မောင်မောင်စိုး – ကိုးကန့်စစ်မြေပြင်

မောင်မောင်စိုး – ကိုးကန့်စစ်မြေပြင်

မောင်မောင်စိုး – ကိုးကန့်စစ်မြေပြင် (မိုးမခ) မတ် ၁၁၊ ၂၀၁၇ ၂၀၁၇ ခုနှစ် ဇန္နဝါရီလ အစောပိုင်းကထဲက စခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲများဟာ တစတစပို၍ ပြင်းထန်လာသည်ဟုဆိုရမည်။ အရပ်ရပ် သတင်းများအရ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA ) ဟာ လက်ရှိ အချိန်မှာ မော်ထိုက်၏အရှေ့ဘက် ဟုန်အိုင် ( ဟုန်ဟိုင်) ဒေသ တောင်ကြော များမှာ အခြေပြု ထားသည်ဟု ယူဆရပါသည်။ ထို့ပြင် ဟုန်အိုင်၏တောင်ဖက် ကိုးကန့်ဒေသအခေါ် ပယ်ရီဟော်ဒေသတွင်လည်း ကိုးကန့်တပ်ဖွဲ့များ အခြေချ တပ်စွဲထားခဲ့ပုံရသည်။ ၂၀၁၇ ဇန္နဝါရီလမှစ၍ ဖြစ်ပွါးသည့် တိုက်ပွဲများမှာ ပယ်ရီဟော်ဒေသတွင်ဖြစ်ပြီး တပ်မ တော်မှ ထုတ်ပြန်သည့်ကြေညာချက်များတွင် ပါရှိသည့် ပွို င့် ၂၁၄၅ တောင်ကြောဖြစ်သည်။...

Read more »

ကာတွန်း မိုးသွင် – လက်မည်းကြီးကို တွေ့ဘီ

ကာတွန်း မိုးသွင် – လက်မည်းကြီးကို တွေ့ဘီ

ကာတွန်း မိုးသွင် – လက်မည်းကြီးကို တွေ့ဘီ (မိုးမခ) မတ် ၁၁၊ ၂၀၁၇ Tags: ကာတွန်း မိုးသွင်

Read more »

ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊

ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊

ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊  မောင်အောင်မွန်ဝတ္ထုတိုလည်း ၆၁ နှစ် ပြည့် ကျနော်တွေးမိသလို ရေးပါမည် (၂၂၉) (မိုးမခ) မတ် ၁၁၊ ၂၀၁၇ (၁) ခေါင်းငုံ့ထားရာကနေ မ၀ံ့မရဲမဆိုစလောက်မေ့ကြည့်လိုက်သည့် မျက်လုံးရွှန်းပပနှင့် ဟုတ်ကဲ့ရှင့် ဟူသော စကားသုံးလုံး ရင်တွင်းအောင်းနေ၏။ အိပ်ချိန်-စားချိန်–စာသင်ခန်းထဲ- သည်မျက်လုံးနှင့် သည်စကားလုံး လွှမ်းခြုံထားလေပြီ။ ပန်းချီဆွဲတတ်ဖို့မလို မျက်စိဖွင့်ထားထား ပိတ်ထား အကောင်းဆုံး ပန်းချီကား။ သီချင်စပ်ဖို့မလို ဟုတ်ကဲ့ရှင်က အကောင်းဆုံး ဂီတသံလေ။ ရင်တွင်းက ထွက်ပြေးသွားမှလည်း စိုးရိမ်မိ၊ သူကလေးကိုလည်း သိစေချင်၏။ သည်လိုနှင့်ပင် စာရေးဆရာ တယောက်မွေးဖွား ၀တ္ထုတို တပုဒ်ဖန်တီး ( A writer is born and a...

Read more »

နရီမင်း ● မူးနေရင် အေးဆေးနေ

နရီမင်း ● မူးနေရင် အေးဆေးနေ

နရီမင်း ● မူးနေရင် အေးဆေးနေ (မိုးမခ) မတ် ၁၀၊ ၂၀၁၇ စားသောက်ဆိုင်မှာ အသားတုံးတွေက သေးသေးသွားပြီး လေလုံးတွေ ထွားလာတယ်။ ဘီယာခွက်ရဲ့ သုံးပုံတပုံက အမြှုပ်တွေနဲ့ “ခင်ဗျား အခုလို အေးအေးလူလူ ဘီယာသောက်နေချိန်မှာ ငတ်တဲ့လူတွေက ငတ်ကုန်ပြီ” တဲ့ … ဒီကောင် ခွက်ကို အရင်မမော့ဘဲ စကားအရင်ပြောတယ်။ အေးဆေးနေစမ်းပါ လက်ဝဲဝါဒဆိုတာ ဘီယာနဲ့ မြည်းလို့ကောင်းတာ မဟုတ်ဘူး။ ချိစ်တပွဲပေးကွာ။ တတိယကမ္ဘာက တောသားတွေ ချိစ်ကို သကြားဖြူးရတယ် ဘယ်သူပြောလဲ။ လက်ဝဲဖြစ်ဖြစ် လက်ယာဖြစ်ဖြစ် လာသာလာခဲ့ကွာ သကြားတွေဘာတွေ ဖြူးမနေပါနဲ့။ ဘူဇွာဆိုလည်း ဘူဇွာပီပီသသနေစမ်းပါ။ ဘယ်အရာမှ အစစ်မရတာ မင်းတို့ တတိယကမ္ဘာရဲ့ပြဿနာပဲ။ အပိုတန်ဖိုးထုတ်လုပ်မှုဆိုပြီး ဆိုရှယ်လစ်ဘောဂဗေဒနဲ့ အရင်းရှင်ဝါဒကို ဝေဖန်သူက...

