များနဲ့ ဝန်ထမ်းများကိုစိတ်ပျက်နေချိန် ရန်ကုန်တိုင်းအစိုးရတည်ထောင်လိုက်တဲ့ စီးပွားရေးလုပ်ငန်းမှာ ဘယ်သူတွေပါသလဲ ကြည့်ပါတယ်။...

Read more »

မောင်စွမ်းရည် ● ပန်းရည်ဘဏ်တိုက်ဆောက်သူ

မောင်စွမ်းရည် ● ပန်းရည်ဘဏ်တိုက်ဆောက်သူ

မောင်စွမ်းရည် ● ပန်းရည်ဘဏ်တိုက်ဆောက်သူ (မိုးမခ) ဧပြီ ၂၊ ၂၀၁၈ ကာလပေါ်သီးချင်းလောကမှာ ပန်းရည်ဘဏ်တိုက်သီချင်းဟာ အတော်လေး ခေတ်စားတွင်ကျယ်ခဲ့ပါတယ်။ အလုပ်သမား တွေ အလုပ်လုပ်ကြပုံအကြောင်းကို ပြောကြ ပြကြတဲ့အခါမျိုးမှာ နောက်ခံတေးအဖြစ် ပန်းရည်ဘဏ်တိုက်သီချင်းတပိုင်းတစကို  မကြာခဏကြားရဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သီချင်းတပိုင်းတစကို  မကြာခဏရွတ်ဆိုဖူးပါတယ်။ သူ့ အကြောင်းကို ဆောင်းပါးရေးမိတာလဲ နှစ်ခါသုံးခါထက် မနည်းဘူးထင်ရဲ့။ သူက ကန်မြဲသားပါ။ ကန်မြဲဆိုတာ မြင်းခြံခရိုင် တောင်သာမြို့နယ်မှာ ကန်မြဲ-ဇဂျမ်းဆိုပြီး ရွာကြီးနှစ်ရွာဆက်နေတဲ့ရွာပါ။ ကဗျာဆရာတင်မိုးရဲ့ ဇာတိရပ်ရွာလည်းဖြစ်ပါတယ်။ ခုခါ ကန်မြဲရွာမှာ တင်မိုးစာကြည့်တိုက်ဆိုပြီး တည်ဆောက်ထားတော့ ကဗျာဆရာကြီးတင်မိုးရဲ့ ကြေးသွန်းကိုယ်တပိုင်း ရုပ်တုတခုကိုလည်း တင်မိုးစာကြည့်တိုက်မှာ ထုလုပ်ပုံသွင်းထားပါတဲ့။ ကောင်းလေစွ။ တင်းမိုးရော၊ ကိုအေးကျော်ရော ကန်မြဲ-ဇဂျမ်းရွာသား နှစ်ဦးလုံးဟာ တကယ့်ပစ္စည်းမဲ့ ဆင်းရဲသားတွေပါ။ တင်မိုးရဲ့ အစ်မ...

Read more »

ကာတွန်း ညီထွေး

ကာတွန်း ညီထွေး

ကာတွန်း ညီထွေးရဲ့ တမင်လုပ်ထားတာကွ …. (မိုးမခ) ဧပြီ ၂၊ ၂၀၁၈ Tags: ကာတွန်း ညီထွေး

Read more »

လှကျော်ဇော ● လက်ရှိ ဒီချုပ်ခေါင်းဆောင်များအတွက် သမိုင်းအမွေကောင်း

လှကျော်ဇော ● လက်ရှိ ဒီချုပ်ခေါင်းဆောင်များအတွက် သမိုင်းအမွေကောင်း

လှကျော်ဇော ● လက်ရှိ ဒီချုပ်ခေါင်းဆောင်များအတွက် သမိုင်းအမွေကောင်း (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ မတ်လ (၂၁) ရက်နေ့က နိုင်ငံတော်သမ္မတဦးထင်ကျော်ရာထူးမှနုတ်ထွက်ခွင့်တောင်းတဲ့စာသတင်း ကွန်ရက်မှာ တက်လာ ပြီးနောက် နောက်ဆက်တွဲသတင်းတွေ တက်လာပါတယ်။ ကျန်းမာရေးတစုံတရာချို့ယွင်းနေမှုကနေ နုတ်ထွက်မယ်ဆိုတဲ့သတင်းထွက်နေတာကြာနေပေမဲ့ တကယ်ထွက်တော့မယ်ဆိုတော့လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတာပါပဲ။ အဲလိုထွက်လာတဲ့သတင်းများအကြားမှာ ကျွန်မစိတ်ဝင်စားမိတဲ့ သတင်းတချို့ပါလာပါတယ်။ – သမ္မတရာထူးမှ အကြောင်းပြချက်မရှိပဲနုတ်ထွက်တာဖြစ်လို့ ပင်စင်တို့ နစ်နာကြေးတို့ မရနိုင်ကြောင်း။ – သမ္မတရဲ့ဇနီး ဒေါ်စုစုလွင်က မိမိတို့ကိုယ်ပိုင်ပစ္စည်းစာရင်းစာအိတ်အပ်ထားတာ ပြန်ယူမှာမဟုတ်ကြောင်း၊ သိချင်သူ မည် သူမဆို သွားကြည့်နိုင်ကြောင်း၊ – သမ္မတသက်တမ်း (၂) နှစ်အတွင်း ဘာမှထူးထူးခြားခြားလုပ်ဆောင်နိုင်ခဲ့မှုမရှိကြောင်း၊ ကလေးစာအုပ်ပြပွဲ ဖွင့်ပွဲလေးတခုလုပ်ဆောင်ပေးသွားကြောင်း (အာမနာပပြောစကားများ) စတာများဖြစ်ပါတယ်။ တကယ်တော့ သမ္မတဦးထင်ကျော်ချန်ပေးခဲ့တဲ့ သမိုင်းဝင်အမွေဟာ...

