>NLD made press conference after meeting with UN and Daw Suu

>NLD made press conference after meeting with UN and Daw Suu

> အင်န်အယ်ဒီပါတီက ဂန်ဘာရီ၊ ဒေါ်စုတို့နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ မိုးမခ ဓာတ်ပုံသတင်း ဖေဖော်ဝါရီ ၂၊ ၂၀၀၉ စစ်အစိုးရ အသိအမှတ်ပြု ပါတီဗဟိုအဖွဲ့ဝင် ၅ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၁၅ မိနစ်ခန့် ကြိုတင်ဆွေးနွေးပြီးမှ ကုလကိုယ်စားလှယ် ဂန်ဘာရီနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ယခုညနေ ဂန်ဘာရီ နေပြည်တော်သို့ ခရီးဆက်မည်ဟု သိရသည်။ ယနေနေ့ခင်းက ပြုလုပ်သော အင်န်အယ်ဒီပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်နှင့် အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်တို့က သတင်းထောက်တို့အမေးကို ဖြေကြားခဲ့သည်ကို တွေ့ရသည်။ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန်၊ ၂၀၀၈ တပ်မတော် အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန်၊ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်နှင့် ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိစ္စများကို ဆွေးနွေးကြကြောင်းနှင့်...

Read more »

>Daw Suu tells UN envoy she’s frustrated

>Daw Suu tells UN envoy she’s frustrated

> ဒေါ်စုက ကုလသမဂ္ဂကို အားမရကြောင်း ထုတ်ပြောပြီ အေပီ၊ ရိုက်တာ သတင်းဌာနဖေဖော်ဝါရီ ၂၊ ၂၀၀၉ ယနေ့နံနက်က မစ္စတာ ဂမ်ဘာရီ နှင့် ဒေါ်စု တွေ့ဆုံစဉ် (photo:Reuters) စစ်အစိုးရကို ဖြောင်းဖျခြင်းမပြုနိုင်သည့် ကုလသမဂ္ဂအား ဒေါ်အောင်ဆန်းစုကြည်က စိတ်ပျက် ဒေါသထွက်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်ဟု ဒေါ်စု၏ ပါတီက ဆိုသည်။ အကျယ်ချုပ် ချခံထားရသော ဒေါ်စုသည် ယနေ့နံနက်ပိုင်းက ကုလသမဂ္ဂက စေလွတ်သည့် အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ၁ နာရီကျော် တွေ့ခွင့်ရခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “(နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက်) ဒေါ်စုက ဘယ်သူနဲ့ပဲဖြစ်ဖြစ် တွေ့ချင်ပါတယ်” ဟု မစ္စတာဂန်ဘာရီအား ပြောလိုက်သည်ဟု ဆိုသည်။ သို့သော်လည်း...

Read more »

>condition in Thailand

>condition in Thailand

> မငြိမ်သက်မှုများနှင့် ရင်ဆိုင်နေရသော ထိုင်းအစိုးရသစ်ဓာတ်ပုံသတင်းဖေဖော်ဝါရီ ၂၊ ၂၀၀၉ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် အစိုးရဆန့်ကျင်သူများက အင်္ကျီအနီရောင် ၀တ်ဆင်ပြီး ဆန္ဒပြကန့်ကွက်နေကြသည်။ ဆန္ဒပြမှုကို တားဆီးသည့် စစ်သားများကိုလည်း ရန်မူကြသည်။ အဆိုပါ ဆန္ဒပြသူများသည် ယခင် ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ထောက်ခံကြသူများဖြစ်သည်။ (ဓာတ်ပုံ – AFP, Reuters) ထောင်ပေါင်းများစွာသော ဆန္ဒပြသူများနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝ လွန်ခဲ့သည့် ၅ နှစ်ခန့််မစတင်ပြီး မငြိမ်မသက် ဖြစ်နေသော ထိုင်းနိုင်ငံ တောင်ပိုင်း အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ဒေသမှ မြင်ကွင်းတခု။ No tags for this post.

Read more »

>Daw Suu meets UN envoy

> ၇ ကြိမ်မြောက်ရောက်လာသည့် ဂမ်ဘာရီကို ဒေါ်စုထွက်တွေ့ရိုက်တာသတင်းဌာနဖေဖော်ဝါရီ ၂၊ ၂၀၀၉ အထိန်းသိမ်းခံနေရသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံခဲ့သည်။ ဒေါ်စု၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်များ၏ အဆိုအရ တွေ့ဆုံပွဲတွင် အဖွဲ့ချုပ်မှ ခေါင်းဆောင် ၄ ဦးလည်း ပါဝင်သည်ဟု သိရသည်။ တနာရီကျော်ကြာ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ မည်သည့် အကြောင်းအရာများကို ဆွေးနွေးသည်ဆိုသည်ကိုမူ မသိရသေးပါ။ No tags for this post.

