ကာတွန်း kzzh ● တို့ မေမေ

ကာတွန်း kzzh ● တို့ မေမေ

ကာတွန်း kzzh ● တို့ မေမေ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇ Tags: ကာတွန်း - KZZH

Read more »

မြတ်စံ ● ကျနော် … ကိုသီဟ၊ ကိုသူရ (ဇာဂနာ) နဲ့ ၉ လုံးဘွဲ့ရ ဆွေမင်း

မြတ်စံ ● ကျနော် … ကိုသီဟ၊ ကိုသူရ (ဇာဂနာ) နဲ့ ၉ လုံးဘွဲ့ရ ဆွေမင်း

မြတ်စံ ● ကျနော် … ကိုသီဟ၊ ကိုသူရ (ဇာဂနာ) နဲ့ ၉ လုံးဘွဲ့ရ ဆွေမင်း (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇ ဒီရက်ပိုင်းကျောက်မြောင်းမီးပွိုင့်လမ်းဆုံအရောက် ဒီလှိုင်းဂျာနယ်တိုက်ရှေ့မှာ စက်ဘီးကလေးတစီးနဲ့ ဂျာနယ်တွေ တပွေ့တ ပိုက်နောက်ကယ်ရီယာပေါ်တင်ပြီး အသောကလေးနှင်စီးသွားတဲ့ လူတယောက်ကိုတွေ့လိုက်ရချိန်… ကျနော်နဲ့ အင်းစိန်မှာ ရယ်၊ မြစ်ကြီးနားထောင်မှာရယ် ဆုံခဲ့ဖူးတဲ့ ကိုဆွေမင်းလားလို့ သိချင်စိတ်နဲ့ အပြေးကလေးလှမ်းခေါ်ပြီးကြည့်လိုက်ချိန်မှာ သူနဲ့တူတဲ့သူတဦးဖြစ်ပြီး ရုပ်ခြင်းဆင်တူတဲ့သူတဦးဖြစ်နေခဲ့တယ်။ သူ့အကြောင်းကို ဟိုးတလောက ကိုသူရ (ဇာဂနာ) ရဲ့ Post ထဲမှာ အန်တီစုမွေးနေပွဲအပေါ်အကြောင်းပြုပြီး ရေးထားတာလေးဖတ်မိလိုက်လို့ သတိရမှတ်မိနေခဲ့တာ။ ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးတော်ပုံအပြီးမှာ အဲ့ဒီအချိန်က နအဖအစိုးရအနေနဲ့သူတို့ရဲ့ ရှေ့ဆက်သွားမဲ့ နိုင်ငံရေးလမ်း ကြောင်းတခုဖြစ်တဲ့ အမျိုးသားညီလာခံကြီးကို အဆုံးသတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို...

Read more »

ဖြိုးသီဟချို (Myanmar Now) ● အခြေခံဥပဒေပြင်ရန် ရန်ကုန်တွင် ပထမဆုံးအကြိမ် တောင်းဆို ဆန္ဒပြ

ဖြိုးသီဟချို (Myanmar Now) ● အခြေခံဥပဒေပြင်ရန် ရန်ကုန်တွင် ပထမဆုံးအကြိမ် တောင်းဆို ဆန္ဒပြ

ဖြိုးသီဟချို (Myanmar Now) ● အခြေခံဥပဒေပြင်ရန် ရန်ကုန်တွင် ပထမဆုံးအကြိမ် တောင်းဆို ဆန္ဒပြ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇ ရန်ကုန် (Myanmar Now) — ၂ဝဝ၈  ဖွဲ့စည်းပုံအခြေခံဥပဒေကို မနှစ်သက်သူ ၁ဝဝ ခန့်က ရန်ကုန်၊ တာမွေမြို့နယ်ရှိ ပြည်သူ့ဟစ်တိုင်ကွင်း၌ နိုဝင်ဘာ ၁၂ ရက်နေ့တွင် စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြပြီး အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုခဲ့ကြသည်။   “စစ်မှန်ဒီမို ဥပဒေပြုဖို့ ၂ဝဝ၈ ခြေဥပြောင်းလဲပစ်စို့” စာတမ်းပါ အနီရောင် ဗွီနိုင်း များကို ကိုင်ဆောင်ထားကြပြီး အနီရောင် ဖဲကြိုးများ ရင်ညွန့်တွင် ချိတ်ဆွဲထားသည့် အရွယ်စုံအမျိုးသား၊အမျိုးသမီးများက “၂ဝဝ၈ဖွဲ့စည်းပုံ ပြောင်းလဲပစ်”၊ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်ရမည်” စသဖြင့် ကြွေးကြော်ခဲ့ကြသည်။...

Read more »

ရန်ကုန်ဘိန်းစားတန်း မြစ်ဘေးကိုရွှေ့

ရန်ကုန်ဘိန်းစားတန်း မြစ်ဘေးကိုရွှေ့

ရန်ကုန်ဘိန်းစားတန်း မြစ်ဘေးကိုရွှေ့ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇ ရန်ကုန်မြို့ စီးပွားရေးရပ်ကွက် ရွှေဘုံသာလမ်းရှိ အဟောင်းဈေးတန်း ကမ်းနားညဈေးသို့ ပြောင်းရွှေ့သည့်အစီအစဉ်ကို အာဏာပိုင်တို့က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အမှန်တကယ် အကာင်အထည်ဖော် လိုက်သည်။ ညဈေး ဆိုသော်လည်း နံနက် ၁၀ နာ၇ီမှ စတင်ပြီး ဆိုင်ခင်း ရောင်းချခွင့် ပြုထားကြောင်း သိရသည်။ ဘိန်းစားတန်းဟုလည်း ထင်ရှားသော အဟောင်းဈေးတန်းသည် ရွှေဘုံသာလမ်းတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက စတင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး ရောင်းဝယ်ဖောက်ကားသူများဖြင့် စည်ကားခဲ့သည်။ နေရာဟောင်းတွင် အဟောင်းဆိုင်တန်းလူစည်ကားမှုမှာ ကားလမ်းပိတ်ဆို့မှုပြဿနာကြီးမားသော ရန်ကုန်မြို့လယ်အတွက် မဟာဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့သည်။ ရန်ကုန်မြစ်ဘေးတွင် တည်ရှိသော နေရာသစ်တွင် စားသောက်ဆိုင်များအပါအဝင် ပစ္စည်းမျိုးစုံရောင်းသောဆိုင်များလည်း တည်ရှိသည်။   (ဓာတ်ပုံများ...

