လွင် (ဘော်တွင်း) ● သမုဒယသစ္စာ

လွင် (ဘော်တွင်း) ● သမုဒယသစ္စာ

လွင် (ဘော်တွင်း) ● သမုဒယသစ္စာ (မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၇ “ကတုံး ကတုံး ဥသျှစ်လုံး” အမေက သီလရှင်နှစ်ပါးကို ဆွမ်းဆန်လောင်းနေရင်း အော်လိုက်ပါတယ်။ စာကြည့်နေတဲ့ ကျွန်မ မျက်လုံးပြူးသွားပြီး အမေ၊ ဘာဖြစ်တာတုံးလို့ လှမ်းမေးလိုက်တော့မှ အမေလည်း သတိဝင်သွားပြီး သီလရှင်နှစ်ပါးကို ဆရာ လေးတို့ ကန်တော့နော်၊ ကန်တော့၊ တပည့်တော် ဟိုကလေးတွေကို လှမ်းစတာပါလို့ ပြာပြာသလဲ တောင်းပန်ပါတယ်။ လမ်းပေါ်မှာတော့ ကျွန်မတို့အိမ်နီးနားချင်း ကလေး အမွှာပူးနှစ်ယောက်ဟာ ဝင်းပြောင်နေတဲ့ကတုံးလေးတွေ ကိုယ်စီနဲ့ စပ်ဖြဲဖြဲလုပ်နေကြပါတယ်။ ကတုံး၊ ကျွန်မတို့ငယ်ငယ်တုန်းကတော့ ရုပ်ရှင်ထဲက ချီးဗူးဟာ ကတုံးပါ။ ဒါကြောင့် ကတုံးတုံးထားတဲ့သူတွေကို ချီးဗူးလို့လဲ ခေါ်ကြ  စကြပါတယ်။ ကျွန်မအခုအချိန်ထိ နားမလည်တာကတော့ ကတုံးဖြစ်နေတာဟာ ဘာကြောင့်...

Read more »

မိုးမခမီဒီယာအမည်ဖြင့် သတင်းထောက်များ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားခြင်းမရှိ

မိုးမခမီဒီယာအမည်ဖြင့် သတင်းထောက်များ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားခြင်းမရှိ

မိုးမခမီဒီယာအမည်ဖြင့် သတင်းထောက်များ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားခြင်းမရှိ (မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၇ ယမန်နေ့က ဖေ့စ်ဘွတ်စာမျက်နှာအချို့မှာ – ”မောင်တောဒေသအခြေအနေနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်မှဗိုလ်မှူးကြီးကျော်ဟန်နှင့် မိုးမခသတင်းဌာန ဆက်သွယ်မေးမြန်းချက်” ဆိုတဲ့ လုပ်ကြံသတင်း (fake news) ဖြန့်ချိမှုတွေ တွေ့ရှိရပါတယ်။ လက်ရှိ ရခိုင်နယ်စပ် အကြမ်းဖက်မှုအရေးအခင်းမှာ အစွန်းရောက်အကြမ်းဖက်များက အွန်လိုင်းမီဒီယာကိရိယာကို အလွဲသုံးပြီး သတင်းမှားများနဲ့ အစွမ်းကုန် ၀ါဒဖြန့်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရှိနေရပါတယ်။ အမေရိကန်မှာ non-profit  မီဒီယာအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားတဲ့ MoeMaKa Media  အနေနဲ့သော်၎င်း၊ မြန်မာပြည်ရှိ လစဉ်မဂ္ဂဇင်းထုတ်ဝေနေတဲ့ မိုးမခမဂ္ဂဇင်းအနေနဲ့သော်၎င်း၊ ရခိုင်ပြည်နယ်တွင်း မည်သည့်ဒေသကိုမှ မိမိအဖွဲ့သား၊ ကိုယ်စားလှယ်၊ သတင်းထောက်များကို စေလွှတ်ထားခြင်း မရှိပါကြောင်း၊ သတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းသတင်းတင်ဆက်ထားခြင်း မရှိပါကြောင်း မိုးမခစာဖတ်ပရိသတ်များကို အကြောင်းကြားလိုက်ပါတယ်။ မိုးမခမီဒီယာအနေနဲ့ MoeMaKa.com ဒိုမိန်း၊ MoeMaKa.Net ဒိုမိန်း နဲ့...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၉)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၉)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၉) (မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၇ ● ကောက်ကွတ်သို့ မုန်လုံတွင် သတင်းပို့ပြီးနောက် ကောက်ကွတ်သင်တန်းကျောင်းသို့သွားရောက်ရန် စေလွှတ်သဖြင့် ထပ်မံခရီးဆက်ရသည်။ စတင်တောခိုစဉ်ကလာခဲ့သော ခရီးဖြစ်၍ လမ်းခရီးစဉ်အား သိရှိသော်လည်း လမ်းကြောင်းတလျောက် ကောင်းစွာမမှတ်မိ သေးသဖြင့် အတူခရီးသွားရဲဘော်ရှာရသည်။ကျန်သည့်နေရာက သိပ်ပြသနာမရှိ။ ကြူကုတ် ပန်ဆိုင်းမှထွက်၍ ၂ နာရီခန့် လမ်းလျောက်ပြီးလျင် ရွှေလီမြစ်ကမ်းဘေးရှိ ကောင်းခန်ရွာ (ရှမ်းရွာ) သို့ ရောက်သည်။ ထိုရွာရောက်လျင် ရွှေလီမြစ်ကမ်းပါးသို့ ဆင်း၍ မြစ်အား ဖေါင်ငယ်ဖြင့် ကူးရန်လိုသည်။ ကောင်းခန်ရွာသည် မိမိအခြေခံဒေသအဆုံးဖြစ်သည်။ ဤနေရာ၌ မြစ်အား မကူးဘဲ လမ်းအတိုင်းဆက်သွားပါက နှစ်ဖက်တပ်ဝင်ရောက်လှုပ်ရှားသည့် နမ့်စွမ်း နန့်ပန်းစသည့် ရွာများကိုဖြတ်၍ မူစယ်...