Read more »

အရှင်ဇဝန ● ကျေးဇူးတင်ပါတယ်

အရှင်ဇဝန ● ကျေးဇူးတင်ပါတယ်

အရှင်ဇဝန ● ကျေးဇူးတင်ပါတယ် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ကျေးဇူးစကားကိုကြားရတိုင်း မြန်မာလူမျိုးတွေနှင့် ကျေးဇူးစကား ကျေးဇူးတရား၏ အနီးအဝေးကို ပုံဖော်ကြည့်မိသည်။ ကျေးဇူး နှင့်ပတ်သက်တာတွေကို တသီးတတန်းတွေးရင်း ထိတွေ့မိသော ကျေးဇူးမြင်ကွင်းကို ဖြန့်ခင်းကြည့်လိုက်သည်။ လူမျိုးတိုင်းတွင် ကျေးဇူးစကားရှိသည်။ ထိုအထဲ ဂျပန်ကိုရောက်တုန်းက ဂျပန်လူမျိုးတွေ၏ ကျေးဇူးတင်စကားနှင့် ကျေးဇူး တင်ဟန်ကို တငေးတမောဖြစ်ခဲ့ရသည်။ သူတို့ ကျေးဇူး မြင်ကွင်းကြောင့် ရင်ထဲထိ  ကြည်နူးရသည် ။ သာမန် ဝတ်ကျေတန်း ကျေ လောကဝတ်အမှုထက်ပိုသော ကာယကံအမူအရာကြောင့်ဟုဆိုရမည်။ ကျေးဇူးတင်စကားကိုဆိုကြသော လူမျိုးတွေ ကို တော်တော်များများတွေ့ဘူးသည်။  ဂျပန်လူမျိုးတို့၏ ကျေးဇူးတင်စကားပြောပုံက ခါးကိုညွှတ်လိုက်သည်။ ဦးခေါင်းနှင့် ဒူးထိမတတ်။ သူတို့ပြောသော အာရိဂတ်တော စကားသံနှင့် ဟန်အမူအရာက မြင်ရသူတိုင်း စိတ်ထဲတသသ။...

Read more »

ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်

ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်

ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ၂၀၁၇ ခုနှစ်ဟာ မြန်မာ့တပ်မတော်ကို တရားဝင် ပြုပြင်ပြောင်းလဲနေတာ ၅ နှစ် သမတဦးသိန်းစိန်အပြီး ဒေါ်အောင်ဆန်းစု ကြည် ၁ နှစ်ပြည့်အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်မှာ စစ်ဗိုလ်များက တိုင်းပြည်အုပ်ချုပ်လို့ နိမ့်ကျ ရှက်ဖွယ်ဖြစ်သွားရတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာ ၅ သန်းလောက် အလုပ်သွားလုပ်ရတယ်၊ တရုတ်ပြည် ကြွယ်ဝချမ်းသာလာပြီး အိမ်နီးချင်း ယူနန်ပြည်နယ်ကတဆင့် မြန်မာနိုင်ငံကို တရုတ်တွေချယ်လှယ်လာတော့ ပြုပြင်ပြောင်း လဲမှု မဖြစ်မနေ ဖြစ်လာရပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်လည်း နိုင်ငံတော်အာဏာကို စွန့်ခွာရတယ်။ အရင် စစ်အာဏာရှင် ဗိုလ်နေဝင်းခေတ်လိုပဲ စစ် ဗိုလ်တွေပဲ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဌာနတွေကို စစ်ဝတ်စုံချွတ်ပြီး...

Read more »

အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက်

အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက်

 အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ဟိုတနေ့က ရဲဘော်မိဆူးပွင့်တင်တဲ့ ဓာတ်ပုံကလေးတပုံကို တွေ့ရတယ်။ ဓာတ်ပုံထဲမှာ ရဲဘော်မင်းဌေးနဲ့ ရဲဘော်မနှောင်းတို့ရဲ့ သမီးငယ်လေး မေသန့်စင်မင်းက ပြည်တွင်းစပ်ရပ်စဲဖို့ ချီတက်တောင်းဆိုနေတာပါ။ သမီးလေးနောင်းမေနဲ့ဆို ရွယ်တူလောက်ပေါ့။ ဂုဏ်ယူစိတ်ဖြစ်မိနေရင်းနဲ့ပဲ ဘယ်လိုမှ မျှော်လင့်မထားခဲ့တဲ့ ဆို့ဆို့နင့်နင့်ခံစားမှုတခုက ကျနော့်ရင်ကို စူးစူးနစ်နစ်နာကျင်စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ်(၃၀)လောက်က ကျနော်တို့လုပ်ခဲ့ကြတဲ့အလုပ်၊ ကျနော်တို့ လျှောက်ခဲ့ကြတဲ့လမ်း။ ခု ဓာတ်ပုံထဲမှာ ချီတက်နေတဲ့ အရေးတော်ပုံတပ်သားက ကျနော်တို့ရင်သွေးဖြစ်နေတယ်။ သူ့အဖေ ရဲဘော်မင်းဌေးက (သူပုန်က သူပုန်ကိုဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့) ထောင်ထဲမှာ။ ကွန်ပြူတာစားပွဲမှာ ထိုင်နေရာကနေ ကျနော်ထလိုက်တယ်။ ပြီးတော့ သမီးအခန်းတံခါးကို သွားခေါက်တယ်။ “ဘာလဲအဖေတဲ့” သမီးကမေးတယ်။ သူ့အမေးကို...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄) (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ● ရှမ်းပြည်ရောက် ဗမာတယောက် မိမိ ၁၉၇၅ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့ ရွှေတိဂုံဘုရားတောင်ဖက်မုခ်မှတင်ထွက်လာခဲ့မှာ တနှစ်ခန့်ရှိပေပြီ။ မြန်မာပြည် အထက်အောက် အတော်နှံ့ခဲ့သည်။ ရောက်သည့်နေရာတိုင်း ဒေသတိုင်းတွင် သီချင်းတပုဒ် အမြဲကြားရသည်။ မြန်မာ ပြည်တပြည်လုံး ပေါက်နေသည့်သီချင်းဟု ဆိုရမည်။ စိုင်းထီးဆိုင်၏ “မန္တလေးရောက် ရှမ်းတယောက်” ဆိုသည့်သီချင်းဖြစ် သည်။ “လမ်းတကာလျှောက်တိုင်းလဲ ကလေးလေးတွေက နောင်ဗိန်နောင်လို့စကြတယ် ” ဆိုသည့် ဗိုလ်ထီး၏သီချင်းက ဘယ်နေရာရောက်ရောက်ကြားနေရ၍ နားထဲစွဲနေသည်။ လောလောဆယ် မိမိကတော့ ဗိုလ်ထီးသီချင်းနှင့်ဗြောင်းပြန်ဖြစ်ပါသည်။ ရှမ်းပြည်ရောက် ဗမာတယောက်ဟု ဆိုရပါမည်။ ● မန်ရှိုး...