Read more »

ရွှေဒါးမောင်လေးရည် ● ကံ့ကော်ပွင့်ရာ … စိန်ပန်းပြာပြာ အဓိပတိလမ်းမှာ မိုးတွေရွာ

ရွှေဒါးမောင်လေးရည် ● ကံ့ကော်ပွင့်ရာ … စိန်ပန်းပြာပြာ အဓိပတိလမ်းမှာ မိုးတွေရွာ

ရွှေဒါးမောင်လေးရည် ● ကံ့ကော်ပွင့်ရာ … စိန်ပန်းပြာပြာ အဓိပတိလမ်းမှာ မိုးတွေရွာ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇ “လွမ်းပင်ရိပ်ဝေဝေသီ .. ဆောင်းအိပ်မက်ဧကရီ … ဒေဝီအလှရဲ့သီတာကုန်ဆုံး …ဒီပါသုဉ်းစေ ဘုန်းမမေ့နိုင်ဘူး … ဘုန်းမ မေ့နိုင်ဘူး … ပိုင်မလို မဆိုင်သကို … ကိုယ်ရုံတိမ်ပြာနုနဲ့ ရှိန်ဝါလုကာ … ကြယ်မင်းသခင်သို့ .. လနတ်ဆွေရှင် ကြွေဆင်း မြေနင်းခသလို … ရွှန်းမြသာလွင် … ဖူးတွေ့ပါရ … မြောက်ကန္တာရနှင်းမြေနိုင်ငံ … ခေါက်ပြန်ပြာစ ညင်းလေသွဲဆဲအခါ … “ ကျွန်တော်တို့ ဆယ်ကျော်သက်ရွယ်၊ နှလုံးသးသံစဉ်လှိုက်ခုန်ခါစဆီက ဆရာတက္ကသိုလ်ဘုန်းနိုင်၏ “ညီမလေးရယ် စိုးရိမ်မိတယ်” ဝတ္ထုမှ ဇာတ်ဝင်သီချင်းစာသားအချို့ပါပေ။ သီချင်းခေါင်းစဉ်က “ဆောင်းအိပ်မက်...

Read more »

ခိုင်မျိုး- လူရိုင်းခေါင်း

ခိုင်မျိုး- လူရိုင်းခေါင်း

လူရိုင်းခေါင်း ခိုင်မျိုး (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇ အရေပြားအရောင်ထိတာနဲ့ စိတ်အတွင်းသား မှောင်အတိကျခဲ့ အသားအရောင်မှာ တရားရှိသလား အနီရောင်အသားကို လတ်လတ်ဆတ်ဆတ် ခုတ်ထစ် ချက်ပြုတ်လိုက် အမည်းကောင်ကိုတော့ အပြတ်ရှင်းလိုက်ကြတာပေါ့ လူဟာ သူ့မုန်တိုင်းထဲသူ တဘိုင်းဘိုင်းလဲကျ ဘုရားများထံ ဆုတောင်းဝတ်ပြုပြီး တိုက်ခိုက်သတ်ဖြတ်ကြ ထောင်းခနဲပြတ်သွားတဲ့စိတ်ကြိုးကို ဆွဲဆုပ် ဆုပ်ကိုင်မိခြင်း မရှိခဲ့ပုံများ။ ဦးခေါင်းပြတ်တခုဟာ ကမ်းစပ်သောင်ပြင်ပေါ်ကနေ အရိုးခေါင်းအလံတပ် လှေတစင်းခုတ်မောင်းလာပုံကို ငေးလို့… ဒေသတခုမှာ ။ No tags for this post.

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ မျက်မှောက် ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ (၂၀၀၉ -၂၀၁၇) ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်များကလွဲလျင် ဆောင်းပါးများမှာ မိုးမခမီဒီယာတွင် ဖော်ပြခဲ့သော စာရေးသူအသီးသီး၏ အာဘော်ဆောင်းပါးများ ဖြစ်ပါတယ်။ စာအုပ်ရဲ့  ရည်ရွယ်ချက်ကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေးမှာ လူမျိုးရေး၊ ဘာသာရေး ဆိုသည်ထက် လူမျိုးရေး ဘာသာရေး အငြင်းပွားဘွယ် အကြောင်းအရာများ၊ နောက်ခံအခြေအနေများကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအရ အမြတ်ထုတ်ရန်၊ မြန်မာပြည်တွင်း ပြည်ပ မငြိမ်သက်မှုများဖြစ်ပွားရန် လုပ်ကြံမှုများက အဓိကကဏ္ဍတွင် ပါဝင်နေသည်ကို ထုတ်နှုတ် ဖော်ပြသည့်  ဆောင်းပါးများ ဖြစ်ပါတယ်။  မိုးမခ၏ ပင်တိုင်ဆောင်းပါးရှင်များ ရေးသားသော ဆောင်းပါးများအပြင် မိုးမခမိတ်ဆွေ စာနယ်ဇင်းအဖွဲ့များတွင်...

Read more »

မြတ်လှိုင်း – အာဏာဇော အနာဆူးတချောင်းအတွက် လုပ်ကြံမှုများ

မြတ်လှိုင်း – အာဏာဇော အနာဆူးတချောင်းအတွက် လုပ်ကြံမှုများ

အာဏာဇောအနာဆူးတချောင်းအတွက် လုပ်ကြံမှုများ မြတ်လှိုင်း (မိုးမခ)-(First News Journal) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ကမ္ဘာကြီးမှာ အလုပ်ကြံခံခဲ့ရတဲ့နိုင်ငံ့ခေါင်းဆောင်တွေ ရှိခဲ့ဖူးပါတယ်။ အမေရိကန်သမ္မတတွေထဲမှာ အင်ဗရာဟင်လင်ကွန်း၊ ဂျွန်ဖ်ကနေဒီတို့၊ အိန္ဒိယ နိုင်ငံမှာ မဟတ္တမဂန္ဒီ၊ အင်ဒီယာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ၊ ကျွန်တော်တို့နိုင်ငံမှာဆို ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ နိုင်ငံအတွင်းမှာလုပ်ကြံခံခဲ့ရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေပါ။ စစ်ဘက်ခေါင်းဆောင်တွေထက် အရပ်သားခေါင်းဆောင်တွေ အလုပ်ကြံခံရတာ များပါတယ်။ ဒီနိုင်ငံတော်ခေါင်းဆောင်ေ/wbr>တွ လုပ်ကြံမှုတွေကိုပြန်ကြည့်လိုက်ရင် လုံခြုံရေးပေါ့လျော့ခြင်းနဲ့ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲခြင်းတွေကို အဓိကတွေ့ရပါ တယ်။ လုပ်ကြံသူတွေမှာလည်း အာဏာနဲ့ပတ်သက်လာရင် ဇောတွေဝင်နေတတ်တာ တွေ့ရပါတယ်။ လောဘကြီးသူတွေ၊ မနာလိုစိတ်ကြီးနေသူတွေ၊ အာဃာတ ရင့်မာရှင်သန်မှုတွေလည်း ပါဝင်နေပါလိမ့်မယ်။ အေဗရာဟင်လင်ကွန်းဆိုရင် အောက်ခြေကနေတက်လာတဲ့သမ္မတတယောက်ပါ။ သူ့ကိုလုပ်ကြံသူက ဓနရှင်အုပ်စုထဲကဖြစ်ပါတယ်။ လင်ကွန်းရှိနေတဲ့အစည်းအဝေးခန်းမထဲအထိ ဝင်ပြီး နောက်ကနေဦးခေါင်းကို သေနတ်နဲ့ပစ် လုပ်ကြံလိုက်တယ်လို့ ဆိုပါတယ်။...

