လင်းငယ် ● နောက်ဆုံးနေ့

လင်းငယ် ● နောက်ဆုံးနေ့

လင်းငယ် ● နောက်ဆုံးနေ့ (မိုးမခ) မတ်လ ၂၁၊ ၂၀၁၈ သေခြင်းတရားက ကိုယ့်အနီးက ရုတ်တရက် မပြောမဆို ဖြတ်သန်းသွားတော့ ကြောက်ရွံ့နေမိသည်။ သေခြင်းတရားက ကိုယ်ချစ်ရတဲ့သူကို ဆွဲခေါ်သွားတဲ့အခါ နာကျင်ကြေကွဲရသည်။ ဒီလိုနဲ့ အခုတလော သေခြင်းတရားအကြောင်းချည့် တွေးမိ နေဖြစ်သည်။ (၁) ကိုယ်က အင်္ဂလိပ်စာညံ့သည်။ ငယ်ငယ်က ရွာမှာနေခဲ့ရတာရယ် အားထုတ်မှု အားနည်းခဲ့တာရယ်ကြောင့် အင်္ဂလိပ်ဘာသာ စကားကို လန့်သည်။ ဤသို့သော လူကိုမှ အလုပ်လုပ်ရတော့ နိုင်ငံခြားသားများနဲ့ အင်္ဂလိပ်စာကို ရုံးသုံးလုပ်ရသည့် အလုပ် မှာ ရသည်။ ထိုအလုပ်ထဲမှာမှ အစည်းအဝေး မှတ်တမ်းရေးရသည့်တာဝန်ပါသည်ဆိုတော့ စဉ်းစားကြည့်ပေတော့။ အစည်း အဝေးတို့ ထုံးစံအတိုင်း လုပ်ငန်းစဉ်တွေ ချမှတ်တာပါလေ့ရှိသည်။ ဘယ်အလုပ်ကို ဘယ်သူက ဘယ်နေ့ ဘယ်အချိန်...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၂)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၂)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၂) (မိုးမခ) မတ်လ ၂၁၊ ၂ဝ၁၈ ● ၂ဝ၂ စစ်ဒေသ ၂ဝ၂ စစ်ဒေသအား ၁၉၆၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သောစစ်ဒေသများထဲတွင် ပြသနာအများဆုံး အခက်အခဲဆုံးစစ်ဒေသလည်းဖြစ်ခဲ့သည်။ စတင်ဖွင့်လှစ်ကထဲက လွတ်မြောက်သည့် အခြေခံဒေသဟူ၍ မရှိခဲ့ဘဲ ပြောက်ကျားဒေသအဖြစ် တလျောက်လုံးရပ်တည်ခဲ့ရသည့်ဒေသဖြစ်သည်။ ၂ဝ၂ စစ်ဒေသအား မူလရှမ်းပြည်နယ် မိုးကုတ်ခရိုင်မှရဲဘော်များ၊ တရုတ်ပြည်ရောက် စစ်ချွမ်းရဲဘော်ဟောင်းများ၊ ကွေ့  ကျိုးရဲဘော်ဟောင်းများနှင့် ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။ အစောပိုင်းခေါင်းဆောင်များမှာ စစ်ဒေသ နိုင်ငံရေးမှူးဦးကြည်ပြိုင်၊ တပ် မှူး ဦးတင့်လှိုင်တို့အပြင် ဦးဇော်ဝင်း၊ ကိုမြအောင်၊ ကိုတုတ် စသည့် စစ်ချွမ်းရဲဘော်ဟောင်းများ၊ ရဲဘော်ဘရန်ရှောင်စ...

Read more »

ကျော်နိုင် ● မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ကောင်စီဥပဒေ ပုဒ်မ (၃၇)၊ ပုဒ်မ (၄၀)၊ နည်းဥပဒေပုဒ်မ (၁၀၂)

ကျော်နိုင် ● မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ကောင်စီဥပဒေ ပုဒ်မ (၃၇)၊ ပုဒ်မ (၄၀)၊ နည်းဥပဒေပုဒ်မ (၁၀၂)

ကျော်နိုင် ● မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ကောင်စီဥပဒေ ပုဒ်မ (၃၇)၊ ပုဒ်မ (၄၀)၊ နည်းဥပဒေပုဒ်မ (၁၀၂) (မိုးမခ) မတ်လ ၂၁၊ ၂၀၁၈ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေအရ အင်ဂျင်နီယာကောင်စီ စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ကောင်စီဥပဒေပုဒ်မ (၃၇) နှင့် ပုဒ်မ (၄၀) တို့ကို အင်ဂျင်နီယာအများက ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ တဖန် နည်းဥပဒေထွက်လာ သော အခါ ပုဒ်မ (၃၇) နှင့်ဆက်စပ်လျက်ရှိသည့် ပုဒ်မ (၁၀၂) ကိုပါတွဲ၍ ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ဥပဒေပုဒ်မ (၃၇)၊ ပုဒ်မ (၄၀) နှင့် နည်းဥပဒေပုဒ်မ (၁၀၂) တို့သည် လက်တွေ့ကျင့်သုံးရန် မည်သည့်နည်းနှင့်မျှ ကျိုးကြောင်း လျော်ညီမှုမရှိသော၊ ယုတ္တိလုံးဝမကျသော ပုဒ်မများဖြစ်သည်ကို အင်ဂျင်နီယာများအားလုံး သိကြသည်။...

