ဆောင်းယွန်းလ ● အနှုတ်တွေထဲက နှုတ်လုံခဲ့ခြင်းများ

ဆောင်းယွန်းလ ● အနှုတ်တွေထဲက နှုတ်လုံခဲ့ခြင်းများ

ဆောင်းယွန်းလ ● အနှုတ်တွေထဲက နှုတ်လုံခဲ့ခြင်းများ (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇ အိမ်အပြင်ဘက်ကို ခဏထွက်ကြည့်တော့ မြက်ခင်းတွေက စိမ်းနေပြီး ကိုယ်တိုင်ကတော့ ပြာနှမ်းနေတယ်။ ဇာတိလွမ်းစိတ်ဟာ ပန်းရောင်ဆိုပေမယ့် လှမ်းကြည့်လို့ မမြင်နိုင်တဲ့ ကိုယ့်မြို့ဟောင်းလေးထဲမှာတော့ ခရမ်းရောင်တွေ ဖိတ်ကျပေကျံလို့ပေါ့။ ကောင်းကင်ကြီးကို ခဏငေးကြည့်တဲ့အခိုက် တိမ်တိုက်တွေက ပြာနေပြီး ကိုယ်တိုင်ကတော့ မှိုင်းလို့ ညို့လို့။ လေပြေညင်းရဲ့တိုးတိုက်မှုဟာ ပါးလွှာတဲ့ အရေပြားထဲကို ကျည်ဆန်တတောင့်လို ထိုးဖောက်လာပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်သွားဖို့ လေတွေရှူသွင်းလိုက်တိုင်း ပြန်ထွက်လာတဲ့လေမှာ ကျန်းမာရေးဟာ ပြန်ပါမလာခဲ့ဘူး။ အနှုတ်တွေ မတွေးမိဖို့အားထုတ်ရင်း အပေါင်းတွေနဲ့ မပေါင်းသင်းဖြစ်ခဲ့တာဟာ ဝေဝေဝါးဝါး ဆက်ဆံရေးတွေက စခဲ့တာပါပဲ။ မတောင်းပဲရလာတဲ့ နေ့ရက်တွေထဲ တောင်းဆိုထားတဲ့ ကမ္ဘာကြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဆိုတာ ယမ်းနံ့ပျောက် သေနတ်ဖောက်သံစဲနေရုံလောက်နဲ့ လုံလောက်လို့လား။ ဂီတကီးနူတ်စ်တွေမပါတဲ့...

Read more »

ကာတွန်း ဇာနည်ဇော်ဝင်း ● မစဉ်းစားတတ်သေးပါဘူးဗျာ …

ကာတွန်း ဇာနည်ဇော်ဝင်း ● မစဉ်းစားတတ်သေးပါဘူးဗျာ …

  ကာတွန်း ဇာနည်ဇော်ဝင်း ● မစဉ်းစားတတ်သေးပါဘူးဗျာ … (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇ No tags for this post.

Read more »

လှကျော်ဇော- ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ

လှကျော်ဇော- ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးအမှတ် (၄၄) လှကျော်ဇော ၊ (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇ ဗိုလ်ကျော်ဇောရုပ်ရှင်ရိုက်မယ် ….တဲ့။ အခုတလော စစ်တပ်ကအထိမခံ ရွှေပန်းကန် ဖြစ်နေပြီး ထစ်ခနဲဆို ပုဒ်မ-၆၆(ဃ)နဲ့ဆွဲဖမ်း၊ တရားစွဲ၊ ထောင်ချလုပ်နေတာ တွေတွေ့ရပါတယ်။ သံဝေဂ ရစရာကောင်းပါတယ်။ “ကာလဝိဘက် နောက်ပိုးတက် တယ်” လို့သာသဘောထားကြပါလို့ ဆိုချင်ပါတယ်။ ငရဲမှအပ ဝဋ်အမြဲ ဆိုတဲ့စကားလည်း ရှိမဟုတ်လား။ ————————– လွမ်းလေသမျှက အဖြစ်အပျက်များနဲ့ တဆက်တစပ်တည်း ဖြစ်ခဲ့တဲ့ ကိစ္စရပ်တခုရှိခဲ့ပါတယ်။ ဖေဖေရုပ်ရှင်ရိုက်မယ်… ဆိုတဲ့သတင်းများ ထွက်လာတာပါ။ ၁၉၆၃ခု-နိုဝင်ဘာ (၁၄) ရက်နေ့မှာ-အဲဒီကာလက အုပ်ချုပ်နေတဲ့ စစ်အုပ်စုတော်လှန် ရေးကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တဖက်သတ် ရပ်ဆိုင်းလိုက်ပါတယ်။ ဒီနောက်မှာတော့ စစ်တပ်ရဲ့ စစ်ဘီးလူး...

Read more »