Read more »

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ထိုင်ခုံ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ထိုင်ခုံ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ထိုင်ခုံ (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ သည်နေ့သည် မနေ့ကလိုမဟုတ်ပါ။ သည်နေ့သည် နေ့ရက်အသစ်တစ်ရက်သာဖြစ်သည်။ ထိုကဲ့သို့ သာမာန်နေ့ရက်ဖြစ် သည်ဟုပြောဆိုနေရခြင်းကိုက ထူးခြားမှုဖြစ်သည်လို့ မလည်ရှုပ်ဖြစ်အောင် မရှုပ်ရှု့ပ်အောင်လုပ်နေကြသော လောကကြီး တွင် ကိစ္စများမြောင် လူတို့ဘောင်ဆိုသည့်အတိုင်း သည်နေ့လည်း ကျွန်တော်သည် မြန်မာတစ်နိုင်ငံလုံးတွင် မှီတင်းနေ ထိုင်ကြသူများထဲမှ ထူးခြားဆန်းပြားတမူထူးတဲ့ လူထူးခြားစာပေဖန်တီးသူ ဆရာ/မများ၏ စာမူများကို ရန်ကုန် မြို့တွင်းတွင်ရှိ သော မဂ္ဂဇင်းဂျာနယ် စာစောင် နေ့စဉ်သတင်းစာတိုက်များဆီသို့ စာမူများချောမောလွယ်ကူအောင်မြင်စွာ ရောက်ရှိဖို့ရာ ရှေ့တန်းထွက်ရပေဦးမည်။ ပထမဆုံးစစ်ပွဲကတော့ ကားမှတ်တိုင်တွင် ရန်သူမဟုတ် မိတ်ဆွေမဟုတ်သူ အာဂလူသားများနှင့် အလုအယက် ထိုင်ခုံတစ် နေရာအတွက် တိုက်ပွဲဝင်ရခြင်း ဖြစ်ပေလိမ့်မည်။ ဟုတ်ပါသည်။ ရန်တွေကုန်သွားသော ရန်ကုန်တွင် အချိန်တွေကိုပါ...

Read more »

ဖိုးရွှေညီမှိုင်း

ဖိုးရွှေညီမှိုင်း

ဖိုးရွှေညီမှိုင်း ● ပလတ်စတစ်များ (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ သမားရိုးကျ ထုံးတမ်းစဉ်လာ သဘာဝအတိုင်း မွေးဖွားလာခဲ့ ရီဆိုက်ကယ်လ် ပြန်လုပ်လို့မရနိုင်တဲ့ ရိုးရိုးသစ်ပင်က ရိုးရိုးသစ်ရွက် တရွက်မျှသာ။ သေဆုံးခွင့် မပြုနိုင်ဘူးဆိုရင် ရှင်သန်ခွင့်ကို ပေးပါ ရှင်သန်ခွင့်ကို လိုချင်ပေမယ့် မရနိုင်ဘူးဆိုရင်တော့ သေဆုံးခွင့်ကိုသာ ပေးလိုက်ပါ။ ရှင်သန်ခွင့်မရှိ သေဆုံးခွင့်လည်းမရှိတဲ့ ဒီ … ရီဆိုက်ကယ်လ်ထဲက ပလတ်စတစ်ဘဝကြီးကို ရိုးရိုးသစ်ရွက် ရွံလှပြီ။ ဖိုးရွှေညီမှိုင်း ၂၀၁၈ မတ်လ ၁၉ ရက် Tags: ဖိုးရွှေညီမှိုင်း

Read more »

ကာတွန်းရာဇာသာစည်ရဲ့ ဖေ့ဘုတ်ခ်ထဲနစ်နေပြီ ကူ၍ဆယ်ပေးကြပါ

ကာတွန်းရာဇာသာစည်ရဲ့ ဖေ့ဘုတ်ခ်ထဲနစ်နေပြီ ကူ၍ဆယ်ပေးကြပါ

ကာတွန်းရာဇာသာစည်ရဲ့ ဖေ့ဘုတ်ခ်ထဲနစ်နေပြီ ကူ၍ဆယ်ပေးကြပါ (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ Tags: ကာတွန်းရာဇာသာစည်

Read more »