Read more »

ကာတွန်း kzzh ရဲ့ လူကြိုက်နည်းလာသူတွေ

ကာတွန်း kzzh ရဲ့ လူကြိုက်နည်းလာသူတွေ

ကာတွန်း kzzh ရဲ့ လူကြိုက်နည်းလာသူတွေ (မိုးမခ) မတ်လ ၂၁၊ ၂၀၁၈ Tags: ကာတွန်း - KZZH

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၆)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၆)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၆) (မိုးမခ) မတ်လ ၂၁၊ ၂၀၁၈ (မကြာမီထွက်လာမည့် ကြုံဖူး ဆုံဖူး ကြိက်ဖူးသူများ စာအုပ်ထဲကပါ) တင်တင်မူမသေ သေသော် တင်တင်မူပြန်ဖြစ်၏ (၁) ကျွန်တော်ရုပ်ရှင် စကြည့်စဉ်ကပင် မြန်မာမင်းသမီးများအနက် တင်တင်မူသည် အခြားမင်းသမီးများနှင့် မတူတမူခြားနေ ကြောင်း သတိထားမိ၏။ ဘယ်နေရာ ဘယ်ဟာရယ်လို့ အတိအကျမသိ။ ဗြိတိသျှဘားမားမှ ရပ်ရှင်စာစောင်များဖတ်သည်၊ ကြော်ငြာတွေထဲမှ တင်တင်မူပုံတွေ၌လည်း တခုခုထူးနေသလိုပင်။ နောက်ထပ်ကြည့်တော့ ဇာတ်လမ်းတို့ မင်းသားတို့ထက် တင်တင်မူ၏ ထိုအထူးကိုသာ ပိုပြီးအလေးထားရှာ၏။ တွေ့ပါပြီ၊ ၀တ်စားပုံရယ်၊ လမ်းလျှောက်ဟန်ရယ်၊ စီးကရက်ကို နှုတ်ခမ်းပေါ်တင်ရုံလေးတင်ကာ သောက်ပြတာရယ်။ အဲဒီသုံးချက်ကို တင်တင်မူ၏ ကိုယ်ပိုင်ဟန်ဟု တင်းစားရေးသားလာကြသည်ကို နောက်ပိုင်း၌ ကျွန်တော်ဖတ်လာရသည်။ (၂) တင်တင်မူသည် ထဘီပျော့ပျော့ကို...

Read more »

ခင်လွန်း – ကမ္ဘာကြီးရေ ကဗျာနေ့မှာ ငါ ကဗျာမရေးတော့ဘူး

ခင်လွန်း – ကမ္ဘာကြီးရေ ကဗျာနေ့မှာ ငါ ကဗျာမရေးတော့ဘူး

ကမ္ဘာကြီးရေ ကဗျာနေ့မှာ ငါ ကဗျာမရေးတော့ဘူး ခင်လွန်း (မိုးမခ) မတ် ၂၁၊ ၂၀၁၈  ကဗျာတွေလဲ ဖတ်မနေတော့ပါဘူးကွာ တော်လှန်ရေးမှ မအောင်ဘဲ  ကဗျာတွေလဲ စပ်မနေတော့ပါဘူးကွာ  တော်လှန်ရေးလို့ပြောရင်  ငပေါဖြစ်တာပဲ နိုင်ငံ့အရေးလို့ပြောရင်  ငပေါဖြစ်တာပဲ  ဒါပေမဲ့  ကွမ်းယာစားသလိုပေါ့ကွာ  ပါးချောင်ထဲ ငုံထားလိုလဲ ငုံထား  သွားနဲ့ ဖိဝါးချင်လဲ ဝါး  သွားဖုံးကြားထဲညှပ်နေရင်  လက်ညှိုးထိုးသွင်းပြီး ကော်ထုတ်ချင်လဲကော်ထုတ်  ပါးစပ်က လှုပ်နေမှကွ နှုတ်ခမ်းက  ရဲနေမှကွ  ကဗျာအကြောင်းပြောကြတာပေါ့  နီစရာ ရဲစရာ ရှိလဲ  နှုတ်ခမ်းကိုသာကြည့်လိုက်  ငါဟာ ရဲရဲနီသပေါ့  ပြီးတော့ ထွေးထုတ်လိုက်တယ်ကွာ  လမ်းပေါ်ပစ်ခနဲ ထွေးထုတ်လိုက်တယ်ကွာ  ကဗျာအကြောင်းပြောကြတာပေါ့ နိုင်ငံရေး တော်လှန်းရေးလား တဲ့ နှုတ်ခမ်းကိုကြည့်ပေါ့  ငါ့ပါးစပ်က ရဲလို့  စင်ပေါ်တက်လဲ ရဲလို့ ...

Read more »

ကာတွန်း ကိုခေတ်ရဲ့ အာစိတို့ကြိုက်တဲ့ကား

ကာတွန်း ကိုခေတ်ရဲ့ အာစိတို့ကြိုက်တဲ့ကား

ကာတွန်း ကိုခေတ်ရဲ့ အာစိတို့ကြိုက်တဲ့ကား (မိုးမခ) မတ်လ ၂၀၊ ၂၀၁၈ Tags: ကာတွန်း ကိုခေတ်

Read more »

မင်းကိုနိုင် ● ဖိနပ်အပေါင်းရဲ့ ဇာတ်ကြောင်းတွေ

မင်းကိုနိုင် ● ဖိနပ်အပေါင်းရဲ့ ဇာတ်ကြောင်းတွေ

မင်းကိုနိုင် ● ဖိနပ်အပေါင်းရဲ့ ဇာတ်ကြောင်းတွေ (မိုးမခ) မတ်လ ၂၀၊ ၂၀၁၈ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ ဖိနပ်ဟောင်း မှန်သမျှဇာတ်ကြောင်းပြန်ပြစရာရှိတယ်ဟု ကျွန်တော်ကအဆိုတင်ချင်သည်။ ဖိနပ်နှင့်ပတ်သက်သည့် ဇာတ်လမ်း လူတိုင်းကိုယ်စီရှိသည်မဟုတ်ပါလား။ တစ်ယောက်က ပြောလိုက်သည်နှင့်ကိုယ့်မှာလည်းပြောစရာအသင့်ရှိပြီးသား။ အများစုမှာ လွမ်းစရာ၊ရယ်စရာ၊ ရှက်စရာ၊သံဝေဂရစရာအစုံပါပါလိမ့်မည်။ ဖိနပ်မှား၊ ဖိနပ်ပျောက်၊ ဖိနပ်ပြတ်ထိုမှစသည့်ဇာတ်လမ်းတွေများပါ သည်။ ဖိနပ်နှင့်ပတ်သက်၍ အစောဆုံးမှတ်မိကြတာချင်းလည်း တူ ကြပါလိမ့်မည်။ ဖိနပ်မမြဲသည့် အရွယ်မို့ အတုပ်အနှောင်နှင့်စီးရသည့်အတွေ့အကြုံသစ်က အဲသည်လူကလေးတွေကို အတွေးအမြင်စပေးနိုင်ပါသည်။ ‘‘ဟဲ့…ကလေးက ဖိနပ်လည်း မပါဘူး။ ခုပြန်စီးစမ်း။ ဆင်ခြေပေးမနေနဲ့’’ ဒါကကလေးတိုင်းကြုံဖူး သည့်အမိန့်။ ဒါကို လိုက်နာပြီး နေရာတကာစီးပြန်တော့လည်း အဆင်မပြေသေးပါ။ ‘‘ဟဲ့ ဖိနပ်ကြီးစီးပြီး ၀င်လာ ရလား၊ ခုပြန်ချွတ်’’ အိမ်ဦးခန်းမှစ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ဖိနပ်မစီးရတဲ့နေရာတွေအများသားမဟုတ်လား။...