မင်ဇိုင်း ● သံဆူးကြိုးနောက်က ဘဝတခုရဲ့ ထွက်ပေါက်

မင်ဇိုင်း ● သံဆူးကြိုးနောက်က ဘဝတခုရဲ့ ထွက်ပေါက်

မင်ဇိုင်း ● သံဆူးကြိုးနောက်က ဘဝတခုရဲ့ ထွက်ပေါက် (မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇ ကျွန်တော်အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မယ်လဒုက္ခသည်စခန်းကို ၁၃ နှစ်သားအရွယ်မှာရောက်ရှိခဲ့ပြီး အဲ့ဒီစခန်းမှာ ၉ နှစ်လောက် နေဖြစ်ခဲ့တယ်။ ၉ နှစ်လောက်ကြာအောင်နေခဲ့တယ်ဆိုပေမယ့် ပျော်လွန်းလို့တော့ ဘယ်ဟုတ်မှာလဲ။ ဘယ် လိုလူငယ်မျိုးက ဒုက္ခသည်တယောက်နေနဲ့ ပျော်မှာလဲဗျာ။ ဒုက္ခသည်စခန်းဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ ကျော်လောက်က မြန်မာစစ်တပ်နဲ့ တိုင်ရင်သားစစ်တပ်တွေ တိုက်ပွဲတွေဖြစ် ကြရင်း စစ်တလင်းကြားမှာ စစ်ပြေးရှောင် တိုင်းရင်းသားတွေ ထိုင်းနိုင်ငံဘက်ပြေးရှောင်ရာမှ UN နဲ့ ထိုင်းအစိုးရတို့ ပေါင်းကာ ယာယီခိုလုံခွင့်ပေးရာမှ နောက်ပိုင်း မယ်လဒုက္ခသည်စခန်းဖြစ်လာတယ်လို့ သမိုင်းစာအုပ်တွေမှာဖော်ပြထားတာတွေ့ရ တယ်။ ထိုင်းဘက်ခြမ်း ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ ထိုင်းဒုက္ခသည်စခန်းပေါင်း ၉ ခုရှိတယ်လို့လည်း ပြောတယ်။ အစတော့...

Read more »

စံရတီ ● ဒုတိယမ္ပိအကြည့် (ဝတ္ထုတို)

စံရတီ ● ဒုတိယမ္ပိအကြည့် (ဝတ္ထုတို)

စံရတီ ● ဒုတိယမ္ပိအကြည့် (ဝတ္ထုတို) (မိုးမခ) ဇူလိုင် ၂၆၊၂၀၁၇ အခန်း(၁) “ထားလိုက်ပါသက်မောင်ရယ် … အစ်ကိုကြီးက ရှုပ်ရှုပ်ယှက်ယှက်တွေကြိုက်တာ မဟုတ်ဘူး” လမ်းဘေးချုံပုတ်ထဲတွင် တအီအီညည်းနေသောခွေးပိန်မလေးကို ပွတ်သပ်ပေးနေသည့် သက်မောင်က နုရည်ကိုမော့ မကြည့်ဘဲ …… … … “အောင်မလေး သိပါတယ် သူဌေးကတော်ရယ်။ ကျုပ်ကလည်း ခင်ဗျားတို့တိုက်ကို မခေါ်ပါဘူး။ လမ်းထဲကမွေးချင်တဲ့ အိမ်ကိုပဲပေးမှာပါ။ ဒီလောက်ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ ဆောင်းမနက်ကြီးမှာများ သူမို့ အကြင်နာတရားမရှိထားခဲ့ဖို့ ပြောနေတယ်” နုရည်ရင်ထဲ အောင့်မျက်သွားရ၏။ သို့သော်လည်း သက်မောင်ကို ဘာမျှပြန်မပြောချင်တော့။ သက်မောင်ချထားသောဈေး ခြင်း တောင်းလေးကိုသာကောက်ဆွဲပြီး ထွက်လာခဲ့သည်။ ခွေးပိန်မလေးကိုပိုက်ပြီး ပြေးလိုက်လာသောသက်မောင်က နု ရည်ရှေ့မှပိတ်ကာလိုက်ပြီး … “နုရည် နင်ငါ့ကိုစိတ်ဆိုးသွားတာလား” နုရည်က ခေါင်းကိုသာ ခါပြလိုက်သည်။...

Read more »

အောင်မော်ဦး ● လေရိုင်းရိုင်းမှာ တဖျတ်ဖျတ်လွင့်နေတဲ့အလံ

အောင်မော်ဦး ● လေရိုင်းရိုင်းမှာ တဖျတ်ဖျတ်လွင့်နေတဲ့အလံ

အောင်မော်ဦး ● လေရိုင်းရိုင်းမှာ တဖျတ်ဖျတ်လွင့်နေတဲ့အလံ (မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇ လူပျော့တွေ ထောင်တဲ့ အလံဖြူမှာ လူညံ့တွေ အောင်ပွဲခံနေကြပြီ ဂျနီဖာ။ ဒီကဗျာကို ငါ ဘယ်လိုဆက်ရေးရမလဲ သူတို့မြှောက်လိုက်တဲ့ ဝိုင်ခွက်တွေထဲမှာ ပြိုလဲသွားတဲ့ အရေးတော်ပုံတခုကို ငါမြင်နေရတယ် လှည့်ဖြားခံရတဲ့ မျိုးဆက်တဆက်ကို ငါမြင်နေရတယ် အခါခါသေနေတဲ့ ရေပေါ်ဆီ နိုင်ငံရေးသမားတွေကို ငါမြင်နေရတယ်။ သူတို့ ဝိုင်ခွက်တွေ မြှောက်လိုက်ကြပြန်ပါပြီ ဒီတခါ ချီးယားစ်လို့ အော်လိုက်သံဟာ ပြောပလောက်အောင်မလင်းလှတဲ့ ရှိစုမဲ့စု အလင်းစကို အမှောင်ညထဲ ဆွဲနှစ်ပစ်ခဲ့ပြီ ညဟာလည်း အမှောင်မှာ ကျင့်သားရဖို့ကြိုးစားရင်း ညည်းတွားလို့။ အန္တရာယ်အငွေ့အသက်ကိုရတဲ့ သားကောင်လို ထိတ်လန့်မှုမျိုးနဲ့ အသက်ရှူနှုန်းမြန်မြန်လာတဲ့ မြို့တော်ဟာ အောက်စီဂျင် ပိုမိုလိုအပ်လာနေပါပြီ တကယ်ဆို လေကောင်းလေသန့်ကို မရှူခဲ့ကြရတာလည်း...

Read more »

ကာတွန်း ဂျော်ဒီး ● ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါ၏

ကာတွန်း ဂျော်ဒီး ● ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါ၏

ကာတွန်း ဂျော်ဒီး ● ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါ၏ (မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇ No tags for this post.