ဌေးဝင်း (ဂျာမဏီ) ● ထမင်း

ဌေးဝင်း (ဂျာမဏီ) ● ထမင်း

ဌေးဝင်း (ဂျာမဏီ) ● ထမင်း (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ လောကမှာ ငါဟာ တော်တော်အရေးပါတဲ့ ကောင်ပါလား၊ ငါသာလျှင် အရေးအကြီးဆုံး၊ ငါမရှိရင် မဖြစ်၊ ငါမရှိရင် လူဆိုတဲ့ သတ္တဝါတွေ ဘယ်အသက်ရှင်နေနိုင်မလဲ။ အထူးသဖြင့် အာရှတိုက်သား လူသတ္တဝါတွေပေါ့။ “ရေအသက် တမနက်၊ ထမင်း အသက် တရက်” တဲ့၊ ဆိုရိုးစကားတောင် ရှိသေးမဟုတ်လား။ ငါ တရက်တလေလေးများမရှိခဲ့ရင် ဒီလူသတ္တဝါတွေ မနေနိုင် တော့ဘူး။ ငါ့ကို ဒီလူသတ္တဝါတွေက “ထမင်း” လို့ ခေါ်ကြတယ်။ ငါဘယ်လိုဘယ်ပုံ ထမင်းဘဝရောက်လာလဲ သိလား၊ ဆန်ကနေ ဖြစ်လာတာပေါ့။ လူသတ္တဝါတွေက ဆန်ကနေ ငါ့ကို “ထမင်း” အဖြစ် ချက်ပြုတ်ကြတယ်။ ဆန်ရော ဘယ်ကရလဲ...

Read more »

မောင်စိန်သော် ● ပန်ယန်းဒေသတိုက်ပွဲ

မောင်စိန်သော် ● ပန်ယန်းဒေသတိုက်ပွဲ

မောင်စိန်သော် ● ပန်ယန်းဒေသတိုက်ပွဲ (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ ပန်ယန်း ဆိုတာ သံလွင်မြစ် အရှေ့ဘက် ၀ နယ်တောင်ပိုင်းမှာ ရှိပါတယ်၊ သံလွင်မြစ်အနောက်ဘက်ရှိ မိုင်းရှူး မြို့ရဲ့ အရှေ့မြောက်ဘက်လောက် ရှိလိမ့်မယ်လို့ မှန်းဆရပါတယ်။ ပန်ယန်းဟာ မြို့ငယ်ပုံ-အလယ်က လမ်းမ ကြီး၊ အိမ်တွေ တဖက်တတန်း စီဆောက်ထားတဲ့ ဈေးရွာကြီးပါ။ ရှမ်းလူမျိုး၊ ၀ လူမျိုးနဲ့ တရုတ်လူမျိုးတွေ နေထိုင်ကြတယ်။ ပူမုန်းတို့၊ စော်ဘွားတို့နေခဲ့ဖူးတဲ့ အိမ်ဟောင်းတွေလည်းရှိတယ်။ ဒါ့ပြင် ကာကွယ်ရေးဗိုလ် ဟောင်း လားဟူလူမျိုး ကြဆောဗိုလ် ခေါ် ဗိုလ်မီရ အဖွဲ့လည်းနေခဲ့တယ်လို့ သိရတယ်။ ကျွန်တော်တို့ရောက်စ ဗိုလ်မီရအိမ် ရှိသေးတယ်။ တောင်ကုန်းပေါ်မှာ ပျဉ်ခင်း ပျဉ်ကာ အိမ်တော်တော်ကြီးတယ်။ အစိုးရတပ် စခန်း...

Read more »

အောင်ဝေး -ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၆ )

အောင်ဝေး -ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၆ )

ပန်းချီ သန်းဌေးမောင် အောင်ဝေး -ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၆ ) (မိုးမခ) ဧပြီ ၁၊ ၂၀၁၈နိုင်ငံတော်ဟာ အချစ်ငတ်နေတယ် အချစ်ငတ်နေတဲ့ နိုင်ငံတော်ပေါ့ ။ ဒီနေ့မှာ အချစ်ငှက်ဟာ မွေးဖွားလာတယ် ဒီနေ့မှာ အချစ်ငှက်တစ်ကောင် လရောင်အောက် မိုးသောက်တေး ဆိုတယ်။ တကယ်တော့ သူရောက်နေတာ အမှောင်ခေတ်ကြီးပဲ သွေးချောင်းစီးနေတဲ့ ခေတ်ကြီးလေ။ သူ ဘယ်သိပါ့ မလဲ စစ်ကိုမုန်းလို့ တိုက်ခဲ့တာ သမ္မတအသစ်ကြီး တက်လာတာ သူ ဘယ်သိပါ့ မလဲ။ တစ်နေ့တည်း၊ တစ်နေ့တည်း နေ့မှာ (ဒုတိယ)သမ္မတရွေး ညမှာ အကယ်ဒမီပေး...

