ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ

ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ

ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ (မိုးမခ) ဇွန် ၃၊ ၂၀၁၇ အပူသံလျှပ်​​တွေက ​လေထုထဲမှာမီးညွှန့်​မီး​တောက်​များလို တရိပ်​ရိပ်​တက်​​နေသည်​။ ​မေလသည်​ အပူပြင်းဆုံးကာလလည်း ဖြစ်​၏။ လမ်းတလျှောက်​ ​ဝဲယာမှသစ်​ပင်​ငယ်​များသည်​လည်း အရိုးကျဲကျဲ၊ သွားချဲချဲနှင့်​လူရိုးစုများရပ်​​နေသလား ​အောက်​​မေ့ရသည်​။ တချို့သစ်​ပင်​များက​လည်း ပုရစ်​ဖူးသစ်​ရွက်​​လေးများ ​ခေါင်းပြူ နေကြ​လေပြီ။ ​​လေပူများက တကိုယ်​လုံးကို ပွတ်​တိုက်​ဆွဲ​နေ၏။ ဒီလို​နေပူပြင်းပြင်းမှာ  မိုင်​နှစ်​ဆယ်​​ကျော်​​ဝေး​သောခရီးကို ဆိုင်​ကယ်​စီးပြီးသွားရသည်​မှာ အမှန်​တကယ်​ပင်​ပန်းသည့်​အလုပ်​လည်းဖြစ်​သည်​။ ​ကွေ့ပတ်​လိမ်​လည်​​နေသည့်​လမ်းနှင့်​ တသားတည်းကျ​အောင်​ ​မောင်းနှင်​​နေရသည်​မှာ ငယ်​ငယ်​က ပုရွက်​ဆိတ်​​ကြောင်း လိုက်​ကြရသလို။ တခါတလေ ခက်​ခဲသည်​။ လက်​ညှိုးက​လေးဖြင့်​​ထောက်​ကာလိုက်​​သော ပုရွက်​ဆိတ်​​ကြောင်းက လွဲ​ချော်​ပါမူ ဒူးငါးချက်​​ခေါက်​ခံရမည်​ထက်​မပို။ ယခုလိမ်​လည်​​ကွေ့ဝိုက်​​သော လမ်းကို​ချော်​သွားပါက ​သေ​လေမလား။ ကျိုးသွား​လေမလား။ တခုမဟုတ်​ တခု​သေချာ​ပြီးသား။ ကတ္တရာ​စေးသုတ်​လိမ်းထား​သော လမ်းကလည်း ​​နေအပူရှိန်​​​ကြောင့်​ ကားဘီး၊ ဆိုင်​ကယ်​ဘီးများ ​ဗျစ်​​ဗျစ်​စုတ်​​အောင်​ပင်​...

Read more »

လင်းခါး ● အရင်းရှင်စနစ်ရဲ့ ဖရီးဝန်ဆောင်မှုတွေထဲ ကြီးပြင်းလာရသူ အချစ်ကလေးရေ့

လင်းခါး ● အရင်းရှင်စနစ်ရဲ့ ဖရီးဝန်ဆောင်မှုတွေထဲ ကြီးပြင်းလာရသူ အချစ်ကလေးရေ့

လင်းခါး ● အရင်းရှင်စနစ်ရဲ့ ဖရီးဝန်ဆောင်မှုတွေထဲ ကြီးပြင်းလာရသူ အချစ်ကလေးရေ့ (မိုးမခ) ဇွန် ၃၊ ၂၀၁၇ အရင်းရှင်စနစ်ကို ကြည့်လိုက်ရင် လောကနိဗ္ဗာန်အောက်ထပ်မှာ အချစ်ကဗျာတွေ တထပ်ကြီးနဲ့ အမြဲပျော်နေ မစားရသေးခင် အိုက်စခရင် အရည်ပျော်သွားတဲ့ လောကဓံလည်း ကြုံဖူး ဦးနှောက်သွေးကြော မပေါက်အောင် နတ်သုဒ္ဓါတွေ ခွေးကျွေးလိုက်ရတဲ့ စွန့်ခြင်းကြီးမျိုးလည်း ကြုံခဲ့ဖူးပြီဆိုတဲ့ဟန်နဲ့၊ တယောက်ယောက်ကို စိတ်နာနေတဲ့လူတွေပဲ လမ်းကျဉ်းကလေးတွေမှာ တယောက်တည်း လမ်းလျှောက်ကြတာ ဒုက္ခကြီးကြီး ရခဲ့ဖူးမှ စမ်းရေစီးသံနဲ့ ပန်းကလေးတွေကို တကယ်ချစ်တတ်တာ ဘဝဆိုတာ စမတ်ဖုန်းကောင်းကောင်းထဲမှာပဲ ရှိတယ် ဒါ အရင်းရှင်စနစ်က လိုအပ်လို့ ရိုက်သွင်းလိုက်တဲ့ သံမှိုတွေချည့်ပါ။ ငွေမရှိရင် မိုးကြိုးအပစ်ခံရမယ် ငွေရှိရင် မိုးကြိုးအပစ်ခံရချင် ခံရမယ် မနာကျင်စေရဘူး အရင်းရှင်စနစ်ဟာ အစီရင်ခံစာရေးတယ် ဝတ္ထု၊...