Read more »

ဆလိုင်းဇုန် ● တောပန်းလေးရဲ့ မိုးကောင်းကင်

ဆလိုင်းဇုန် ● တောပန်းလေးရဲ့ မိုးကောင်းကင်

ဆလိုင်းဇုန် ● တောပန်းလေးရဲ့ မိုးကောင်းကင် (မိုးမခ) မတ်လ ၂၀၊ ၂၀၁၈ တောပန်းလေးအကြောင်းပြောတော့မယ်ဆိုရင် တောတောင်တွေနဲ့တောင်တန်းကြီးကို အရင်ပြောပြမှရမယ်။ တောင်တန်း ကြီးဆိုတာ တောင်ဆွယ် အသွယ်သွယ် တန်းနေတဲ့ မြေပြင် အနေအထားပါပဲ။ ပင်လယ်ရေမျက်နှာပြင်အမြင့် တဖြည်းဖြည်း များလာလေလေ တောင်တန်းကြီးက ပိုမြင့်လေလေလို့ သတ်မှတ်တာပါပဲ။ တကယ်တော့ ဒီတောင်တန်းဟာ ပင်လယ်ရေ မျက်နှာပြင် ပေ ၆၀၀၀ လောက်မြင့်နေတဲ့ တောင်တန်းဒေသပေါ့။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်း အိန္ဒိယနိုင်ငံနဲ့ ထိစပ် နေတဲ့ဒေသပေါ့။ အများသိတဲ့ ချင်းပြည်။ တကယ်တော့ ဒီနေရာလေးက လူပေါင်းများစွာ ချစ်ခင်စွာနဲ့ပဲ ခွဲခွာခံလိုက်ရတဲ့ ဒေသလေးပါပဲ။ သမုဒ္ဒရာ ၀မ်းတထွာအတွက် ဇာတိမြေကိုခွာ ရေကြည်မယ် မြက်နုမယ်ထင်ရာကို ပြောင်းရွေ့သွားကြရတာပါ။ တကယ်တော့ တောင်တန်းကြီးမှာ အပြစ်မရှိပါဘူး။...

Read more »

ဇင်လင်း ● အဂတိတရားလေးပါးကို စောင့်ထိန်းကြမှသာ တရားဥပဒေစိုးမိုးရေး တည်ဆောက်နိုင်မည်

ဇင်လင်း ● အဂတိတရားလေးပါးကို စောင့်ထိန်းကြမှသာ တရားဥပဒေစိုးမိုးရေး တည်ဆောက်နိုင်မည်

ဇင်လင်း ● အဂတိတရားလေးပါးကို စောင့်ထိန်းကြမှသာ တရားဥပဒေစိုးမိုးရေး တည်ဆောက်နိုင်မည် (မိုးမခ) မတ်လ ၂၀၊ ၂၀၁၈ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က ၂ဝ၁၇ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှုစာရင်း ကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာ၌ မြန်မာနိုင်ငံက အမှတ် ၃ဝ သာ ရရှိသည်။ ခြစားမှု နံပတ်စဉ်အရ ကမ္ဘာ့နိုင်ငံ ၁၈ဝ ရှိသည့်အနက် အဆင့် ၁၃ဝ သတ်မှတ်ခံရသည်။ ယခင်၂ဝ၁၆ ခုနှစ်က အဆင့် ၁၃၆ သတ်မှတ်ခံရသဖြင့် ၂၀၁၇ ခုနှစ်တွင် အဆင့် အနည်းငယ် တိုးတက်လာသည်ဟု ဆိုနိုင်သည်။ ၂ဝ၁၇ ခုနှစ် စာရင်းတွင် နယူးဇီလန်နိုင်ငံက ၈၉...

Read more »

ကာတွန်း ATH ရဲ့ ရွာသားတွေ

ကာတွန်း ATH ရဲ့ ရွာသားတွေ

ကာတွန်း ATH ရဲ့ ရွာသားတွေ (မိုးမခ) မတ်လ ၂၀၊ ၂၀၁၈ No tags for this post.

Read more »

မောင်စွမ်းရည် ● မန်းတက္ကသိုလ် ကလောင်ရှင်များအသင်း

မောင်စွမ်းရည် ● မန်းတက္ကသိုလ် ကလောင်ရှင်များအသင်း

   မောင်စွမ်းရည် ● မန်းတက္ကသိုလ် ကလောင်ရှင်များအသင်း (မိုးမခ) မတ်လ ၂၀၊ ၂၀၁၈ မန်းတက္ကသိုလ်ကို ကျွန်တော် ၁၉၅၆ ခုနှစ်မှာရောက်တယ်။ ကျွန်တော်နဲ့အတူ တစ်နှစ်တည်း တက္ကသိုလ်ရောက်သူများက တော့ မောင်မိုးသူ (အမည်ရင်း စိန်မြင့်)၊ ကြည်အောင် (အမည်ရင်း ကြည်လင်း)၊ ကသာဝင်းကြွယ် (အမည်ရင်း ခင်မောင်ဝင်း)၊ ဘင်လူခင် (အမည်ရင်းကိုသိန်းဟန်း)၊ ညွန့်အေးခ (အင်းဝ) – (အမည်ရင်း ကံညွန့်)၊ လေးမောင်(မြင်းခြံ)၊ မုံရွာစောလွင်၊ မန္တလေး- ပင်းယမွှေး (တင်မွှေးလှ)၊ အရိုင်း (ရွှေမန်းညာမြေ) – (အမည်ရင်း ခင်စုလှိုင်)၊ ရွှေဘိုတူးမာစတဲ့ စာပေသမားတွေဖြစ်ပါ တယ်။ စာပေသမားတွေချည်း ရွေးပြီးဖော်ပြလိုက်တာဖြစ်တဲ့အတွက် ကလောင်နာမည်နဲ့ အမည်ရင်းနှစ်ခုစီ ဖော်ပြရတာဖြစ်ပါ တယ်။ အားလုံး ၁၉၃၇...