Read more »

ကိုပွေး ● ကျိုးနေတဲ့ ဒရမ်စတစ်

ကိုပွေး ● ကျိုးနေတဲ့ ဒရမ်စတစ်

ကိုပွေး ● ကျိုးနေတဲ့ ဒရမ်စတစ် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ တီးတဲ့ဗုံ မပါရင် ကြည့်မယ့်လူ ရှိမှာမဟုတ်ဘူး စင်ပေါ်မှာဖြစ်ဖြစ် လမ်းဘေးမှာဖြစ်ဖြစ် ဒီလက်နဲ့ မျက်စိကို လှည့်စားတာပဲ လှောင်အိမ်ထဲက ခြသေ့င်္ကို ကြာပွတ်တချောင်းနဲ့ ကခိုင်းတယ် နှင်းဆီပွင့်ကို လေထဲမြှောက်လိုက်တော့ ငှက်ဖြူလေးတကောင် လေထဲလွှင့်လို့ အုပ်ထားတဲ့ပုဝါကို လှပ်လိုက်တော့ လက်ခုပ်သံတွေ ဗုံသံက ဆူလွန်းတော့ လူတွေက အနား မကပ်နိုင်ဘူး ဂျွမ်းထိုးနေတဲ့မျောက်လက်မှာ လင်ကွင်းခြမ်းနဲ့ သေနတ်နဲ့ ပွဲဈေးက မျက်လှည့်ဝိုင်းနားမှာ ရဟတ်ကြီးက သံသရာလို မရပ်မနား လောကဓံက ရှင်ဘုရင်လို ဝတ်စားထားတော့ ဘုရားထဲက မီးဟာ တဘဝဆာ လင်းလို့ ။ ။ ။ ကိုပွေး ဖေဖော်ဝါရီ ၁၃၊...

Read more »

မောင်ဥက္ကလာ – အရှုပ်ထုပ် ရှင်းပွဲ – ရှင်းမှပိုရှုပ်

မောင်ဥက္ကလာ – အရှုပ်ထုပ် ရှင်းပွဲ – ရှင်းမှပိုရှုပ်

မောင်ဥက္ကလာ – အရှုပ်ထုပ် ရှင်းပွဲ – ရှင်းမှပိုရှုပ် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ဆိုင်းမဆင့်ဗုံမဆင့် သီးသန့်ဖိတ်ခေါ် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် “အရှုပ်ထုပ်ရှင်းပွဲ” (လျှို့ ဝှက်) သတင်းစာရှင်းလင်းပွဲကို မိုးမကျသတင်းဂျာနယ်ကိုယ်စား တက်ရောက်ခွင့်ရရှိခဲ့ပြီး အခမ်းအနားမှာ ရှင်းနေတာကို ရှုပ်အောင် ဟစ်တလာ သီအိုရီနဲ့ “ကြီးကြီးလိမ်၊ ဗြောင်သာလိမ်တဲ့ လူတွေငြိမ်နေလိမ့်မယ်” (လင်းယုန် – မြန်မာသံတော်ဆင့်၊ မတ် ၄-၁၀၊ ၂၀၁၇) ရှင်းပြဖုံးကွယ်ပေးတဲ့ အာဏာပိုင်များ နဲ့ ၆၆(ဃ) ကြောက် သတင်းထောက်များ၏ အပြန်အလှန် မေးမြန်းဖြေကြားချက်များကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ တင်ပြပါ အချက်အလက်များ မှန်မမှန် Fact-checking ကိုတော့ သက်ဆိုင်ရာ အာဏာပိုင်များနဲ့ သတင်းထောက်များကို ဆက်သွယ်မေးမြန်းကြည့်ပါ။ အခမ်းအနားမှူး —...