Read more »

ကျော်ထင် ● ကျုပ်သေပြီ

ကျော်ထင် ● ကျုပ်သေပြီ

ကျော်ထင် ● ကျုပ်သေပြီ (မိုးမခ) ဇွန် ၃၊ ၂ဝ၁၇ (တစ်) ကျုပ်ကိုယ်ကျုပ် သေတယ်လို့သိလိုက်ချိန်မှာ ကျုပ်ဘေးမှာ ထိုင်နေတဲ့ သာအလတ်ကောင်က ပြတင်း ပေါက်နားမှာထိုင်နေတဲ့အငယ်ကောင်ကို မျက်စပစ်ပြတယ်။ ကျုပ်သေပြီဆိုတဲ့ သဘောပေါ့။ အငယ်ကောင် ပျာယာပျာယာထလာပြီး ကျုပ်ကို ဟိုစမ်းဒီစမ်းလုပ်တယ်။ ဟုတ်တယ်၊ အသက်မရှိတော့ဘူးလို့လည်း တိုးတိုးဖွဖွ ပြောသေးတယ်။ နာ့စ်မလေးတွေကို အ ကြောင်းကြားရအောင်ဆိုပြီး ညီအစ်ကိုနှစ်ယောက်စလုံး ထွက်သွားကြတယ်။ ကျုပ်ကိုယ်ထည်ကြီးကိုထားခဲ့ပြီး ထွက်သွား ကြတာ။ ကျုပ်လည်း သူတို့ဗနာက်က လိုက်သွားတယ်။ နာ့စ်မလေးတွေနဲ့တွေ့တော့ လူမမာဆုံးပြီ လာကြည့်ပါဦးလို့ ပြောတယ်။ ထူးဆန်းတာက မသေခင်ကဆို အဲ့လောက်လေးသံ တိုးတိုးလေးတွေကို ကျုပ်ကကြားတာမဟုတ်ဘူး။ ကျုပ်က တော်တော်နားလေးတယ်။ ခုတော့ သူတို့လေသံတိုးတိုးနဲ့ပြောတာတွေကို အကုန်ကြားနေရတယ်။ န်ာစ်မလေးတွေ အကုန်ပျာယာပျာယာဖြစ်ကုန်ပြီးတော့ ဆရာဝန်လေးတွေကို...

Read more »

အိချယ်ရီအောင် (Myanmar Now) ● လွှတ်တော်ကိုယ်စားလှယ်များ သထုံထောင်ကို ဝင်စစ်

အိချယ်ရီအောင် (Myanmar Now) ● လွှတ်တော်ကိုယ်စားလှယ်များ သထုံထောင်ကို ဝင်စစ်

အိချယ်ရီအောင် (Myanmar Now) ● လွှတ်တော်ကိုယ်စားလှယ်များ သထုံထောင်ကို ဝင်စစ် (မိုးမခ) ဇွန် ၃၊ ၂၀၁၇ ရန်ကုန် (Myanmar Now) – အမျိုးသားလွှတ်တော်၏ ကော်မတီတစ်ခုက အကျဉ်းသားများ အခွင့်အရေးရရှိမှု အခြေအနေ အကြောင်း သိရှိနိုင်ရန်အတွက် ဇွန်လ ၁ ရက်နေ့တွင် မွန်ပြည်နယ်ရှိ သထုံမြို့ အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့သည်။ ထောင်အတွင်း စစ်ဆေးလိုသည့် အခန်းများကို ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမို ကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီမှ  ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။ “အနာအဆာတစ်ခုတော့ တွေ့ပါတယ်။ အခု လောလောဆယ်တော့ ထုတ်ပြောဖို့မသင့်သေးဘူး” ဟု ဒေါက်တာ ခွန်ဝင်း သောင်းက ပြောသည်။ ယင်းအချက်အလက်နှင့် ပတ်သက်ပြီး ကော်မတီက  မကြာမီ...

Read more »

ထွန်းဝင်းငြိမ်း ● ရင်ကြားစေ့

ထွန်းဝင်းငြိမ်း ● ရင်ကြားစေ့

ထွန်းဝင်းငြိမ်း ● ရင်ကြားစေ့ (မိုးမခ) ဇွန် ၃၊ ၂၀၁၇ ဘဝက ဒဏ်ရာကြီးတယ် အဆန်တရာခရီးတွေနဲ့ သံသရာ မငြီးပေမယ့် ရန် ငါ စည်းတော့ ပြတ်မှဖြစ်မယ်။ ထွန်းဝင်းငြိမ်း ၂၊ ၆၊ ၂၀၁၇ No tags for this post.

Read more »

မောင်ရစ် – မွေးနေ့ ဆိုလို့

မောင်ရစ် – မွေးနေ့ ဆိုလို့

  မောင်ရစ် – မွေးနေ့ ဆိုလို့ (အတွေးအမြင်၊ ဇွန်လထုတ်) မိုးမခ၊ ဇွန် ၃၊ ၂၀၁၇ ဆရာစွမ်းကတော့ အသက် ၈၀ပြည့်အောင် ဖြတ်ကျော်နိုင်ခဲ့ပြီလို့ ဂုဏ်ယူတယ်။ အနှစ် ၈၀ လူတွေ ဘ၀တွေ အဖြစ်အပျက်တွေ သမိုင်းတွေကို မျက်မြင်သက်သေ အနုပညာသည်အဖြစ် သူ ဖြတ်သန်းရှင်သန်နိုင်ခဲ့ပြီပေါ့။ ဒါနဲ့ ဆရာဦးမိုးသူဆီ ဖုန်းဆက်တော့ … ” ဟေ့ကောင် ငါက ရှေ့လ (မေလ) ဆိုရင် မောင်စွမ်းလို အသက် ၈၀ ပြည့်တော့မှာကွ။ ငါတို့က ၃၇ born တွေ အတူတူတွေ” လို့ အားပါးတရ ပြောပါတယ်။ သူတို့ ကျောင်းနေဘက်သူငယ်ချင်းတွေလည်း မရှိတဲ့သူ မရှိတော့ပါဘူး။ မသေလို့ ကျန်ရစ်သူတွေက...