Read more »

>Thee Lay Thee in SF a success

>Thee Lay Thee in SF a success

> သီးလေးသီးနှင့် ဆေးရောင်စုံ ဆန်ဖရန်မှာ အောင်ပွဲဆက် မိုးမခ ဓာတ်ပုံသတင်း ဖေဖော်ဝါရီ ၂၊ ၂၀၀၉ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် သီးလေးသီး ဆေးရောင်စုံအငြိမ့်၏ ကယ်လီဖိုးနီးယားနယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် ပထမဆုံးဖြေဖျော်ပွဲအဖြစ် ယမန်နေ့ဖေဖေါ်ဝါရီလ ၁ရက်နေ့က ဆန်ဖရန်စစ္စကို ပင်လယ်အော် အရှေ့ဖက်ခြမ်းရှိ Chabot College ခန်းမတွင် ကျင်းပခဲ့ရာ ဘေးဧရိယာက ပရိသတ်များတင်သာမက လော့စ်အိန်ဂျယ်လိစ် ၊ ဆန်တာရိုစာ စသည်တို့ဘက်မှ လာရောက်အားပေး ခဲ့ကြကြောင်းသိရသည်။ ပွဲစဉ်တွင် ပရိသတ် ၇၀၀ ကျော်ရှိမည်ဟု ခန့်မှန်းသည်။ သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့သားများမှလည်း ယနေ့ခေတ် မြန်မာနိုင်ငံ အခြေအနေကို ထင်ဟပ်သည့် ပြက်လုံးများ၊ သရော်ချက်များ အပြင် လူရွှင်တော် ပန်းသီးမှ ယမန်နေ့က ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိသွားသည့် ကုလသံတမန်...

Read more »

>Tha khin Thein Maung marked his birthday with his activists community

> ၀ါရင့် နိုင်ငံရေးသမား သခင်သိန်းမောင် မွေးနေ့အလှူ ကျင်းပ မိုးမခ ဓာတ်ပုံသတင်း ဖေဖော်ဝါရီ ၂၊ ၂၀၀၉ ယမန်နေ့ မနက်၊ ရန်ကုန်မြို့ နေအိမ်မှာ ၀ါရင့်နိုင်ငံရေးသမားကြီး အသက် ၉၀ ကျော်ပြီ ဖြစ်တဲ့ သခင်သိန်းမောင် မွေးနေ့အလှူပွဲ ကျင်းပခဲ့တဲ့ မြင်ကွင်း။ အမျိုးသားရေးလှုပ်ရှားသူများ၊ အတိုက်အခံ နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းများ၊ မိသားစုများနဲ့ လုပ်ဖော်ကိုင်ဖက်များ လာရောက်ကြတာ တွေ့ရပါတယ်။ No tags for this post.

Read more »

>1st Feb 2009 – MoeMaKa Sunday Weekly Radio

>1st Feb 2009 – MoeMaKa Sunday Weekly Radio

> မိုးမခ ရေဒီယိုချစ်သူများ ဆစ်ဒနီ ဖေဖော်ဝါရီ ၁၊ ၂၀၀၉ မွေးနေ့ရှင် ဇာဂနာ၊ ပါပါလေး နဲ့ အကျင့်ဆိုးတေး သတင်းတိုထွာ၊ သီချင်းပဒေသာ ရဲဘော်ဖိုးသံချောင်းနဲ့ မေးမြန်းချက် – ငုရင်ပြင်အင်တာနက် မြန်မာ့လူရည်ချွန် ၃ ဦး ရာပြည့် – မောင်စွမ်းရည် လယ်သမားတေးနဲ့ လယ်သမားအရေး – ခင်မောင်ရင် ရွှေဖလားဆုရ လူရွှင်တော်သစ်များ ဟာသ အထူး – ဘုရားမကြိုက်တဲ့ လူမိုက်ကြီး ၅ ယောက် (မုသာဝါဒကံ) – မောင်ကြေးမုံ စီစဉ်သူ – ဦးပန်တျာ၊ နန်းဖောဆေး No tags for this post.

Read more »

>The News Photos at U Pe Thein 85 Birthday

> ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ၈၅ နှစ်ပြည့် မွေးနေ့ စည်ကား မိုးမခ ဓာတ်ပုံသတင်း ဖေဖော်ဝါရီ ၁၊ ၂၀၀၉ ဇန်န၀ါရီ ၃၁၊ စနေနေ့က ရန်ကုန်မြို့ စွပ်ကျယ်စက်လမ်းနေအိမ်မှာ ကျင်းပခဲ့တဲ့ ဆရာကြီး ဦးဖေသိန်း မွေးနေ့ကို စာပေ၊ အနုပညာနှင့် အမျိုးသားရေးလှုပ်ရှားသူ အသိုင်းအ၀ိုင်းက စည်ကားစွာ တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။ ဆရာဦးဝင်းတင်၊ ဦးအုန်းမြင့်၊ ဦးမောင်မောင်ခင်၊ ဒေါ်ခင်ဆွေဦး၊ ဆရာ မောင်ဝံသ၊ ကာတွန်းငွေကြည်၊ အော်ပီကျယ်၊ မင်းလူ စသည် ပညာရှင်များကိုတွေ့ရမှာ ဖြစ်ပါတယ်။ No tags for this post.