Read more »

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း   (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ● ဘုရားသုံးဆူ နေ့ရက်များ (၂) အမှန်အတိုင်း ပြောရရင် ကျနော့်မှာ နိုင်ငံရေးအရ ရည်ရွယ်ချက်သိပ်ကြီးကြီးမားမား မရှိဘူး။ အမှန်ပြောရရင် နောက်လိုက် ကောင်းပဲ ဖြစ်ချင်တယ်။ အဲဒီအချိန်က စခန်းမှာ ဗိုလ်လုပ်ချင်သူတွေများနေတဲ့ကြားထဲလည်း သိပ်ပြီး ဝင်မပြိုင်ချင်ဘူး။ အုပ်စုနိုင်ငံရေးသဘော အရှုပ်အရှင်းတွေကြားထဲလည်း ကင်းကင်းပဲ နေချင်တယ်။ ဒီလိုနဲ့ စခန်းဆေးရုံမှာပဲ ကျနော်ကျရာ တာဝန်ကို ကောင်းကောင်းလုပ်တယ်။ စခန်းဆေးရုံရောက်တော့လည်း အထိုက်အလျောက်နိုင်ငံရေးက ရှိပြန်တယ်။ သံဖြူဇရပ်ဒေသက ရမ်းကု ကိုသားငယ် ဆိုသူက တခါတလေလူတတ်ကြီး ဝင်လုပ်တယ်။ နောက်တော့ ကြက်ခြေနီလို အဖွဲ့အစည်းမျိုး ဝင်လုပ်ဖူးတဲ့ ကိုသန်းနွယ် တို့လည်း ဆေးခန်းမှာ ဆေးမှူးအဖြစ်...

Read more »

ကာတွန်း ATH ● ပွဲဆက်များတဲ့ ဒီမိုကရေစီ

ကာတွန်း ATH ● ပွဲဆက်များတဲ့ ဒီမိုကရေစီ

ကာတွန်း ATH ● ပွဲဆက်များတဲ့ ဒီမိုကရေစီ (မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၇ No tags for this post.

Read more »

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၂)

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၂)

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၂) (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ● တရုတ်ခြင်္သေ့ကြီးနိုးလာပြီလား နပိုလီယံက တရုတ်ခြင်္သေ့ကြီးအိပ်ပျော်နေတာ၊ သူနိုးလာရင် ကမ္ဘာကြီးကိုကိုင်လှုပ်လိမ့်မယ်တဲ့ နိမိတ်ဖတ်ပြောခဲ့ဖူးတယ်။ လက်ရှိတရုတ်သမ္မတလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ တရုတ်ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှီကျင့်ဖင်ကတော့ တရုတ်ခြင်္သေ့ကြီးနိုးလာပါပြီ။ ဒါပေမယ့် ဒီခြင်္သေ့ဟာ ကြောက်စရာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကိုလိုလားတဲ့၊ အားလုံးနဲ့မိတ်ဆွေဖြစ်ချင်တဲ့ခြင်္သေ့ပါတဲ့။ ဒါကိုရည်ညွှန်းပြီး၊ သူပြောကြားခဲ့တဲ့ မိန့်ခွန်းများမှာ ကံတူအကျိုးပေး အဖွဲ့အစည်းတရပ်တည်ဆောက်ရေးတို့၊ အနာဂတ်ကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်းတရပ်တည်ဆောက် ရေးဆိုတဲ့ ဝေါဟာရတွေကို အတော်များများသုံးလာပါတယ်။ လက်တွေ့ဖြစ်ရပ်တွေကို ကြည့်ရအောင်ပါ။ တရုတ်ရဲ့သမိုင်းကြောင်းဟာ အနှစ် ၅ဝဝဝ ရှိပါပြီ။ ပဒေသရာဇ်သမိုင်းကြောင်းတလျှောက် ရွှေထီးဆောင်းခဲ့တာပါ။ လွန်ခဲ့ တဲ့ အနှစ် ၂ဝဝဝ ကစလို့...

Read more »

ကာတွန်း ကိုခေတ် ● မျက်နှာဖုံးကိုယ်စီ

ကာတွန်း ကိုခေတ် ● မျက်နှာဖုံးကိုယ်စီ

ကာတွန်း ကိုခေတ် ● မျက်နှာဖုံးကိုယ်စီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ Tags: ကာတွန်း ကိုခေတ်

Read more »

ဌေးမင်းခိုင် ● ဘယ်ကကြိုးမှာ ဘယ်လို​မျောမည်နည်း

ဌေးမင်းခိုင် ● ဘယ်ကကြိုးမှာ ဘယ်လို​မျောမည်နည်း

ဌေးမင်းခိုင် ● ဘယ်ကကြိုးမှာ ဘယ်လို​မျောမည်နည်း (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ဒီနေ့ခေတ်မှာ ဗျူဟာဆိုတဲ့ စကားလုံးက အရမ်းခေတ်စားသည်။ နည်းဗျူဟာ၊ မဟာဗျူဟာ၊ အဂ္ဂမဟာဗျူဟာ …. ဗျူဟာတွေ စုံလှသည်။ ဒါကြောင့်လည်း ဂိမ်းသီအိုရီလို ဗျူဟာမြောက်ဆော့ကစားရတဲ့ ဂိမ်းတွေ အရေးပါလာတာ .. ။ ဗျူဟာချင်းပြိုင် ဘယ်သူနိုင်ပေါ့။ ဗျူဟာပိုကောင်းတဲ့ကောင်က နိုင်မယ့်ကောင် … ။ မဟာဗျူဟာ ပိုကောင်းတဲ့ကောင်က ကစားပွဲကို အသာစီးရမယ့်ကောင် … ။ မဟာဗျူဟာ ရှုထောင့်အရဆို ကိုယ်က သူများကစားကွက်ထဲမှာ ရောက်နေရင်၊ တနည်း သူများရဲ့ကစားကွက်အတိုင်း လိုက်ဆော့နေရရင် ဒါ တဖက်က မဟာဗျူဟာအရ အသာစီးရထားလို့ပဲ။ ကိုယ့်ဗျူဟာက သူ့ဗျူဟာလောက် မကောင်းလို့ပဲ။ ကိုယ့်ကစားကွက်ကို ကိုယ်ဖော်ပြီး...