Read more »

ကာတွန်း ဂျော်ဒီး – နောက်ကြောင်းမပြန်တဲ့ ဘိနပ်တဖက်

ကာတွန်း ဂျော်ဒီး – နောက်ကြောင်းမပြန်တဲ့ ဘိနပ်တဖက်

  ကာတွန်း ဂျော်ဒီး – နောက်ကြောင်းမပြန်တဲ့ ဘိနပ်တဖက် (မိုးမခ) ဇွန် ၃၊ ၂၀၁၇ No tags for this post.

Read more »

တင်အေး – ဘက် နဲ့ အကျိုးစီးပွား

တင်အေး – ဘက် နဲ့ အကျိုးစီးပွား

  တင်အေး – ဘက် နဲ့ အကျိုးစီးပွား (မိုးမခ) ဇွန် ၃၊ ၂၀၁၇ဆိုက်ကားပဲနင်းနင်း၊ အကြော်ပဲရောင်းရောင်း၊ လန်ခရူဇာပဲ စီးစီး၊ စင်္ကာပူပဲ ဆေးသွား ကုကု ချစ်တတ်၊ မုန်းတတ်တဲ့စိတ်၊ လိုလား မလိုလားတဲ့စိတ်ဆိုတာ ရှိကြတာချည်းပါပဲ။ အဲဒီ့ ချစ်ခြင်း၊ မုန်းခြင်း၊ လိုလားစိတ်၊ မလိုလားစိတ်တွေဟာ ဘယ်အပေါ်မှာ အခြေခံ ဖြစ်ပေါ်သလဲဆိုရင် … အမျိုးမျိုးအကြောင်းတွေ ရှိပါလိမ့်မယ်။ လူတိုင်းဟာ နိုင်ငံတနိုင်ငံမှာ နိုင်ငံသားအဖြစ် နေထိုင်ကြတာချည်းပဲမဟုတ်လား။ နိုင်ငံတနိုင်ငံမှာ နိုင်ငံ သားအဖြစ် နေထိုင်ခြင်းဆိုတာ တကယ်တော့ နိုင်ငံရေးဘဝထဲမှာ နေထိုင်တာလို့ ပြောနိုင်ပါတယ်။ နိုင်ငံရေးဘဝထဲမှာ နေထိုင်တဲ့အတွက် ကိုယ်နေထိုင်ရာနိုင်ငံရဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေဟာလည်း ကိုယ်စီရဲ့ဘဝကို ရိုက်ခတ်ပါတယ်။ အဲဒီ့ရိုက်ခတ်မှုတွေလိုက်လို့ရော၊ ရိုက်ခတ်မှုအပေါ် ကိုယ့်ရဲ့တုံ့ပြန်မှုတွေလိုက်လို့ရော...

Read more »

ကာတွန်း သွန်းခ – ဂန္ဒီကို အားကျမိလို့

ကာတွန်း သွန်းခ – ဂန္ဒီကို အားကျမိလို့

  ကာတွန်း သွန်းခ – ဂန္ဒီကို အားကျမိလို့ (မိုးမခ) ဇွန် ၃၊ ၂၀၁၇ Tags: ကာတွန်း သွန်းခ

Read more »

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ဖမ်းမိန့်ထွက်ပြီဟုသိရ

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ဖမ်းမိန့်ထွက်ပြီဟုသိရ

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ဖမ်းမိန့်ထွက်ပြီဟုသိရ (ထက်ခေါင်လင်း/Myanmar Now) မိုးမခ၊ ဇွန် ၃၊ ၂၀၁၇ The Voice နေ့စဉ်သတင်းစာမှာ ဖော်ပြခဲ့တဲ့ သရော်စာဆောင်းပါးတစ်ပုဒ်နဲ့ ပက်သက်ပြီး တပ်မတော်ဘက်က ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ သတင်း စာအယ်ဒီတာချုပ် ကိုကျော်မင်းဆွေနဲ့ ရေးသားသူ ဗြိတိသျှကိုကိုမောင်ခေါ် ကိုကျော်စွာနိုင် တို့ကို အမှုဖွင့်တိုင်ကြားထားရာမှာ ဒီနေ့မှာတော့ သူတို့နှစ်ယောက်ကို ဖမ်းဆီးဖို့အမိန့်ထွက်ပြီဖြစ်ကြောင်း သိရပါတယ်။ ကနေ့ညနေမှာ ဖမ်းမိန့် ကျတဲ့အတွက် ဖမ်း ဆီးမည်ဖြစ်ကြောင်း ဗဟန်းရဲစခန်းမှူး ဦးရဲမင်းသိန်းက အတည်ပြုပြောကြား လိုက်တယ်လို့ တရားစွဲခံ နေရသူများဘက်က ဥပဒေအကျိုးဆောင်ပေးနေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က Myanmar Now ကို အတည်ပြုပြော ကြားလိုက်တယ်။ “မနက်ပိုင်းအထိက...

Read more »