Read more »

တိုးနှောင်မိုး ● သမ္မတကြီးခင်ဗျာ

တိုးနှောင်မိုး ● သမ္မတကြီးခင်ဗျာ

တိုးနှောင်မိုး ● သမ္မတကြီးခင်ဗျာ (မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၇ ကျေးဇူးတော်များအတိုင်း သံခင်တမန်ခင်း ကောင်းကင်အခင်းအကျင်းမှာ စစ်လက်နက်မပြည့်စုံရင် လူမှုဘဝစာမျက်နှာများ အင်ဂျင်ဝိုင်ယိုမယ် စက်ဟမ်းမယ် ဗိုင်းရပ်စ်ကိုက်မယ် တဦးနဲ့တဦး အဟတ်ခံရတော့မယ်ဆိုတော့ ပွင့်လင်းမြင်သာတဲ့ မုန့်ဟင်းခါးတွေ နံနံပင်ကိုလမ်းခွဲသွားသလို ငြိမ်းချမ်းရေးကလည်း အစပ်အဟတ်တည့်ဖို့လို ပန်းပွင့်တိုင်း A B C D မတတ်ဘူး ဟမ်းဆက်တလုံးပြီးတလုံး ဇွန်သဉ္စာတွေဖြစ်နေပြီ ဇွန်သဉ္ဇာတွေတလုံးပြီးတလုံး ငါတို့ခေတ်ကို မူးအောင်သောက်ရ တော်လေးဝဟာ ပေါက်တောဝမှာ ဂိတ်ဆုံးတယ်ဆိုတော့ ပျားလည်းစွဲသာ ရှဥ့်လည်း လျောက်သာ ဖွဲ့စည်းပုံ ငါတို့အခြေခံဥပဒေက တဖက်ပိတ်ဆည်လား စီဆီဖတ်ရဲ့ချွေးလား ဖြစ်စဉ်တွေ လီဗာမြှင့်ထားတယ် မြို့ပြဟာ အဆိပ်မိနေသလား အပျိုဖေါ်ဝင်လာတဲ့ ပြုပြင်ပြောင်းလဲရေးက ကိုယ်ဝန်ရှိသလိုလို သွေးလုံးလိုလို ဒွိဟများရွာသွန်း သေးပေါက်သလိုငိုနေတဲ့ကာလပေါ်များ မလှူတတ်သူကြွယ်လည်း...

Read more »

ဒီလူည ● ပြတင်းပေါက်ရဲ့အပြင်ဘက်မှာ

ဒီလူည ● ပြတင်းပေါက်ရဲ့အပြင်ဘက်မှာ

ဒီလူည ● ပြတင်းပေါက်ရဲ့အပြင်ဘက်မှာ (မိုးမခ) သြဂတ်စ် ၂၄၊ ၂ဝ၁၇ (00:00:01) ကျနော့်တွင် ပျော်ရွှင်ခြင်းများ ရှိပါတယ်။ ထိုပျော်ရွှင်ခြင်းများသည် ဝါကျင်ကျင်ဒိုင်ယာရီစာအုပ်လေးထဲက စကားလုံးများ မဟုတ်ပါ။ ချာလီချက်ပလင်၏မျက်နှာပေါ်တွင် မရှိပါ။ ဦးမော့စ်၏စကားသံများတွင် မရှိပါ။ ဝိုင်၊ ဝက်ပေါင်ခြောက်နဲ့ ဒင်နီတို့ သူငယ်ချင်းများတွင် မရှိပါ။ သို့သော် ကျနော့်တွင်ပျော်ရွှင်ခြင်းများရှိသည်ကတော့ အမှန်ပင်ဖြစ်ပါတယ်။ (00:00:10) နယူတန်သည် ကမ္ဗာ့ဆွဲအားကိုရှာဖွေတွေ့ရှိခဲ့သည်ဖြစ်စေ/မတွေ့ခဲ့သည်ဖြစ်စေ သစ်ပင်ထက်တွင် စိမ်းစိုဝေဆာခဲ့သော သစ်ရွက်တို့သည် တခုသောကာလ၌ မြေပြင်သို့ကြွေကျမည်မှာမလွဲပါဟု ကျေးဇူးကန်းသောအတွေးမျိုး ကျနော့်တွင် မကြာ မကြာ ပေါ်လာတတ်ပါတယ်။ “မရှိရင် မဖြစ်ဘူး” ဆိုသော စာတန်းကို အခန်းထဲကနေ အပြင်ထုတ်ထားခဲ့သည်မှာ အချိန် အားဖြင့် ကြာမြင့်ခဲ့ပါပြီ။ နယူတန်၏တွေ့ရှိချက်သည် သိပ္ပံပညာအတွက်ကြီးမားသော အောင်မြင်မှုနဲ့ အသုံးဝင်မှုရှိသော် လည်း...