Read more »

ဇော်အောင် (မုံရွာ) ● တိုးတက်လာသော၂ဝ၁၇ မြန်မာအဂတိ တိုက်ဖြတ်ရေးနှင့် စင်ကာပူစံနှုန်း

ဇော်အောင် (မုံရွာ) ● တိုးတက်လာသော၂ဝ၁၇ မြန်မာအဂတိ တိုက်ဖြတ်ရေးနှင့် စင်ကာပူစံနှုန်း

ဇော်အောင် (မုံရွာ) ● တိုးတက်လာသော၂ဝ၁၇ မြန်မာအဂတိ တိုက်ဖြတ်ရေးနှင့် စင်ကာပူစံနှုန်း (မိုးမခ) ဇူလိုင် ၂၆၊ ၂ဝ၁၇ လာဘ်စားမှုနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ ဒေါသဖြစ်စရာတွေကို ရယ်စရာပဲ ပြောင်းပစ်လိုက်ရပါတယ်။ ဒီတော့ ရယ်စရာဖြစ် ရပ်တွေကတော့ အများကြီးပါ။ ၂ဝ၁၇ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာချိန် ၁ နှစ်ခွဲအတွင်းမှာ အဂတိလိုက်စား နေတုန်းပဲလို့ ပြောကြပါတယ်။ တချို့လည်း ပိုဆိုးလာတယ် ပြောကြတယ်။ ဒါပေမဲ့ အညွှန်းအရတော့ ပိုကောင်းလာနေပါတယ်။ အတိုးတက်ဆုံးကတော့ အခြေခံပညာရေးမှာ ကျောင်းသားမိဘတွေ ဘာကြေးညာကြေး မကောက်တော့တဲ့ စနစ်သစ်ဖြစ် လာတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရခေါင်းဆောင်မဖြစ်မီက အဂတိတိုက်ဖျက်ရေးကို များစွာပြောပေမဲ့၊ တကယ် အစိုးရအဖွဲ့ထဲ ဝင်သွားချိန်မှာ မပြောတော့ပါဘူး။ အာဏာရပါတီ NLD လွှတ်တော်အမတ်များနဲ့ အစိုးရထိပ်တန်းခေါင်း...

Read more »

ကာတွန်း မိုးသွင် – နံပါတ် တစ် လက်ဆောင်

ကာတွန်း မိုးသွင် – နံပါတ် တစ် လက်ဆောင်

ကာတွန်း မိုးသွင် – နံပါတ် တစ် လက်ဆောင် (မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇ Tags: ကာတွန်း မိုးသွင်

Read more »

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (26)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (26)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (26) အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန် (မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇   Formatting – နေရာအထားအသို   Spreadsheet က Cell တွေမှာ စာသားတွေ ဂဏန်းတွေ ရိုက်ထည့်တဲ့ဆီမှာ formatting လိုအပ်ပါတယ်။ သဘောကတော့ မိမိစာရင်းဇယားရဲ့ အထားအသို နေရာ အမြင် ကို Look and Feel ကောင်းစေဖို့ ဖြစ်ပါတယ်။ သည်တော့ စာသား ကိန်းဂဏန်းတွေရဲ့ size, style, and...

Read more »

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 4

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 4

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 4 (မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇ FLOW, GUSH, POUR, RUN , SPOUT , SPURT , SQUIRT , STREAM 1. ဤစကားလုံးများသည်​ ​ရေ၊ အရည်​ အမျိုးမျိုးနှင့်​ အမှုန်​က​လေးများ လှုပ်​ရှား စီးဆင်းခြင်းကို ​ဖော်​ပြရာတွင်​ သုံးသည်​။ 2. FLOW သည်​ ဆက်​တိုက်​လွတ်​လပ်​စွာ မှန်​မှန်​ ​ဖြေး​ဖြေးစီးဆင်းသည့်​ သ​ဘောဖြစ်​သည်​။ The river flows မြစ်​​ရေသည်​ စီးဆင်း​နေသည်​။ Air current flows from west to east ​လေစီး​ကြောင်းသည်​ အ​နောက်​မှ...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ အပိုင်း – (၃၆)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ အပိုင်း – (၃၆)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ အပိုင်း – (၃၆) (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ ● ရဲဘော်စိုးသိန်း မမောမပမ်း စကားပြောနိုင်သူဖြစ်သည်။ ၁၉၅ဝ ခုနှစ်ခန့် တရုတ်ပြည်သို့တက်မလာမီ မသုံးလုံးဒေသ (မန္တလေး၊ မြင်းခြံ၊  မိတ္တီလာ) ဘက်ကဟု သိရသည်။ ထိုစဉ်က ရဲဘော်ထွန်း ခေါ် ဗိုလ်ကျင်မောင်၏ ယောက္ဖဖြစ်သည်ဟု သိရသည်။ မိမိတို့အား အရှေ့မြောက်စစ်ဒေသအခြေအနေအချို့အား ကနဦးမိတ်ဆက်ပေးသူမှာ သူဖြစ်သည်။ မင်းလတ်ရဲခေါင်အကြောင်း၊ မုန်း ကိုးဒေသ ဒူဝါများအကြောင်း၊ ဝ နယ်အကြောင်း စသဖြင့် အကြောင်းအရာစုံလင်လှသည်။ ထိုပြင် နိုင်ငံရေးဆွေးနွေးခြင်း ကိုလည်း အထုံပါသူဖြစ်သည်။ သူ၏ဇနီးသည်ကတော့ စစ်ချွမ်းပြည်နယ်မှ တရုတ်အမျိုးသမီးဖြစ်သည်။ သူ၏ဇနီးသည်နှင့် သမီးငယ်နှစ်ယောက်က မိမိတို့ နိုင်ငံရေးဌာနတွင်အတူရှိကြသည်။ သမီးအငယ်က...