Read more »

နိုင်ဝင်းသီ – လွင့်​​မျောတ​စ္ဆေ

နိုင်ဝင်းသီ – လွင့်​​မျောတ​စ္ဆေ

နိုင်ဝင်းသီ – လွင့်​​မျောတ​စ္ဆေ (အက်ဆေးလှည်းတန်း ၄ စာအုပ်မှ) မိုးမခ၊ ဧပြီ ၁၊ ၂၀၁၈ ( တစ် ) မြို့ပြဟာ မိုးရေစက်တွေအောက်မှာ နစ်မြုတ်ငြိမ်သက်လို့ … ရူးနှမ်းနေတဲ့မိုးတိမ်တွေဟာ သွေးရူးသွေးတန်း ပြေးလွှားအော် ဟစ်လို့။   မိုးလေဟာ တရှပ်ရှပ် … လျှပ်နွယ်တွေဟာ တဝင်းဝင်း … “မနိုးပါစေနဲ့မိုးရယ်”ဟာပြန်လည်လို့ မရနိုင်တော့တဲ့ ကျွန်တော်တို့ရဲ့လူငယ်ဘဝ။ နှစ်ပေါင်း သုံးဆယ်ကျော်လေးဆယ်နီးပါး ကြာမြင့်ခဲ့ပြီပေါ့။ “မနိုးပါစေနဲ့မိုးရယ်”ကို  စွဲမက်နေသော လူတစ်ယောက်ဖြစ်နေဆဲ။   သီချင်းလေးကိုက အလွမ်းပြဇာတ်​လေး တစ်ပုဒ်ကို ငေးငေးရီရီ ထိုင်ကြည့်နေရသလို ထိခိုက်ကြေကွဲစရာကောင်းနေသည်။ နားထောင်မိလေတိုင်းလည်း အသံများရဲ့ ကြည်လင်လှပမှုထဲမှာ အမြဲတမ်းနစ်မျော သွားခဲ့။  လူငယ်ဘဝထဲကို လက်ဝဲဆန်သော အယူအဆနှင့် ​တော်လှန်စာပေအရိပ်တွေ ထိုးကျ​နေခဲ့သော်လည်း ဂီတဟာမွန်းကျပ်နေတဲ့...

Read more »

ကာတွန်းကိုတေရဲ့ ဖြည်းဖြည်းတွန်းကြပါ … လှမ်းနေပါတယ်ခင်ဗျ

ကာတွန်းကိုတေရဲ့ ဖြည်းဖြည်းတွန်းကြပါ … လှမ်းနေပါတယ်ခင်ဗျ

ကာတွန်းကိုတေရဲ့ ဖြည်းဖြည်းတွန်းကြပါ … လှမ်းနေပါတယ်ခင်ဗျ (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ Tags: ကာတွန်းကိုတေ

Read more »

ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၎

ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၎

  ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၄ (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း အမှတ်မထင် ကြားခဲ့ရ ၂၄။ မင်္ဂလာဒုံ ဗဟိုနိုင်ငံရေးတက္ကသိုလ်နည်းပြ အညာသားလေး လူပျိုသိုးကြီး ဗိုလ်ကြီးသန်းရွှေဟာ စစ်ဗိုလ်ထုံးစံအတိုင်း တပ်တွေမှာ ကြာလာရင် စား မကောင်းတာမို့ စားအိမ်သောက်အိမ်ရှာ မြို့ထဲ ခြေစင်္ကြာဖွင့် အုပ်ချုပ်မှု တည်ဆောက်တတ်တာမို့ တသားသွေးတသွေးလှ ပအို့မလေး မကြိုင်ကြိုင်ဆီ ခြေဦးလှည့်ပါတယ်။ မကြိုင်ကြိုင်ဟာ ကလေးမွေးထားပေမဲ့ အပျိုရှုံးအောင် လှပဆဲဖြစ်ကာ ရန်ကင်းမှာ စက်ချုပ်လုပ်ကိုင်နေပါတယ် ။ စက်ချုပ်တော်တာမို့ မကြိုင်ကြိုင်ဟာ ဗိုလ်ကြီးသန်းရွှေအား လူပါ ချုပ်လိုက်နိုင်တယ်လို့ ရန်ကင်းမှာ မိမိအိမ်ကို လာလည်တဲ့မိတ်ဆွေက ပြောပါတယ်။ သူတို့အိမ်ထောင်ပြုပြီးနောက်...

Read more »

မောင်ကြူးရင့် – မောင်ကြီးရွာပြန်

မောင်ကြူးရင့် – မောင်ကြီးရွာပြန်

  မောင်ကြူးရင့် – မောင်ကြီးရွာပြန် (မိုးမခ) မတ် ၃၁၊ ၂၀၁၈ရန်ကုန်တခေါက် အလည်ရောက်ခဲ့တယ် ဝါရွှေနု ကံ့ကော်ပွင့်ကလေးတွေကတော့ အရင်အတိုင်းမွှေးမြနေတုန်းပါပဲ အမေမရှိတော့အိမ်ဟာ ကန္တာရထဲကသစ်ခြောက်ပင်လို အထီးကျန်ဆန်လွန်းပါရဲ့ တော်လှန်ရေးရဲဘော် နိုင်ငံရေးအကျဉ်းသားဟောင်း အများစုကတော့ သဲပူပေါ်ပစ်တင်ခံရတဲ့ငါးလို အလေ့ကျပွင့်တဲ့ပန်းလို လေတချက်ဝှေ့တာနဲ့ တဖြုတ်ဖြုတ်ကြွေနေတုန်းပါပဲ ကောင်းကင်တခုလုံး ကြယ်ပွင့်တွေဖုံးနေသလို ထားစရာမရှိအောင်ချမ်းသာသူနဲ့ သဲကန္တာရမှာ ရေတစက်ရှာမတွေ့သလို ကုန်းကောက်စရာမရှိအောင် ငတ်ပြတ်ဆင်းရဲသူတွေကြားက အလယ်အလတ်အလွှာဟာ ခုထိပျောက်ဆုံးနေတုန်းပဲ ရန်ကုန်မြို့လမ်းလယ်ခေါင် ကားတွေကြားထဲ ကျောင်းနေရွယ်ကလေးငယ်တွေ ရေသန့်ဗူး ပန်းကုံးကိုင် ထမင်းတနပ်စာခက်ခက်ခဲခဲ ငွေရှာရတုန်းပါပဲ ဆိပ်ကမ်းသာဟာလည်း သိပ်လွမ်းစရာပါပဲ ဆိုက်တဲ့ကဗျာလှေဆိုက် မဆိုက်တဲ့ကဗျာလှေမဆိုက် ပူအိုက်နေတုန်းပါပဲ ကျေးလက်ဟာ သွေးပျက်နေပြီလား အပွေးတက်နေပြီလား ငါသွားလို့ရောက်တဲ့အခါ ကျောက်စက်ရေလို ရင်အေးရမှာလား နေထန်းတဖျားလို ရင်ပူရမှာလား စစ်ပြေးဒုက္ခသည်တွေထက် စစ်ပွဲနှစ်ဖက်ကြား ပိတ်မိသူတွေအရေးက...