Read more »

ကာတွန်း ATH ● ဟိုလို ထု … ဒီလို ထု …

ကာတွန်း ATH ● ဟိုလို ထု … ဒီလို ထု …

ကာတွန်း ATH ● ဟိုလို ထု … ဒီလို ထု … (မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၇ No tags for this post.

Read more »

ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း

ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း

ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း (မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၇ မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ၂၀၁၇ တွင်လည်း ဖော်ပြပြီး ဖြစ်သည်။  ကျွန်တော့်ဘကြီး ဦးရွှေအုတ်ကို လူ့ခွစာကြီးလို့ အမည်တပ်ရမလား၊ သူထင်ရာကို တုတ်ထိုးအိုးပေါက် ပြောတတ်ဆိုတတ်၊ လုပ်ကိုင်တတ်တဲ့လူကြီးလို့ပဲ ဆိုရမလား မသိပါဘူး။ သူက နယ်မှာ အနေများပေမယ့် သူ့စရိုက် သူ့သဘာဝကို ရပ်ရွာကလူတွေလာရင် အမြဲကြား နေရပါတယ်။ ဖိုးရွှေအုတ်ကြီးက တော့ ဘာလုပ်လိုက်ပြန်ပြီ၊ ဘယ်သူ့ကိုတော့ သာသာနဲ့နာနာ နှက်လိုက်ပြန်ပြီ၊ လုပ်ချလိုက်တာကတော့ အဆန်းကြီးပဲ ဆို တဲ့ သတင်းတွေကတော့ မွှေးမှ မွှေးပါပဲ။ အမွှေးဆုံး သတင်းတွေကတော့ သူနဲ့ ရပ်ရွာအာဏာပိုင်တွေနဲ့ ခဏခဏ ကတောက်ကဆဖြစ်တတ်တဲ့...

Read more »

ကာတွန်း ညီပုချေ – ခြစားတဲ့ ဒဏ်

ကာတွန်း ညီပုချေ – ခြစားတဲ့ ဒဏ်

  ကာတွန်း ညီပုချေ – ခြစားတဲ့ ဒဏ် (မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၇ No tags for this post.

Read more »

ကာတွန်းဝင်းအောင် – ဘာတတ်နိုင်သေးလဲ

ကာတွန်းဝင်းအောင် – ဘာတတ်နိုင်သေးလဲ

  ကာတွန်းဝင်းအောင် – ဘာတတ်နိုင်သေးလဲ (မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၇  No tags for this post.

Read more »

ကာတွန်း အောင်မော် ● တူ ပြီ ဟေ့ ….

ကာတွန်း အောင်မော် ● တူ ပြီ ဟေ့ ….

ကာတွန်း အောင်မော် ● တူ ပြီ ဟေ့ …. (မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၇ No tags for this post.

Read more »

သန့်ဇင်စိုး ● ပြန်လည်တမ်းတခြင်း

သန့်ဇင်စိုး ● ပြန်လည်တမ်းတခြင်း

သန့်ဇင်စိုး ● ပြန်လည်တမ်းတခြင်း (မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၇ (၁) ဘဝမှာ ငါတော့ဖြင့် ဒါကို လုပ်လိုက်နိုင်ပါလျက်နဲ့ မလုပ်လိုက်မိလေခြင်းလို့ လူတော်တော်များများ တွေးမိဖူး ကြပါလိမ့်မယ်။ ငါ အထက်တန်းကျောင်းကသာ စာကို ပိုပြီး ဖိကြိုးစားလိုက်မယ်ဆိုရင် ခုလောက်ဆို ဒီထက် အဆင့်မြင့်တဲ့ အလုပ်မျိုးရမှာပဲ တို့၊ ငါသာ ဒီကောင်မလေးကို ငါ့ဘက်ယိုင်ပြီး အဆင်ပြေနေချိန်က ချစ်ရေးဆိုလိုက်မယ်ဆို ခုလို သူလှလာမှာမျိုးနဲ့ဆို အတော်ပဲဟေ့ တို့ လို နောင်တဆန်ဆန် အတွေးမျိုးဖြစ်ပါလိမ့်မယ်။ ခုမှတော့ အချိန်ခရီးသွားသလို နောက်ပြန်သွားပြီး လုပ်လို့ကလည်းမရ။ စိတ်ထဲဝင်လာတိုင်း သတိရတိုင်း နှမျော သလိုလို ခံစားမှု ပုံစံမျိုး ဖြစ်ပါတယ်။ ကိုရဲနွယ် တစ်ယောက်လည်း အဲဒီလို ခံစားမှုမျိုး ဖြစ်နေမိတယ်။...

Read more »

ကာတွန်း ညီထွေး ● ဝံပုလွေ ဆိုတာ …

ကာတွန်း ညီထွေး ● ဝံပုလွေ ဆိုတာ …

ကာတွန်း ညီထွေး ● ဝံပုလွေ ဆိုတာ … (မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၇ Tags: ကာတွန်း ညီထွေး

Read more »

