>Htain Linn – National Day 2008

> အမျိုးသားအောင်ပွဲ မော်ကွန်းထိန်လင်းနိုဝင်ဘာ ၇၊ ၂၀၀၈ ‘ယူနီဗာစီတီ အက်’ တဲ့တက္ကသိုလ်က ပြဋ္ဌာန်းချမ်းသာ ဆင်းရဲ ခွဲတဲ့သဘောတင်းကျပ်တဲ့သဘောကန့်သတ်တဲ့သဘောအဲဒီလို သဘောတွေကြောင့်ကောလိပ်ကျောင်းသားတွေ အုံကြွပထမ သပိတ် စခဲ့သည်။ အဲဒီ သပိတ်နဲ့အတူပြည်သူတွေ နိုးကြား‘အမျိုးသားကျောင်း’ ဆိုတာလည်း ထွက်ပေါ်‘ကိုယ်တော်မှိုင်း’အစ ‘ဦးဘချို’အလယ်လူငယ်များ အဆုံးအားလုံးညီ လက်ခိုင်တွဲဇာတိမာန် အံတုပွဲကိုနွှဲခဲ့ကြသည်။ ၁၉၂ဝ၁၉၃၆ချောက် ရေနံမြေသပိတ်ကျောင်းသားသပိတ်နဲ့ လယ်သမားသပိတ်အင်္ဂလိပ်ကို ဖီဆန်သမိုင်းဝင် တော်လှန်ရေးများတိုင်းရင်းသားတွေ စုံညီမြန်မာပြည် လွတ်လပ်ရေးတေးသစ်ခဲ့သည်။ အောင်ပွဲဆင်တဲ့ သပိတ်တိုက်ပွဲဝင်တဲ့ စိတ်အတိတ်ကို လက်ဆင့်ကမ်းလွတ်လမ်းကို ဆက်ရှာဖွေမြန်မာပြေရဲ့ ပစ္စက္ခဒုတိယ လွတ်မြောက်ရေးအတွက်သွေးချွေးတွေ ပေးနေဆဲမို့မလွဲပေါင် မကြာခင်တို့ပြည်ခွင် လွတ်ရစေ့မယ်မွေးနေ့ မော်ကွန်း။ ။ ၂ဝဝ၈ နိုဝင်ဘာ ၇ (နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကျရောက်မည့် ၈၈ နှစ်မြောက် အမျိုးသားအောင်ပွဲ မွေးနေ့...

Read more »

>Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 20

>Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 20

> Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 20 No tags for this post.

Read more »

>Ohn Myint poem 02

>Ohn Myint poem 02

> မြွေအုန်းမြင့်နိုဝင်ဘာ ၆၊ ၂၀၀၈ အဲဒီမြွေဟာငါ့ကိုဟိရိသြတ္တပ္ပမျက်လုံးတပ်ဆင်ပေးခဲ့တယ်အဲဒီမြွေဟာငါ့ကိုခါးစည်းဝတ်ပေးခဲ့တယ်ကောက်ပဲသီးနှံ ဖြစ်ထွန်းစေခဲ့တယ်ငါ့မယားကိုသမိုင်းမျိုး ကြဲပက်စေခဲ့တယ်ဂျိမ်းစတက်ဖန်ကတဆင့်“တူရွင်းတလက်ဓားတချောင်းနဲ့ဦးနှောက်တခု” ** ပေးပို့ခဲ့တယ်ငါ့ကိုတိရိစ္ဆာနဗေဒနဲ့ အာကာသသျှတ္တရကျမ်းဆူလက်ဆောင်ပေးခဲ့တယ်အဲဒီမြွေဟာတနေ့သောအခါတိရိစ္ဆာန်တကောင်ဖြစ်လာပြီး ကမ္ဘာကိုပိုင်စိုးဖို့ငါ့လည်ချောင်းထဲအဆိပ်အိမ် တည်ဆောက်ပေးခဲ့တယ်။ ။ ** A sword, a spade and a thought should never be allowed to rust. (James Stephen) No tags for this post.

Read more »

>Remembering U Htain Linn ( Bo Ta Thaung) – 4 Years

>Remembering U Htain Linn ( Bo Ta Thaung) – 4 Years

> ဦးထိန်လင်း(ဗိုလ်တထောင်) ကွယ်လွန်ခြင်း ၄ နှစ် ဆွမ်းကျွေး နိုဝင်ဘာ ၄ က ပြုလုပ်၊ မိတ်ဆွေ စာနယ်ဇင်းသမားများ တက်ရောက်ကြ မိုးမခ ဓာတ်ပုံသတင်း နိုဝင်ဘာ ၆၊ ၂၀၀၈ မျက်စိ ခွဲစိတ်ထားသော ဟံသာဝတီ ဦးဝင်းတင်အပါအ၀င် ခေတ်ပြိုင်နှင့် မျိုးဆက်သစ် နိုင်ငံရေး၊ စာပေနှင့် စာနယ်ဇင်း မိတ်ဆွေများ၊ မိသားစုများ တက်ရောက်ကြသည်ကို တွေ့ရသည်။ စစ်အုပ်စုကို အညံ့မခံဘဲ ကွယ်လွန်သည်အထိ တရားမျှတမှုနှင့် အမှန်တရားဘက်က ရပ်တည်သူ သတင်းစာသမားကြီးအဖြစ် လူအများက လေးစားချစ်ခင်သူဖြစ်သည်။ သူပြောခဲ့သည့် စကားတခုကို ကိုးကားဖော်ပြလိုက်ပါသည်။ “ခုလို နိုင်ငံရေးစကားတွေပြောနေတာဟာ … မျက်စိကန်း တစ္ဆေမကြောက် ပြောနေတာ မဟုတ်ဘူး။ မျက်စိလည်းကောင်းတယ်၊ တစ္ဆေက ဘယ်လောက် ကြောက်စရာကောင်းတယ်...