ဘာတေးလစ်တနာ – ၁၉၆၂ မှ ၁၉၇၈၊ ညီအကိုများ မဟုတ်တော့ပါ

ဘာတေးလစ်တနာ – ၁၉၆၂ မှ ၁၉၇၈၊ ညီအကိုများ မဟုတ်တော့ပါ

ဘာတေးလစ်တနာ – ၁၉၆၂ မှ ၁၉၇၈၊ ညီအကိုများ မဟုတ်တော့ပါ တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ(မြန်မာ)နိုင်ငံ – ဆွေမျိုးပေါက်ဖော် တင်မကသော (၃) (သိန်းမြင့် ဘာသာပြန်) မိုးမခ၊ ဇွန် ၂၊ ၂၀၁၇ တရုပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရန်ကုန်တွင်ဖြစ်ပွားခဲ့တဲ့ ၁၉၆၇ခု နှစ် မှာ တရုပ် မြန်မာ ဆက်ဆံရေးဟာ အဆိုးဆုံး အခြေအနေသို့ လှည့်ပြောင်းသွား တယ်လို့ယျေဘူယျ အားဖြင့်ပြော၍ရပါတယ်။ တရုပ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးရဲ့ စိတ်တက်ကြွဖွယ်ရာများဟာ မြန်မာမြို့တော်က တရုပ်အသိုင်းအဝန်း ကို ဩဇာ သက်ရောက်လာပြီး မြန်မာပြည်ဖွား တရုပ်လေးများဟာ မော်စီတုန်း ရင်ထိုးတံဆိပ်လေးများတပ်ဆင်လာကြပါတယ်။ လူအများကြားမှာ နိုင်ငံရေး နဲ့သက်ဆိုင်တဲ့ အသွင်လက္ခဏာများ ပြသခြင်းကို မြန်မာနိုင်ငံက တရားဝင် စည်းမျဉ်းစည်းကမ်းများထုတ်...

Read more »

ခင်စန္ဒာမြင့် ● NCA ဘောင်ထဲမှာပဲ ပိတ်မိမနေဖို့ လိုပါတယ် (အင်တာဗျူး)

ခင်စန္ဒာမြင့် ● NCA ဘောင်ထဲမှာပဲ ပိတ်မိမနေဖို့ လိုပါတယ် (အင်တာဗျူး)

ခင်စန္ဒာမြင့် ● NCA ဘောင်ထဲမှာပဲ ပိတ်မိမနေဖို့ လိုပါတယ် (အင်တာဗျူး) (မိုးမခ) ဇွန် ၂၊ ၂၀၁၇ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော လမ်းကြောင်းအဖြစ်  မှတ်ယူမယ်ဆိုရင် ပဋိပက္ခ လျှော့ချရေးမှာ ရှေ့တိုးနိုင်ဖို့ မသေချာဘူးလို့  Institute for Strategy and Policy – Myanmar အဖွဲ့မှ သုတေသီ ဒေါ်ဆုမွန်သဇင်အောင်က ပြောပါတယ်။ မကြာသေးခင်က အစိုးရရဲ့ ဖိတ်ကြားချက်အရ ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့၊ စီးပွားရေး ကဏ္ဍမှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာမှာ ဒေါ်ဆုမွန်သဇင်အောင်က  NCA စာချုပ်ရဲ့ အနေအထား၊ လက်နက်ကိုင်...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်​ပျူတာအတွက်​ အင်္ဂလိပ်​စာ – ၎

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်​ပျူတာအတွက်​ အင်္ဂလိပ်​စာ – ၎

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်​ပျူတာအတွက်​ အင်္ဂလိပ်​စာ – ၄ (မိုးမခ) မေ ၂၇၊ ၂၀၁၇ English for Computers (4) PRINTED CIRCUIT A printed circuit is simply a network of copper strips attached to a board. It is made by first planning a circuit on a clean copper plate through carbon paper. The carbon plate is glued to an...

Read more »

မောင်ဥက္ကလာ – မိုးကြီးလေကြီးအောက်

မောင်ဥက္ကလာ – မိုးကြီးလေကြီးအောက်

မောင်ဥက္ကလာ – မိုးကြီးလေကြီးအောက်  (မိုးမခ) ဇွန် ၂၊ ၂၀၁၇ တဝုန်းဝုန်း၊ တဒိုင်းဒိုင်း ရွာသွန်နေသော မိုးနဲ့အတူ လျှပ်စီးမိုးခြိမ်သံ တဂျိမ်းဂျိမ်းကြောင့် အသည်းငယ်သော ကျွန်ပ်မှာ မိုးလေနဲ့အတူ ပျောက်ကွယ်သွားတတ်တဲ့ လျှပ်စစ်မီးမဲ့ အမှောင်ကမ္ဘာထဲမှာ ရင်တလှပ်လှပ်နဲ့ မအိပ်နိုင်။ ဒါနဲ့ စကားစပ် ပြောရရင် သဘာဝဓါတ်ငွေ့၊ ရေနံစွမ်းအင် ပြည့်လျှံနေတဲ့ ဒီရွှေပြည်ကြီးမှာ လူဖြစ်ရတဲ့ အလွန်ကံကောင်းသော ရွှေပြည်သားတွေအဖို့ မရှိမဖြစ်ထားရှိရမည့်အရာမှာ မေတ္တာတရား* မဟုတ်ဘဲ မီးခြစ် နဲ့ ဖယောင်းတိုင် ဖြစ်လေသည်။ ဝန်ကြီးချုပ်ကြီးတောင် အဲ့ဂါတွေ မဆောင်ထားလို့ နိုင်ဂံဂျားဧည့်သည်များရှေ့ မှာ အမှောင်ထဲ မျက်နှာပျက်ခဲ့ရတယ် မဟုတ်လား။ (*ရွှေပြည်ကြီးမှာ မှန်မှန်ကန်ကန် မေတ္တာပွားတတ်ဖို့ကိုတော့ “လကောင်ကြီး” လို့ အော်နေသော အဖွဲ့က တာဝန်ယူ...