တင်လတ်ကို – ကြွက်ထောင်ချောက်

တင်လတ်ကို – ကြွက်ထောင်ချောက်

ကြွက်ထောင်ချောက် တင်လတ်ကို  (မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၇ ကြွက်ထောင်ချောက်ထဲမှာ ငါ့လက်သန်းကြီး ကြွက်ထောင်ချောက်ထဲမှာ ငါတို့ပညာရေးစနစ် ကြွက်ထောင်ချောက်ထဲမှာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ် ကြွက်ထောင်ချောက်ထဲမှာ ရန်သူမျိုးငါးပါး၊ ဒုက္ခသည်စခန်း ကြွက်ထောင်ချောက်ထဲမှာ အိပ်မက်မက်တယ်ဆိုတဲ့ ဦးနှောက်ကြီးတခု ကြွက်ထောင်ချောက်ထဲမှာ ဘယ်သူ သေသေ မာဖို့ ကြံစည်နေတဲ့ငတေတစု ကြွက်ထောင်ချောက်ထဲမှာ အမိန့်ရအပေါင်ဆိုင်နဲ့ အမိန့်ရ လူသတ်လိုင်စင် ကြွက်ထောင်ချောက်ထဲမှာ ကြွက်ထောင်ချောက်ကြီးကြီး နောက်ထပ်တခု။ ။ Tags: ပြည်တွင်းစစ်

Read more »

ကျော်ကျော် (မြရည်စမ်း) ● ပုံစံခွက်ထဲမှ ဝတ္ထုငယ်လေးများ

ကျော်ကျော် (မြရည်စမ်း) ● ပုံစံခွက်ထဲမှ ဝတ္ထုငယ်လေးများ

ကျော်ကျော် (မြရည်စမ်း) ● ပုံစံခွက်ထဲမှ ဝတ္ထုငယ်လေးများ (မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၇ မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၇၊ ၂၀၁၇ ထုတ်တွင်လည်း ဖော်ပြပြီး ဖြစ်သည်။   “မသွားပါနဲ့….အိမ်မှာပဲ စိတ်ချမ်းသာအောင်နေပေါ့..၊ ဒါမှမဟုတ်  တလတန်သည်၊ နှစ်လတန်သည်  ဆရာတော့်ကျောင်းမှာ ဦးပဉ္ဇင်းဝတ်နေမလား..” တိုးတိုးပြောနေကြသော်လည်း လူခြေကတိတ်သည့် ညဥ့်နက်နက်မို့ အတိုင်းသားကြားနေရသည်။ နံဘေးအိမ်မှ သားအမိ လေးနှစ်ယောက်၏ ဆွေးနွေးသလို၊ ငြင်းခုန်သလို စကားသံကို ကြားနေရသည်မှာ ရက်ဆက်ဖြစ်နေသည်။ သားဖြစ်သူက သူ..မူးယစ်ဆေးဝါးစွဲနေပြီဖြစ်ကြောင်း အမေဖြစ်သူကို အတိအလင်းကြေညာထားပြီး  ဆေးစစ်မှုခံယူကာ မူး ယစ်ဆေးဝါးအစားထိုးအဖြစ် ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးသော မက်သဒုံးဆေးကို သောက်ချင်သည်။ သူကိုယ်တိုင်လည်း ဆေးစွဲနေသူလူငယ်တဦးအဖြစ် တာဝန်ရှိလူကြီးမင်းများထံ ဝန်ခံလိုသည်။ အမေဖြစ်သူ၏ခံစားချက်ကို...

Read more »

ကာတွန်း ဇာနည်ဇော်ဝင်း ● အခွန်ဆောင်စရာမလိုဘူးလေ

ကာတွန်း ဇာနည်ဇော်ဝင်း ● အခွန်ဆောင်စရာမလိုဘူးလေ

  ကာတွန်း ဇာနည်ဇော်ဝင်း ● အခွန်ဆောင်စရာမလိုဘူးလေ (မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၇ No tags for this post.

Read more »

ရွှေပိုးအိမ် (ပဲခူး) ● ညီမျှခြင်း

ရွှေပိုးအိမ် (ပဲခူး) ● ညီမျှခြင်း

ရွှေပိုးအိမ် (ပဲခူး) ● ညီမျှခြင်း (မိုးမခ) သြဂတ်စ် ၂၄၊ ၂ဝ၁၇ မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၇၊ ဇူလိုင်လ ၂ဝ၁၇ တွင် ဖော်ပြပြီး ဖြစ်သည်။ သူ့စိတ်က မှောင်ပြီးသားဆိုတော့ ခေါင်းစွပ် စွပ်ထားလည်း သိပ်မထူးတော့။ သူ တိုးတိုး ရယ်ကြည့်လိုက်သည်။ အသံက ရှင်းရှင်းလင်းလင်း ထွက်မလာဘူး။ သူ့ရင်ခုန်သံကို သူ ပြန်ကြားနေရသည်ကို တကယ်တမ်းက မကြိုက်ချင်လှ။ သူကြောက်နေတာလား….။ ဒါကိုတော့ ခါးခါး သီးသီး သူငြင်းချင်သည်။ တဘဝလုံး သူဆောင်ရွက်လာခဲ့သမျှ နောက်လှည့်ရန် အစီအစဉ်တခုတလေမှ မပါ။ ထို့အတူ သူလုပ်ခဲ့သည့် အပြစ်ဒဏ်တခုအတွက် ပြန်ခံရသည့်အချိန်တွင် စိုးရွံ့စိတ်ဖြစ်မိမှာကို အမုန်းဆုံးပဲ။ သူ လေချွန်ချင်လာသည်။ လက်ပြန်ကြိုးတုတ်ထားသည့် သူ့လက်နှစ်ဖက်ကို...