Read more »

>World hails Obama’s victory

>World hails Obama’s victory

> အိုဘားမားသတင်း နိုင်ငံတကာက ၀မ်းမြောက်စွာကြိုဆိုဥတ္တရမွန်းနိုဝင်ဘာ ၅၊ ၂၀၀၈ အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးသော လူမည်းသမ္မတ ဘာရက်အိုဘားမားကို ရွေးချယ်တင်မြောက်လိုက်ခြင်းသည် ကမ္ဘာ့နိုင်ငံများ၏ အမေရိကန်နိုင်ငံအပေါ် ချစ်ခင်မှုကို အသစ် ပြန်လည် မွေးဖွားစေလိုက်ပါသည်။ ရွေးကောက်ပွဲနေ့၌ အာဖရိကနိုင်ငံများ၏ ပြည်သူများသည် တညလုံးမအိပ်၊ အချို့လည်း အရုဏ်တက်မတိုင်မီကတည်းက အိပ်ရာမှထပြီး အမေရိကန်၏ သမိုင်းတွင်သွားမည့် သတင်းကို စောင့်ကြည့်နေခဲ့ကြသည်။ အိုဘားမား၏ ဖခင်မွေးဖွားရာ ကင်ညာနိုင်ငံတွင်လည်း အများပြည်သူရုံးပိတ်ရက်အဖြစ် ကင်ညာသမ္မတက ကြေညာလိုက်သည်။ အိုဘားမား ကလေးဘ၀က တက်ရောက်ခဲ့သော အင်ဒိုနီးရှားနိုင်ငံ မူလတန်းကျောင်းတစ်ခုမှ ရာပေါင်းများစွာသော ကျောင်းသားများသည်လည်း အိုဘားမားအနိုင်ရကြောင်း သတင်း ကြားကြားချင်း ကစားကွင်းထဲသို့ ပျော်ရွှင်စွာပြေးထွက်ပြီး တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ကာ “အိုဘားမား .. အိုဘားမား . . ”...

Read more »

>Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 19

>Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 19

> Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 19 No tags for this post.

Read more »

>5th Nov 2008 – MoeMaKa Wednesday Weekly

>5th Nov 2008 – MoeMaKa Wednesday Weekly

> ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၅ ရက် မိုးမခ ရေဒီယို အစီအစဉ် လေဘေးသင့်ဒေသအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ စီမံချက်သစ်၊ သီချင်း ၅၆ ပုဒ် ပါဝင်မည့် ရန်ပုံငွေ ဒီဗီဒီ၊ မာမာအေး ဖောင်ဒေးရှင်း ရန်ပုံငွေပွဲ၊ တောင်ကြီး မီးပုံးပျံပွဲတော် စသည့် မျက်မှောက်ရေးရာ သတင်းများ မောင်သွေးသစ် ၏ ကဗျာ – ကာလပေါ် ဆေးမြီးတို ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း – စစ်တပ်အနေဖြင့် ကြားနေမှု ရှိမရှိအကြောင်း လူထုဒေါ်အမာ ၏ဆောင်းပါး – ကိုဗဟိန်းသို့ စကားကြွေး No tags for this post.

Read more »

>elections in U.S.A. and Burma

>elections in U.S.A. and Burma

> တရားမျှတတဲ့ ရွေးကောက်ပွဲ နှင့် တိုင်းချစ်ပြည်ချစ်စိတ်စိုးသင့်ဆွေနိုဝင်ဘာ ၅၊ ၂၀၀၈ မဲပေးတယ်ဆိုတာ အမေရိကန်နိုင်ငံသားတယောက်အတွက်တော့ နိုင်ငံသားတာဝန်တရပ်ကို ထမ်းဆောင်တာပါတဲ့။ အရင်က အမေရိကန်နိုင်ငံသား လူငယ်လူရွယ်တွေဟာ ရွေးကောက်ပွဲတို့ မဲပေးတာတို့ကို စိတ်ဝင်စားမှု နည်းပါးကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်း တော်တော်များများဟာလည်း လူလတ်ပိုင်း နဲ့ သက်ကြီးရွယ်အို ပင်စင်စားတွေပဲ များတာပါ။ ဒီနှစ်ရွေးကောက်ပွဲမှာတော့ လူငယ်တွေနဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက ပိုပြီး တက်တက်ကြွကြွ မဲပေးခဲ့ ထောက်ခံခဲ့ကြပါတယ်။ သူတို့ တခဲနက်ထောက်ခံအားပေးခဲ့သူကတော့ လူငယ်သမတလောင်း (ခုတော့ အမေရိကန်ရဲ့ ပထမဆုံး လူမည်း သမ္မတ) Barack Obama ကို ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားတွေဟာ စီးပွားရေးကမောက်ကမဖြစ်မှု၊ ဘဏ္ဍရေးလိုငွေပြမှု နဲ့ စစ်ပွဲတွေ...