Read more »

ခက်သီ ● ကြောက်နေ လန့်နေ

ခက်သီ ● ကြောက်နေ လန့်နေ

ခက်သီ ● ကြောက်နေ လန့်နေ (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ ဖြတ်သွားတဲ့ကားတွေကို ငေးငေးနေ ဝရန်တာဆီ ထွတ်ထွတ်ရပ်မိ နားထဲမှာ မော်တော်ဘုတ်သံ မျက်နှာကြက်ကို မော်ကြည့်ရင်းောကာက်နေလန့်နေ ဆိုက်ဗေးရီးယားကထွက်ပြေးလာတဲ့ စတာလင်ရဲ့အကျဉ်းသား ပိုလန်က ထွက်ပြေးလာတဲ့ ဂျူးလူမျိုးတွေ အသက်ရှင်ခြင်းဆီ ထွက်ပြေးကြသူများ မီးခြစ်မှာ ဂတ်စ်ကုန်နေပြီ ရေသန့်ဘူးက ရွဲပြဲနေပြီ သေမှာမကြောက် မသေခင် ကြောက်နေ လန့်နေ ပုရွတ်ဆိတ်တက်နေတဲ့ကိတ်ခြောက်ကောက်ဝါးမိမှ မောင်ချောနွယ်ကဗျာလေး သတိရပြီး ငါပြုံးမိ မသေချင်သေးဘူး တညလုံးလုံး ဟားတိုက်ရယ်မောပြီး ဝရန်တာတံခါးကို ပိတ်ထားလိုက်တယ် ။        ။ ခက်သီ   Tags: ခက်သီ

Read more »

ဌေးမင်းခိုင် ● Modern Physics – Part (1)

ဌေးမင်းခိုင် ● Modern Physics  – Part (1)

ဌေးမင်းခိုင် ● Modern Physics  – Part (1) (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ ဘဘာဝရဲ့အခြေခံနိယာမတွေ (fundamental laws တွေ)နဲ့ အရေးပါတဲ့ သိပံ္ပတွေ့ရှိချက် အားလုံးကို တွေ့ပြီးပြီ။ Albert A. Michelson (1894) ရူပဗေဒမှာ နောက်ထပ် ထပ်တွေ့စရာမရှိတော့ဘူး။ ပိုပြီးတိတိကျကျတိုင်းတာဖို့ပဲ လိုတော့တယ်။ William Thomson (Load Kelvin) (1900) ဥရောပရဲ့ renaissance လို့ခေါ်တဲ့ ဉာဏ်ပွင့်လင်းသစ်ခေတ်ဟာ ၁၄ ရာစုမှာ စပါတယ်။ အဲ့မတိုင်ခင် ခေတ်ကတော့ အသိ ဉာဏ်တွေ လှောင်ပိတ်ခံထားရတဲ့ အမှောင်ခေတ်၊ တနည်းအားဖြင့် ဘာသာရေးရဲ့ သံဖိနပ်အောက်မှာ အသိဉာဏ်တွေ ပြားပြားမှောက်ခဲ့ရတဲ့ ခေတ်ဆိုးကြီးပါပဲ။ (ဒီနေရာမှာ...

Read more »

စိုးခိုင်ညိန်း ● အမာရွတ်

စိုးခိုင်ညိန်း ● အမာရွတ်

စိုးခိုင်ညိန်း ● အမာရွတ် (မိုးမခ) ဇူလိုင် ၂၅၊ ၂ဝ၁၇ ကျွန်တော့်ရဲ့ နောက်ကျော ဘယ်ဘက် လက်ပြင်အောက်နားလောက်မှာ မူးစေ့ နှစ်စေ့ခန့်လောက်ရှိတဲ့ ရှည်မျှောမျှော အမာ ရွတ်တခု ရှိပါတယ်။ ဒီအမာရွတ်ကို မြင်မိကြတဲ့သူ အတော်များများက ဘာဖြစ်လို့ရတဲ့အမာရွတ်လဲလို့ မေးလေ့ ရှိကြပါတယ်။ ကျွန်တော်ကလည်း အဲဒါ အရေးအခင်းတုန်းက ကျည်ဆံရှပ်မှန်သွားခဲ့တာလေဆိုပြီး ပြောင်သလို နောက်သလို၊ အတည် ပေါက် လိုလိုနဲ့ ခပ်ဝါးဝါး မရေမရာ ဖြေမိတာချည်းပါပဲ။ အမှန်တော့ ဒီအမာရွတ် ဘယ်လိုကနေရခဲ့တယ်ဆိုတာ ကျွန်တော် ဘယ်သူ့ ဘယ်သူကိုမှ အမှန်အတိုင်း မပြောပြခဲ့ဘူးပါဘူး။ ကျွန်တော်အင်္ကျီချွတ်တဲ့အခါ၊ ရေချိုးတဲ့ အခါမျိုးမှာ တယောက် ယောက် ဒီအမာရွတ်ကိုမြင်သွားမှာ မလိုလားပါဘူး။ ဒီအမာရွတ်ရှိနေတာဟာ ကျွန်တော့်ကို ရှက်စရာတခုလို စိတ်အနည်းငယ်...