Read more »

အောင်ခိုင်မြင့် – စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ

အောင်ခိုင်မြင့် – စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ

အောင်ခိုင်မြင့် – စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၇ မြန်မာပြည်၏ အမှောင်ဖုံးသော ကာလများဟု ဆိုရမည့် ခေတ်အဆက်ဆက် စစ် အာဏာရှင် စနစ်အမျိုးမျိုးအောက်မှာ ကြံ့ကြံ့ခိုင် ရင်ဆိုင်ရပ်တည်ရင်း နားမျက်စိအပိတ်ခံထားရသည့် ပြည်သူလူထု၏ အတွေးအခေါ်တံခါးကို ဖွင့်ပေးသော မြန်မာ့စာပေယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းသယ်ဆောင်နေသည့် စာပေဟောပြောပွဲများနှင့် ဝေးကွာခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပေပြီ။ နှလုံးသားမှ အတိတ်ပုံရိပ်များကို စုစည်းလျက် မှတ်မှတ်ရရ ရေတွက်ရလျှင် ၁၉၈၇ ခုနှစ် ပုသိမ်မြို့ တွင် ကျင်းပခဲ့သော ဆရာမောင်သော်က ၊ ဆရာ ချစ်စံဝင်း ၊ ဆရာမ ယုဝတီ ခင်စိန်လှိုင်တို့ ၏ စာပေဟောပြောပွဲသည် ကျနော် နောက်ဆုံး...

Read more »

စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၃)

စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၃)

  ပန်းချီမမွှေး (သူ့ဖေ့စ်ဘွတ်ကကူးယူပါတယ်) စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၃) (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၇ အလှူအတန်းကိစ္စ တစ်ခုခုပေါ်တိုင်း ကျွန်မတို့ရွာတန်းရှည်ရွာလေး၏ လူမှုရေးလုပ်ငန်းများကို ပွေ့ပွေ့ ပိုက်ပိုက် ဆောင်ရွက်ခဲ့ကြသော ရပ်မိရပ်ဖ ဦးကြီး ဒေါ်ကြီးများကို သတိရဦးခိုက်မိပါသည်။ သည်ရပ်မိရပ်ဖများ သည် ရပ်ကျိုးရွာကျိုးသယ်ပိုးကြရာတွင် စနစ်တကျလုပ်ဆောင်ခဲ့ကြသည်။ နှစ်စဉ် ဝါဆိုသင်္ကန်းကပ်ပွဲ၊ သီတင်းကျွတ် မီးထွန်းပွဲ၊ ဘုံကထိန်ပွဲ၊ ရွာလယ်ရှိ သဲပုံစေတီပွဲ စသည့်ပွဲများကျင်းပကြရာတွင် ဖြစ်မြောက်ရေး ကော်မတီများဖွဲ့၍ ဆောင်က်ကြသည်။ ရွာတွင် “ညီညွတ်ရေးအသင်း”၊ “သာရေးနာရေးအသင်း” စသည်ဖြင့် အသင်းများဖွဲ့၍ စုပေါင်းစီမံခန့်ခွဲကြသည်။ စုပေါင်းတာဝန်ယူ အကောင်အထည်ဖော်ခဲ့ကြသည်။ လေးစားစံပြု ဖွယ်ဖြစ်ပါသည်။ ကျွန်မတို့ ငယ်စဉ်က အလှူပွဲတစ်ခုခုရှိလျှင် အလုပ်အကိုင်နေ့များတွင် နံနက်လင်းသည်နှင့် အိမ်တိုင်းလိုလို...

Read more »

လင်းသက်ငြိမ် ● အဖေနဲ့ ကျွန်တော့်အကြောင်း အပိုင်းအစ

လင်းသက်ငြိမ် ● အဖေနဲ့ ကျွန်တော့်အကြောင်း အပိုင်းအစ

လင်းသက်ငြိမ် ● အဖေနဲ့ ကျွန်တော့်အကြောင်း အပိုင်းအစ (မိုးမခ) သြဂတ်စ် ၂၄၊ ၂ဝ၁၇ ညနေက အဖေ ဖုန်းဆက်လာတယ်။ ဖုန်းနံပါတ်ကို ရုတ်တရက်မမှတ်မိပဲ ဖြစ်နေမိ။ ဖုန်းထဲမှတ်ထားတာကလဲ ဘယ်လိုပျက် သွားမှန်းမသိတော့။ အဖေက `ငါပါဟ ဘာမှတော့ မဟုတ်ပါဘူး မင်းနေကောင်းလားလို့ လှမ်းမေးတာ´ ကျနော့်ရင်ထဲကျဉ် ခနဲဖြစ်သွားရတယ်။`ဟုတ် ကျနော်နေကောင်းပါတယ် အမေကောနေကောင်းလား အငယ်ကောင်ကောစာလိုက်နိုင်လား´စတဲ့ မေးခွန်းတွေကို တရစပ်ပြန်မေးမိတယ်။ သူ့ဖုန်းနံပါတ်ကို ကျနော်မမှတ်မိဘူးလို့ အဖေသိရင် အတော်စိတ်မကောင်းဖြစ် သွားမှာ သေချာပါတယ်။ အဖေနဲ့ အမေ ကျမ္မာရေးဂရုစိုက်ပါ ကျနော်နေကောင်းပါတယ်။ ခဏပဲ စကားတွေ အပြန်အလှန် ပြောပြီး အဖေဖုန်းချသွားတယ်။ အဖေဖုန်းချသွားပြီးတော့ ကျနော်ဝမ်းနည်းနေမိတယ်။ ငယ်ငယ်တုန်းကနေ အခုကာလအထိ အဖေ့ပုံရိပ်တွေ ကျနော့် အ တွေးထဲ...