Read more »

ကမ်​လူ​ဝေး – လက်​ထပ်​ထိမ်းမြားပြီးစီးခြင်း

ကမ်​လူ​ဝေး – လက်​ထပ်​ထိမ်းမြားပြီးစီးခြင်း

Photo – Aung Htet   ကမ်​လူ​ဝေး – လက်​ထပ်​ထိမ်းမြားပြီးစီးခြင်း (မိုးမခ) ဇွန် ၂၊ ၂၀၁၇ မကြားစဘူး သတို့သားနဲ့ သတို့သမီး မပါတဲ့ လက်​ထပ်​မင်္ဂလာပွဲ ဆင်​နွှဲ။ လက်​ထပ်​မင်္ဂလာပွဲဟာ ​အောင်​မြင်​စွာ ကျင်းပပြီးစီးခဲ့​ကြောင်း ပွဲစီစဉ်​သူ လူကြီး​လူ​ကောင်း​တွေက ဆို​နေရဲ့။ ​တော်​ရုံအရှက်​နည်းသူတ​ယောက်​ ​ပြောထွက်​ဖို့​ ​ကြောက်​တဲ့စကား ခမ်းခမ်းနားနား ​ပြောထွက်​တယ်​။ သတို့သားက အလကားရမလားလို့ အရက်​​သောက်​ရင်း ​စောင့်​တယ်​။ သတို့သမီးက တာဝန်​ယူမှုလေးမှမရလို့ ခပ်​​ဝေး​ဝေးကိုထွက်​​ပြေးတယ်​။ ဒီလိုနဲ့ သတို့သား သတို့သမီး မပါတဲ့ လက်​ထပ်​မင်္ဂလာပွဲ ​ပေါ်လာတယ်​။ လက်​ဖွဲ့​တွေကို သိမ်းရင်း ​တော်​ရုံအရှက်​နည်းသူတ​ယောက်​ ​ပြောမထွက်​​လောက်​တဲ့ စကား လက်​ထပ်​ထိမ်းမြား ပြီး​စီး​ကြောင်း စီစဉ်​သူ လူကြီးမင်းက ​ပြော​နေ​လေရဲ့။ ။ Tags:...

Read more »

ကာတွန်း KZZH – မွေးနေ့ ဆုတောင်း

ကာတွန်း KZZH – မွေးနေ့ ဆုတောင်း

 ကာတွန်း KZZH – မွေးနေ့ ဆုတောင်း (မိုးမခ) ဇွန် ၂၊ ၂၀၁၇ Tags: ကာတွန်း - KZZH

Read more »

မောင်လူပေ – ပေစုံငြိမ်းချမ်းရေး

မောင်လူပေ – ပေစုံငြိမ်းချမ်းရေး

မောင်လူပေ – ပေစုံငြိမ်းချမ်းရေး (မိုးမခ) ဇွန် ၂၊ ၂၀၁၇ အနှီငြိမ်းချမ်းရေးအတွက် ပြောကြဆိုရသည်။ ငြင်းကြခုန်ကြရသည်။ ၂၁ရာစုရောက်သည့်တိုင် မငြိမ်းချမ်းနိုင်သေး။ မကြာမီက ပြီးဆုံးသွားသော ငြိမ်းချမ်းရေးညီလာခံကားမဟုတ်။ မောင်လူပေ၏ ပေဂေဟာတွင် ဖြစ်၏။ ဒီရပ်ကွက်ထဲမှာ ဆူညံပူညံအရှိဆုံးအိမ်ကား ပေဂေဟာပင်တည်း။ ပေဂေဟာစတင်တည်ထောင်စဉ်ကစပြီး မရခဲ့တဲ့ငြိမ်းချမ်းရေး။ ယခုထိလည်း ငြင်းခုန်နေရဆဲ။ ပေဂေဟာကို ဦးစီးတည်ထောင်ခဲ့သော မောင်လူပေကား မဟာဖိုဝါဒသမား။ သူ့အပေါင်းအသင်းတွေဖြစ်သော မောင်ရစ်တို့ ကိုရင်ချက်တို့ အားကိုးနှင့် အိမ်သားတွေဖြစ်သည့် မဒန်ပေနှင့် ပေသမီးတို့ကို နိုင်ဖို့ကြိုးစားသည်။ မဒန်ပေကလည်းမခေ။ သူတစ်ယောက်ထည်းအားနှင့် မောင်လူပေကို မယှဉ်နိုင်ရကား ပေသမီးနှင့် မဟာမိတ်ဖွဲ့သည်။ သူပိုင်သော မီးဖိုချောင်မှ ဓါးလက်နက်အစုံအားကိုးဖြင့် ခုခံလေသည်။ မဒန်ပေဖက်ကို အားပေးနေကြသူများကတော့ မောင်ရစ်ကတော် မမမေနှင့် ကိုရင်ချက်ကတော် မမစိုးတို့ပင်တည်း။ ပေသမီးကလည်း...

Read more »

မောင်ဖေသက်နီ ● ဖက်ဆစ်စနစ်ကို တိုက်ခိုက်ချေမှုန်းပစ်နိုင်ခဲ့တဲ့ ပန်းချီကားတချပ်အကြောင်း

မောင်ဖေသက်နီ ● ဖက်ဆစ်စနစ်ကို တိုက်ခိုက်ချေမှုန်းပစ်နိုင်ခဲ့တဲ့ ပန်းချီကားတချပ်အကြောင်း

မောင်ဖေသက်နီ ● ဖက်ဆစ်စနစ်ကို တိုက်ခိုက်ချေမှုန်းပစ်နိုင်ခဲ့တဲ့ ပန်းချီကားတချပ်အကြောင်း (မိုးမခ) ဇွန် ၁၊ ၂ဝ၁၇ သမိုင်းကြောင်းအချုပ်အရ ၁၉၃၇ ခုနှစ် ပါရီ ပန်းချီ၊ အနုပညာပြပွဲ (1937 Paris Exhibition) ကို တက်ရောက်လာခဲ့ကြတဲ့ အနုပညာဘာသာရပ်ဆိုင်ရာ ပါမောက္ခကြီးများ၊ အနုပညာရှင်ကြီးများက ဖန်တီးမှုအနုပညာတွေအပေါ် ဆန့်ကျင်မှု၊ ကန့် သတ်မှု၊  ဖိနှိပ်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထောက်ပြ ဝေဖန်ဆွေးနွေးသွားခဲ့ကြဖူးပါတယ်။ ဒီအကြောင်းကို ဆောင်းပါးရှင် ဖီယုဏ္ဏာ မက္ကဒေါ်နယ် Fiona Macdonald က အဆိုပါ ပြပွဲအကြောင်း ပြန်ပြောင်းသုံးသပ်ပြီး ဘီဘီစီယဉ်ကျေးမှုဝက်ဆိုက် BBC Culture Website ရဲ့ ၂ဝ၁၇ ခုနှစ် ဖေဖေါ်ဝါရီလ ၆ ရက် နေ့မှာ အခုလို ရှုမြင်သုံးသပ်ရေးသား...