Read more »

>9th Annual Burmese Literary to host as planned

>9th Annual Burmese Literary to host as planned

>“tar b,fawmhrS rao ဆန်ဖရန်ဘေးဧရိယာ မြန်မာစာပေဟောပြောပွဲတွင် မြန်မာလူငယ်များက နံရံကပ်စာစောင်တင်ဆက်မည် မိုးမခ အထောက်တော် ၀၀၂ နိုဝင်ဘာ ၅၊ ၂၀၀၈ လာမည့် နိုဝင်ဘာ ၈၊ စနေနေ့တွင် ဆန်ဖရန် ဘေးဧရိယာ ၉ ကြိမ်မြောက် စာပေဟောပြောပွဲကို မြန်မာမိသားစုများက ၀ိုင်းဝန်းကျင်းပကြမည် ဖြစ်သည်။ ၀ိုင်းဝန်း ကမကထပြုကြသည့် စုပေါင်းအလှူရှင်များ၊ စေတနာရှင်များကြောင့် ဧည့်သည်စာရေးဆရာ ၄ ဦး (ဒါရိုက်တာ ၀င်းဖေ၊ မောင်စွမ်းရည်၊ ဒေါ်မာမာအေး၊ အောင်ဝေး) နှင့် အိမ်ခံ စာရေးဆရာ ၁ ဦး (ဉာဏ်ဦးမောင်) တို့နှင့် စည်စည်ကားကား ပြုလုပ်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဘေးဧရိယာရှိ မြန်မာလူငယ်များ စုပေါင်းသည့် နံရံကပ်စာစောင်ပြပွဲ တခုကို ရွှေပွဲလာပရိသတ်များအတွက်...

Read more »

>U Win Tin – Poem

>U Win Tin – Poem

> ကျားရဲ ဦးဝင်းတင် နိုဝင်ဘာ ၅၊ ၂၀၀၈ (အကျဉ်းထောင်တွင်း ရေးသားခဲ့သော ကဗျာ) နေပြင်းလျှင် ပြင်း နှင်းမှုန်လည်း မှုန် ဆွေ့ဆွေ့ခုန် အိုက်လိုအိုက် ခိုက်ခိုက်တုန် ချမ်းလိုချမ်း။ အခန်းကျဉ်းကျဉ်း အလင်းမဝင် လေမဝင် နေမမြင် လမမြင် လူမမြင် သူမမြင်မှာ ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး။ အိပ်လျှင်အိပ် မအိပ်လျှင်တွေး။ သတင်းမေးဖို့ ဝေးရော သီချင်းကလေးမှ မဆိုရ။ စာဖတ်ဖို့ ဝေးရော ကဗျာလေးမှ မစပ်ရ။ တရားဟောဖို့ ဝေးရော စကားလေးမှ မပြောရ။ အဟောသိကံ သံသရာ ငါ့ကမ္ဘာ့ ပိစိကွေး အခန်းကျဉ်းကလေး ပတ်လျှောက်လိုက် သံတံခါးဝ ရပ်လိုက် တမတ်တပ်တပ် တနေကုန်။ မနေ့ကလည်း တနေကုန် ဒီနေ့လည်း တနေကုန်ပြန်...

Read more »

>Win Pe Bag – 6

>Win Pe Bag – 6

> ၀င်းဖေလွယ်အိတ် အမှတ် ၆ဒါရိုက်တာတယောက်၏ ရုပ်ရှင်ကြည့်နည်း ၀င်းဖေနိုဝင်ဘာ ၅၊ ၂၀၀၈ ပြီးခဲ့တဲ့အပတ်က ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ၊ သဘာဝမင်းသားကြီး ဦးထွန်းဝေ၊ စာရေးဆရာကြီး ဦးသိန်းဖေမြင့်တို့နဲ့ ကျနော် ဆုံဆည်းခဲ့ရတာကလေးတွေကို ပဏာမတင်ပြခဲ့ပါတယ်။ ဆရာကြီးဦးသုခနဲ့တွေ့တိုင်း ကျနော့်ကို အသိပညာလက်ဆောင်ကလေးတွေ ပေးလေ့ရှိပါတယ်။ ကျနော် အနုပညာကျောင်းအုပ်လုပ်နေစဉ်က ဆရာကြီးနဲ့ တခါ ဆုံခွင့်ရပါတယ်။ အဲဒီတုန်းက ဆရာက “ချစ်မုန်းမာန်”ဇာတ်ကားကို ဒုတိယအကြိမ်ပြန်ရိုက်ဖို့အတွက် ဒုတိယအရေးအကြီးဆုံး ဇာတ်ကောင် နေရာမှာပါဖို့ သရုပ်ဆောင်သစ်တယောက် လိုအပ်နေလို့ အဲဒီစရိုက်မှာကလည်း ပတ္တလားတီးတတ်ဖို့ သီချင်းဆိုတတ်ဖို့ စတာတွေဖြစ်နေလို့ ကျနော့်ကို အကူအညီတောင်းတာဖြစ်ပါတယ်။ ဒီတုန်းက ဆရာကြီးက သူ ၀င်းလိုက်ရုပ်ရှင်ရုံမှာ ကြုံကြိုက်လို့ “Karakatua East of Java”ဆိုတဲ့ကားကို ပါဝင်တဲ့ သရုပ်ဆောင်တွေ ကြိုက်လို့...