Read more »

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Live in Bubble

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Live in Bubble

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Live in Bubble (Academic Weekly Journal, Yangon) မိုးမခ၊ သြဂုတ် ၂၄၊ ၂၀၁၇ No tags for this post.

Read more »

ဇင်လင်း ● ငြိမ်းချမ်းရေး အလှမ်းဝေးနေရတာ ဘာကြောင့်လဲ

ဇင်လင်း ● ငြိမ်းချမ်းရေး အလှမ်းဝေးနေရတာ ဘာကြောင့်လဲ

ဇင်လင်း ● ငြိမ်းချမ်းရေး အလှမ်းဝေးနေရတာ ဘာကြောင့်လဲ (မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၇ မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေသည် မှန်းချက်နှင့်နှမ်းထွက် မကိုက်သေးဟု ဆိုရမည်ကဲ့သို့ ဖြစ်နေသည်။ တိုင်း ရင်းသားအဖွဲ့များက နိုင်ငံရေးအရွေ့တခုကို အမြန်ရွှေ့ချင်နေကြသော်လည်း၊ အစိုးရနှင့် တပ်မတော်အပိုင်းတွင် စဉ်းစား သုံးသပ်ချိန် ကြာမြင့်နေသကဲ့သို ဖြစ်နေသည်။ ယခု လက်ငင်းအခြေအနေမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) ထံ UNFC က တင်ပြထားသည့် အဆိုပြုချက် ၉ ချက်အပေါ် တည်နေပုံရသည်။ ၎င်းအချက်များမှာ အစိုးရနှင့်တပ်မတော်က တပြည် လုံး အပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာရန်၊ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ ‘အစိုးရ လွှတ်တော် တပ်မတော်ကိုယ်စားလှယ် များ’၊ ‘တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ’၊ ‘နိုင်ငံရေးပါတီများကိုယ်စားလှယ်များ’...

Read more »

ကာတွန်း ကိုခေတ် ● ပျော်ရွှင်မှုတွေပေးနေသူ …

ကာတွန်း ကိုခေတ် ● ပျော်ရွှင်မှုတွေပေးနေသူ …

ကာတွန်း ကိုခေတ် ● ပျော်ရွှင်မှုတွေပေးနေသူ … (မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၇ Tags: ကာတွန်း ကိုခေတ်

Read more »

မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ – အပိုင်း (၃၈)

မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ – အပိုင်း (၃၈)

မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ – အပိုင်း (၃၈) (မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၇ ● တာဝန်ခွဲဝေခြင်း ၁၉၇၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် မုန်းကို နိုင်ငံရေးဌာနတွင် ရောက်ရှိနေသော ပြည်မမှတက်လာသည့် ဗမာရဲဘော်များ ကျောင်း သားရဲဘော်များဟုဆိုသည့် မိမိတို့အား တာဝန်ခွဲဝေမှု စပါတော့သည်။ ကိုစိုးနိုင် ကိုကြီးမြင့်နှင့် ကိုမြမောင်တို့က ဘာသာပြန် အဖွဲ့သို့ရောက်သွားသည်။ မော်စီတုန်းလက်ရွေးစင်ကျမ်း အတွဲ ၅ကို ဘာသာပြန်ရန်ဖြစ်သည်။ ကိုစိုးနိုင်တို့က အင်္ဂလိပ်လိုမှ ဘာသာပြန်ရန်ဖြစ်ပြီး တရုတ်ဘာသာမှဘာသာပြန်ရန် ပြည်သူအသံမှ ကိုဟန်စိန် (ဦးထွန်း ယောက္ဖ) နှင့် oversea ရဲဘော် ၂ ဦးခန့်အား တွဲပေးထားသည်။ တရုတ်မူနှင့် အင်္ဂလိပ်မူနှစ်ခုအား ညှိနှိုင်းပြန်ဆိုနိုင်ရန်ဖြစ်သည်။ ထိုဘာသာပြန်အဖွဲ့မှာ ဝေးဝေးသွားရန်မလိုပါ။ မုန်းကိုနိုင်ငံရေးဌာနမှာပင်...

Read more »

ဖြိုးသီဟချို (Myanmar Now) ● မြန်မာပြည်မြောက်ပိုင်းမှ အမေ့ခံ မိခင်များ

ဖြိုးသီဟချို (Myanmar Now) ● မြန်မာပြည်မြောက်ပိုင်းမှ အမေ့ခံ မိခင်များ

ဖြိုးသီဟချို (Myanmar Now) ● မြန်မာပြည်မြောက်ပိုင်းမှ အမေ့ခံ မိခင်များ (မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၇ တနိုင်း (Myanmar Now) – ခရစ်ယာန်ဘုရားကျောင်းဟူသည်မှာ တစ်ပတ်တစ်ခါ သွားရောက်ဝတ်ပြုကြသည့်နေရာဟု အများက သိထားကြသည်။ ကချင်ဒေသ ဘုရားကျောင်း အများအပြားမှာမူ ထိုဓလေ့ထက် ပိုနေသည်။ ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဘုရားကျောင်းတွင် ခိုလှုံနေကြသူများအနက်မှ ၂၂ နှစ် အရွယ် မထွယ်လျှား ဖျားနာနေသည်မှာ ၅ ရက် ကြာပြီ ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွေ့ရစဉ် စခန်းအတွင်း အသက်အငယ်ဆုံး မိခင်များထဲမှ တစ်ဦးဖြစ်သည့် မထွယ်လျှားက မြို့ဆေးရုံတွင် သွားရောက်ကုသမှုခံယူရန် ပြင်ဆင်နေသည်။      နန့်ပျိုကျေးရွာမှ  ၄၈...