Read more »

စမ်းစမ်းတင်- လွင့်ပြယ်အိပ်မက်

စမ်းစမ်းတင်- လွင့်ပြယ်အိပ်မက်

လွင့်ပြယ်အိပ်မက် စမ်းစမ်းတင် (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ပန်းရိုင်းခင်းတွေပေါ့ လေညှင်းနဲ့ ယိမ်းကရင်း တေးချင်းများလည်းသူနွဲ့သီ မြစ်ရိုင်းတစင်းပေါ့ မြစ်ကျဉ်းရင်စီးချင်းထိုး မြစ်ပြင်ကျယ်ရင် သူဘုရင် မြစ်ရေလျင်တသွင်သွင်ထိုးဆင်း ညင်းလေလျှင်လှိုင်းခွပ်ဝေ့စေ ရေစီးကွေ့လေညှင်းထိတွေ့တေးချိုစေ စိမ်းစိုစပါးခင်းများဆီလွှင့်ပို့စေ မှိုင်းညို့ရိုးမတောင်တန်းပေါ့ နွယ်ရိုင်းတွေပန်းရိုင်းတွေ တောတံတိုင်းဖြစ် သစ်ရိုင်းဥ သစ်ဖု သစ်ပင် သစ်ရွက် နွယ်မြက်သစ်ပင်ဆေးဘက်ဝင်သတဲ့ ဒီတောင်တန်းဝန်းကျင် ကြည်လင်စီးတဲ့စမ်း အလျဉ်ကျတဲ့ရေတံခွန် လေရိုင်းတေးသီ..ပန်းရိုင်းတော-စိန်တရစ်မြတရစ်..ရွှေတရစ် ပန်းရိုင်းသတင်းလေညှင်းဆောင် တောင်လုံးသင်းမွှေး တောကောင်သင်းဖွဲ့ ကျေးငှက်သာရကာတေးချိုဖွဲ့ လေသွဲ့ရွက်ခြောက် စည်းချက်နွဲ့ သည်ပန်းရိုင်း သည်မြစ်ရိုင်း သည်တောင်တံတိုင်းများဆီ တိမ်ရိုင်းအုပ်နှင့်ခိုစီးလိုက်ပါ တိမ်မြင်းရိုင်းနဲ့ ခရီးဒုန်းစိုင်းပါမှ မုန်တိုင်းကာဆီးတွန်းမောင်းနှင် စောင်းညှင်း လွမ်းချင်းဝေးပေါ့ သခင် စမ်းစမ်းတင် ၂၀၁၇- နိုဝင်ဘာ၊ ၁၁ No tags for this...

Read more »

မောင်စွမ်းရည် – မင်းသစ် အလွမ်းစာ

မောင်စွမ်းရည် – မင်းသစ် အလွမ်းစာ

မောင်စွမ်းရည် – မင်းသစ် အလွမ်းစာ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ မင်းသစ် အဆုတ်ကင်ဆာနဲ့ ဆေးရုံတင်ထားရတယ်ဆိုတာကို မုံရွာကဗျာဆရာ ခက်သီက သတင်းပေးပါတယ်။ သူ့ကဗျာစာအုပ်ကို မင်းသစ်ရဲ့အမှာစာနဲ့ ထုတ်မှာလို့လဲ သတင်းပေးပါတယ်။ ‘မင်းစာအုပ်ရဲ့အမှာစာဟာ သူ့နောက်ဆုံးလက်ရာဖြစ်မယ်။ အမှတ်တရ ဖြစ်အောင် ဆောင်းပါအဖြစ်ရေးပြီး ဖေ့စ်ဘုတ်မှာဖြစ်ဖြစ်တင်ပါ’ လို့ ကျွန်တော်တိုက်တွန်း လိုက်ပါတယ်။ ခက်သီရဲ့ကဗျာစာအုပ်ကလည်း မင်းသစ် ဆေးရုံတက်စဉ်မှာပဲ ထွက်ခဲ့ပါပြီ။ မင်းသစ်ကွယ်လွန်လို့မှာ မိနစ်ပိုင်းရှိဦးမယ်။ ဖေ့ဘုတ်ပေါ်မှာ မင်းသစ်နာမည်တွေ ဖတ်လို့မနိုင်အောင် တက်လာခဲ့ပါတယ်။ မင်းသစ် ဟာ သူတစ်ပါးကိုကူညီတတ်ကြောင်း၊ ဘယ်သူတွေကိုဖြင့် ဘယ်လိုရက်ရက်ရောရော ကူညီပေးခဲ့ဖူးကြောင်း။ ကျွန်တော့်ကို ဘယ်တုန်းက ကျွန်မကို ဘယ်လို စဖြင့် ဖတ်လို့မဆုံးနိုင်အောင် ရေးလာကြတာတွေ့ရပါတယ်။ မှန်ပါတယ်။ မင်းသစ်ဆိုတာ ကျွန်တော်တို့တတွေနဲ့ အထူးချစ်ခင်ခဲ့တဲ့...