Read more »

မောင်စိမ်းသစ် – မောင်​စိမ်းသစ်​ရှင်​သန်​​ရေး

မောင်စိမ်းသစ် – မောင်​စိမ်းသစ်​ရှင်​သန်​​ရေး

ပန်းချီ ဖေစိုးအောင် မောင်စိမ်းသစ် – မောင်​စိမ်းသစ်​ရှင်​သန်​​ရေး  (မိုးမခ) မတ် ၁၀၊ ၂၀၁၇  ​မောင်​စိမ်းသစ်​ဟာ ​ မောင်​စိမ်းသစ်​ဖြစ်​ခဲ့ပါပြီ။ သို့​ပေမဲ့ ​မောင်​စိမ်းခမျာမှာ မဖြစ်​စ​လောက်​က​လောင်​​လေး လှုပ်​ခါရှင်​သန်​​ရေးအတွက်​ ရက်​ရက်​စက်​စက်​ ​ သေ​ရေးရှင်​​ရေးကြိုးစား​ပေး​နေရ​လေရဲ့။ ကဗျာတ​ပုဒ်​​ရေးတဲ့အခါ အလင်္ကာနိမိတ်​ပုံလှရဲ့လား ဂုဏ်​​မြောက်​ရဲ့လား ခံစားမှုရသကို​ရော ​ပေးစွမ်းနိုင်​ပါ့မလား။ ပြည်​နယ်​​တောင်​တန်းမြစ်​ဝှမ်းလွင်​ပြင်​ ငြိမ်းချမ်း​ရေးကိုမြင်​ချင်​လိုက်​တာ။ ​မောင်​စိမ်းသစ်​ဘဝမှာ စာ​ပေအနုပညာကဗျာကလွဲရင်​ ဘယ်​စင်​မှမက်​​လောက်​တယ်​မထင်​။ ​ကျေးလက်​လယ်​သမားကဗျာဆရာ ​ မောင်​စိမ်းသစ်​အတွက်​မှာ​လေ အ​ကောင်းဆုံး​ဖျော်​​ဖြေ​ရေးဟာ ကဗျာ​အော်​ဟစ်​ရွတ်​ဖတ်​တာ အ​ကောင်းဆုံး ကျန်းမာ​ရေး​လေ့ကျင့်​ခန်းဟာ မနက်​ခင်း​တွေမှာလမ်း​လျှောက်​တာ အ​ကောင်းဆုံး စီးပွား​ရေးလုပ်​ငန်းဟာ အဝတ်​အစားခြိုးခြံ​တာ။ ဘာပဲဖြစ်​ဖြစ်​ ​မောင်​စိမ်းသစ်​က ခေတ်တခေတ်မဟုတ်ရင်တောင် ​မောင်​စိမ်းသစ်​တော့ဖြစ်​​နေရမယ်​မဟုတ်​လား။။ ​မောင်​စိမ်းသစ် Tags: မောင်စိမ်းသစ်

Read more »

ဇာနီကြီး – FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁)

ဇာနီကြီး – FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁)

ဇာနီကြီး – FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁) (မိုးမခ) မတ် ၁၀၊ ၂၀၁၇  နိဒါန်း အခု ၂၀၁၇ ခုနှစ်မှာ ပြည်ပရင်းနှီးမှုငွေတွေနဲ့ပဲ မြန်မာတွေ အလုပ်ရ စားသောက်နေနိုင်လာပါပြီ။ ဦးသိန်းစိန်ခေတ်မှာ ခရိုနီနဲ့ အစိုးရအရာရှိကြီး လတ် အငယ်တွေ လုပ်ပိုင်ခွင့်များနဲ့ ကောင်းစားတယ်။ လယ်သမား (မြန်မာ၇၀%) သားသမီးတွေ မြို့ပေါ်တက်လာ၊ အလုပ်လာ လုပ်တယ်။ မြို့ငယ်လေးတွေမှာလဲ ပြည်ပချေးငွေနဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေ၊ တာဝါတိုင်ထောင်ချီပြီး တည်ဆောက်ရေး၊ လမ်းတံတားများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ၊ ဟိုတယ်ကြီးများစွာ၊ နိုင်ငံခြားသားများနဲ့မြန်မာသူဌေးကြီးများအတွက် အဆင့်မြင့်အိမ်ယာများ၊ ကွန်ဒိုများ၊ မော်တော်ကားအကောင်းစားများ၊ စစ်၊ ရဲ၊ မီးသတ် မော်တော်ကားကြီး ထိန်းချုပ်စနစ်များ၊ ဘဏ်များစွာရဲ့ ကွန်ပြူတာထိန်းချုပ်စနစ်များ...

Read more »

ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား

ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား

ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား (မိုးယံမခ) မိုးမခ၊ မတ် ၁၀၊ ၂၀၁၇ ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနားကို ၈၊ ၂၊ ၁၇ ရက်နေ့ နံနက်ပိုင်းက မြင်သာ၊ တောင်ဥက္ကလာ စိတ်တိုင်းကျစားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။         ဦးလှရွှေ(အထွေထွေအတွင်းရေးမှူး ပြည်သူ့တိုးတက်ရေးပါတီ)၊ ဦးလေးမြင့်(ပြည်သူ့တိုးတက်ရေးပါတီ)၊ ဦးဖေအောင်(ကိုကိုးကျွန်းပြန်နိုင်ငံရေးအင်အားစု)၊ ဦးငွေလင်း(အထွေထွေအတွင်းရေးမှူး-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးထွန်းဝင်းငြိမ်း(ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်) ဦးလင်းထင်(မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ)တို့က အမှတ်တရဂုဏ်ပြုစကား ပြောကြားခဲ့ကြပါတယ်။ ဦးညိုဝင်း ဇနီး ဒေါ်စန်းပွင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အခမ်းအနားကို အခမ်းအနားမှူးအဖြစ် ကိုယဉ်ထွန်း (ယဉ်မျိုးစာပေ)က ဆောင်ရွက်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ဦးညိုဝင်းကိုချစ်ခင်လေးစားသူများ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါတယ်။...

Read more »

ကာတွန်း ATH – ဒက်တွေနဲ့ ဗမာ

ကာတွန်း ATH – ဒက်တွေနဲ့ ဗမာ

ကာတွန်း ATH – ဒက်တွေနဲ့ ဗမာ (မိုးမခ) မတ် ၁၀၊ ၂၀၁၇ No tags for this post.