Read more »

မင်းငြိမ်းအေး – ပျင်းရိခြင်းအကြောင်း

မင်းငြိမ်းအေး – ပျင်းရိခြင်းအကြောင်း

KT# ပျင်းရိခြင်းအကြောင်း မင်းငြိမ်းအေး (မိုးမခ) မတ် ၂၀၊ ၂၀၁၈ နေနဲ့အတူလိုက်ရွေ့ခဲ့တယ် မြေနဲ့အတူတိမ်းစောင်းခဲ့တယ် အတင်းအဖျင်းစကားပုံတွေနဲ့ ချီးမွမ်းခန်းဖွင့်ခဲ့ ဂုဏ်ယူစရာကောင်းအောင် ကဲ့ရဲ့ခဲ့ လူသေအလောင်းတွေဖော်ပြီး လူအရှင်တွေနဲ့ ပြပွဲလုပ်ခဲ့ သွေးလိုအပ်တဲ့မြစ်တွေအတွက် သွေးလှုရှင်ရှာခဲ့ မိသားစုနဲ့ငွေကြေးကို အချိုးမချတတ်သေး အသည်းကွဲခြင်းမှာ ဆေးမယဉ်သေး အရပ်ဆယ်မျက်နှာထိ မေတ္တာမထားတတ်သေး ငါပျင်းခဲ့တာကမ္ဘာတည်ပါတယ် ။ မင်းငြိမ်းအေး No tags for this post.

Read more »

ကာတွန်းရွှေဗိုလ်ရဲ့ ဟန်ရေးပြသူတွေရေ …

ကာတွန်းရွှေဗိုလ်ရဲ့ ဟန်ရေးပြသူတွေရေ …

ကာတွန်းရွှေဗိုလ်ရဲ့ ဟန်ရေးပြသူတွေရေ … (မိုးမခ) မတ်လ ၁၉၊ ၂၀၁၈ Tags: ကာတွန်းရွှေဗိုလ်

Read more »

ဇော်အောင် (မုံရွာ) ● ဂျပန်ကုမ္ပဏီများက မြန်မာ့စီးပွားရေးကို အုပ်စီးမိသွားပြီလားနဲ့ FDI/PPP

ဇော်အောင် (မုံရွာ) ● ဂျပန်ကုမ္ပဏီများက မြန်မာ့စီးပွားရေးကို အုပ်စီးမိသွားပြီလားနဲ့ FDI/PPP

ဇော်အောင် (မုံရွာ) ● ဂျပန်ကုမ္ပဏီများက မြန်မာ့စီးပွားရေးကို အုပ်စီးမိသွားပြီလားနဲ့ FDI/PPP (မိုးမခ) မတ်လ ၁၉၊ ၂ဝ၁၈ ● JICA (Japan International Cooperation Agency) မိုဘိုင်းဖုန်းမှာ အမ်ပီတီကို ဂျပန် ဆူမီတိုမိုကုမ္ပဏီက အပိုင်စီးလိုက်ပြီ သတင်းနဲ့အတူ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုတ်နှံမှုတွေဟာ ဂျပန်အစိုးရရဲ့ ဂျိုင်ကာ JICA နဲ့အတူ တဟုန်ထိုးဝင်လာပါတော့တယ်။ ပထမဆုံး ဂျပန်ရဲ့အကူအညီကတော့ ဒေါ်လာ သန်း တစ်ထောင်အကူအညီ Grant နဲ့ မြန်မာနိုင်ငံ ၁၉၈၇ ကတည်းကမပေးနိုင်တဲ့ အကြွေးတွေကို ဂျပန်ကတဆင့် အာရှ ဘဏ်၊ ကမ္ဘာ့ဘဏ်တွေကို ပေးချေလိုက်ခြင်းဖြစ်ပါတယ်။ ဇန္နဝါရီ ၂ဝ၁၃ မှာ ဂျပန်အစိုးရရဲ့ အိုဒီအေ ODA Loan နဲ့...

Read more »

လင်းသက်​ငြိမ်​ – သရဲရထား

လင်းသက်​ငြိမ်​ – သရဲရထား

သရဲရထား လင်းသက်​ငြိမ်​ (မိုးမခ) မတ် ၁၉၊၂၀၁၈ ဘီးလှိမ့်​လှိမ့်​ခြင်းပဲကိုယ် ​အ​ပေါ်ခုန်​အုပ်​လိုက်​တဲ့မလုံခြုံမှု ​​ကြောက်​စိတ်ဟာ ​မွှေးညင်း​ပေါက်​တပေါက်​ချင်းစီက​နေ ထိုးထွက်​လို့ မျက်​လုံးကို ဆွဲပိတ်​တယ်​ ကိုယ်​ထဲ ခုတ်​​မောင်း​​​နေတဲ့​ရေတံခွန်​ကြီး ကြားရတဲ့အသံတိုင်း ​ရှော့ခ်​ မြင်​ရတဲ့မြင်​ကွင်း​ ရှော့ခ်​ ​​ခြောက်​ခြားမှုကို အရသာခံဖို့ ရှာရှာကြံကြံအ​တွေး ရမှရတတ်​ပ​လေတယ်​ ​သွေး​တွေဟာ တမင်​ပန်းထုတ်​ထားတာ အူ​တွေဟာ  တမင်​ဆွဲထုတ်​ထားတာ ​နေရာတကျ ​နေရာချထားတဲ့ လူ​သေ​ကောင်​​တွေကြားထဲ အစီအစဉ်​အရ လူ​တွေဖြတ်​​ကျော်​သွားရတယ်​ ထိုင်​ခုံကို ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ထား​လေ သတ္တိ​တွေ​ ​​ပြေ​ပြေကျ​လေပဲ ငယ်​သံပါ​အောင်​​အော်​ရဖို့ ရထားစီးခဲ့တာမဟုတ်​​ပေမယ့်​ ငယ်​သံပါ​အောင်​​အော်​​နေရတယ်​ လွှစက်​ကြီး ​တဝှီးဝှီး မြည်​​လို့ ဓားသွား​တွေ ​နေရာအနှံ့က ပြုတ်​ပြုတ်​ကျလို့ အ​မှောင်​ကို အသုံးချထားတဲ့ ကစားနည်း အလင်း​ရောင်​ကို ​လျှော့ချထားတဲ့ ကြိုတင်​ကြံစည်​မှု ငါတို့​အော်​သံ​တွေကို ငါတို့ ပြန်​လည်​ရယ်​သွမ်း​သွေးဖို့ဆိုတာ...