Read more »

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း  (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇ ● ဘုရားသုံးဆူ နေ့ရက်များ (၁) ကျနော်တို့ ဘုရားသုံးဆူစခန်း စရောက်တော့ အတန်လေးနောက်ကျနေပြီ။ နိုဝင်ဘာ ၃-ရက်နေ့မှာ ဘုရားသုံးဆူကျေးရွာ ကို ရောက်တာ၊ ကျနော်တို့ ရောက်တဲ့ မတိုင်မီကတည်းက အရေးကြီးတဲ့အဖြစ်အပျက်တွေ ဖြစ်ခဲ့တယ်။ စခန်းကိုရောက် လာကြတဲ့ ကျောင်းသားလူငယ်တွေက သူတို့ဘာသာစုဖွဲ့ပြီး စခန်းစတင်တည်ထောင်ကြတယ်။ မုဒုံ၊ သံဖြူဇရပ်အုပ်စုက များတော့ စခန်းခေါင်းဆောင်မှုမှာ သူတို့ကနေရာရကြတယ်။ သို့ပေမယ့်လည်း စခန်းခေါင်းဆောင်မယ့်သူတွေကို ကော်မီတီ ရွေးချယ်ရာမှာ ပညာတတ်တဲ့သူ၊ တကယ်လုပ်နိုင်ကိုင်နိုင်မယ့်သူတွေကို နေရာပေးကြတာ တွေ့ရပါတယ်။ မန္တလေးဆေး တက္ကသိုလ်က ကျောင်းပြီးလာပြီး၊ ကော့ကရိတ်မြို့အနီးက ရွာတရွာမှာ ဆေးခန်းထိုင်ခဲ့တဲ့ ဒေါက်တာနိုင်အောင်ကို စခန်း ဥက္ကဋ္ဌ တင်မြှောက်ကြတယ်။...

Read more »

ကိုသန်းလွင် ● ဆော်ဒီအာရေးဗီးယား ခေတ်ပြောင်းချိန်

ကိုသန်းလွင် ● ဆော်ဒီအာရေးဗီးယား ခေတ်ပြောင်းချိန်

ကိုသန်းလွင် ● ဆော်ဒီအာရေးဗီးယား ခေတ်ပြောင်းချိန် (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂ဝ၁၇ (၁) ဆော်လမွန်ဘုရင်ကြီးနှင့်နီးစပ်သော  ဆွေမျိုးသားချင်းများမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို အုပ်ချုပ်ရုံ သာမက သူတို့၏စီးပွားရေးလုပ်ငန်းများမှာလည်းဖွံ့ဖြိုးဝေဆာလျက်ရှိပါသည်။ သားတဦးတည်ထောင်သော ရင်းနှီးမြှုပ်နှံသောလုပ်ငန်းတခုကို အခြားသားတဦးက ဥက္ကဌလုပ်ပြီး ၎င်းတို့ကကြီးမားသော ကုမ္ပဏီကြီးတခုကိုပိုင်ပါသည်။ သူတို့သည် အစိုးရစီမံကိန်းများစွာလုပ်ဆောင်နေပြီးပြင်သစ်ကာကွယ်ရေး ကုမ္ပဏီတခုနှင့်ပူးပေါင်းကာ သင်္ဘောများတည်ဆောက်ရေးကို လုပ်ပါသည်။ အခြား မင်းသားတယောက်ကလည်း ကျန်းမာရေးလုပ်ငန်းနှင့် ဆက်သွယ်ရေးကရိယာများ၊ ပညာရေးနှင့် အခြားနိုင်ငံတော်က ရင်းနှီးမြှုပ်နှံသောလုပ်ငန်းများကိုလုပ်ဆောင်ပါသည်။ တခုနှင့်တခုအကျိုးအမြတ်ငွေ ရောထွေးနေသော်လည်း (Conflict of Interest) တခုမှ ဥပဒေနှင့် ငြိစွန်းသည်ဟုမရှိပါ။ သို့သော် အသက် (၃၂) နှစ်ရှိ အိမ်ရှေ့မင်းသားဖြစ်သော MBS- Mohamnad Bin Salman က အခြား သားတော် ၁၁...

Read more »

စိုးခိုင်ညိန်း ● အရူးတို့ကမ္ဘာ

စိုးခိုင်ညိန်း ● အရူးတို့ကမ္ဘာ

စိုးခိုင်ညိန်း ● အရူးတို့ကမ္ဘာ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇ ပုံမှန်အားဖြင့် ကျွန်တော်က ညနေပိုင်းမှာ လက်ဖက်ရည်ဆိုင်။ လက်ဖက်ရည်ဆိုင်က ကျွန်တော်တို့ မြို့ထဲကိုဝင်တဲ့ လမ်းမ တန်းဘေးမှာ ဖြစ်ပါတယ်။ ဆိုင်ကခပ်သေးသေးပါပဲ၊ လူလည်း သိပ်ပြီးရှုပ်ရှုပ်ထွေးထွေးမရှိလှတာမို့ ကျွန်တော်က ဒီဆိုင်မှာပဲ စွဲထိုင်ဖြစ်ပါတယ်။ သောက်ရတဲ့ လက်ဖက်ရည်လည်း မဆိုးတာကြောင့်လည်း ပါပါတယ်။ စနေတနင်္ဂနွေလိုနေ့မျိုးမှာတော့ ဆိုင်မှာ ဘောလုံးပွဲ ပြတတ်တာမို့ လူနည်းနည်း ရှုပ်တတ်တာကလွဲလို့ ဆိုင်က အေးအေးဆေးဆေး ထိုင်လို့ကောင်းတဲ့ဆိုင်ဖြစ်ပါတယ်။ အဲဒီမှာ သူက မကြာခဏရောက်ရောက်လာတတ်တာ ဖြစ်ပါတယ်။ သူက ဆိုင်ထဲကိုတော့ဝင်မလာတတ်ပါဘူး။ ဆိုင်ရှေ့က လမ်းမပေါ် မှာ တင်ပလ္လင်ခွေထိုင်ပြီး သူ့မှာပါလာတဲ့စတီးဇလုံကိုသူ့ရှေ့မှာချပြီး သူက ဆိုင်ထဲကပြထားတဲ့တီဗွီကို ငေးကြည့်နေတတ်တယ်။ ကားတွေ ဆိုင် ကယ်တွေကတော့ သူ့ကို...