Read more »

ဆောင်းယွန်းလ ● ခေတ်က ခေတ်အသစ်ဆိုပေမယ့်လည်း

ဆောင်းယွန်းလ ● ခေတ်က ခေတ်အသစ်ဆိုပေမယ့်လည်း

ဆောင်းယွန်းလ ● ခေတ်က ခေတ်အသစ်ဆိုပေမယ့်လည်း (မိုးမခ) မတ် ၉၊ ၂၀၁၇ ခေတ်က အသစ်ဆိုပေမယ့် လူက မသစ်လေတော့ အခင်းအကျင်းတွေနဲ့ အခင်းဖြစ်ပွားမှုတွေရဲ့ကြား စကားနဲ့ တရားဟာ သမုဒ္ဒရာတစင်းလို ခြားသွားတယ်။ ဓါးသွားထက် ပိုထက်ခဲ့ကြသော အသွားများ အပြန်မရှိခဲ့တဲ့ နေ့ရက်အမှားတွေထဲ သံသရာလည်း မဆုံးတော့ပါ။ ကယ်တင်ခြင်းဟာ ရေငတ်တုန်း ခဏမှာ ပင်လယ်ပြာကို ရှာတွေ့ခဲ့သလိုမျိုး နှောင်ကြိုးဟာ အဓိပ္ပာယ်မဲ့ခြင်းအထပ်ထပ်နဲ့ ရစ်ပတ်ရင်း ချောင်းဖျားရေတိမ်ကို ရေသောက်ဆင်းလာခဲ့ရပြန်ပေါ့။ ခေတ်က မဟောင်းပေမယ့် လူက မကောင်းတော့ ရေမရှိတဲ့ ချောင်းတွေထဲမှာ ဖော်စရာနှာခေါင်းနဲ့ ပေါ်စရာအလောင်းလည်းမရှိခဲ့ ပညာမရှိတဲ့ ကျောင်းတွေထဲမှာ ဆွဲဖွင့်စရာတံခါးနဲ့ တွဲကျင့်စရာတရားလည်း မရှိခဲ့ပါ။ ခေတ်က အသစ်ဆိုပေမယ့် လူက လူမစစ်လေတော့ ငါတို့နေထိုင်ရာ ကမ္ဘာကြီးထဲမှာ...

Read more »

စိုးနေလင်း ● တောင်ပံကျိုးနဲ့ ခံတွင်းပျက်

စိုးနေလင်း ● တောင်ပံကျိုးနဲ့ ခံတွင်းပျက်

စိုးနေလင်း ● တောင်ပံကျိုးနဲ့ ခံတွင်းပျက် (မိုးမခ) မတ် ၉၊ ၂၀၁၇ ရာသီဥတုနဲ့ ပထ၀ီအနေအထား စေစားရာအရ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာအုံးမလား ပင်လယ်ကြမ်းပြင်အောက်မြေငလျှင်တခု လှုပ်လာအုံးမလား အပူလှိုင်းများဖြတ်အုံးမလား အားကောင်းတဲ့မုန်တိုင်းတွေကလည်း တခုပြီးတခု ကွန်ပြူတာအတုပြုလုပ်ချက်တွေကြား စာလုံးပေါင်းအကြိမ်ကြိမ်မှားခဲ့ကြ ဘုရားကားအောက်မျောက်ကားအထက် မျက်နှာပျောက်လုလုအခြေ။ လေရူးလို့ဆိုဖို့ကလည်း နွေဦးစင်စစ်မဟုတ်သောကာလ သူခိုးက လူလူဟစ် မြစ်မချမ်းသာဖြစ်စဉ်ထဲ ဘာနဲ့ပဲလဲရ လဲရဆိုပြီး မီးကိုတိုးမယ့်ပိုးဖလံမျိုး ရိုးတိုး ရွတ ဖြစ်နေကြပြန်ရဲ့။ မြစ်နက်တွေဟာ ရေစီးတည်ငြိမ်ကြသတဲ့ အမျိုးသား အမျိုးသားဆိုပြီး နိုးကြားခဲ့တဲ့ကာလရှိခဲ့ပေမယ့် အမိမဲ့သား ရေနည်းငါး တုံးအောက်ကဖား ပြားပြားချည်းသာ ရွာနာတာလည်း ကာလရှည်ကြာ… ဟောဟိုမှာတော့…. ဘာလင်တံတိုင်းကြီးကိုဖြိုချလိုက်ကြတာ နှစ်၂၀ ကျော် ကြာခဲ့ပေါ့။     ။   Tags: စိုးနေလင်း

Read more »

ဇင်လင်း ● ငြိမ်းချမ်းရေးနှင့် ကောင်းမွေ ဆိုးမွေ ပြဿနာ

ဇင်လင်း ● ငြိမ်းချမ်းရေးနှင့် ကောင်းမွေ ဆိုးမွေ ပြဿနာ

ဇင်လင်း ● ငြိမ်းချမ်းရေးနှင့် ကောင်းမွေ ဆိုးမွေ ပြဿနာ (မိုးမခ) မတ် ၉၊ ၂၀၁၇ မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးကိစ္စသည် မျှော်မှန်းသလောက် ခရီးမပေါက်သေးဟု ဆိုရမည်ကဲ့သို့ ဖြစ်နေ သည်။ ဤ ခရီး နီးသလားဟု မေးလျှင် အမြင်နီးသော်လည်း လက်တွေ့ခရီးမှာ အတက်အဆင်း အကွေ့အကောက် အဟန့်အတား များနေဆဲဟု ဆိုရမည်ဖြစ်သည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါ သည်ဟု ဆိုကြသည့်တိုင် ညီညီညွတ်ညွတ် တပြိုင်နက်တည်း ၀ိုင်းတွန်းကြဖို့ ပြောရဆိုရ ဆွေးနွေးညှိနှိုင်းရသည့် အလုပ်သည်ပင် အပြောလွယ်သလောက် လက်တွေ့ တွင်ခက်ခဲလှကြောင်း အတွေ့အကြုံများအရ ပိုသိလာကြပြီ ထင်သည်။ စိန်ခေါ်မှုတစ်ခုကို ဖြေရှင်း၍ မပြီးသေးမီ  နောက် တစ်ခုက ထပ်ဆင့်ပေါ်လာနေသည်။ ဤသို့ဖြင့် ငြမ်းချမ်းရေး...