Read more »

>My Myitkyina – Obama & O … Burma

>My Myitkyina – Obama & O … Burma

> အိုဘားမား နဲ့ အို … ဘားမားမိုင်မြစ်ကြီးနားနိုဝင်ဘာ ၅၊ ၂၀၀၈ လူမည်းဖခင်(ကင်ညာနိုင်ငံ – Kenya)နဲ့ လူဖြူမိခင် (အမေရိကန်၊ ကင်းဆတ်ပြည်နယ်- Kansas)တို့ နှစ်ဦးက မွေးဖွားလာတဲ့ ဘာရက်အိုဘားမား(Barack Obama) ဟာ နိုဝင်ဘာ ၄၊ ၂၀၀၈ နှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ဦးမြောက် သမ္မတ ဖြစ်သွားပါပြီ။ အိုဘားမားဟာ ပြိုင်ဖက် ရီပတ်ဗလီကင်ပါတီက ဂျွန်မက်ကိန်း (John McCain)ကို မဲ အပြတ်သတ်နဲ့ အနိုင်ရပြီး အမေရိကန်သမိုင်းမှာ ပထမဆုံးသော အာဖရိကန်အမေရိကန်လူမည်း သမ္မတ ဖြစ်လာပါတယ်။ ဒီနေ့ဟာ အမေရိကန်မှာသာမက ကမ္ဘာတ၀ှမ်းလုံးရှိ လူတွေ ရုပ်မြင်သံကြားကနေ၊ ရေဒီယိုကနေ အမေရိကန်သမ္မတရွေးကောက်ပွဲသတင်းကို နားထောင် စောင့်ကြည့်နေခဲ့ပါတယ်။ ကျနော်လည်းပဲ အလုပ်က...

Read more »

>Barack Obama Elected 44th President

>Barack Obama Elected 44th President

> အိုဘားမား နိုင်ပြီဓာတ်ပုံသတင်းနိုဝင်ဘာ ၄၊ ၂၀၀၈ ယနေ့ပြုလုပ်သည့် အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဘာရက်အိုဘားမားက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားသည်။ အိုဘားမားသည် အမေရိကန်ပြည်ထောင်စု၏ ပထမဦးဆုံး အာဖရိကနွယ် သမ္မတ တဦးဖြစ်လာမည်ဖြစ်သည်။ ရှေ့နှစ် ဇန်န၀ါရီ ၂၀ ရက်နေ့တွင် သမတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမည်ဟု သိရသည်။ အိုဘားမားအနိုင်ရရှိသည့် သတင်းကြောင့် ၀မ်းမြောက်ဝမ်းသာဖြစ်နေသူများ။ (photo: ဒီအောင်ခင်) No tags for this post.

Read more »

>Artist Tin Win (Beik Thano) one man show

>Artist Tin Win (Beik Thano) one man show

> မြန်မာပန်းချီဆရာ၏ တကိုယ်တော်ပွဲ ထိုင်းနိုင်ငံတွင်ပြုလုပ်မည်မိုးမခအထောက်တော် ၀၀၂နိုဝင်ဘာ ၄၊ ၂၀၀၈ (photo: lifestyle magazine 2007 dec) တင်ဝင်း(ဗိဿနိုး)၏ တကိုယ်တော်ပန်းချီပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ သုဝဏ္ဏဘူမိ ပန်းချီပြခန်းတွင် ယခုလ ၁၅ ရက်နေ့မှ စတင်ပြီး ပြသမည်ဖြစ်သည်။ ဦးတင်ဝင်းသည် ရန်ကုန်မြို့ ဗိဿနိုးပန်းချီပြခန်း၏ပိုင်ရှင်ဖြစ်သည်။ မင်းဘူးမြို့ဇာတိဖြစ်သူ ဦးတင်ဝင်းသည် ပန်းချီပန်းပုကျောင်း(မန္တလေး)တွင် ပညာသင်ယူခဲ့ပြီး ၂ နှစ်အကြာ ၁၉၇၂ မှ စတင်၍ ပန်းချီပြပွဲများတွင် ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်တွင်းသာမက နိုင်ငံတကာတွင်လည်း ၎င်း၏ လက်ရာများကို ပြသလျက်ရှိသည်။ Golden Triangle Art မှ တင်ဝင်း(ဗိဿနိုး)၏ လက်ရာများAmitmay မှ လက်ရာများ ရက် ၂၀ ကြာ ပြသမည့်...

Read more »

>Cartoon Maung Yit – In Burma, Election are for every 20 years

>Cartoon Maung Yit – In Burma, Election are for every 20 years

> Cartoon Maung Yit – In Burma, Election are for every 20 yearsNovember 4th 2008 No tags for this post.