Read more »

မောင်အောင်မွန် ● ကြုံဖူး ဆုံဖူး ကြိုက်ဖူးသူများ

မောင်အောင်မွန် ● ကြုံဖူး ဆုံဖူး ကြိုက်ဖူးသူများ

မောင်အောင်မွန် ● ကြုံဖူး ဆုံဖူး ကြိုက်ဖူးသူများ (မိုးမခ) မတ်လ ၃၁၊ ၂၀၁၈ (၁) ကျွန်တော်ငယ်စဉ်က တာရာမဂ္ဂဇင်းထဲတွင် ဒဂုန်တာရာရေးသော အောင်ဆန်း သို့မဟုတ် အရိုင်းကိုဖတ်ရ၏။ ထူးဆန်းသလို စိတ်ထဲခံစားရသည်။ မဖတ်ဖူးသော စာမျိုးကိုး။ လူကိုလေ့လာခြင်း ဟုဆရာတရာကဆိုသည်။ နောက်(၁၀)နှစ်ခန့်အကြာ ၁၉၅၅ ခု၊ နှစ်တွင် ဒဂုန်တာရာ၏ ရုပ်ပုံလွှာ စာအုပ်ထွက်လာသည်။ စာအုပ်၌ ပါဝင်သော ပန်းချီဦးအုန်လွင်၏ လက်ရာမျက်နှာဖုံး၊ ဂျာနယ်ကျော်မမလေးက ပုံနှိပ်ထုတ်ဝေပေးသည်။ သူခြယ်မှုန်းထားသော လူပုဂ္ဂိုလ်များနှင့် ခေတ်ကာလကို ကျွန်တော်ကောင်းစွာ နားလည်ခံစားတတ်လာပြီ။ (၂) ကျွန်တော်သည် လူတစ်ယောက်အား ခွဲ၍ပိုင်း၍ ကြည့်မြင်ခြင်းကိုနှစ်သက်၏။ ကျွန်တော်ရေးသော ၀တ္ထုများမှ ဇာတ်ကောင်များ၏ စိတ်ထားအတွင်း ၀ိရောဓိကို ရေးသားနိုင်ခြင်းမှာ သူငယ်ချင်းကိုကျော်စိန် (ကွယ်လွန်သူ စိတ်ပညာပါမောက္ခ)...

Read more »

ကာတွန်း သြဇာသီးရဲ့ သေချာလုပ်ပါ အမတ်မင်းရဲ့

ကာတွန်း သြဇာသီးရဲ့ သေချာလုပ်ပါ အမတ်မင်းရဲ့

ကာတွန်း သြဇာသီးရဲ့ သေချာလုပ်ပါ အမတ်မင်းရဲ့ (မိုးမခ) မတ်လ ၃၁၊ ၂၀၁၈ Tags: ကာတွန်း သြဇာသီး

Read more »

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း (မိုးမခ) မတ် ၃၀၊ ၂၀၁၈  (သူ့ဖေ့စ်ဘွတ်က ယူပါတယ်) လာမည့် ဧပြီလ ၂ ရက်နေ့မှစကာ ကျွန်တော် “မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း” ကို NTUC Learning Hub ၌ မြန်မာလို သင်ကြားပို့ချရပါမည်။စင်ကာပူသို့ ယခုမှ စတင်ရောက်လာသည့် အိမ်အကူလုပ်သား (FDW – Foreign Domestic Worker) များသည် ဤသင်တန်းသို့ မဖြစ်မနေတက်ရသည်။ ဤသင်တန်းမှ FDW တစ်ဦး သိသင့်သိထိုက်သည်များအားလုံးကို ရှင်းလင်းသင်ကြားပေးသည်။ သည်သင်တန်းပါ အချက်အလက်များကို ကိုးကား၍ မြန်မာအိမ်အကူများသိသင့်သိထိုက်သည်များကို ရေးလိုက်ပါသည်။ ယခင်ကလည်း သည်အကြောင်း ကျွန်တော် ရေးဖူးပါသည်။ သို့သော် ပြန်လည်ပြင်ဆင်ထားသည်များရှိသဖြင့် ယခုထပ်မံ၍ ပြည့်ပြည့်စုံစုံ ရေးသားလိုက်ရခြင်းဖြစ်ပါကြောင်း...