Read more »

စိုးနေလင်း ● အမှောင်တွင်းနက်ထဲက လျှံထွက်လာတဲ့ပဲ့တင်သံ

စိုးနေလင်း ● အမှောင်တွင်းနက်ထဲက လျှံထွက်လာတဲ့ပဲ့တင်သံ

စိုးနေလင်း ● အမှောင်တွင်းနက်ထဲက လျှံထွက်လာတဲ့ပဲ့တင်သံ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇ အမှန်က ပွဲလည်းမပြီး မီးလည်းမသေ ရေအောက်မီးတောင်တလုံးလို အောင်းပူနဲ့ ပင်လယ်ပြင်ရဲ့ဝင်သက်ထွက်သက်ကိုချိန်ဆ ကျဲပါးကြယ်စမှုန်ပျ အလင်းအောက် ချောက်နှုတ်ခမ်းမှာ လမ်းလျှောက်နေကြ။ မလှပလိုက်ပလေ… နေထွက်ချိန် နေဝင်ချိန် ကြိမ်စာသင့်နေကြသူများအတွက် အိပ်မက်ဆိုးတို့ထပ်ပြန်ရစ်ဝဲ ခဲမှန်ဖူးသောစာသူငယ်များချည်းသာ ဧရာဝတီကား ရေအီနေဆဲ။ သဲထဲရေသွန်ဖြစ်ခဲ့ရသောဆယ်စုနှစ်များ မပီဝိုးဝါးမဟုတ် ရုပ်ကို အဟာရစောင့်ခြင်းထဲတွန်းချခံကြရ ကြားကြားသမျှ အမျှ အမျှ အမျှ… ညကနက်ဆဲ မိုးမလင်းနိုင်။ သီးခိုင်ပွင့်စုံ အာရုံကြည်နူးဆွတ်ပျံ့ဖွယ်ရာ ငြိမ်းချမ်းသာယာသောဥယျာဉ်တခု လူမှုသုခ လောကပါလတရားများ ဖွံဖြိုးရှင်သန်ရာ… ဘယ်ဆီဘယ်မှာ မှန်းဆမရ အစမကောင်းခဲ့ကြပုံ။ ပြောမယုံကြုံဖူးမှသိ အခုထိ…။    ။ Tags: စိုးနေလင်း

Read more »

ဗိုလ်သူရိန် ● ကမ္ဘာကျော် ဆူးအက်တူးမြောင်း (suez cannal) နှင့် သင်္ဘောသား

ဗိုလ်သူရိန် ● ကမ္ဘာကျော် ဆူးအက်တူးမြောင်း (suez cannal) နှင့် သင်္ဘောသား

ဗိုလ်သူရိန် ● ကမ္ဘာကျော် ဆူးအက်တူးမြောင်း (suez cannal) နှင့် သင်္ဘောသား (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇ ကမ္ဘာ့ ကုန်သွယ်စီးဆင်းမှု့မှာ ရေကြောင်းပို့ဆောင်ရေးက အဓိက အခန်းကဏ္ဍကပါဝင်ပါတယ်။ ကုန်ကျစားရိတ်လည်း သက်သာသလို ပင်လယ်ကူးသင်္ဘောကြီးတွေက ကုန်တန်ချိန်များစွာတင်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ထိရောက်သော ကုန်သွယ်မှုများစွာ ဖြစ်ပေါ်လာရေးအတွက် ရေကြောင်းပို့ဆောင်ရေးမှာ ပိုမိုလျင်မြန်တဲ့ ရေလမ်းကြောင်းများရှာဖွေလာကြ ပါတယ်။ အီဂျစ်နိုင်ငံ ကမ္ဘာကျော် ဆူးအက်တူးမြောင်းက သဲကန္တာရကို ဖြတ်ဖောက်ထားပြီး မြေထဲပင်လယ်နဲ့ ပင်လယ်နီကို ချိတ်ဆက် ထားတဲ့ ရေလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ အာရှမှ ဥရောပကို ပို့ဆောင်ကုန်သွယ်ကြမယ့် သင်္ဘောကြီးတွေက မိုင် ၄၀၀၀ ကျော် အာဖရိကတိုက်ကို ပတ်ပြီးမသွားရတော့တဲ့အတွက်ကြောင့် အချိန်ကုန် ငွေကုန်သက်သာတဲ့ တူးမြောင်းတစ်ခု ဖြစ်လာပါတယ်။ သင်္ဘောကြီးတွေက...

Read more »

လင်းသက်ငြိမ် ● လူရုပ်

လင်းသက်ငြိမ် ● လူရုပ်

လင်းသက်ငြိမ် ● လူရုပ်​ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇ ​သေနတ်​​တွေမှာ ခလုတ်​ပါတယ်​ လူ​တွေမှာ ခလုတ်​မပါဘူး ​သေနတ်​​တွေကိုစက်​ရုံကထုတ်​တယ်​ လူ​တွေကို စက်​ရုံကမထုတ်​ဘူး ဆင်​ခြင်​တုံတရား​တွေ​ ကျ​ပျောက်​ခဲ့တဲ့​နေ့က လူဟာ ​သေနတ်​ကို တီထွင်​မိတယ်​ ​မေတ္တာတရား​တွေ​ပေါက်​ပြဲခဲ့တဲ့အချိန်​မှာ လူ​တွေက လူ​တွေကို ပြန်​ထုတ်​လုပ်​ပစ်​လိုက်​တယ်​ စက်​ရုံထုတ်​​သေနတ်​​တွေနဲ့ လူထုတ်​ကုန်​လူ​တွေ​ ​က​လေး​တွေလို​ ဆော့ကစား​နေကြတယ်​ က​လေး​တွေလို​တော့ ရိုးသားမှုမရှိ ဖြူစင်​မှုမရှိ လမ်းက​ကောက်​​နေတာသိသားပဲ မ​ကောက်​​ကောက်​​အောင်​​ ​ဖောက်​​နေတာလည်းသိသားပဲ ကျည်​ဆံဆိုတာ ​အော်​ရာမင်းဂျီမဟုတ်​​တော့လည်း ငါတို့ပြားပြားဝပ်​​နေခဲ့တဲ့ နှစ်​​တွေ ငါတို့ ပြားပြားဝပ်​ရဦးမယ့်​နှစ်​​တွေ စက်​ရုပ်​​ဆိုတာ သိပ္ပံကား​တွေထဲပဲကြည့်​​ဖူးတာပါ လည်​ပင်းကိုတက်​နင်းထားတဲ့ လူရုပ်​​တွေကအစစ်​ ဘယ်​နတ်​ဘုရားကမှ ​စေခိုင်းထားခြင်းမဟုတ်​ လူရုပ်​​တွေကို လူယုတ်​​တွေက ထုတ်​လုပ်​တယ်​။ လင်းသက်​ငြိမ် Tags: လင်းသက်ငြိမ်

Read more »

အောင်ဒင် – နိုင်ငံတကာဖိအားများနှင့် မြန်မာနိုင်ငံ

အောင်ဒင် – နိုင်ငံတကာဖိအားများနှင့် မြန်မာနိုင်ငံ

Malaysia Prime Minister Najib Razak, Myanmar State Counsellor Aung San Suu Kyi, Thailand Prime Minister Prayut Chan-o-cha and Vietnam Prime Minister Nguyen Xuan Phuc join hands during a family photo before the opening session of the 31st Association of Southeast Asian Nations (Asean) Summit in Manila Photo: Aaron Favila/EPA အောင်ဒင် – နိုင်ငံတကာဖိအားများနှင့် မြန်မာနိုင်ငံ (မိုးမခ)...