Read more »

ကာတွန်း ATH – ရောဂါ

ကာတွန်း ATH – ရောဂါ

ကာတွန်း ATH – ရောဂါ (မိုးမခ) ဇွန် ၁၊ ၂၀၁၇ No tags for this post.

Read more »

ဘာတေးလစ်တနာ – ၁၉၄၉-၁၉၆၂၊ ပေါက်ဖေါ် နှစ်ကာလများ

ဘာတေးလစ်တနာ – ၁၉၄၉-၁၉၆၂၊ ပေါက်ဖေါ် နှစ်ကာလများ

  ဘာတေးလစ်တနာ – ၁၉၄၉-၁၉၆၂၊ ပေါက်ဖေါ် နှစ်ကာလများ တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ(မြန်မာ)နိုင်ငံ – ဆွေမျိုးပေါက်ဖော် တင်မကသော (၂) (သိန်းမြင့် ဘာသာပြန်) မိုးမခ၊ ဇွန် ၁၊ ၂၀၁၇ တရုပ် ဗမာ ဆက်ဆံရေးဟာ ၁၉၄၀ခုနှစ်များနှောင်းပိုင်းမှာ ၊ နေရာများစွာမှာ တိတိကျကျ မသတ်မှတ်နိုင်ပဲ အငြင်းပွားနေရတဲ့  နယ်ခြားမျဉ်းကိစ္စ၊ တရုပ်အလုပ်သမားများ၊စီးပွားရေးသမားများ နဲ့ လယ်သမားများ ပါ ရေကြည်ရာမျက်နုရာရှာရင်း ဗမာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာကြတဲ့ကိစ္စ နဲ့ ကုန်စည်များကိုမှောင်ခို ရောင်းဝယ်နေတဲ့ ကိစ္စများကြောင့် အဖုအထစ်ဖြစ်ခဲ့ရပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမရေမရာ ဖြစ်ခဲ့ရတာကတော့ တရုပ်ပြည်တွင်းစစ်မှာ တရုပ်သမ္မတနိုင်ငံရဲ့ တရုပ်အမျိုးသားရေးဝါဒီကူမင်တန် တပ်တွေ တရုပ်ပြည်တွင်းစစ်မှာစစ်ရှုံးပြီးမြန်မာပြည်အရှေ့မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်ဒေသ ကို အင်အားအလုံးအရင်းနဲ့...

Read more »

ကာတွန်း အောင်မော် ● အခွန်

ကာတွန်း အောင်မော် ● အခွန်

ကာတွန်း အောင်မော် ● အခွန် (မိုးမခ) မေ ၃၁၊ ၂၀၁၇ No tags for this post.

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၁)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၁)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၁) (မိုးမခ) မေ ၃၁၊ ၂၀၁၇ ● မင်းလတ်ရဲခေါင်၏ ဘဝနေဝင်ချိန် မင်းလတ်ရဲခေါင်အားပို့လိုက်သည့် နေရာမှာ ဝ မြောက်ခရိုင် ခွင်းမားမြို့နယ်ရုံးသို့ဖြစ်သည်။ တရုတ်နယ်စပ်အနီးတွင်ရှိပြီး သံလွင်မြစ်နှင့် ၄ ရက် တာခရီးမျှ ဝေးကွာသည်။ ထိုစဉ်က ကားလမ်းမရှိသေး၍ လမ်းလျှောက်ရသည့် ခရီးအကွာအဝေး ဖြစ်သည်။ ထိုမြို့ နယ်ရုံးတွင် မိုင်းယန်းတိုက်ပွဲမှ စစ်သုံ့ပမ်းအဖြစ် ဖမ်းမိထားသည့် စစ်တပ်မှ အရာရှိ ၇ ဦးခန့်ရှိသည်။ အချို့ အရာရှိများကတော့ အမြောက်တပ်မှဖြစ်သည်ဟု သိရသည်။ ဖမ်းဆီးချုပ်နှောင်ထားခြင်းမျိုးတော့မဟုတ် မြို့နယ်ရုံးတွင် ထားပြီး စောင့်ကြပ်ကြည့်ရှုသည့်သဘောဖြစ်သကဲ့သို့ ခြေချုပ်သဘောမျိုးလည်းဖြစ်သည်။ ခွင်မားရောက်ပြီး ၂ နှစ်ခန့်အကြာ ၁၉၇၆ အကုန် သို့မဟုတ်...