Read more »

ကာတွန်း အောင်မော် ● အမေ့တော့ သနားပါသားရယ်

ကာတွန်း အောင်မော် ● အမေ့တော့ သနားပါသားရယ်

 ကာတွန်း အောင်မော် ● အမေ့တော့ သနားပါသားရယ် (မိုးမခ) မတ် ၉၊ ၂၀၁၇ No tags for this post.

Read more »

ထွန်းဝင်းငြိမ်း – NCA လား၊ တရားမျှတမှုရှိသော အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်လား

ထွန်းဝင်းငြိမ်း – NCA လား၊ တရားမျှတမှုရှိသော အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်လား

ထွန်းဝင်းငြိမ်း – NCA လား၊ တရားမျှတမှုရှိသော အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်လား (မိုးမခ) မတ် ၉ ၊ ၂၀၁၇ တကျော့ပြန်တိုက်ပွဲတွေကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ မတ်လ ၆ရက်နေ့ မနက် ၂ နာရီလောက်က စပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါ တယ်။ အခုအချိန်အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း သတင်းတွေ တက်နေပါတယ်။ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ အင်အား ၃၀ ခန့်က ရဲဝတ်စုံ တွေ အယောင်ဆောင်ဝတ်ဆင်ပြီး ရန်လုံကျိုင်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ပြန်လည် ခုခံခဲ့ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်တာတွေ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ဌာနေမျိုးနွယ်စုတွေ သေကြေထိခိုက် ပြီး အပြစ်မဲ့ ပြည်သူတွေ ဒုက္ခကြုံတွေ့စေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကို စွန့်လွတ်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇) တခါတရံ အသက်ပေးပြီး ချစ်ရတယ် သုခမိန်လှိုင် မိုးမခ အတွဲ (၄)၊ အမှတ် (၃)၊ မတ်လ ၂၀၁၇ ကို အိမ်အရောက် မှာယူ ဖတ်ရှုနိုင်ပါပြီ..။မိုးမခ မဂ္ဂဇင်း လစဉ်ထုတ်တွေကို မြန်မာနိုင်ငံ ဘယ်နေရာက မဆို ဖုန်းဆက် မှာယူနိုင်ပါတယ်။ ပို့ခ၊ ဝန်ဆောင်ခ မှာသူက ပေးစရာမလို၊ မိုးမခက အိမ်အရောက်ပို့ပေးနေပါတယ်။ တအုပ်ကို မြန်မာငွေ ကျပ် ၁၅၀၀ မျှသာ။ ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉...

Read more »

ကာတွန်း ဂျော်ဒီး – ခွေးသရမ်းကြီး လွတ်နေပြီ၊ ၆၆ ကောင် …

ကာတွန်း ဂျော်ဒီး – ခွေးသရမ်းကြီး လွတ်နေပြီ၊ ၆၆ ကောင် …

  ကာတွန်း ဂျော်ဒီး – ခွေးသရမ်းကြီး လွတ်နေပြီ၊ ၆၆ ကောင် … (မိုးမခ) မတ် ၉ ၊ ၂၀၁၇ No tags for this post.

Read more »

မောင် သော် တာ – “၇၅ ပြား”

မောင် သော် တာ – “၇၅ ပြား”

   မောင် သော် တာ – “၇၅ ပြား” (မိုးမခ) မတ် ၉၊ ၂၀၁၇ အမေရိကန်ဒေါ်လာတွေရွှေဈေးအတက်အကျတွေ ခဏဘေးချိတ်ပါ တဘဝလုံး မီးသွေးထည့်ဖုတ်ပြီးရောင်းရင်လည်း ၇၅ ပြားပဲရမယ် ယုံတာမယုံတာကိုလည်းဘေးချိတ်ပါ မောင့်ကိုရောင်းပြီးမုန့်ဝယ်စားချင်ရင်လည်း ၇၅ ပြားတော့တန်ပါတယ် မယ်လမင်းပါဝင်တဲ့ အသက်ငွေ့တွေကိုလည်းဘေးချိတ်လိုက် အဆိပ်သင့်မှန်းသိလျှက်နဲ့ စားတော်တည်ရတဲ့မင်းတပါးလို ပါးစပ်ထဲ ၇၅ ပြားငုံပြီး သေသွားမယ်။ ကူးတို့ခအကြောင်းသေလူတွေပြန်ပြောပြတာနားထောင်ဖူးသလား တမလွန်’ဆိုတာ ဒီဘက်ကဘဝတွေနဲ့ ချောင်းတခုခြားနေဆဲပဲလေ မယုံချင်ရင်လည်း ဘေးချိတ်ပေါ့ ငွေ၇၅ပြားမှာအကြွစေ့လေးတွေပဲရှိတယ် အဲဒီအကြွေစေ့လေးတွေဆိုတာ တနေ့တနေ့ အလုပ်တခုခုတော့ရှိမှဖြစ်မယ် ဖုန်းဘေလ် ၁၀၀၀ ဖိုးဖြည့်ရမယ် ကားကြပ်ကြပ်ထဲတိုးစီးရမယ် မိုးကြီးချုပ်မှအိမ်ပြန်ရောက်မယ် ကိုယ့်အစိုးရနဲ့ကိုယ်ပဲလေဆိုပြီး မဲတစ်မဲတော့ထည့်မယ် ပျော်ပျော်ရွှင်ရွှင် status တွေတင်မယ် ကိုယ့်အစိုးရခေတ်ကိုရောက်ပြီဆိုတော့ အားလုံးဟာ တစိတ်တဝမ်းညီညာမယ် လစာငွေသိန်း ၅၀...