Read more »

ဆောင်းလူ ● မြို့မျက်နှာဖုံး

ဆောင်းလူ ● မြို့မျက်နှာဖုံး

ဆောင်းလူ ● မြို့မျက်နှာဖုံး (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ မြို့တော်သည် မျက်နှာဖုံးများနှင့် ဖြစ်နေသည်။ မြို့တော်တွင်နေထိုင်ကြသည့် မြို့တော်သူ မြို့တော်သားတို့သည်လည်း မျက်နှာဖုံးကိုယ်စီနှင့် ဖြစ်ကုန်သည်။ မျက်နှာဖုံးတို့သည် အရောင်အသွေးစုံလင်လှပနေပြန်သည်။ မျက်နှာဖုံးများနောက်မှ မျက်လုံးများနှင့် အကြည့်တို့သည်လည်း စိတ်အဆင်အသွေး စုံလင်လှသည်။ တချို့က ကျားကြည့် …။ တချို့က ကြောင်ကြည့် ….။ တချို့က ဆင်ကြည့် ….။ တချို့က မြွေကြည့် … ။ အကြည့် အကြည့်တို့သည် စုံလင်လှသည်။ နှာခေါင်းနှင့် ပါးစပ်ကိုပိတ်စည်းထားသည့်မျက်နှာဖုံးများကြောင့် ခုတလော လေတို့သည် သန့်ရှင်းလျှက် …။ နှာခေါင်းနှင့် ပါးစပ်ကိုပိတ်စည်းထားသည့်မျက်နှာဖုံးများကြောင့် ခုတလော ဆူညံသံတို့သည် ဆိတ်သုဉ်းလျှက် …။ အကြောင်းပြချက်ကိုယ်စီနှင့် မြို့တော်သူ မြို့တော်သားများသည် ဒီဇိုင်းမျိုးစုံ...

Read more »

ကာတွန်း နရဏီ ● အထွတ်အထိပ်ဖြစ်မယ့်အချိန်

ကာတွန်း နရဏီ ● အထွတ်အထိပ်ဖြစ်မယ့်အချိန်

ကာတွန်း နရဏီ ● အထွတ်အထိပ်ဖြစ်မယ့်အချိန် (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ Tags: ကာတွန်း နရဏီ

Read more »

ကျော်ထင် ● ရတနာလက်ဖက်ရည်၊ ကဗျာဆရာအောင်သစ်ဝေ၊ စာအုပ်ဆိုင် မဇ္ဈိမအလင်း၊ ပျဉ်းမနားရဲ့ ခြေခင်းလက်ခင်း

ကျော်ထင် ● ရတနာလက်ဖက်ရည်၊  ကဗျာဆရာအောင်သစ်ဝေ၊ စာအုပ်ဆိုင် မဇ္ဈိမအလင်း၊ ပျဉ်းမနားရဲ့ ခြေခင်းလက်ခင်း

ကျော်ထင် ● ရတနာလက်ဖက်ရည်၊  ကဗျာဆရာအောင်သစ်ဝေ၊ စာအုပ်ဆိုင် မဇ္ဈိမအလင်း၊ ပျဉ်းမနားရဲ့ ခြေခင်းလက်ခင်း (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ အရင်တုန်းက ပျဉ်းမနားရဲ့ခြေခင်းလက်ခင်းတွေဟာ သာယာပါ့။ (တစ်) ပျဉ်းမနားမှာ အပန်းဖြေစရာဆိုလို့ ကန်ပန်းခြံလေးတခုပဲရှိတယ်။ အဲ့ဒါကို ရှမ်းကန်လို့ ခေါ်ကြတယ်။ ရှမ်းကန်ဆိုတာ ကျနော် တို့ရဲ့ တခုတည်းသော အပန်းဖြေရာနေရာပါ။ အဲ့ဒီ့ကန်ရဲ့ အရှေ့မြောက်ထောင့်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရှိ တယ်။ ဗိုလ်ချုပ်တို့ကျဆုံးပြီး တနှစ်အကြာမှာ သွန်းတာလို့ ကဗျည်းထိုးထားပေမယ့် တကယ့်တကယ် ကြေးရုပ်ကို ဖွင့်ပွဲ အခမ်းအနားနဲ့တင်တာက တော်လှန်ရေးကောင်စီလက်ထက်ကျမှ တင်ဖြစ်ကြတယ်။ တွေ့မှီလိုက်လို့တော့ မဟုတ်ပါဘူး။ သက်ကြီးစကား သက်ငယ်ကြားပေါ့။ တွေ့ မှီလိုက်တာကတော့ ဗိုလ်ချုပ်ကြေးရုပ်ဟာ နိုင်ငံရေးလောကဓံတွေကို ဖော်ကျူးနေတဲ့နေရာပဲ။ နိမ့်တုံ၊ မြင့်တုံတွေနဲ့ သံဝေဂ...

Read more »

ကာတွန်း ဇေယျာ – မင်္ဂလာပါ ခင်ဗျာ

ကာတွန်း ဇေယျာ – မင်္ဂလာပါ ခင်ဗျာ

ကာတွန်း ဇေယျာ – မင်္ဂလာပါ ခင်ဗျာ (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ Tags: ကာတွန်း ဇေယျာ

Read more »

ဆောင်းယွန်းလ ● ပစ်မှတ်ဟာ ကိုက်တရာအကွာအဝေးမှာ

ဆောင်းယွန်းလ ● ပစ်မှတ်ဟာ ကိုက်တရာအကွာအဝေးမှာ

ဆောင်းယွန်းလ ● ပစ်မှတ်ဟာ ကိုက်တရာအကွာအဝေးမှာ (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ ကြော်ငြာအားကောင်းတဲ့ ရှုခင်းတွေထဲမှာ ကိုယ့်ကိုကိုယ် မျက်နှာမွဲတယောက်ပါလို့ ကြေညာစရာ သတင်းဌာနမရှိ။ စာသားတွေ အပြည့်နဲ့ ဗလာစာအုပ်ထဲကို အချိန်တွေထိုးထည့်နေရတာကြာတော့ ထွက်ပေါက်ဟာ ကိုယ့်စိတ်ကို အဖန်ဖန်လိုက်ရှာတယ်။ ကြိုက်စရာလည်း မရှိ လိုက်စရာလည်း မရှိ အားနာခြင်းကို တိတိရိရိဖြတ်နိုင်တဲ့နေ့မှာ ကိုယ့်အခန်းကလေးဟာ သာသာယာယာပါပဲ။ ဝင်ပေါက်ကို လက်ဖြောင့်တပ်သားတယောက်လို အကောင်းဆုံး ရှာဖွေတွေ့သွားတဲ့အခါ အိမ်ပြန်ချိန်တွေလည်း နောက်မကျတော့ပါ။ ဆောင်းယွန်းလ (ဇူလိုင်လ ၂၂၊ ၂၀၁၇) No tags for this post.