Read more »

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (28)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (28)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (28) အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန် (မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၇   ဖော်မြူလာများ ထည့်သွင်းခြင်း   Googlesheet ဆိုတာက စာရင်းအင်းဆိုင်ရာ အက်ပလီကေးရှင်းဆိုတော့ စာရင်းတွက်ချက်တာတွေ ပါဝင်ပါတယ်။ အခြေခံအားဖြင့်တော့ ကိန်းဂဏန်းတွေကို ပေါင်း နှုတ် မြှောက် စား လုပ်ရတာတွေ မပါမဖြစ် ပါရတာပေါ့။ ဒါက ၀ဒ်ဖိုင်နဲ့ စာရင်းဖိုင်တို့ရဲ့ ကွာခြားချက်ပါပဲ။ ဒါကြောင့် sheet မှာ cell တွေနဲ့ စာတွေ ဂဏန်းတွေ ထည့်သွင်းထားရတာ...

Read more »

ခင်မောင်စော (ဘာလင်) – ဘမျိုးဘိုးတူဆိုသော်လည်း

ခင်မောင်စော (ဘာလင်) – ဘမျိုးဘိုးတူဆိုသော်လည်း

Art – Than Htay Maung ခင်မောင်စော (ဘာလင်) – ဘမျိုးဘိုးတူဆိုသော်လည်း (မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၇ မြန်မာစကားတွင်ဘမျိုးဘိုးတူဆိုေ သာစကားရှိပါသည်။ အဖေတူသား၊ အမေတူသမီး၊ အဖခြေရာနင်းသူ အမိခြေရာနင်းသူ၊ ဆိုသောအသုံးများရှိသောလည်းနေရာတို င်းတွင်တော့ဘမျိုးဘိုးမတူတတ်ပါ။ အထင်ရှားဆုံးဥပမာကို ပေးရမည်ဆို လျှင်စစ်သူကြီးမဟာဗန္ဓုလ အမည်ကို မြန်မာတိုင်းလိုလိုကြားဘူးကြပါ လိမ့် မည်။ မဟာဗန္ဓုလသည် အင်္ဂလိပ်မြန်မာပထမစစ်ပွဲ အတွင်း၌ အင်္ဂလိပ်နယ်ချဲ့ ၏ကျူးကျော်ရန် ကို အသက်စွန့် ကာ ခုခံတိုက်ခိုက်သွားသူ အမျိုးသားသူရဲကောင်းကြီးဖြစ်ပါသ ည်။ အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲ ဖြစ်သောအခါ မြန်မာများက မဟာဗန္ဓုလ၏သား ဦးမောင်ကြီးကို အားကိုးတကြီးနှင့် သုံးဆယ်ဝန်ကြီးခန့် ကာပြည်မြို့ ကို ကာကွယ်ရန်မြိုဝန်တာဝန်ပေးထားပါသ ည်။ သို...

Read more »

မောင်လူရေး – တိုင်ကွန်းချိန်ခါ သမယာ

မောင်လူရေး – တိုင်ကွန်းချိန်ခါ သမယာ

မောင်လူရေး – တိုင်ကွန်းချိန်ခါ သမယာ  (မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၇ မနေ့ညက ကျောင်းထဲက ဆိုင်ကယ်တစီးပျောက်သွားတယ်။ ကျောင်းအဝင်က တံခါးမရှိ၊ ဟောင်းလောင်းဆိုတော့ အလွယ်တကူ ဝင်ယူလို့ရတာပေါ့လေ။ ဟိုတုန်းက သွေးလှူရှင်လာရှာသူတွေ၊ အောက်စီဂျင်ဗူးလာငှားသူတွေ အခက်အခဲတွေ့နိုင်တာနဲ့ ပျက်သွားတဲ့မုခ်သေးကတံခါး ပြန်မတပ်ဖြစ်သလို မုခ်အသစ်ဆောက်သူက တံခါးပြန်တပ်မပေးတော့ မုခ်ကြီးမှာလဲ တံခါးမရှိဖြစ်နေတာကို ဒီအတိုင်းဘဲ ထားလိုက်တယ်။ ခုကတော့ အောက်စီဂျင်ဗူးငှားပေးတာဘဲ ကျန်တော့တယ်။ သွေးကတော့ သူ့နေရာနဲ့သူ အဖွဲ့လေးတွေလဲ ရှိလာကြပြီ။ ရွှေခြင်္သေ့သန့်စင်သွေးအလှူရှင်အသင်းအနေနဲ့ သီးခြားမလုပ်ဖြစ်တော့ဘူး။ အဲဒီအဖွဲ့လေးတွေဆီ ပြန်ပေါင်းထည့်လိုက်ပြီ။ စကားမစပ် သန့်စင်သွေးဆိုတာက သွေးလှူရှင်စုစည်းကထဲက HIVပိုး၊ Bပိုး၊ Cပိုး ကြိုတင်စစ်ခဲ့တဲ့အတွက် သုံးထားတာပါ။ ပိုးတွေက ဝင်ကာစဆို ခုစစ်တဲ့ဟာတွေနဲ့ စစ်လဲ မတွေ့ဘူးဆိုတော့ အဲဒီအတွက် ကာဗာလုပ်ထားတဲ့သဘောပါ။...