Read more »

မောင်ဥက္ကလာ ● ခီလေသမျှ ဟိုဟာကွဲရ

မောင်ဥက္ကလာ ● ခီလေသမျှ ဟိုဟာကွဲရ

မောင်ဥက္ကလာ ● ခီလေသမျှ ဟိုဟာကွဲရ (မိုးမခ) မတ်လ ၃၀၊ ၂၀၁၈ ဒီရက်အတွင်း ရွှေပြည်ဖွဘုတ် နံရံပေါ်မှာ ရွှေပြည်သားတွေ တခီခီ ဖြစ်နေတာနဲ့ မေတ္တာတရားလွှမ်းခြုံ၊ အလွန်အေးချမ်းသာ ယာတဲ့ ရွှေပြည်ကြီးမှာ  ဘာတွေဖြစ်ပြန်ပြီလဲလို့ အလန့်ထညက် ခေါင်းထောင်ကြည့်လိုက်သည်အခါ … ရွှေပြည်ရဲ့   အားလုံးအထက်မှာရှိတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင် မင်းပြောင်းမင်းလွှဲ မအားမလပ်ကြားမှ ရွှေပြည်သမိုင်းအတွက် အထူး အရေးကြီးတဲ့ နေ့ကြီးနေ့မြတ်တရက်ဖြစ်တဲ့ ရွှေပြည်ရုပ်သေ ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို အချိန်ပေး တက်ရောက် ပြီး၊ ရွှေပြည်သမိုင်း အပြောင်းအလဲကို ရှေ့တန်းမှ ရဲရဲဝံ့ဝံ့၊ မားမားမတ်မတ် စပွန်ဆာယူပြီး  ရပ်တည်နေကြတဲ့ ရုပ်သေလောက သားတွေကို ကျေးဇူးတင်စကား တက်ရောက်ပြောကြတာကို တွေ့မြင်ပြီး ရုပ်သေလောကသားတွေနဲ့ထပ်တူ ဝမ်းမြောက်မဆုံး ခင်မှာ… အားလုံးအထက်ကပုဂ္ဂိုလ်ရဲ...

Read more »

ဆလိုင်းမြတ်နိုးသူ ● အားလပ်ရက်

ဆလိုင်းမြတ်နိုးသူ ● အားလပ်ရက်

ဆလိုင်းမြတ်နိုးသူ ● အားလပ်ရက် (မိုးမခ) မတ်လ ၃၀၊ ၂၀၁၈ ဒီနေ့ဆိုင်မှာ မျက်ခုံးညှပ်ဖို့တွေးထားတယ် ပါးပါးကလေးနဲ့ တဂျီဂျီအော်နေမယ် အရိုးကလေးတွေ ကော်ပတ်တိုက်ရမယ် ပြီးတော့ မျက်လုံးကိုလည်း ထုတ်ဆေးရမယ် ပြီးတော့ ရေကူးကန်လည်း နေလှမ်းရမယ် ပြတင်းပေါက်ကနေကြည့်မယ်ဆို လူနံ့တွေနဲ့ဘယ်လို နေရမလဲ မြေခွေးတွေဟာ ကြောက်တတ်ကြပါတယ် ကိုယ်က မြေခွေးတကောင်မှ မဟုတ်ဘဲ ဟုတ်တော့ကော အဲဒီကို သွားဖို့လိုမှာလား ကိုယ် စမ်းသပ်မိတယ် အဲဒါနဲ့ပဲ မသွားဖြစ်ခဲ့တာ ကြောင်အိမ်ထဲက ဓားတုံးသလောက်ပဲ ဒီနေ့တော့ ဖြစ်ကိုဖြစ်ရမယ် ပျင်းလို့ရယ်ဒီမိတ်တွေ ဆောင်ထားခဲ့တယ် သွားစွယ်တွေကိုတော့ ဝှက်ထားလို့မရဘူးမဟုတ်လား ဘာပဲဖြစ်နေဖြစ်နေ ထွက်မှရမယ် မိုးကလေးရွာနိုင်တယ် ဒီချိန်ဆို အားနေလောက်တယ် အိမ်တံခါး သော့ခတ်ခဲ့တယ် ပြီးတော့လည်း အတွင်းထဲကနေ ပြန်လှည့်ရတယ် ကိုယ်ဟာ ဒီလိုမျိုးလျှောက်သွားနေလို့မှမရဘဲ...