Read more »

ထွန်းဝင်းငြိမ်း – သခင်ဇင် (၁၉၁၂ – ၁၉၇၅) အပိုင်း(၄)

ထွန်းဝင်းငြိမ်း – သခင်ဇင် (၁၉၁၂ – ၁၉၇၅) အပိုင်း(၄)

သခင်ဇင် (၁၉၁၂ – ၁၉၇၅)အပိုင်း(၄) ထွန်းဝင်းငြိမ်း ပြုစုသည်။ (မိုးမခ) မတ် ၁၉၊ ၂၀၁၈ မဒညတနဲ့အတူ ၁၉၅၉၊ မေလ ၃ဝ ရက်နေ့စွဲနဲ့ သခင်ဇင်ဟာ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(မဒညတ) သဘာပတိအဖွဲ့ (ဗဟို) အနေနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းထံကို တိုက်ရိုက်ပေးစာတစ်စောင်ပေးပို့ခဲ့ပါတယ်။ အဲဒီပေးစာမှာ ”တရားမျှတသောရွေးကောက်ပွဲပြုလုပ်၍ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်သော ပါလီမန် ဒီမို ကရေစီအစိုးရဖွဲ့စည်းရန်နှင့် ဒီမိုကရေစီကျသော သူမနာကိုယ်မနာ ပြည်တွင်ငြိမ်းချမ်းရေးတည်ဆောက်ရန် တင်ပြခြင်း ‘ ‘ခေါင်းစီးနဲ့ ”…. လူမျိုးစုံအခွင့်အရေးများ အပြည့်အဝရရှိရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက် ရန်တို့အတွက် ၁၉၅၉ ခုနှစ်၊ မေလ ၂၅ ရက်တွင် အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ ပါသည်။” ဆိုပြီး ဖော်ပြထားပါတယ်။...

Read more »

မြင့်မောင်ကျော် ● ရသမြင်းစီး သရုပ်ဖေါ်ပန်းချီဖန်တီးခြင်း (၆)

မြင့်မောင်ကျော် ● ရသမြင်းစီး သရုပ်ဖေါ်ပန်းချီဖန်တီးခြင်း (၆)

မြင့်မောင်ကျော် ● ရသမြင်းစီး သရုပ်ဖေါ်ပန်းချီဖန်တီးခြင်း (၆) (မိုးမခ) မတ်လ ၁၉၊ ၂၀၁၈ ” ……………………………… ခေတ်ကြီးကိုက မကောင်းပါဘူး ယူဂျင်းပေါ်တီယာရယ် ကွန်မြူနစ်ကိုဆန့်ကျင်ရင် ခေတ်မီတယ်ဆိုတဲ့အဖြစ်လေ။ တကယ်တော့ မြစ်ကရေနစ်နေတာပါ ပေါ်တီယာ။” ဒါကတော့ …. အောင်ဝေးရဲ့ ယူဂျင်းပေါ်တီယာသို့တေး (အဝေးရောက်ကဗျာရှည်များ) ထဲက ကျနော်ကြိုက်တဲ့တစ်ပိုဒ် ဖြတ်ထုတ် မလုပ်ကောင်းတဲ့အလုပ် လုပ်လိုက်မိတာပါပဲ။ တကယ်တော့ သိပ်ကောင်းတဲ့ကဗျာရှည်တစ်ပုဒ်ထဲက တစ်ပိုဒ်ဖြတ်ထုတ်ဖို့ မရဲတရဲပါ။ ဒါပေမယ့် ကိုအောင်ဝေးပြောမှာ ကျနော်မကြောက် …။ ကိုအောင်ဝေးနှင့် ကျနော်သည် မဂ္ဂဇင်းလောကတွင် ထီစပ်တူပေါက်ခဲ့ဘူးသည့် အတွဲ။ ၁၉၈၆ ခုနှစ်လောက်ဆီက ပေဖူးလွှာ မဂ္ဂဇင်းမှာ ဖြစ်သည်။ “ယာမာဂူချီ ခင်ဆွေရီ” ဆိုသည့်ကဗျာရှည်ကြီးကို ကျနော် ထပ်တူထပ်မျှခံစားပြီး အဲဒီခေတ်အဲဒီအခါက အထူးခြားဆုံးသရုပ်...

Read more »

ကာတွန်း ညီထွေးရဲ့ စိတ်ပြေလက်ပျောက် သွားလည်ပါကွယ် …

ကာတွန်း ညီထွေးရဲ့ စိတ်ပြေလက်ပျောက် သွားလည်ပါကွယ် …

ကာတွန်း ညီထွေးရဲ့ စိတ်ပြေလက်ပျောက် သွားလည်ပါကွယ် … (မိုးမခ) မတ်လ ၁၈၊ ၂၀၁၈ Tags: ကာတွန်း ညီထွေး

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၁)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၁)

 မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၁) (မိုးမခ) မတ်လ ၁၉၊ ၂ဝ၁၈ ● ၁ဝ၁ စစ်ဒေသ တရုတ်ပြည်မှ ပြန်ထွက်လာပြီး KIA ဌာနချုပ်သို့ အရောက်တွင် KIA ခေါင်းဆောင် လထော်ဇော်တူးနှင့် ဇခုံတိန့်ယင်းတို့ နောက်တကြိမ်သဘောထားကွဲလွဲမှု ထပ်မံဖြစ်ပွါးသည်။ လထော်ဇော်တူး၏အကို KIO ဥက္ကဌ လထော်ဇော်ဆိုင်းမှာ ထိုစဉ်က ထိုင်းနယ်စပ်သို့ရောက်ရှိနေသည်။ လထော်ဇော်ဆိုင်းသည် ထိုင်းနယ်စပ်တွင် ကူမင်တန်အပါ ကွန်မြူနစ်ဆန့်ကျင်ရေး အုပ်စုများနှင့်ချိတ်ဆက်မိပြီး အမေရိကန်အကူအညီရယူရန် စိုင်းပြင်းနေသည်ဖြစ်ရာ တရုတ်ကွန်မြူနစ်နှင့် CPB တို့ ပူးပေါင်းခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ လထော်ဇော်တူးတို့ကလည်း လထော်ဇော်ဆိုင်း၏ဆုံးဖြတ်ချက်နှင့် အညီလုပ်ဆောင် ရန် သဘောတူကြသည်။ ဇခုံတိန့်ယင်းကတော့ တရုတ်ပြည်နယ်စပ်တွင် ရပ်တည်နေသော...