Read more »

ကာတွန်း ဆွေသား – ခြောက် ပွက်ရာ …

ကာတွန်း ဆွေသား – ခြောက် ပွက်ရာ  …

ကာတွန်း ဆွေသား – ခြောက် ပွက်ရာ  … (မိုးမခ) မတ် ၉၊ ၂၀၁၇ Tags: ကာတွန်း ဆွေသား

Read more »

လှကျော်ဇော – မဒမ်ကျူရီ ဆီကဘာတွေလေ့လာနိုင်သလဲ

လှကျော်ဇော – မဒမ်ကျူရီ ဆီကဘာတွေလေ့လာနိုင်သလဲ

လှကျော်ဇော – မဒမ်ကျူရီ ဆီကဘာတွေလေ့လာနိုင်သလဲ (မတ်လ(၈)ရက် နိုင်ငံတကာအမျိုးသမီးနေ့ အမှတ်တရ) (မိုးမခ) မတ် ၉၊ ၂၀၁၇ ကျွန်မငယ်စဉ်ကတည်းက အလွန်လေးစားကြည်ညိုခဲ့တဲ့ အမျိုးသမီးသိပွံပညာရှင်တဦး ရှိခဲ့ပါတယ်။ တက္ကသိုလ်ရောက်စ ရူပဗေဒလက်တွေ့သင်တန်းတခုမှာ ဆရာတယောက် ပြောပြဘူးတဲ့ ရေဒီယိုဓာတ်ကြွ ပစ္စည်း ရေဒီယံဓာတ်ကိုစတင်တွေ့ရှိပေမဲ့ ဒါဟာ ကမ္ဘာလူသားအားလုံးက ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်တယ် ငါတဦးတည်းပိုင်အဖြစ် မှတ်ပုံတင်(Patent)တာ မလုပ်နိုင်ဘူး ဆိုပြီး ငွေကြေးအမြောက်အများ ရနိုင်တဲ့လမ်းကို မလိုက်ခဲ့ပဲ၊ အာလူးမီးဖုတ်စား သုတေသနလုပ်ခဲ့တဲ့သိပွံပညာရှင် မဒမ်မာရီယာကျူရီ ဆိုသူပါ။ ဒါနဲ့ သူ့အကြောင်းကို တောက်လျှောက် အခွင့်ရရင်ရသလို စိတ်ဝင်တစားလေ့လာဖတ်ရှုကြည့်မိပါတယ်။ သူ့အကြောင်းကို ဖတ်မိတိုင်း အမျိုးအမည်မသိတဲ့ စိတ်ခံစားမှုတွေ ပေါ်ပေါက်လာတတ်ပါတယ် မဒမ်ကျူရီ (၇၊၁၁၊၁၈၆၇ –  ၄၊၇၊၁၉၃၄) ဆိုသူဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးထဲက ပထမဆုံး...

Read more »

ကာတွန်း OKKW ● မထိရ … မကိုင်ရ

ကာတွန်း OKKW ● မထိရ … မကိုင်ရ

ကာတွန်း OKKW ● မထိရ … မကိုင်ရ (မိုးမခ) မတ် ၈၊ ၂၀၁၇ Tags: ကာတွန်း OKKW

Read more »

မောင်မောင်စိုး – ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြပ်အတည်းနှင့် ရှုပ်ထွေးမှုများ

မောင်မောင်စိုး – ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြပ်အတည်းနှင့် ရှုပ်ထွေးမှုများ

မောင်မောင်စိုး – ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြပ်အတည်းနှင့် ရှုပ်ထွေးမှုများ (မိုးမခ) မတ် ၈၊ ၂၀၁၇ ၁။ ၂၀၁၇ မတ်လ ၅ ရက် ၆ ရက်နေ့၌ ကိုးကန့်အဖွဲ့က လောက်ကိုင်မြို့ ကို ဝင် ရောက်တိုက်ခိုက်လိုက်သောအခါ သတင်းများ ချက်ခြင်းတက်လာသကဲ့သို့ ထုတ်ပြန်ချက်များ ထင်မြင်ယူဆချက်များစွာ ပေါ်ထွက်လာသည်ကို တွေ့ရပါ သည်။ ၂။ မတ်လ ၆ ရက်နေ့ ၇ ရက်နေ့များက တပ်မတော်၏ထုတ်ပြန်ချက်များအရ ၎င်း ကိုးကန့်အဖွဲ့၏ထုတ်ပြန်ချက်အရ၎င်း ကိုးကန့်ဒေသရှိ ဟုန်အိုင်ဒေသ တိုက်ပွဲဖြစ်ပွါးနေသည်မှာ ၂၀၁၇ ဇန္နဝါရီလထဲကဟုသိရသည်။ တပ်မတော် ၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ဇန္နဝါရီလ ၁၉ ရက်နေ့မှ ဖေဖဝါရီလ ၁၁ ရက်ထိ ၂၄ ရက်အတွင်း...