Read more »

>Linn Yone Tin Aung

>Linn Yone Tin Aung

> လင်းယုန်တင်အောင် ဒို့ခေါင်းဆောင်မောင်စွမ်းရည်နိုဝင်ဘာ ၄၊ ၂၀၀၈ မာန်ဟုန်ထန်ပြင်း၊ တိမ်တောင်ခွင်းမည့်ငှက်မင်းလင်းယုန်၊ ပျံတက်ပုံကိုပုံပြင်ဖွဲ့ကာ၊ ပြောချင်ပါခဲ့ညီမောင်ငဲ့။ ရဲမာန်ဝင့်ဝင့်၊ တောင်စုံဖွင့်ကာမြင့်မြင့်မြန်မြန်၊ မုန်တိုင်းဆန်အံ့လေးသံမြားသံ၊ တဆံမငဲ့သူပျံခဲ့ပုံ၊ ရဲမာန်ဟုန်လည်းရဲဂုဏ်မော်ကွန်း၊ လင်္ကာညွှန်းလို့လှမ်းချင်ပါခဲ့၊ ညီမောင်ငဲ့။ မမြင်ဖူးလည်း၊ မြင်ဖူးသူကပြောပြလိုက်ရင်၊ သင်မြင်သလိုသင် ကြည်ညိုလိမ့်။ မကြားဖူးလည်း၊ ကြားဖူးသူကပြောပြလိုက်ရင်၊ သင်ကြားသလိုသင် ကြည်ညိုလိမ့်။ ကြည်ညိုရင်းက၊ သင်အားကျ၍လောကတလွှားမတရားမှု၊ ဖိနှိပ်မှုကိုဟန့်တားလိုမှု၊ ဆီးဆို့မှုကိုမှောင်ချလိုမှု၊ ချုပ်ချယ်မှုကိုအန်တုစိန်ခေါ်၊ သင် ခေါင်းမော်အံ့၊ရဲဘော်ညီရွယ်၊ လင်းယုန်ငယ်သည်လင်းကျယ်ကောင်းကင်၊ တိုးခွဲဝင်အံ့၊ကျား “ခြသေ့င်္ဆိုး”၊ “ကြံ့သိုး” “ဖွတ်” မြွေရေပုတ် မိကျောင်း၊ သစ်ခေါင်းပင့်ကူဆိပ်ခိုးအူသော၊ ပဒူပရွက်မျက်စိစူးလျှင်၊ မြင်နိုင်ဝေးဝေးနှုတ်သီးသွေးသော်၊ သွေးတိုင်းချွန်ထက်သန်လျက်တောင်ပံ၊ သံမဏိလက်သည်းလျှပ်စီးထိုးသုတ်၊သံငုတ်ဆူးချုံ၊ မုန်တိုင်းပင်လယ်တောင်ကွယ်တောတွင်း၊ ရန်မှောင်မင်းကိုဖြိုခွင်းစေအံ့၊ လင်းစေအံ့။ အို – လင်းယုန်တို့အမှောင်မင်းကို၊ ဖောက်ထွင်းဖြိုခွဲ၊ ရဲစေလော့။အမှောင်မိုက်ကို၊ တိုက်ခိုက်ဖြိုခွင်း၊ လင်းစေလော့။အမှောင်ထုကို၊ အန်တုနှိမ်နင်း၊...

Read more »

>U Win Tin – Articles on Art Selection – 2

> အနောက်တိုင်း ပန်းချီပန်းပု ဦးဝင်းတင် နိုဝင်ဘာ ၄၊ ၂၀၀၈ (ပြန်လည်ဆန်းသစ် ဆောင်းပါး) အနောက်တိုင်း ပန်းချီပန်းပုတို့၏ မြစ်ဖျားခံရာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆ဝဝဝ ကျော်က အီဂျစ်(ယခု အာရပ်သမတနိုင်ငံ)တွင် ထွန်းကားခဲ့သော ပန်းချီပန်းပုတို့ဖြစ်သည်။ ရှေးအီဂျစ် လူမျိုးတို့သည် နောင်တမလွန်ဘဝ ကို ယုံကြည်ကြ၏။ ဂူသင်ချိုင်းများ၌ မြှပ်နှံ သင်္ဂြိုဟ် ရာတွင်သေသူ၏ပစ္စည်းများကိုထည့်သွင်းမြုပ်နှံသည်။ သေသူ၏ သက်ရှိဘဝက လှုပ်ရှားမှုများ၊ ပိုင်ဆိုင်မှုများ၊ ရုပ်သွင်သဏ္ဍာန်များကို ပန်းချီ ပန်းပုများဖြင့်ပြုစု၍ ထည့်သွင့်း မြှပ်နှံသည်။ ထိုခေတ်က ထွန်းကားခဲ့သော သင်းချိုင်း နံရံပန်းချီရေးနည်း၊ ပန်ုးပုရုပ်ထုနည်း တို့သည် မြေထဲပင်လယ်ဒေသ နှောင်းယဉ်ကျေးမှုများဖြစ်သော ကရိ၊ ဂရိ၊ ရောမ နိုင်ငံများသို့ ပျံ့နှံ့သွားသည်။ ဂရိပန်းချီပန်းပုတို့သည်ခရစ်မတိုင်မီ နှစ်ပေါင်း...