Read more »

ကျော်ထင် ● မြို့ကျက်သရေပေါ်က မြို့ကြီးသား အထာမကျသူများ

ကျော်ထင် ● မြို့ကျက်သရေပေါ်က မြို့ကြီးသား အထာမကျသူများ

ကျော်ထင် ● မြို့ကျက်သရေပေါ်က မြို့ကြီးသား အထာမကျသူများ (မိုးမခ) မတ်လ ၁၈၊ ၂၀၁၈ (၁) ညတွေမှာ နားလို့ လက်ဖက်ရည်ဆိုင် ဆင်းပြီဆိုရင် ကျနော် ခြေကျင်ပဲ ဆင်းတော့တယ်။ ဆင်းတယ်လို့သုံးရတာက အိမ်ပေါ်ကနေ အိမ်အောက်ကိုရောက်လို့ ဆင်းတယ်ဆိုတဲ့ဝေါဟာရကိုသုံးတာ မဟုတ်ပါဘူး။ ကျနော်တို့ ရပ်ကွက်က တောင်ကုန်းလေးလေ။ ကုန်းပေါ်က ကိုယ်ဆင်းခဲ့တယ်။ မင်းနေတဲ့ မြေပြန့်ဆီ အလီလီအခါခါရယ်ရှိလို့၊ ရိုးနေပြီလားဆိုတဲ့ ဗိုလ်ထီးသီချင်းက ကျနော်တို့အတွက်တော့ ယုတ္တိဗေဒနဲ့အထာကျခဲ့တယ်။ အထူး သဖြင့် ကျနော့်အတွက် ရုပ်နာမ် နှစ်ပါးစလုံးမှာ အသင့်လျော်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ကျနော့်အိမ်က သူငယ်ချင်းအိမ် တွေထက် ပိုမြင့်တဲ့နေရာမှာ ရှိနေလို့ပါ။ ဒါ့ကြောင့်လည်း ထိပ်ဆုံးကကျနော် ကျော်ဟိန်းကားကို ဝိုင်းဖွဲ့ ရူးသွပ်ကြတုန်းက သူငယ်ချင်းတွေ ကျနော့်ကိုမနိုင်ခဲ့ဘူး။ ဟေ့ကောင်တွေ...

Read more »

မောင်စွမ်းရည် ● တံတားနီ မော်ကွန်း

မောင်စွမ်းရည် ● တံတားနီ မော်ကွန်း

မောင်စွမ်းရည် ● တံတားနီ မော်ကွန်း (မိုးမခ) မတ်လ ၁၈၊ ၂၀၁၈ (၁) ရန်ကုန်တက္ကသိုလ် စိမ်းစိုလှပ၊ အာရှ ဥယျာဉ် ကမ္ဘာတခွင်မှာ စာတင် ထင်ရှားခဲ့ပါတယ်။ ရေကန်အသင့်၊ ကြာအသင့်နဲ့ ပင်မြင့်ပင်စောက်၊ ပင်အောက်အခြေ မောင်တွေ မယ်တွေ၊ ဖော်ရွေ ရယ်ရွှင် ကြည်လင်သာယာ၊ မြန်မာအနာဂတ် သားမြတ်သမီးမွန်၊ ကျွန်ခေတ်တော်လှန် ခံယူခဲ့ကြ သခင်ဘဝဖြင့် လှပသမိုင်း ရှိခဲ့တယ်။ ပိတောက် ကံ့ကော် အကြော်စကား၊ စိန်ပန်းများနဲ့ နံ့ရှားကြိုင်လွင့်၊ ခါတန်သင့်မှာ ပွင့်မျိုးစုံဝေဆာ ကန်ထဲမှာကြာ၊ ကန်ဘောင်မှာ ပိတောက် လေသင့်ရာ ကြိုင်လှောက်လို့ မိုးသောက်နေဝင်၊ နွေဝင်မိုးကူး အလှထူးတဲ့ ဒို့နယ်မြေ။ အင်းလျားရတနာ၊ ကန်တော်သာမှာ ပြာပြာလဲ့လဲ့၊ လှိုင်းဘောင်ဘင် ဖွဲ့တော့ကို လေအသွဲ့မှာ...

Read more »

ကျော်မောင် (တိုင်းတာရေး) ● ဘောလုံးကန်နေကြတာလား

ကျော်မောင် (တိုင်းတာရေး) ● ဘောလုံးကန်နေကြတာလား

ကျော်မောင် (တိုင်းတာရေး) ● ဘောလုံးကန်နေကြတာလား (မိုးမခ) မတ်လ ၁၈၊ ၂၀၁၈ သူတို့မြို့မှာက ဆောင်းအကုန် နွေအကူးလောက်ဆိုရင် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲလုပ်လေ့ရှိတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ ပွဲပဲ ဆိုပါစို့။ ဒီနှစ်မှာတော့ လူငယ်ခြေသစ်လေးတွေကို ရပ်ကွက်တိုင်းလိုလိုက ဘောလုံးကွင်းထဲ ရောက်အောင် ပို့ကြပုံရတယ်။ အရင်ပါနေကြ ကစားသမားဟောင်းကြီးတွေကတော့ နည်းပြတို့ လက်ထောက်တို့ ဖြစ်လာကြတာပေါ့။ မြို့ရဲ့ တခုတည်းသော ဘောလုံးကွင်းကြီးနားမှာရှိတဲ့ရပ်ကွက်ကိုတော့ ဘောလုံးကွင်းရပ်ကွက်လို့ ခေါ်ကြတယ်။ တခြားရပ်ကွက် တွေ အမှတ် (၁)၊ အမှတ် (၂) လို့ရှိရာမှာ သူက အမှတ် (၃) ရပ်ကွက်။ သူတို့ရပ်ကွက်ကို လူပုဂ္ဂိုလ်နာမည်အနေနဲ့လည်း မှည့်ဆိုထားကြသေးတယ်။ အဲဒီတော့ သုံးမည်ရ ရပ်ကွက်ဖြစ်တယ်။ ဒါပေမဲ့ ဘောလုံးကွင်းရပ်ကွက်လို့ပဲ လူသိများတယ်။ သူတို့ရပ်ကွက်မှာ...