Read more »

ကာတွန်း OKKW ● မျှော်လင့်ချက်ကာလာစုံ

ကာတွန်း OKKW ● မျှော်လင့်ချက်ကာလာစုံ

ကာတွန်း OKKW ● မျှော်လင့်ချက်ကာလာစုံ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇ Tags: ကာတွန်း OKKW

Read more »

မောင်စွမ်းရည် – အမျိုးသားနေ့ရောက်ပြန်ပြီ

မောင်စွမ်းရည် – အမျိုးသားနေ့ရောက်ပြန်ပြီ

Photo -taken in 2007 မောင်စွမ်းရည် – အမျိုးသားနေ့ရောက်ပြန်ပြီ (မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၇ ”အမျိုးသားနေ့”ဆိုတာ ဗမာပြည်မှာ ကျင်းပသေးရဲ့လားဆို တာ မသေချာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ နှစ်စဉ်တန်ဆောင်မုန်းလရောက်တိုင်း တန်ဆောင်မုန်းလပြည့်ည စစ်ကိုင်းတောင် ဘုရားပွဲနဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက် အမျိုးသားနေ့ တို့ကို သတိမရဘဲ မနေနိုင်ပါ။ တန်ဆောင်မုန်းရောက်တိုင်း အမျိုး သားနေ့အကြောင်း စာစီစာကုံးရေးခဲ့ရတဲ့ ကျောင်းသားဘဝကို လည်း သတိရမြဲပါပဲ။ မျက်မှောက်ခေတ်ကျောင်းသားတွေရော အမျိုးသားနေ့အကြောင်း သင်ရသေးသလား၊ ရေးရသေးသလား မသိ။ သိချင်ပါဘိ။ ကျွန်တော် အလယ်တန်းကျောင်းသားဘဝက မန္တလေးမြို့၊ အမှတ် ၁ အစိုးရအထက်တန်းကျောင်းမှာ နေခဲ့ရဖူးပါတယ်။ မန္တလေးမှာ အမျိုးသားကျောင်းဆိုတာ အထင်အရှားရှိပြီး ခုတော့ အမှတ်...

Read more »

ကာတွန်း သာလှ(နတ္တလင်း) – ငြိမ်းချမ်းရေးနဲ့ သီချင်း

ကာတွန်း သာလှ(နတ္တလင်း) – ငြိမ်းချမ်းရေးနဲ့ သီချင်း

  ကာတွန်း သာလှ(နတ္တလင်း) – ငြိမ်းချမ်းရေးနဲ့ သီချင်း (မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၇ Tags: ကာတွန်း သာလှ

Read more »

မောင်စွမ်းရည် – ရွှေသမင်

မောင်စွမ်းရည် – ရွှေသမင်

  မောင်စွမ်းရည် – ရွှေသမင် (မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၇ ”သမင်”ကို ချစ်ခင်မြတ်နိုးတဲ့အတွက် ”ရွှေသမင်”လို့ခေါ်ကြတယ် မှတ်ပါတယ်။ ဝါညိုရောင်ရှိလို့ ရွှေသမင်လို့ခေါ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ သမင်မှတစ်ပါး တခြားသတ္တဝါလေးတွေကို ”ရွှေ” ရှေ့ကထားပြီး အမြတ်တနိုးခေါ်ကြတာ ရှားပါတယ်။ သမင်လိုပဲ ချစ်ခင်စရာကောင်းတဲ့ ”ယုန်”ကလေးတွေကိုလည်း ”ရွှေယုန်”လို့ တင်စားခေါ်ဝေါ်လေ့ရှိပါရဲ့။ သမင်ကတော့ အမြဲတမ်း ရွှေသမင်ပါ ပဲ။ ကျွန်တော်တို့ မြန်မာစာပေနဲ့ ဗုဒ္ဓစာပေတွေထဲမှာ သမင်ဆို ဇာတ်လိုက်တစ်ကောင်ပါပဲ။ ပုံပြင်တွေထဲမှာ နံရံပန်းချီတွေထဲမှာ သမင်အမြဲပါရှိတတ်ပါတယ်။ သုဝဏ္ဏသာမဇာတ်တော်မှာ ပီဠိယကွ မင်းကြီး ”သမင်လိုက်ခန်း”ပါရှိပါတယ်။ သမင်လိုက်ရင်းက သမင် တွေနဲ့ချစ်ခင်စွာ အတူရောရောနှောရေဆိပ်မှာ ရေခပ်လေ့ရှိတဲ့ သုဝဏ္ဏသာမကို သမင်နဲ့ရောမှားပြီး မင်းကြီးကလေးနဲ့ခွင်းမိခဲ့ပါ တယ်။ ”ရွှေလိုဝင်းတဲ့ မင်းသုဝဏ်ကို စိန်ချွန်တော်”စသဖြင့်...

Read more »

နရီမင်း – ဖေ့စ်ဘုတ်ဆိုတာ

နရီမင်း – ဖေ့စ်ဘုတ်ဆိုတာ

ဖေ့စ်ဘုတ်ဆိုတာ… နရီမင်း  (မိုးမခ)၊ နိုဝင်ဘာ ၁၂၊ ၂၀၁၇ ဖေ့စ်ဘုတ်ဆိုတာ စီးပွား​ရေးသမားတွေ ဈေးရောင်းပြီး နိုင်​ငံ​ရေးသမားတွေ မဲတောင်းတဲ့ နေရာဖြစ်တယ်။ ကြော်ငြာသူက ကြော်ငြာပြီး လိမ်ညာသူကလည်း လိမ်ညာကြတယ်။ ဖေ့စ်ဘုတ်ဟာ ရွာကြီးတစ်ရွာဆိုမှတော့ ဒီရွာမှာ ဘိန်းစားနဲ့ဂျပိုး၊ သူခိုးနဲ့ ပြည့်တန်ဆာ အမျိုးစုံရှိမှာပဲ။ ဒါပေမဲ့ ဒီရွာဟာ စုန်းအတတ်ပညာ ထွန်းကားရာ မှော်ကမ္ဘာဖြစ်တယ်။ အဘွားကြီးတွေ ပြန်ငယ်ချင်လို့ရသလို လူအိုတွေ ပြန်ပျိုနိုင်ပြီး ငကြောက်က သူရဲ​ကောင်းနဲ့ ဖာခေါင်းက သူတော်ကောင်းဖြစ်နိုင်တယ်။ ဖေ့စ်ဘုတ်ဟာ ဒီမိုက​ရေစီ ကျင့်သုံးမှုပါလို့ ဘယ်လောက်ပဲ ပြောပြော ဗိုလ်ကျစိုးမိုးရေးဝါဒနဲ့ အုပ်​စုဖွဲ့လူမိုက်ဂိုဏ်းတွေလည်း ရှိမှာပဲ။ ဖေ့စ်ဘုတ်ဆိုတာ အမျိုးသားတချို့ လက်မောင်းကြွက်သားညှစ်ပြဖို့နဲ့ အမျိုးသမီးတချို့ တင်ပါးကြွက်သားညှစ်ပြဖို့ နေရာလည်း ဖြစ်တယ်။ တချို့ ဖေ့စ်ဘုတ်ပေါ် စစ်​တိုက်​ကြပြီး...