Read more »

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၂)

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၂)

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၂) (မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၇ ဂဏန်းဆယ်လုံးပေါင်းခြင်း ဂဏန်းဆယ်လုံး၏ ပေါင်းလဒ် သည် ၂၆၂၄ ဖြစ်သည်။ ၄င်းတို့ထဲမှ ဂဏန်းတစ်လုံးကို ၄၅၆ မှ ၆၅၄ ဟု ပြောင်းလိုက်လျှင် ယင်းပါင်းလဒ်သည် ဘါဖြစ်သွားမည်နည်း။ အကယ်၍ ဂဏန်းဆယ်လုံးအစါး ၁၅ လုံး သို့မဟုတ် အလုံး ၂၀ ဖြစ်သွားလျှင် အဖြေသည် ဘါဖြစ်သွားမည်နည်း။ စဉ်းစားနည်း ဂဏန်း ဆယ်လုံး၏ ပေါင်းလဒ် သည် ၂၆၂၄ ဖြစ်သည်။ ဂဏန်းတစ်လုံးသည် ၄၅၆ ဖြစ်သည်။ ထိုဂဏန်းကို ၆၅၄ ဖြစ်အောင် တိုးလိုက်သော် ပေါင်းလဒ်သည် မည်ကဲ့သို့တိုးလာမည်ကို စဉ်းစါးပါ။ တွက်နည်း နှင့် အဖြေ...

Read more »

မင်းကိုနိုင် ● ကပ်ခွာစိတ်ထားများ

မင်းကိုနိုင် ● ကပ်ခွာစိတ်ထားများ

  မင်းကိုနိုင် ● ကပ်ခွာစိတ်ထားများ (မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ “လူတွေဟာ ကိုယ့်နိမိတ်ကိုယ် ဖန်တီးနေကြတာ၊ကြည့် နိမိတ်မရှိ နမာမရှိ၊ ကားမှာ ကျည်ပေါက်ရာတွေ ပိုက်ဆံ အကုန်ခံပြီး ကပ်စရာ ဒီလောက်ရှားသလား” သက်ကြီးတစ်ယောက်၏ မာန်မဲသံနှင့် ညွှန်ပြရာကျနော် ကြည့်မိသည်။ စတစ်ကာ ခေါ်ကပ်ခွာတွေ စိတ်ကူးပေါ်သလို ကား တွေမှာ ကပ်ကြသူတွေ အကြောင်းလည်း တစ်ဆက်တည်းတွေးမိပါ၏။ သာမန်လိုအပ်ချက်ထက် ကျော်လွန်၍ကပ်ကြသော ကပ်ခွာတွေ ကိုယ်စီ အဓိပ္ပါယ်နှင့်။ ကပ်သူတွေကိုယ်တိုင် ဘယ်လိုစိတ်သဘောရှိသည်ကို ပြနေသည်ဟု ကျနော် ထင်သည်။ ကားထဲမှာ ကလေးတွေပါတယ်ဟူသည့် ယေဘုယျအသိပေးချက်မျိုးကို ဘာမှမဆိုလိုပါ။ “ကပ်မလိုက်နဲ့” ၊ “ဖြည်းဖြည်း” စ သည်တို့မှာလည်း မဆန်းပါ။...

Read more »

နိုင်ဝင်းသီ ● ချစ်ခြင်းဂယ်လာရီ

နိုင်ဝင်းသီ ● ချစ်ခြင်းဂယ်လာရီ

နိုင်ဝင်းသီ ● ချစ်ခြင်းဂယ်လာရီ (မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁ (တစ်) အချစ်ဟူသော စကားလုံးကို သူ့ဘဝထဲသို့ ပထမဦးဆုံးဆွဲသွင်းခဲ့သူမှာ သူ၏ ဦးလေးတော်စပ်သူဖြစ်သည်။ ဦးလေးမှာ မိန်းမရှိပါသည်။ ကလေးနှစ်ယောက်လည်းရှိသည်။ သူသတိပြုမိသလောက် ဦးလေး၏မိန်းမသည် စကားနည်းပြီး  အလွန်အေးချမ်းသူဖြစ်သည်။ သူတို့အိမ်ထောင်သက်တမ်းတလျှောက် ဦးလေးမူးပြီး ဆူဆူပူပူ ထလုပ်သည့်ရက်မျိုးကလွဲ၍ သူတို့လင်မယားနှစ်ယောက် အော်ဟစ်ပေါက်ကွဲနေတာမျိုးကို  တကြိမ်တခါမှ သူမကြုံခဲ့ဘူးပါ။ သို့သော်လည်း ဦးလေးသည် နူးညံ့သိမ်မွေ့သော သူ့မိန်းမကိုပစ်ပြီး နောက်မိန်းမတယောက် ယူသွားခဲ့လေသည်။ ” မိန်းမတွေဟာ သူတို့ယောက်ျားဘဝကိုရမှ အချစ်ဆိုတာ ယောက်ျားလေးတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ နားလည်လာမှာကွ” အဲဒီနေ့တုန်းက ဦးလေး၏မျက်လုံးများသည် ခါတိုင်းမြင်တွေ့နေကျ မျက်လုံးများလို ပျော်ရွှင်နေသော မျက်လုံးမျိုးမဟုတ်ဘဲ လျှို့ဝှက်မှုများဖြင့် တောက်ပနက်ရှိုင်းနေခဲ့သည်။ ဦလေး၏စကားလုံးတွေကို သူနားမလည်သလို ဦးလေး၏မျက်လုံးတွေထဲက လျှို့ဝှက်ချက်ကိုလည်း...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်