Read more »

ကာတွန်း ကိုတေရဲ့ တန်ဖိုးနည်းအိမ်ရာ

ကာတွန်း ကိုတေရဲ့ တန်ဖိုးနည်းအိမ်ရာ

ကာတွန်း ကိုတေရဲ့ တန်ဖိုးနည်းအိမ်ရာ (မိုးမခ) မတ်လ ၁၈၊ ၂၀၁၈ Tags: ကာတွန်း ကိုတေ

Read more »

စိုးလင်း ● အနှစ်သုံးဆယ်

စိုးလင်း ● အနှစ်သုံးဆယ်

စိုးလင်း ● အနှစ်သုံးဆယ် (မိုးမခ) မတ်လ ၁၇၊ ၂ဝ၁၈ ၁၉၈၈ခု ၊ မတ်လ (၁၃) ရက် မှတ်မှတ်ရရ တနင်္ဂနွေနေ့၊ မွန်းတည့် ၁၂ နာရီကျော်။ အိပ်ရာနိုးတာနဲ့ ထုံးစံအတိုင်း ကန်တင်းထိုင်ဖို့ဆင်းလာရင်း ခါတိုင်းနဲ့မတူ လူများနေတာကို ထူးထူး ခြား ခြားသတိထားမိတယ်။ မတ်လနေပူပူ ပထမစာသင်နှစ်ဝက် ကျောင်းပိတ်ခါနီး တနင်္ဂနွေလိုရက်မျိုးမှာ လူအမြဲရှင်းနေတတ်တာက သဘာဝ။ ဒီနေ့ တော့ လူအုပ်ကလေးတွေက ကျောင်းဝန်းထဲမှာ ဟိုစုစု ဒီစုစုနဲ့။ အံ့သြစရာကောင်းတာက သမိုင်းဝန်းအဆောင် (ပထမနှစ် မှစတုတ္ထနှစ်အထိထား) က ကျောင်းသားအချို့ပါ ရောက်နေကြတယ်။ မေတ္တာပေါင်းကူးက သူငယ်ချင်းတွေစကားဝိုင်းထဲ ရောက်မှ အခြေအနေတွေကို ကျွန်တော်သိတော့တယ်။ မနေ့ (မတ်လ ၁၂ရက်) က ဘီပီအိုင်...

Read more »

ဇင်လင်း ● နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး (IBAHRI) ၏ “မြန်မာနိုင်ငံ စစ်ဖက်ဆိုင်ရာနယ်ပယ်နှင့် တပ်မတော်အခန်းကဏ္ဍ” အပေါ် လေ့လာတွေ့ရှိချက်

ဇင်လင်း ● နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး (IBAHRI) ၏ “မြန်မာနိုင်ငံ စစ်ဖက်ဆိုင်ရာနယ်ပယ်နှင့် တပ်မတော်အခန်းကဏ္ဍ” အပေါ် လေ့လာတွေ့ရှိချက်

ဇင်လင်း ● နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး (IBAHRI) ၏ “မြန်မာနိုင်ငံ စစ်ဖက်ဆိုင်ရာနယ်ပယ်နှင့် တပ်မတော်အခန်းကဏ္ဍ” အပေါ် လေ့လာတွေ့ရှိချက် (မိုးမခ) မတ်လ ၁၇၊ ၂ဝ၁၈ ● နောက်ခံ အခြေအနေ မြန်မာနိုင်ငံ၏ နိုင်ငံရေးလောကတွင် တပ်မတော်သည် အစဉ်အမြဲ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိသည်။  တပ်မတော်၏ အာဏာသိမ်းမှုကြောင့် မကောင်းသည့် သဘောထားကွဲလွဲစရာကိစ္စများ  ပေါ်ပေါက်ခဲ့သော်လည်း၊ ၎င်းအား အသိအမှတ်ပြုရမည့် အပြုသဘောဆောင်သော အောင်မြင်မှုများ ရရှိခဲ့သည်။ တပ်မတော်သည် ဗမာ့လွတ်လပ်ရေးတပ်မ တော် မှစတင် အခြေခံ ပေါ်ပေါက်ခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်၏ ဖခင်ဖြစ်သည် ဆိုသည့်အချက်ကို မြန်မာနိုင်ငံသားအားလုံး နိုင်ငံရေး လူမျိုးရေး ခွဲခြားသတ်မှတ်ချက်မရှိဘဲ လက်ခံကြသည်။ ၁၉၈၈ ခုနှစ်...

Read more »

တည်ဘွားဦး – ကစားပွဲ

တည်ဘွားဦး – ကစားပွဲ

ကစားပွဲ တည်ဘွားဦး (မိုးမခ) မတ် ၁၇၊ ၂၀၁၈ ပိတောက်လေယာဉ်ပျံကြီးစီးပြီး တနိုင်ငံလုံး လျှောက်သွားချင်တဲ့စိတ်ကူးဟာ ဘာကြောင့် မအောင်မြင်တာလဲ (နောက်ဆုံး မေးခွန်းဖြစ်ပါတယ်) ပထမလူက စဉ်းစားလို့မရဘူးပြောတယ် ဒုတိယလူက စဉ်းစားလို့ရတယ် ပြောတယ် တတိယ ဒိုင်က မှားနေလို့ အကုန်စားပါတယ်တဲ့ အဖြေက  ပိတောက်လေယာဉ်ပျံကြီးရယ် တနိုင်ငံလုံးရယ် လျှောက်သွားချင်တဲ့စိတ်ကူးရယ် မှားနေလို့တဲ့။ ။  No tags for this post.