Read more »

မောင်ရစ် – နွေဦးအလွန် မြန်မာနဲ့ ကမ္ဘာ

မောင်ရစ် – နွေဦးအလွန် မြန်မာနဲ့ ကမ္ဘာ

မောင်ရစ် – နွေဦးအလွန် မြန်မာနဲ့ ကမ္ဘာ (အယ်ဒီတာ့လက်ရေး) မိုးမခ၊ မေ ၃၁၊ ၂၀၁၇ ၂၀၁၀-၂၀၁၅ သက်တမ်းက ယခင်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနွေဦးဟာ အာရပ်နွေဦးလိုမျိုးမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ၂၀၁၁ မှာ အာရပ်နိုင်ငံတွေမှာ အာရပ်နွေဦးလှုပ်ရှားမှု ဖြစ်ပွားခဲ့တယ်။ အာဏာရှင်နိုင်ငံအချို့ပြိုလဲခဲ့တယ်။ ထင်ရှားတာက အီဂျစ်နဲ့ လစ်ဗျားပါ။ နောက်ဆက်တွဲမှာကတော့ ခုချိန်ထိ သွေးချောင်းစီးနေဆဲ ဆီးရီးယားပါ။ အာရပ်နွေဦးဆိုတာက အစပိုင်းတုန်းကတော့ သာမန် အရပ်သားပြည်သူတွေ ကနေ အာဏာရှင်အစိုးရတွေကို ဒီမိုကရေစီနည်းကျ တိုင်းပြည်အုပ်ချုပ်ဖို့ တောင်းဆိုကြတာ၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်အတွက် ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြတာ။ ကမ္ဘာအရပ်ရပ်က နွေဦးလှုပ်ရှားမှုတွေဆိုတာ စိတ်လှုပ်ရှားစရာ စိတ်ကူးယဉ်ကောင်းချင်စရာတွေချည်းနဲ့ စခဲ့ကြတာပါ။ အဲသည် ၅ နှစ်တာ ကာလ (၂၀၁၀-၂၀၁၅) တုန်းက နွေဦးလှုပ်ရှားမှုတွေဟာ...

Read more »

အောင်မော်ဦး – “သုံးဘက်မြင်ပွဲ”

အောင်မော်ဦး – “သုံးဘက်မြင်ပွဲ”

Aung Htet   အောင်မော်ဦး – “သုံးဘက်မြင်ပွဲ” (မိုးမခ) မေ ၃၁၊ ၂၀၁၇ မြွေက တွေးတယ် အလမ္ပာယ်ဆရာ အလိုကျသာလုပ် အချိန်တန်ရင် အစာဝလို့ မပူမပင် မကြောင့်မကြဘဝနဲ့ ပခြုပ်ထဲ သက်သောင့်သက်သာ နေရမယ်။ အလမ္ပာယ်ဆရာက တွေးတယ် ဒီမြွေဟာပခြုပ်ကို ကမ္ဘာထင် ခွေခွေလေးနေရရင် ကျေနပ်သွားတဲ့ကောင် ပါးပြင်းထောင်ရမှန်းမသိတော့အောင် အစွယ်ကျိုးသွားပုံများ သူပေးထားတဲ့အဆိပ်ပဲရှိတော့တယ်။ မြွေအလမ္ပာယ်ပွဲကြည့်သူတွေကတွေးတယ် ဒီမြွေနဲ့ဒီလူတို့ ကိုယ်ကျိုးစီးပွားအတွက် ငါတို့က အားပေးနေကြတာလား ကြောင်ငေးကြည့်နေကြတာလား ငါတို့မှာ မြွေဆိပ်တွေတက်လို့ ။ အောင်မော်ဦး မေ၊ ၂၉၊ ၂၀၁၇။ No tags for this post.

Read more »

ကာတွန်း သာလှ(နတ္တလင်း) – ငြိမ်းချမ်းရေး၏ ပုံတူကားချပ်များ

ကာတွန်း သာလှ(နတ္တလင်း) – ငြိမ်းချမ်းရေး၏ ပုံတူကားချပ်များ

  ကာတွန်း သာလှ(နတ္တလင်း) – ငြိမ်းချမ်းရေး၏ ပုံတူကားချပ်များ (မိုးမခ) မေ ၃၁၊ ၂၀၁၇ Tags: ကာတွန်း သာလှ

Read more »

မောင်လူရေး – ထိုတည

မောင်လူရေး – ထိုတည

  မောင်လူရေး – ထိုတည (မိုးမခ) မေ ၃၀၊ ၂၀၁၇မေ ၃၀ ဒီပဲယင်းအရေးအခင်းဖြစ်တဲ့ညက ကိုယ့်စာကြည့်တိုက်ထဲကို လူနှစ်ယောက် ရောက်လာတယ်။ သူတို့ဟာ အချိန်မတူ နေရာမတူရောက်လာကြတာ။ တယောက်က လင်းခါနီးမှ။ ကိုယ့်စာကြည့်တိုက်က ည ၁၂/၁ – ချက်ထိ မပိတ်သေးတာများတယ်။ စာကြည့်တိုက်က ပညာဒါနဖွင့်ထားတော့ မနက် ၁၀-တန်းမှာ စာသင်မယ့်ဆရာတွေက ညပိုင်းစာကြည့်ချင် ကြည့်တယ်။ သူတို့ကလဲ အိပ်တဲ့အခါ အိပ်၊ မအိပ်လဲ ည ၁-ချက် ၂-ချက်မှပြန်။ တခါတလေ အိမ်ပြေးတွေလဲ ရောက်လာတတ်။ ဘောလုံးပွဲ သွားမယ်သူကလဲ စာကြည့်တိုက်ဝင်လာ။ ပွဲချိန်တွေက ၂-နာရီလောက်တွေဆိုတော့ စကားဝိုင်းထဲ ဝင်ငြင်း။ အဲဒီတုန်းက အသံတိတ်ခေတ်ထဲက နိုင်ငံရေးပြောတဲ့ ဝိုင်းပေါ့။ HIVသမားတချို့ကလဲ လူရှိချိန်ဆို မလာဘူး။...