Read more »

ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့်

ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့်

ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့် (မိုးမခ) မတ် ၈၊ ၂၀၁၇ (၁) အမေရိကန်လူမျိုးတို့သည် မိမိတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို များစွာတန်ဖိုးထားကြသူများဖြစ်ပါသည်၊ ၁ရ၈ရ ခုနှစ်စက်တင်ဘာလက အတည်ပြုခဲ့သော ထိုဥပဒေမှာနှစ်ပေါင်း ၂၃၀ သက်တမ်းရှိခဲ့ပြီး အမေရိကန် တို့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ ဖြစ်ခဲ့ရသည်မှာ ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်သော စနစ်ကြောင့် ဖြစ်သည်ဟုဆိုနိုင်ပါသည်၊ သမ္မတ ဂျော့ဝါရှင်တန်လက်ထက်က အတည်ပြုခဲ့သော ထိုဥပဒေ မှာ လူတို့၏ ဒီမိုကရေစီ အခြေခံလွတ်လပ်ခွင့်များဖြစ်သော လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ မိမိဆန္ဒကို ထုတ်ဖေါ် ပြောဆိုပိုင်ခွင့် အပြည့်အ၀ပေးထားသော ဥပဒေလည်းဖြစ်ပါသည်၊ နိုင်ငံတွင် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာတို့ ကို သုံးပိုင်းခွဲထားပြီး ကဏ္ဍ တခုစီသည် လွတ်လပ်စွာလုပ်ပိုင်ခွင့်များရှိသည်၊ အစိုးရ အဖွဲ့၏ လုပ်ပိုင်ခွင့်များကိုလည်း...

Read more »

ရွှေကူမေနှင်း – အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း

ရွှေကူမေနှင်း – အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း

ရွှေကူမေနှင်း – အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း (မြန်မာသံတော်ဆင့်၊ ဇန် ၆၊ ၂၀၁၇) မိုးမခ၊ မတ် ၈၊ ၂၀၁၇ ယခုနှစ်များအတွင်း အမေရိကန်ဗီဇာလွယ်နေပြီဟူသော သတင်းပျံ့နှံ့၏။ ယခင်က ဗီဇာအလွန်ခက် သဖြင့် မဲဖောက်ပေးသော စနစ်ပင်ရှိခဲ့သည်။ ရန်ကုန်မြို့လမ်းမကြီးများ ပလက်ဖောင်းတွင် ဗီဇာလျှောက်လွှာပုံစံ များရောင်းချခြင်း ခေတ်စားခဲ့သည်။ ယခုတော့ ၂၀၁၅မတိုင်မီကပင် ဗီဇာစနစ်လွယ်ကူလာခဲ့ပြီဖြစ်၏။ တစ်ခု တော့ရှိသည်။ လျှောက်လွှာကို စာရွက်ဖြင့်လက်မခံတော့ပေ။ Online မှသာ လျှောက်ခွင့်ပြုသည်။ အရေးအကြီး ဆုံးမှာ မိမိက မည်သည့်ဗီဇာအမျိုးအစားကို ရယူလိုကြောင်း သိရှိထားရန်ဖြစ်လေသည်။ အကြမ်းဖျင်းအားဖြင့် ဗီဇာ၂မျိုးခွဲထား၏။ အခြေချနေထိုင်ရန်နှင့် အခြေမချ(ခေတ္တ)နေထိုင်ရန်ဖြစ်သည်။ ခေတ္တမှာပင် ၂မျိုးရှိ၏။ အလည်အပတ်နှင့် အလုပ်(စီးပွားရေး)ကိစ္စဟူ၍ဖြစ်သည်။ အလုပ်ဗီဇာကို B1 ဟုခေါ် သည်။...

Read more »

ကမ်လူဝေး – အမှိုက်

ကမ်လူဝေး – အမှိုက်

ကမ်လူဝေး – အမှိုက် (မိုးမခ) မတ် ၈၊ ၂၀၁၇ အိမ်ရှေ့က လမ်းမပေါ်မှာ တွေ့လိုက်ရတဲ့ ဘီယာဘူးခွံ အလွတ်ဟာ အမှိုက် တခုဖြစ်တယ် ဗူးခွံ ကောက်တဲ့ ကလေးတွေ ကောက်မသွားသေးတဲ့ အမှိုက် တခုဖြစ်တယ် အိမ်ဘေးက ဘီယာဆိုင်ရဲ့ ဘေးထွက်ပစ္စည်းဖြစ်တယ်။ အိမ်နောက် လမ်းကြားက ကလေးတွေ ကောက်လာတဲ့ အကောင်းစား ရာဘာဗူပေါင်းဟာ အမှိုက်တခု ဖြစ်တယ် ကွန်ဒွန်း အဟောင်းတခုဖြစ်တယ် လမ်းကြားဘေးက အိမ်တအိမ်မှာ သန္ဓေတား ခဲ့တယ် ကူးဆက်ရောဂါကို တားဖို့ကြိုးစားခဲ့တယ် ဒါမှမဟုတ် သံဝါသပြုခြင်း ရဲ့ ဘေးထွက်ပစ္စည်းဖြစ်တယ်။ လူကြီးကားပေါ်က နိုင်ငံခြား အရက်ပုလင်းများဟာ အမှိုက်တွေဖြစ်တယ် အရက်ဆိုင်ရဲ့ ကောင်တာပေါ် ပြန်ရောက်မည့် အမှိုက်တွေဖြစ်တယ် ကိုယ့်လိုအင်ပြည့်ဖို့ ပစ်ချခဲ့တဲ့ အမှိုက်တွေဖြစ်တယ်...

Read more »

ကာတွန်း ဖိုးဇော်(လှိုင်သာယာ) – သဲလွန်စ မ၀င်ရ

ကာတွန်း ဖိုးဇော်(လှိုင်သာယာ) – သဲလွန်စ မ၀င်ရ

ကာတွန်း ဖိုးဇော်(လှိုင်သာယာ) – သဲလွန်စ မ၀င်ရ (မိုးမခ) မတ် ၈၊ ၂၀၁၇ Tags: ကာတွန်း ဖိုးဇော် (လှိုင်သာယာ)

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်