Read more »

မောင်မိုးသူ – အစိုးရသစ်နှင့် ယန္တရားအဟောင်း

မောင်မိုးသူ  – အစိုးရသစ်နှင့် ယန္တရားအဟောင်း

  Illustration – Zaw Maung မောင်မိုးသူ  – အစိုးရသစ်နှင့် ယန္တရားအဟောင်း  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇူလိုင် ၂၅၊ ၂၀၁၇ ပြည်သူ့ဆန္ဒနဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့ ဆန္ဒမဲတစ်ခဲနက်ပေးခဲ့ကြလို့ အစိုးရသစ်ဖွဲ့စည်းနိုင်ခဲ့ကြတာ တစ်နှစ်ကာလ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ပြည်သူလူထုအတွက် စီးပွားရေးနဲ့တကွ ဖွံ့ဖြိုးတိုးတက်မှု များသိသာမြင်သာရှိသော ပြောင်းလဲမှုများကိုသိပ်မတွေ့ရသေးဘဲ ရှိနေခဲ့ပါတယ်။ အကြောင်းတရားကတော့ အစိုးရသစ်ဟာ န္တရားဟောင်းများနဲ့ဆက်လက် လည်ပတ်နေရတာကြောင့်ဟု ဆိုကြပါတယ်။ ယန္တရားဟောင်းတွေနဲ့ပတ်သက်ပြီး သိသာမြင်သာသည့် ဖြစ်ရပ်တစ်ခုမှာ မကွေးတိုင်းက ယန္တရားဟောင်းမှသုံးစွဲထားခဲ့သော ဘဏ္ဍာငွေတော်တော်များ များကို ပြန်လည်ပေးဆပ်သည့် သတင်းပဲဖြစ်ပါတယ်။ မနေ့တစ်နေ့ကတော့ အရေးပါသော တာဝန်ရှိသူတော်တော်များများကို အဂတိလိုက်စားမှုဖြင့် အရေးယူမည်ဆိုသည့် သတင်းထွက်လာပါတယ်။ ဒါကလည်းကော်မရှင်၏ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေါ်လာရသည်ဟု ဆိုပါတယ်။ မည်သို့ပင်ဖြစ်စေ အဂတိလိုက်စားမှုကို ဖယ်ရှားနိုင်ရေးမှာအလွန်အရေးကြီးသည့် ပြဿနာဖြစ်ပါတယ်။...

Read more »

မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက်

မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက်

   မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက် (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ ကျွန်တော်တို့ရွာမှာ လွတ်လပ်ရေးမော်ကွန်းဝင် လေးယောက်ရှိပါတယ်။ လေးယောက်ဆိုတော့ ပုဂံခေတ်က အနော်ရထာရဲ့ သူရဲကောင်းလေးယောက်ဆိုတာကို သတိရမိပါတယ်။ ကျွန်တော်တို့ရွာသား သူရဲကောင်းလေးယောက်ကလည်း ဖက်ဆစ်တော်လှန်ရေးသူရဲကောင်းတွေဖြစ်လို့ ဂုဏ်ရောင်ပြောင်ပါတယ်။ မော်ကွန်းဝင်းလေးယောက်ဆိုတာ ရွာအရွယ်အစားနဲ့တိုင်းတာနှိုင်းစာရင် အများကြီးပါ။ ရွာကလေးက ငယ်ငယ်လေးပါ။ မြင်းခြံမြို့နယ်အတွင်းမှာ အထင်ရှားတဲ့ရွာကလေးပါ။ မြို့နဲ့အဆက်အသွယ်လည်း မကောင်း။ ကားလမ်း၊ ရထားလမ်းဘေးမှာ မဟုတ်ရုံမက မြစ်လမ်း၊ ရေလမ်းများလည်းမရှိပါ။ မြင်းခြံမြို့ရဲ့အရှေ့တောင်ယွန်းယွန်း ၅-၆ မိုင်လောက် နွားလှည်းနဲ့ပဲ သွားရပါတယ်။ ရှားစောင်းလက်ဝါး၊ ပဒုမ္မာစတဲ့ ဆူးပင်တွေပေါက်နေတဲ့ ကျောက်ကုန်းကလေးတွေ လှိုင်းထနေတဲ့မြေမျက်ပြင်မျိုးဆိုတော့ ကားလမ်း၊ ရထားလမ်းဖောက်ဖို့မလွယ်လှပါဘူး။ မြို့နဲ့ရွာကြားမှာ စိုက်ကွင်းစိုက်ကွက်လည်း မရှိသလောက်ပါပဲ။ ရွာရဲ့အရှေ့ဘက် နွားထိုးကြီးမြို့နယ်ထဲမှာတော့ ထန်းတော၊ ရှားတောတွေ ရှိကြတယ်။...

Read more »

ညိုထက်ညို – ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း)

ညိုထက်ညို – ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း)

ညိုထက်ညို – ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း) (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ Aug 27,1998 (ကြာသပတေးနေ့)။ ။  မနက်ဖြန်ကျရင် ကျွန်တော်တို့ တစ်နှစ် နဲ့ ရှစ်လကျော် လုံးလုံး ပိတ်ထားခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကို ပြန်ဖွင့်ပါတော့မယ်။ ကျွန်တော်တို့က တတိယအသုတ်ပါ။ ပထမ နဲ့ ဒုတိယနှစ် နဲ့ တတိယနှစ် တွေပေါ့။ ပထမအသုတ် (နောက်ဆုံးနှစ်) နဲ့ ဒုတိယအသုတ် (ပဉ္စမနှစ် နဲ့ စတုတ္ထနှစ်) တွေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက တစ်သုတ်ချင်း ခွဲဖွင့်ပြီး စာမေးပွဲ စစ်ပြီး သွားပါပြီ။ ခုနစ်ရက်စာသင်၊ ပြင်ဆင်ချိန် ဆယ်ရက်ပေးပြီး စာမေးပွဲစစ်ခဲ့ တာပေါ့။...