Read more »

ညိုထက်ညို ● အနုပညာ သံဝေ

ညိုထက်ညို ● အနုပညာ သံဝေ

ညိုထက်ညို ● အနုပညာ သံဝေ (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇ လွန်ခဲ့သော ခြောက်နှစ် ခုနစ်နှစ်ခန့်ကဟု ထင်ပါသည်။ ‘လေးလွှာ’ ဟု အမည်ပေးထားသော ဝတ္ထုတိုလေးတပုဒ်ကို ကျွန်တော် ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားပြီး ဝတ္ထုတိုလေးမှာ ကျွန်တော့်ကွန်ပြူတာထဲတွင်သာ အောင်းနေခဲ့ပါသည်။ ပြည်ပရောက်ပြီး မြန်မာပြည်နှင့် အဆက်အသွယ် ပြတ်နေသောကြောင့် မည်သည့်မဂ္ဂဇင်းသို့မျှလည်း မပို့ဖြစ်၊ ကျွန်တော်ပါဝင်ရေးသားနေသော ‘စပ်မိစပ်ရာ’ အမည်ရှိ ဘလော့တွင်လည်း မတင်ဖြစ်ဘဲ ကိုယ့်ဖာသာကိုယ်သာ ကွန်ပြူတာထဲ သိမ်းထားခဲ့မိပါသည်။ ထိုသို့ရှိစဉ် တရက်တွင် အမှတ်မထင် အင်တာနက် online ပေါ်တွင် ဝတ္ထုတိုပြိုင်ပွဲ ပြုလုပ်ပေးနေသော မြန်မာအင်တာနက် စာမျက်နှာတခုကို တွေ့ရှိခဲ့ပါသည်။ စာမျက်နှာ၏ အမည်မှာ www.thebestmyanmarnovels.com (ယခု ထိုစာမျက်နှာ မရှိတော့ပါ)...

Read more »

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇ ● လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၅) ကျနော် တောထဲမှာ ရှိနေစဉ် စုလှိုင်ကို ဆက်သွယ်ဖို့ မကြိုးစားခဲ့ဘူး။ မြို့ကို ဆက်သွယ်လို့ရနိုင်တဲ့ လမ်းကြောင်းတွေ၊ ယူဂျီ အဆက်အသွယ်တွေ ရှိခဲ့ပါတယ်။ ကျနော် မဆက်သွယ်ဘဲ ထားခဲ့တယ်။ ကျနော့်ရဲ့ရွေးချယ်မှုလမ်းကြောင်းကို စုလှိုင် နားမ လည်နိုင်ဘဲ ရှိနေလိမ့်မယ်။ သူ့အဖေဟာ စစ်တပ်က တပ်ရင်းမှူးတယောက်ဆိုတော့ စုလှိုင်ဟာလည်း အစိုးရရဲ့ဝါဒဖြန့်ချိ ရေး သတင်းမှိုင်းတွေကို တစုံတရာ ယုံကြည်နေလိမ့်မယ်။ ဒါမှ မဟုတ်ရင်လည်း သူ့အပေါ် စိမ်းစိမ်းကားကားလုပ်သွားတဲ့ စစ်သွေးကြွကောင်လေးတယောက်ကို စိတ်နာနေမှာပေါ့။ ကျနော်တို့ကြားထဲ စည်းခြားခဲ့ပြီ ယူဆနေမိတယ်။ သူနဲ့ သင့်တော် သူ တယောက်ယောက်၊...

Read more »

မောင်လူရေး – ဆိုရှယ်မီဒီယာ သို့မဟုတ် ပုဂ္ဂလိကနှင့် အလုံးစုံလွှမ်းခြုံမှုသဘော

မောင်လူရေး – ဆိုရှယ်မီဒီယာ သို့မဟုတ် ပုဂ္ဂလိကနှင့် အလုံးစုံလွှမ်းခြုံမှုသဘော

  မောင်လူရေး – ဆိုရှယ်မီဒီယာ သို့မဟုတ် ပုဂ္ဂလိကနှင့် အလုံးစုံလွှမ်းခြုံမှုသဘော (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇ဆိုရှယ်မီဒီယာသည် ယုံကြည်မှု အမျိုးမျိုး ရှိကုန်သော လူအများအား ကိုယ့်သဘောဆန္ဒတွေကို တကမ္ဘာတစ်ခုလုံးအား တင်ဆက်ခွင့်ပေးသည့် ဘုရားတို့၏ဧကရာဇ် နည်းပညာခေတ်ကြီး၏လက်ဆောင်မွန်ဖြစ်သည်။ နည်းပညာအားနည်းသော ဒီမိုကရေစီတွင် လူတိုင်းအဖို့ ၎င်းတို့ ဆန္ဒများကို တင်ပြခွင့် မရှိပေ။ ထို့ကြောင့် စင်ရှိသူများ၊ ပလ္လင်ရှိသူများ၊ မီဒီယာပိုင်ရှင်များ၊ မိုက်ခွက်ကိုင်များ၏ လူပေါ်လူဇော်လုပ်သမျှ ခံကြရပေသည်။ ယခုမူ လူတိုင်းအဖို့ မိမိအကောင့်သည် မိမိ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကုစားရေးစင်တာ၊ ဟောပြောဆွေးနွေးရာ၊ သတင်းဌာနများ ဖြစ်နေကြပြီ။ ကောင်းစွ။ တပြိုင်နက်တည်းမှာပင် ရွေးချယ်မှု စိစစ်မှု တင်ဆက်မှု စည်းရုံးမှု လှုံ့ဆော်မှုအရည်အသွေးများလည်း...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်