Read more »

>Zaw Aung (Washington DC) Election Thought

>Zaw Aung (Washington DC) Election Thought

> မဲတပြား နဲ့ အတွေးတစ ဇော်အောင် (၀ါရှင်တန်ဒီစီ) နိုဝင်ဘာ ၄၊ ၂၀၀၈ မြန်မာနိုင်ငံမှ ကျင်းပခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲကာလမှာ တောထဲရောက်နေတာကြောင့် ပထမဦးဆုံးအကြိမ် မဲပေးခွင့် ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ကျနော် မဲပေးခွင့်ရခဲ့ရင်လည်း ပေးခဲ့တဲ့ မဲပြားက အနှစ် ၂၀ တိုင် အသိအမှတ်ပြုခြင်း ခံရသေးမည်မဟုတ်လား။ တောတွင်း ငှက်ဖျားဒဏ် သေဘေးမှလွှတ်မြောက်၊ ရန်သူ့ကျည်မသင့်၊ တရားမ၀င်ဒုက္ခသည်ဘ၀က အလွတ်ရုန်း နောက်ဆုံး အနှစ် ၂၀ အကြာမှ ကျနော် ပထမဦးဆုံးအကြိမ် မဲပေးခွင့် ရလို့ အတိုင်းမသိ ၀မ်းသာရပါတယ်။ တိုက်တိုင်ဆိုင်ဆိုင် ကိုယ်တိုင် ဆန္ဒမဲပေးခွင့်ရတဲ့အချိန်မှာ အမေရိကန်နိုင်ငံရေးအခြေအနေက အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ကာလဖြစ်နေတယ်။ အမေရိကန်သမိုင်း စာမျက်နှာသစ် ရေးတင်ရမယ့် အပြောင်းအလဲတွေနဲ့ ဖြစ်နေတယ်။ အစောပိုင်းကာလမှာ...

Read more »

>Lay Htee Ohn Maung – After 50 years passed … (2)

>Lay Htee Ohn Maung – After 50 years passed … (2)

> နှစ်ပေါင်း ၅၀ ကြာသောအခါ လေထီးဦးအုန်းမောင် (ပြန်လည်ဆန်းသစ် အထူးဆောင်းပါး) နိုဝင်ဘာ ၃၊ ၂၀၀၈ တပ်ဖွဲ့ ၁၃၆ (Force 136) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ) နှင့် ဆက်သွယ်လုပ်ကိုင်နေ သောအဖွဲ့မှာ တပ်ဖွဲ့၁၃၆ (Force 136) ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်စက နာဇီဂျာမနီ၏ တိုက်ခိုက်မှုကြောင့် ဥရောပမှနိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံ နာဇီဂျာမနီ၏ လက်အောက်သို့ ကျရောက်သွားကြသည်။ ထိုအချိန်ကာလတွင် ဗြိတိန်နိုင်ငံသည် မဟာမိတ်နိုင်ငံများမရှိသလောက်ဖြစ်ကာ အထီးကျန် ဘဝသို့ ရောက်ရှိခဲ့ရသည်။ ဤအခြေအနေမျိုးတွင်ပင် ဗြိတိသျှ စစ်ကက်ဘိနက်အဖွဲ့သည် ဂျာမနီအား ရေတပ်ဖြင့် ပိတ်ဆို့ခြင်း၊ လေတပ်ဖြင့်တိုက်ခိုက်ခြင်း၊ ဂျာမနီ သိမ်းပိုက်ထားသော နိုင်ငံများ၏ အုပ်ချုပ် ရေးပျက်ပြားအောင် နှောင့်ယှက်ဖျက်ဆီးခြင်းဟူသော လက်နက်သုံးလက်ဖြင့် အနိုင်တိုက်နိုင်မည်ဟု...

Read more »

>ရြေႚေူပာင်းအိပ်မက်

> ရွှေ့ပြောင်းအိပ်မက်အောင်ဝေးနိုဝင်ဘာ ၄၊ ၂၀၀၈ ဧရာဝတီမှ မစ္စစ္စပီသို့ ငမိုးရိပ်မှ မစ်ရှီဂန်သို့ ။ မုဆိုးတွေ စည်းပျက်တော့ယာခရိုးကချိုးလင်းပြာ ငှက်ကလေးလည်းလွတ်ရာပြေးရတာပေါ့။ တရားမမျှတတဲ့အခါဘ၀ဟာမလုံခြုံပါဘူး။ ရွှေဝါရောင် ညညတွေမှာခဏခဏပြောင်းပြောင်းအိပ်ရတဲ့ပုန်းခိုကျင်းကလေးတွေ။ ပြေးနေတဲ့ လူရဲ့စိတ်ဟာလေးလံလွန်းလှပါရဲ့။ အိပ်မက်ကို မစွန့် လွတ်နိုင်ဘူးသွားလေရာအပင်ပန်းခံ လွယ်လွယ်သွားရတယ်။ ခုလည်းပဲကိုယ့်ဝပ်ကျင်းကလေးထဲကိုယ်ကိုယ့်အိပ်မက်နဲ့ ကိုယ်။ မပျော်ပါဘူးတတိယနိုင်ငံဆိုတာပထမနိုင်ငံမှမဟုတ်တာ။ ။ အောင်ဝေး(အောက်တိုဘာ ၁၀ – ၂၀၀၈) No tags for this post.