Read more »

တူမောင်ညို ● ဘုန်းကြီးလေးရဲ့ “အမြစ်- အညွှန့်ဖြတ်တရား” အစဉ်လက်ကိုင်ထား

တူမောင်ညို ● ဘုန်းကြီးလေးရဲ့ “အမြစ်- အညွှန့်ဖြတ်တရား” အစဉ်လက်ကိုင်ထား

တူမောင်ညို ● ဘုန်းကြီးလေးရဲ့ “အမြစ်- အညွှန့်ဖြတ်တရား” အစဉ်လက်ကိုင်ထား (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇ “နိုင်ငံသားတွေကို ဆိုးကျိုးဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ နိုင်ငံတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုးနဲ့ပဲဖြစ်ဖြစ် နိုင်ငံကို မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့သူ၊ နိုင်ငံသားတွေရဲ့စိတ်နှလုံးအေး ချမ်းမှုနဲ့ ဘဝတိုးတက်မှုကို နှောင့်နှေးစေတဲ့သူတိုင်းဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ အဲဒီနိုင်ငံ့ရန်သူတွေရဲ့ အမြစ်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။ အညွှန့်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်” ဖော်ပြပါတရားကောက်နုတ်ချက်ကို စဖတ်ရတော့ ပထမ သိပ်ကိုအံ့သြသွားတယ်။ တပြိုင်နက်ထဲမှာလည်း ဒီတရားသဘော ကိုလည်း ရေရေလည်လည် ခိုက်သွားပါတယ်။ တရားအနှစ်ချုပ်က...

Read more »

ပြည်သစ်ဟန် ● ကျ​ပျောက်​သွား​သောဒဏ်​ရာ

ပြည်သစ်ဟန် ● ကျ​ပျောက်​သွား​သောဒဏ်​ရာ

ပြည်သစ်ဟန် ● ကျ​ပျောက်​သွား​သောဒဏ်​ရာ (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇ မနက်​က ဟို​တွေး ဒီ​တွေး၊ ဟိုလုပ်​ ဒီလုပ်​လုပ်​​နေရင်း ကျွန်​​တော့်​ “ဒဏ်​ရာ” ကျ​​ပျောက်​သွားတယ်​။ အဲဒါနဲ့ ​တွေ့လို​ တွေ့ငြား လိုက်​ရှာကြည့်​တယ်​။ စာအုပ်​စင်​ပေါ်​တွေ၊ စာ​ရေးခုံ​ပေါ်​တွေ၊ အိပ်​ယာထဲေ​တွရှာကြည့်​တယ်​။ လုံးဝမ​တွေ့ပါ။ ဒါနဲ့ အ​ဖေ့ကို ​ကျွန်​​တော့်​ ကျွန့်​​တော့်​ဒဏ်​ရာ ကျ​ပျောက်​သွားလို့ ​တွေ့မိလားလို့ ​မေးလိုက်​တယ်​။ အ​ဖေကလည်း … “မင်းကိုယ်​မှာ ဒဏ်​ရာလည်းငါမ​တွေ့။ ခလုပ်​တိုက်​မိ၊ ပွန်းပဲ့မိတာလည်း ငါမ​တွေ့။ ဘယ်​ကဒဏ်​ရာက ကျ​ပျောက်​တာလဲ” “ဟုတ်​ပါတယ်​။ ကျွန်​​တော်​ ဒဏ်​ရာကျ​ပျောက်​သွားတာ။ အ​ဖေမ​တွေ့လည်း​ နေ​ပေါ့။ ကျွန်​​တော်​က​တော့ ဆက်​ရှာရမှာပဲ” ကျွန်​​တော်​ကျ​ပျောက်​သွားတဲ့ ဒဏ်​ရာက မဖြစ်​မ​နေ ပြန်​​တွေ့မှဖြစ်​မှာ။ ဒီဒဏ်​ရာ​ကြောင့်​သာ ကျွန်​​တော်​ လူသားဆန်​ဆန်​ အသက်​ရှင်​​နေရတာ။...

Read more »

ကာတွန်း မင်းထက်လူ ● သတင်းစာတွေလည်း ပါတာကိုး

ကာတွန်း မင်းထက်လူ ● သတင်းစာတွေလည်း ပါတာကိုး

ကာတွန်း မင်းထက်လူ ● သတင်းစာတွေလည်း ပါတာကိုး (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇ Tags: ကာတွန်း မင်းထက်လူ

Read more »

မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက်

မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက်

မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက် (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇ (၁) ရွာဦးကျောင်းဆရာတော်ကိုယ်တိုင်အကူအညီတောင်းခံသဖြင့် နှစ်ကာလရှည်ကြာသည့်တိုင်အောင် လုံခြုံမှုမရှိရှာသည့် အ နောက်တံခါးအရေးကို ဝန်ကြီးရောဘတ် ကိုယ်တိုင်သွားရောက် ဖြေရှင်းလေပြီ။ သူသည် အလွန်ပင်စိတ်မြန်လက်မြန်ရှိသူဖြစ်၏။ “ဝန်ကြီးကိုယ်တိုင်ကြွလာတယ်ဆိုတော့ အားနာမိတယ် ဒကာလောဘ” အခြွေအရံများ ခြံရံလျက် မင်းခမ်း မင်းနားဖြင့်ကြွချီလာသော ဝန်ကြီး ရောဘတ်သည် လက်အုပ်ကလေး အသာချီကာ ခေါင်းပေါ်မှဗောင်းတော် ပြုတ်ကျမည်စိုးသဖြင့် လည်ကို ငဲ့စောင်း ထိန်းကျောင်းလျက် ဆရာတော်စကားကို တရိုတသေ ပြန်ကြားလေ၏။ သူ၏ဘေးဘယ်ညာ နှစ်ဖက်မှ အသာကပ်လျက် ထီးတော်မိုးနေသော ကိုယ်ရံတော်နှစ်ဦးသည် မျက်နှာသာ ရလိုဇောနှင့် ဝန်ကြီးအား အလုအယက် မိုးကာပေးနိုင်ရန်ကြိုးစားကြလေရာ ထီးနှစ်ချောင်းသည် ဓားရေးယှဉ်ပြိုင်သကဲ့သို့ လွန့်လူး လှုပ်ခါလျက် ရှိလေသည်။...