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈၀) – အပိုင်း (၆၀)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈၀) – အပိုင်း (၆၀)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈၀) – အပိုင်း (၆၀) (မိုးမခ) မတ်လ ၁၇၊ ၂၀၁၈ ● CPB ၏ အခြားစစ်ဒေသနှင့်တပ်ဖွဲ့များ ၁၉၇၇ ခုနှစ်ကာလပိုင်း CPB ပါတီဗဟိုယူနစ်များနှင့် ပါတီဗဟို၏ အဓိကအခြေခံဒေသဖြစ်သည့် အရှေ့မြောက်စစ်ဒေသအပြင် ၁၀၁ စစ်ဒေသ၊၂၀၂ စစ်ဒေသ၊ ၈၁၅ စစ်ဒေသ၊ ဗဟိုမှတိုက်ရိုက်ကွပ်ကဲသည့် တပ်မဟာ ၆၈၃၊ တပ်မဟာ ၇၆၈၊ ၁၀၈ စစ်ဒေ သ၊ အနောက်မြောက်တိုင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း စသည့် CPB တပ်ဖွဲ့များနှင့် စုဖွဲ့မှုများနှင့် ဖြစ်တည်လာပုံများ အား လက်လှမ်းမှီသမျှ ဆက်လက်ဖေါ်ပြသွားပါမည်။ ● ၁၀၁ စစ်ဒေသနှင့် KIA ၁၀၁...

Read more »

မောင်နောင်မွန် ● အမှိုက်၊ အဟောင်းဆိုင်လေးနှင့် ကျွန်တော့်အတွေး

မောင်နောင်မွန် ● အမှိုက်၊ အဟောင်းဆိုင်လေးနှင့် ကျွန်တော့်အတွေး

မောင်နောင်မွန် ● အမှိုက်၊ အဟောင်းဆိုင်လေးနှင့် ကျွန်တော့်အတွေး (မိုးမခ) မတ်လ ၁၇၊ ၂၀၁၈ ကျွန်တော် အလုပ်သွားရာလမ်းတွင် ဈေးတခုနှင့် ကားဂိတ်တခုရှိသည်။ ကျွန်တော့်အလုပ်နှင့်အိမ်သည် တစ်ဆယ့်ငါးမိုင်ခန့်ဝေးကွာလွန်းသည်။ ကြားတွင်မြို့တမြို့ရှိသည်။ ထို့မြို့လေးကို တနေ့နှစ်ကြိမ် ကျွန်တော်ပုံမှန်ဖြတ်သန်းနေရသည်။ ကျွန်တော်ဖြတ်သွားဖြတ်လာလုပ်နေသော မြို့လေးတွင် ဈေးနှင့်ကားဂိတ်နေရာသည်  လူအရှုပ်ဆုံးနေရာဖြစ်သည်။ နံနက်ခင်းများတွင် ဆွမ်းခံကြွရဟန်းသံဃာများနှင့် ဆွမ်း လောင်းသူများကိုတွေ့ရများသည်။ ပုံမှန်ဈေးဝယ်သူအနည်းငယ်သာတွေ့ရသည်။ ဈေးရှေ့မို့ ဆိုင်ခန်းများစွာရှိသည်။ အဝတ်အထည်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ အိမ် ဆောက်ပစ္စည်းဆိုင်များနှင့် စားကုန်သောက်ကုန်ဆိုင်များဖြစ်သည်။ နေ့လယ်နေ့ခင်းများတွင် အနီးအနားရွာနီးစပ်ချုပ်မှ ဈေးသည်များ၊ ဈေးဝယ်သူများနှင့်စည်ကားနေသည်။ ညနေခင်းများတွင်လည်း ဈေးဝယ်သူများနှင့်ကားဂိတ်တွင် ကျောင်းမှပြန်လာသူများနှင့်စည်ကားနေပြန်သည်။ ဈေးအဝင်ဂိတ်ဘေးနားရှိနံရံတွင်မူ အမှိုက်မပစ်ရ၊ တွေ့ရှိပါက ဒဏ်ငွေ (၅၀၀၀၀ )ကျပ် ဟူသော စည်ပင်ဆိုင်းဘုတ်ကို တွေ့ရသည်။ ထိုဆိုင်းဘုတ်အောက်တွင် ပလတ်စတစ်အမှိုက်ပုံတပုံကိုတွေ့မြင်ရသည်။ လွန်ခဲ့သောနှစ်ရက်ခန့်က...

Read more »

စိန်ဝင်း ● အင်ဖော်မေးရှင်းစစ်ပွဲ

စိန်ဝင်း ● အင်ဖော်မေးရှင်းစစ်ပွဲ

စိန်ဝင်း ● အင်ဖော်မေးရှင်းစစ်ပွဲ (မိုးမခ) မတ်လ ၁၇၊ ၂၀၁၈ ဆွီဒင်ဂျာနယ်လစ်တစ်ယောက်က အင်တာဗျူးလာလုပ်တော့ ဒီမှာကွာ ဝက်ဘ်ဆိုက်တစ်ခု မင်းတို့နိုင်ငံကပဲ မင်းတို့နိုင်ငံသား လို့ ဆိုတယ်။ သူက မြန်မာနဲ့ပတ်သက်ပြီး ပေါက်တတ်ကရတွေရေးနေတယ်။ မင်းဖတ်ကြည့်ဦးလို့ဆိုပြီး The Indicter magazine ဆိုတာကို ညွှန်းလိုက်တယ်။ ဆီဒင်ဟာ သတင်းစာလွတ်လပ်ခွင့်မြင့်သလို ယေဘုယျအားဖြင့် သတင်းစာအရည်အသွေးလည်းမြင့်တယ်။ သတင်းစာတွေ မှာ နိုင်ငံရေးအရ ဝင်စွက်မှုအတော်ရှင်းတယ်။ ကမ္ဘာမှာ သတင်းစာလွတ်လပ်ခွင့် တိုးတက်လာရေးအတွက် ကူညီထောက်ပံ့မှု တွေလည်း လုပ်တယ်။ လူဦးရေ ၁၀ သန်းလောက်ပဲရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ အလှူအတန်း အားကောင်းတယ်လို့တောင် ပြောလို့ရတယ်။ သူတို့လည်းကြုံနေရတဲ့အခက်ကတော့ အမုန်းမီးတွေဖြန့်ဖြူးသူတွေရှိနေတာပါပဲ။ အထူးသဖြင့် အွန်လိုင်းကို သုံးပြီး ဖြန့်ကြတာပါ။ သူလည်းဖတ်ကြည့်ပြီး အံ့သြသွားတယ်။ (အဲဒီဝက်ဘ်ဆိုက်နာမည်ကကိုက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်