Read more »

>Cartoon Win Pe – November 3rd, 2008

>Cartoon Win Pe – November 3rd, 2008

> Cartoon Win Pe – November 3rd, 2008 From New Era Journal Nov 2008 Publication No tags for this post.

Read more »

>Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 18

>Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 18

> Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 18 No tags for this post.

Read more »

>Nyi Nyi Htway photo

>Nyi Nyi Htway photo

> နိုင်ငံရေးအကျဉ်းသား၏ရှေ့နေ လျှပ်တပြက် ထောင်ချခံရ ဓာတ်ပုံသတင်း နိုဝင်ဘာ ၃၊ ၂၀၀၈ နိုင်ငံရေးအကျဉ်းသားများကို ကူညီစဉ် ပြီးခဲ့သည့် ကြာသပတေးနေ့က ထောင် ၆ လ ချခံခဲ့ရသည့် ရှေ့နေ ကိုညီညီထွေး။ ထိုသို့ ထောင်ချခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာလူငယ်ရှေ့နေများ ဥပဒေ အကျိုးဆောင်လုပ်ငန်းက ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။ ဤနေရာတွင် ဖတ်ပါ။ No tags for this post.

Read more »

>Po Jan – News on the road in a rush – 2nd Nov 2008

> လမ်းပေါ်က အပြေးအလွှား သတင်းများ ဖိုးဂျံ နိုဝင်ဘာ ၂၊ ၂၀၀၈ မြန်မာစစ်အစိုးရ လက်အောက်မှာ တရားဥပဒေက ပြည်သူကို လုံခြုံမှု မပေးနိုင် စည်ကားတယ် ဆိုပေမယ့် မှန်းချက်မကိုက်တဲ့ ကွန်ပြူတာ ပြပွဲ ဆုတွေ ရကြတယ် ဆိုလို့ လူတွေက နားစွင့် ပန်းချီပြပွဲတွေကို စိစစ်မှု တင်းကြပ် မြန်မာစစ်အစိုးရ လက်အောက်မှာ တရားဥပဒေက ပြည်သူကို လုံခြုံမှု မပေးနိုင် ယခင်အပတ်မှာ ၈၈ မျိုးဆက်ကျောင်းသား ၉ ဦးကို တရားရုံးက ရုံးတော်ကို မထီမဲ့မြင်ပြုတယ်ဆိုပြီး ထောင် ၆ လနဲ့ မအူပင်ထောင်ကို ပြောင်းလိုက်တယ်။ မတရားအဖမ်းဆီးခံထားရသူတွေကို စစ်အစိုးရက မထီမဲ့မြင်သဘောနဲ့ ထောင်ထဲပစ်ထည့်ပြီး မတရားချုပ်ထားက တနှစ်ကျော်ပြီဆိုတော့ အာဏာပိုင်တွေကို သူတို့ဥပဒေအရ...

Read more »

>poem for U Win Tin

>poem for U Win Tin

> မြန်မာပြည်မှ သူရဲကောင်း သတင်းစာဆရာမောင်သြနိုဝင်ဘာ ၃၊ ၂၀၀၈ ထောင်ထဲမှာ … ကျားအပြင်မှာ … ကျားအာဂသတ္တိ မြန်မာပြည်သား။ ထောင်ထဲမှာ ရဲစိတ်မှန်အပြင်မှာ ဇွဲစိတ်သန်ယုံကြည်ချက်ကို ဦးထိပ်ပန် … ထောင်ထဲမှာ ဒီစိတ်အမျိုးသားရေး ချစ်တဲ့စိတ် … ထောင်ထဲမှာ ဒီနှလုံးသားအပြင်မှာလည်း ဒီနှလုံးသားဒီမိုကရေစီရဲ့ ဘက်တော်သား … ထောင်ထဲမှာ ဒီဝတ်စုံအပြင်မှာလည်း ဒီဝတ်စုံလူ့အခွင့်အရေး နိမိတ်ပုံ … ထောင်ထဲမှာ ဒီစကားအပြင်မှာလည်း ဒီစကားဖြောင့်မတ်ခိုင်ကျည် သစ္စာတရား … ထောင်ထဲမှာ ဒီအပြုံးအပြင်မှာလည်း ဒီအပြုံးပြည်သူ့အတွက် သူ့မျက်လုံးနိုင်ငံအတွက် သူ့မျက်လုံးအနှစ် ၂ဝမျှအကျဉ်းကျခံ အုတ်နံရံထဲဆင်းရဲမွန်းကျပ် နေခဲ့လတ်လည်းစိတ်ဓာတ်ခိုင်ကျည် ရဲရဲနီလျက်အနိုင်မခံ အရှုံးမပေးသတ္တိသွေးကို လေးစားပါသည်တို့ ယုံကြည် …အို … ပြည်သူချစ်သော သတင်းစာဆရာသင်၏ နှလုံးသားမှ …NLD...

Read more »

>Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 17

>Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 17

> Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 17 No tags for this post.