Read more »

ဘာတေးလစ်တနာ – တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ(မြန်မာ)နိုင်ငံ၊ ဆွေမျိုးပေါက်ဖော် တင်မကသော

ဘာတေးလစ်တနာ – တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ(မြန်မာ)နိုင်ငံ၊ ဆွေမျိုးပေါက်ဖော် တင်မကသော

  ဘာတေးလစ်တနာ – တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ(မြန်မာ)နိုင်ငံ၊ ဆွေမျိုးပေါက်ဖော် တင်မကသော The People Republic of China . Not only Pauk-phaw  (Thein Myint ဘာသာပြန်) မိတ်ဆက် (မိုးမခ) မေ ၃၀၊ ၂၀၁၇     စိတ်ဝင်စားသူများဖတ်ရှုနိုင်ရန် ဖေါ်ပြရည်ညွှန်းအပ်ပါသည်။ နောက်ရက်များတွင် သူ၏ fb page ၌ ဆက်လက်ဖတ်ရှု နိုင်ပါသည်။ (မောင်မောင်စိုး) ‘ပေါက်ဖေါ်’ စကားလုံး နှင့် အဆင့်ဆင့်တိုးတက်လာပုံ ပေါက်ဖေါ် ဆိုတာ၁၉၅၀ ခုနှစ်များက ထွင်လိုက်တဲ့ စကားလုံးတခုပါ။ တရုပ် နဲ့ ဗမာ ကြားက ချစ်ကြည် ရင်းနှိးတယ်လို့ယူဆရတဲ့ ဆက်ဆံရေးကို ဖေါ်ကြူးဖို့ပါ။ပေါက်ဖေါ်...

Read more »

ယခင် သတင်းထောက်၊ ယခု စာရေးဆရာ သုတေသီ

ယခင် သတင်းထောက်၊ ယခု စာရေးဆရာ သုတေသီ

သော်တာအေးလဲ့၊ ခင်မြဇင်၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဂျူး၊ မြသွေးနီ ယခင် သတင်းထောက်၊ ယခု စာရေးဆရာ သုတေသီ (Myanmar NOW) – မိုးမခ မေ ၃၀၊ ၂၀၁၇ တနင်္ဂနွေနေ့က သော်တာအေးလဲ့ရဲ့ ရသဝတ္ထုရှည်နဲ့ မိတ်ဆက်ပေးတဲ့ စာပေစကားဝိုင်းကို ရန်ကုန်မှာ ပြုလုပ်ရာမှာ စာပေသမားတွေ၊ သူ့ပရိသတ်တွေ၊ မိတ်ဆွေတွေ အများအပြား တက်ရောက်တာ တွေ့ရပါတယ်။ရသစာပေ ပြန်လည်နာလန်မထူနိုင်သေးတဲ့ကာလမှာ ပြုလုပ်တဲ့ ဒီပွဲကို “လရိပ်ပိုးမျှင်နှင့် အသစ်တို့၏အစ စာပေစကားဝိုင်း” လို့ အမည်ပေးထားတာပါ။ လရိပ်ပိုးမျှင်ကတော့ ဝတ္ထုနာမည်ပါပဲ။ စကားဝိုင်းမှာ ဒီဝတ္ထုအကြောင်း သုံးသပ်ကြသလို ကလောင်ရှင်တွေကလည်း ရသဝတ္ထုတွေကို သူတို့ ဘယ်တုန်းက ဘယ်လို ရေးဖွဲ့ကြတယ် ဆိုတဲ့ အတွေ့အကြုံတွေ ဝေမျှကြပါတယ်။ သော်တာအေးလဲ့က သူ့ရဲ့...

Read more »

ခိုင်အေး ● ဒီလမ်းကနေ ပြန်တဲ့အခါ

ခိုင်အေး ● ဒီလမ်းကနေ ပြန်တဲ့အခါ

ခိုင်အေး ● ဒီလမ်းကနေ ပြန်တဲ့အခါ (မိုးမခ) မေ ၃ဝ၊ ၂ဝ၁၇ ကိုယ်က ရာဇဝင်ထဲက အိုးလည်းမဟုတ်ပါဘူး။ ရာဇဝင်တွင်မယ့် အိုးလည်းမဟုတ်ပါဘူး။ ခေါမက ကျောက်အိုးကွဲလည်း မဟုတ်ပါဘူး။ စိနတိုင်းက လက်ရာမြောက်ကြွေပန်းအိုးလည်း မဟုတ်ရပါဘူး။ ဧည့်ခန်းဆောင်မှာ ငေးမောကြည့်ရှုကြရတဲ ပန်းအလှအိုးလည်း မဟုတ်ပါဘူး။ ပေါက်တဲ့အိုးလည်း မဟုတ်ပါဘူး။ လှုပ်တဲ့အိုးလည်း မဟုတ်ပါဘူး။ လမ်းနံဘေးရေချမ်းစင်က အိုးလည်းမဟုတ်ရပါဘူး။ အိမ်တိုင်းမှာရှိတဲ့ မရှိမဖြစ် သောက်ရေအိုးလည်းမဟုတ်ရပါဘူး။ အညတြအိုးလေးတလုံးပါ။ အထင်တော့ မသေးလိုက်နဲ့နော်။ အိုးတော့ အိုးပါပဲ။ ဒါပေမဲ့ မိသားစုတစုရဲ့မီးဖိုချောင်စရိတ်ကိုအတိုင်းအတာတခုထိ ဖြည့် ဆည်းပေးနေတဲ့အိုးလေးပါ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတယ်။ ဂုဏ်ယူတယ်။ ဒီခေတ်ကြီးထဲမှာ မီးဖိုချောင် စရိတ်ဆိုတာလည်း သိတယ်မဟုတ်လား။ လွယ်တာမှတ်လို့။ ကိုယ်က အဲဒီတာဝန်ကို ထမ်းနေရတာ။ ကြီးကြီး...

Read more »

ကာတွန်း ညီပုချေ – အရေကြို

ကာတွန်း ညီပုချေ – အရေကြို

  ကာတွန်း ညီပုချေ – အရေကြို (မိုးမခ) မေ ၃၀၊ ၂၀၁၇ Tags: ကာတွန်း ညီပုချေ

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်