Read more »

သွေး (စစ်ကိုင်း) ● ကျပ်ခေတ်

သွေး (စစ်ကိုင်း) ● ကျပ်ခေတ်

သွေး (စစ်ကိုင်း) ● ကျပ်ခေတ် (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇ ရင်ထဲမှာ ပြည့်ကျပ်နေတဲ့စကားလုံးတွေ ဖုံးကွယ်ခံ အမှန်တရားဟာ နေရာကျဉ်းကျပ်လို့ ငါတို့အသက်ရှူရတာ ကျပ်တယ်။ လမ်းတွေပေါ် ကားတွေ တနေ့တခြား ပိုကျပ်လာ စားဝတ်နေရေးတွေ ပိုပြီးကျပ်လာတဲ့အခါ ရှင်သန်ခြင်းနေ့စွဲတွေလည်း ကျပ်လာခဲ့။ အလုပ်မပါတဲ့ အပြောတွေ ပြည့်ကျပ်နေတဲ့မြို့ပြမှာ စိတ်တွေ ကျဉ်းကျပ်နေမိတာ ဆန်းသလား။ ထမင်းနှစ်နပ် နှပ်မှန်ဖို့ ကြိုးစားနေရတဲ့ ကျပ်ဘ၀ လက်ဖက်ရည် မှန်မှန်သောက်နိုင်ဖို့တောင် ရုန်းကန်နေရတဲ့ ကျပ်ဘ၀မှာ ခိုအိမ်လောက်တောင် မပိုင်ရတဲ့ နေရေးထိုင်ရေးက ကျပ်လွန်းတော့ အသေကျပ်တဲ့မြို့ပြလို့ ပြောကြတာ မှားသလား။ အဲသလို ဖြတ်သန်းနေရတဲ့ ခေတ်ကြီးကို ချောင်းကြည့်နေရင်း ကျပ်ပြီးရင်းကျပ်လာတဲ့ ကျပ်တည်းမှုနဲ့ ကျပ်ခေတ်ဟာ အောင်လံတလူလူ လွှင့်ထူလို့ …...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၅)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၅)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၅) (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇ ● ရဲဘော်တိုက်မောင် အသားခပ်ညို ညို ခပ်ပိန်ပိန် အသက် ၂ဝ မပြည့်တတ်သေးသော လူငယ်လေးတဦးဖြစ်သည်။ မိမိမိတ်ဆွေ ကိုကြီးမြင့်၏ ညီငယ်တယောက်ဖြစ်ပြီး ဆေးတက္ကသိုလ် ၁ ၌ ပထမနှစ်ဆေးတွင် ကျောင်းတက်နေစဉ် သူ၏အကိုဝမ်းကွဲ ကိုမောင်နိုင်တို့ နှင့်အတူ အရှေ့မြောက်ရောက်လာသူဖြစ်သည်။သူ့နာမည်ရင်းကတော့ ကိုဝင်းအောင်ဟု ခေါ်သည်။ မိမိတို့ တပ်မဟာ ၂ ရောက်စဉ်က သူက တပ်မဟာ ၂ အထူးတပ်ရင်းက အမြောက်တပ်ခွဲတွင် တာဝန်ထမ်းဆောင်နေသည်။ မိမိနောက်တန်း နိုင်ငံရေးဌာနသို့ ပြန်ရောက်လာပြီး မကြာမီ အောက်တိုဘာ နိုဝင်ဘာလခန့်တွင် ကိုတိုက်မောင်လည်း နိုင်ငံ ရေးဌာနသို့ ရောက်လာသည်။...

Read more »

လင်းခါး- မင်းဘာတွေရွေးချယ်

လင်းခါး- မင်းဘာတွေရွေးချယ်

မင်း ဘာတွေ ရွေးချယ် လင်းခါး (မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၇ မင်းခေါင်းထဲ ဘယ်လိုသိမှုတွေ ထည့်မယ် ဘယ်လိုခံစားချက်မျိုးအတွက် ငွေပိုသုံးမယ် အမှတ်တံဆိပ်၊ ရှုခင်း အဲဒါ မင်းရွေးရမှာ ရထားလာရင်တော့ မင်း ရပ်စောင့်ရပြီ အဲဒါ တရစ် စအသွင်းခံရတာ တိမ်တွေကြား ငှက်တွေ တြိဂံပုံစံပျံသန်း မင်းခေါင်းပေါ် ငှက်ချီးတွေကျလာ ကံတရားပဲ မင်းဆိုမယ် ကံတရားဆိုတာက ဘာလဲ အဲဒါ ဒုတိယအရစ် သွင်းတာ မင်း ရွေးတယ် ဒီနေ့ အစိမ်းဖျော့ ဝတ်မယ် ကြယ်သီးတလုံး မတပ်ဘူး ကားနံပါတ် ၂ နဲ့ စတဲ့ တက္ကစီမှ စီးမယ် ပျော်စရာပဲ စော်ဆိုရင် ကိတ်မှလေ ဒါတွေကို ရွေးချယ် ဒါတွေကို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်