Read more »

>Mar Mar Aye 251

>Mar Mar Aye 251

> ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၁)ရုပ်သေးသဘင် နှင့် ရွှေပြည်ကြီးသီချင်း (အပိုင်း-၂)မာမာအေး နိုဝင်ဘာ ၂၊ ၂၀၀၈ အသံနားဆင်ရန် ဤနေရာကို နှိပ်ပါ (photo: Sthilari) သောတရှင်များ ကျန်းမာတော်မူကြပါစရှင်- မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ၊ ပြုံးပြုံး ပြုံးပြုံးနဲ့ လုံးလုံး စကားမပြော ချစ်စရာ့ရုပ်သေးတို့တောမှာ ဟိုစာရှာ သည်စာဖတ်နဲ့ စုတတ်သမျှ စုလိုက်ရင်ပဲ အဆင်ကွဲသီချင်းတပုဒ် ဖော်ထုတ်ပေးချင်ပြန်ပါတယ်။ အဲဒါကလည်း ‘ရွှေပြည်ကြီး’သီချင်းပါပဲ။ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ထုတ်တဲ့ တေးရေးပညာရှင်ကြီးများ၏ ခေတ်ဟောင်းတေးသီချင်းများ အတွဲ(၁) မှာ တွေ့တာပါရှင်။ ရှေ့တပတ်က ပြောပြခဲ့တဲ့ မြန်မာဂီတရေစီးကြောင်း...

Read more »

>2nd Nov 2008 – MoeMaKa Sunday Weekly Program

>2nd Nov 2008 – MoeMaKa Sunday Weekly Program

> မိုးမခရဲ့ ရေဒီယိုချစ်သူများ ဆစ်ဒနီ နိုဝင်ဘာ ၂၊ ၂၀၀၈ ကျော်ကျော်နိုင်ဆိုင်းနဲ့ အမေရိကန်သံစုံဝိုင်း သတင်းထွေလာ သီချင်းပဒေသာ မန္တလေးမြို့တည်နှစ် (၁၅၀) အကြို နဲ့ မာမာအေး မန်းရာပြည့်တေး လတ်တလော မြန်မာ့စီးပွားရေးနဲ့ ကုန်ဈေးနှုန်း (SBS) မြန်ပြည်တလွှား ဆိုးခိုး တိုက်ခိုက်ကြပုံများ ၀-ပ-က နဲ့ AAPP ကြေညာချက်များ မောင်စူးစမ်းနဲ့ ဒီမိုကရေစီ – ဗသြ စာပေဟောပြောပွဲဂုဏ်ပြုအကြိုအစီအစဉ်များ (၁) မင်းလွင် ဆိုတာ ဘာလဲ – သခင်ကိုယ်တော်မှိုင်း (၂) သက် ၁၀၀ ကျော် ရွှေဟင်္သာဆရာတော် (၃) ကိုဗဟိန်းသို့ စကားကြွေး – လူထုဒေါ်အမာ (၄) သီချင်းတောင်းတဲ့ ပန်တျာမောင် (၅) သီချင်းဆိုတဲ့...

Read more »

>Pe Maung Tin by Htain Linn

>Pe Maung Tin by Htain Linn

> နိုင်ငံရေးနဲ့ စာပေအနုပညာ (၁၂) ပထမဆုံး မြန်မာပါမောက္ခ ဦးဖေမောင်တင်ထိန်လင်းနိုဝင်ဘာ ၂၊ ၂၀၀၈ သက်ရှိသက်မဲ့ အရာဝတ္ထုတွေဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ရှိဖို့ အရေးကြီးပါတယ်။ တကယ်လို့ သက်ဆိုင်ရာ နေရာတွေမှာ မရှိဘူးဆိုရင် တခုခု ချွတ်ချော်တိမ်းပါးနေပြီဆိုတာ သိရမှာဖြစ်သလို နေရာမှန် ရောက်ရှိရေးကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ ‘လူမှန် နေရာမှန်’ ဆိုတဲ့စကားက အဲဒီလိုနေရာမျိုးမှာ သုံးတဲ့စကားပါ။ ဒါနဲ့ပတ်သက်လို့ မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ မင်းသိင်္ခက ‘သူဌေးက သူဌေးလိုမနေဘဲ ခြံတံခါးတွေ သော့ခတ်ပြီးပြီလား၊ အိမ်တံခါးရော လုံရဲ့လား ဆိုပြီး အမြဲလိုက်ကြည့်နေမယ်ဆိုရင် သူဌေးနဲ့တူတဲ့ သူဌေးမဟုတ်ဘဲ၊ ဒရဝမ်နဲ့တူတဲ့ သူဌေး ဖြစ်လိမ့်မယ်’လို့ သူ့ရဲ့စာထဲမှာ ရေးဖူးတာ သတိရမိပါတယ်။ စာပေပညာရှင်တွေဟာ စာပေတာဝန်ကျေရမယ်၊ ဥပဒေဘက်တော်သားတွေက...

Read more »

>White Rainbow Poem Festival – Part 3

>White Rainbow Poem Festival – Part 3

> White Rainbow Poem Festival – Part 3 MoeMaKa VD November 2nd , 2008 No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်