Read more »

ကာတွန်း ဆွေသားရဲ့ တရားစောင့်နတ်

ကာတွန်း ဆွေသားရဲ့ တရားစောင့်နတ်

ကာတွန်း ဆွေသားရဲ့ တရားစောင့်နတ် (မိုးမခ) မတ်လ ၃၀၊ ၂၀၁၈ Tags: ကာတွန်း ဆွေသား

Read more »

ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၃

ဗိုလ်ထက်မင်း –  ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၃

ဗိုလ်ထက်မင်း –  ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၃  (မိုးမခ) မတ် ၂၉၊ ၂၀၁၈ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့အမှတ်မထင်ဆုံခဲ့ရ (ဒုတိယကြိမ်) သောကတောင်တန်း နေကြယ်တွေသန်းခဲ့ရတဲ့ မိန့်ခွန်းရှည် ၂၀။ ၁၉၉၁ခုနှစ် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှာ စာရေးသူဟာ စစ်ရေးပြမှူးကြီးရဲ့ လုံခြုံရေးအပါအ၀င် တပ်မတော်စစ်ကြောင်းအားလုံးရဲ့ ထိပ်ရှေ့ပြေးလမ်းကြောင်း ရှင်းတာဝန်အရ လက်နက်ကိုင်တပ်စိတ်တစိတ်ပါ NISSAN PATROL ထိပ်နီကားနဲ့လိုက်ပါထမ်းဆောင်ရပါတယ်။ ကားကို အနှေးမောင်းရပြီး ပန်းကုံးစွပ်ဖို့ တိုးလာတဲ့ လူထုနဲ့နောက်က စစ်ကြောင်း ပုံပျက်မပျက် ထိန်းပေးရသလို လူထုထဲက အဖျက်အမှောက်လုပ်သူများ ဘွားကနဲပေါ်လာရင် မိမိက ဘယ်လိုတုန့်ပြန်ပြီး ဖေါက်ထွက်ရမည့်အူကြောင်းနဲ့ စစ်ရေးပြမှူးကြီးကို ကားပေါ်ဆွဲတင်ဖို့တကွ လမ်းတလျှောက်လုပ်နိုင်မည့် စစ်ရေးလှုပ်ရှားမှုတွေကို တိုက်စစ်ကစားသလို တွက်ချက်နေရပါတယ်။...

Read more »

ဂါမဏိ ● ​တရုတ်စစ်တပ်နဲ့ တရုတ် – အမေရိကန်စစ်တပ် တွေ့ကြရာဝယ်

ဂါမဏိ ● ​တရုတ်စစ်တပ်နဲ့ တရုတ် – အမေရိကန်စစ်တပ် တွေ့ကြရာဝယ်

ဂါမဏိ ● ​တရုတ်စစ်တပ်နဲ့ တရုတ် – အမေရိကန်စစ်တပ် တွေ့ကြရာဝယ် (မိုးမခ) မတ်လ ၂၉၊ ၂၀၁၈ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံက သံချပ်ကာတပ်မဟာနှစ်ခုဟာ အတွင်းမွန်ဂိုးလီးယားပြည်နယ် ကျူးရီဟယ် လေ့ကျင့်ရေးအခြေစိုက်စခန်းမှာ တပတ်ကြာ စစ်လေ့ကျင့်ခန်းအဖြစ် တဖက်နဲ့တဖက် တိုက်ခဲ့ကြတယ်။ အနီ တပ်နဲ့ အပြာတပ်လို့ သတ်မှတ်ထားတဲ့ တပ်မဟာနှစ်ခုစလုံးမှာ အမျိုးအစားတူ လက်နက်ခဲယမ်းတွေ သံချပ်ကာ ယန္တရားတွေ တပ်ဆင်ထားတယ်။ အပြာတပ် ဆိုတာ အမေရိကန်စစ်တပ်ပုံစံနဲ့ စီစဉ်ခင်းကျင်းတိုက်ပွဲဝင်တဲ့ တပ် မဟာဖြစ်တယ်။ အနီတပ်ကတော့ သမရိုးကျ တရုတ်ကွန်မြူနစ်တပ်ပုံအတိုင်း စစ်ဆင်စစ်တက် စစ်ကစား တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီစစ်ကစားလေ့ကျင့်ခန်းမှာ အနီတပ် ချေမှုန်းခံခဲ့ရပါတယ်။ “တနာရီအတွင်းမှာ ငါတို့ဟာ လေကြောင်းတိုက် ခိုက်မှုတွေ၊ ဂြိုလ်တုထောက်လှမ်းရေးတွေ၊ ဆိုင်ဘာ (ကွန်ပျူတာ)...

Read more »

ဆောင်းယွန်းလ ● ရူးချင်ယောင်ဆောင်နေခဲ့ရခြင်းများ

ဆောင်းယွန်းလ ● ရူးချင်ယောင်ဆောင်နေခဲ့ရခြင်းများ

ဆောင်းယွန်းလ ● ရူးချင်ယောင်ဆောင်နေခဲ့ရခြင်းများ (မိုးမခ) မတ်လ ၂၉၊ ၂၀၁၈ နားလည်စရာမလိုပဲ ငိုခဲ့ရတယ် ရယ်ခဲ့ရတယ် ဝမ်းနဲခြင်းမှာ တယောထိုးသံပါမလာဘူး သေဆုံးခြင်းကို နှဲမှုတ်မပြခဲ့ဘူး ကြည့်ပြီး ရူးခဲ့ရတာနဲ့  ကြည့်ရင်း ရူးသွားခဲ့တာကတော့ ကွာမှာပေါ့ ငါတို့ ခေါင်းမော့ရမယ့်အချိန်ဆိုတာ ငါတို့ ခေါင်းတွေကို ပြန်ရှာတွေ့မယ့်အချိန်ပါပဲ လောလောဆယ်အထိတော့ တိမ်တွေက အိမ်ခေါင်မိုးနဲ့ ငြိနေကြတုန်းပဲ။ ဆောင်းယွန်းလ   No tags for this post.

Read more »

ကာတွန်း ညီပုချေရဲ့ စိုးရိမ်သူတွေ …

ကာတွန်း ညီပုချေရဲ့ စိုးရိမ်သူတွေ …

ကာတွန်း ညီပုချေရဲ့ စိုးရိမ်သူတွေ … (မိုးမခ) မတ်လ ၂၉၊ ၂၀၁၈ Tags: ကာတွန်း ညီပုချေ

Read more »

ကမ်လူဝေး ● သေနတ်သမား

ကမ်လူဝေး ● သေနတ်သမား

ကမ်လူဝေး ● သေနတ်သမား (မိုးမခ) မတ်လ ၂၉၊ ၂၀၁၈ သေနတ်သမားဟာ ငါတို့အထဲမှာရှိနေမှန်း မသိခဲ့ သေနတ်ကိုဆွဲထုတ်လိုက်တဲ့အထိ သေနတ်သမားလို့ မထင်ခဲ့မိ သေနတ်သမားဟာ သေနတ်ကို ဝေ့ရမ်းပြတဲ့အထိ ရန်သူကိုပစ်ဖို့ ထုတ်လိုက်သလားလို့ ဝမ်းသာမိ သေနတ်သံကြားပြီး သေနတ်သမား ဘေးကလူ သွေးအိုင်ထဲ ခွေနေမှ အန္တရာယ်သေနတ်သမားဟာ ငါတို့ကြားထဲမှာ ရှိမှန်းသိခဲ့ သေနတ်သမားဟာ ဘယ်အချိန်ကတည်းက ငါတို့ထဲကိုရောက်နေပါသလဲ ငါတို့တယောက်စီကို အမှည့်ခြွေ ခြွေနေတဲ့ သေနတ်သမားဟာ ဝမ်းနည်းစရာ ငါတို့ထဲကလူဖြစ်နေတယ် သေနတ်သမားဟာ သေနတ်ကို ဘယ်အချိန်ကတည်းက ပိုင်ခဲ့သလဲ ဒီသေနတ်ဟာ ဘယ်ကရောက်လာသလဲ သေနတ်ဟာ သေနတ်ကိုင်သူကို လူသတ်အောင် စွဲဆောင်နိုင်ပုံရတယ် လူသတ်ခြင်းရဲ့ ရသကိုသိသွားပုံရတဲ့ သေနတ်သမားဟာ သွေးဆာနေတယ် ပစ်ခတ်မှုတွေဟာ ပြောင်ပြောင်တင်းတင်း ဖြစ်ပေါ်နေတယ် ငါဟာ...

Read more »

ဇော်ရဲ (လောကဂုဏ်ရည်) ● ကန်ဆင့်တောင်ရွာ၊ မောင်စွမ်းရည်စာကြည့်တိုက်

ဇော်ရဲ (လောကဂုဏ်ရည်) ● ကန်ဆင့်တောင်ရွာ၊ မောင်စွမ်းရည်စာကြည့်တိုက်

ဇော်ရဲ (လောကဂုဏ်ရည်) ● ကန်ဆင့်တောင်ရွာ၊ မောင်စွမ်းရည်စာကြည့်တိုက် (မိုးမခ) မတ်လ ၂၉၊ ၂ဝ၁၈ မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ မန္တလေး၊ ရတနာပုံစသော ရှေးမြန်မာမင်းနေပြည်တော်များ ပေါ် ပေါက်ခဲ့ရာဒေသဖြစ်သည့်အလျောက် မြန်မာ့ယဉ်ကျေးဓလေ့စရိုက်များနှင့် ဗုဒ်္ဓဘာသာသာသနာစည်ပင်ထွန်းကားရာဒေသဖြစ် ခဲ့ပါတယ်။ အညာဒေသမှာ ပုဂံမြို့ဟောင်းတည်ရှိရာ မြင်းခြံခရိုင် အတွင်းမှာ မြင်းခြံမြို့ရဲ့အရှေ့ဘက် ၅ မိုင်လောက်အကွာ ကျွန်တော်တို့ရွာကလေးတည်ရှိပါတယ်။ မြင်းခြံက မန်္တလေးကိုသွားတဲ့ ရထားလမ်း၊ ကားလမ်းရှိသလို မြင်းခြံ မိတီ်္ထလာသာစည်ကိုသွားတဲ့ ရထားလမ်း၊ ကားလမ်းလည်း မရှိပါ။ မြစ်လမ်းချောင်းလမ်းနဲ့ လမ်းမနီးပါ။ ဂြိုဟ်တုခေတ်မှာ  ထော် လာဂျီနဲ့သာ အသွားအလာရှိနေတဲ့ ရွာကလေးဖြစ်ပါတယ်။ အိမ် ခြေကတော့ ၈ဝ ခန့်သာရှိပါတယ်။ ရွာသိမ်ရွာငယ်၊ ဇင်ကလယ် လေးလို့ ဆိုနိုင်ပေမယ့် သမိုင်းရှိတဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်