Read more »

>Mar Mar Aye – 262

>Mar Mar Aye – 262

> ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၆၂)ရွှေပြည်စိုး၊ ဟေ၀န်နန်း နောက်ဆက်တွဲမာမာအေးဖေဖော်ဝါရီ ၂၊ ၂၀၀၉ သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ၊ ရှေ့တပတ်မှာတုန်းက ‘ရွှေပြည်စိုး’ နဲ့ ‘ဟေ၀န်နန်း’ အသံတူတာ ရှေ့ဆုံး စည်းဝါးဝင်တဲ့ တပိုဒ်ထဲပါလို့ ပြောနေတုန်းပါနော်၊ အဲဒီလို အသံတူနေတာဟာ အချင်းချင်း ပွားယူကြတာလား၊ တိုက်ဆိုင်တာလား၊ ဘယ်သူအရင် ရေးတာလဲတဲ့ ကိုဝင်းပေါ်မောင် မေးထားတာ ကျန်သေးလို့ ပြောရဦးမယ်။ တကယ်တော့ ဆရာကြီး နန်းတော်ရှေ့တို့ ဆရာရွှေတိုင်ညွန့်တို့ကို မတွေ့လိုက်ရပါဘူး၊ ဒီဆရာကြီးတွေနဲ့ တအိမ်ထဲ တစည်းတလုံး နေလာခဲ့တဲ့ ရောင်းရင်း...

Read more »

>Rohingyas in Malaysia

>Rohingyas in Malaysia

> မလေးရှားရောက် ရိုဟင်ဂျာများ နှင့် ပင်လယ်တွင် ပျောက်ဆုံးသူအတွက် ငိုကြွေးနေသူများဓာတ်ပုံသတင်းဖေဖော်ဝါရီ ၁၊ ၂၀၀၉မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရောက် ရိုဟင်ဂျာကလေးငယ် ၂ ဦး လက်ကိုင်ဖုန်းဖြင့် ဂိမ်းဆော့နေစဉ် ၎င်းတို့၏ အဖွားဖြစ်သူ ထမင်းချက်ရန် ပြင်နေစဉ်။ မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရိုဟင်ဂျာအများအပြား မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံများသို့ ရောက်ရှိနေကြသည်။ ( ဓာတ်ပုံများ – Reuters )ငိုကြွေးနေသော ရိုဟင်ဂျာအမျိုးသမီး Nur Kahtun ။ ၎င်း၏ ခင်ပွန်းသည်ဖြစ်သူ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ပွဲစားများနှင့် ချိတ်ဆက်ပြီး လှေဖြင့်ထွက်ခွာသွားရာ ပင်လယ်တွင် ပျောက်ဆုံးနေသည်ဟု ယူဆရသည်။Mohammad Iqbal Hossain၏ မိခင်။ No tags for this...

Read more »

>Students Movement in Burma (03)

> ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၃)‘၁၉၂ဝ ပထမ တက္ကသိုလ်သပိတ်’အောင်ဝေးဖေဖော်ဝါရီ ၁၊ ၂၀၀၉ ‘သြော် – ဝေးခရီးပေမဲ့၊ အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့၊ ဆရာလည်းကွာ မြန်မာ့ပလ္လင်မှာ၊ သမ္မတရှင်ဘုရင် မလူးခင်ပ၊ ထဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့၊ ထီမထင်ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းအပေါ်ဖျားမှလ၊ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့’ မြန်မာပြည်မှာ ၁၉၂ဝ ပထမ တက္ကသိုလ် ကျောင်းသားသပိတ်ကြီး ဖြစ်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အားပေး ထောက်ခံလိုက်တဲ့ ကဗျာပါ။ ‘အမျိုးသားနေ့အစ၊ ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက’ လို့ ဆိုရိုးရှိတဲ့အတိုင်း နဝမ အကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်ကြီးက အဲဒီသပိတ်ကြီး စခဲ့တဲ့ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်၊ မြန်မာသက္ကရာဇ်...

Read more »

>Quotes for Jan 2009

>Quotes for Jan 2009

> ဇန်န၀ါရီ စာကိုး၊ စကားကိုးဇန်န၀ါရီ ၃၁၊ ၂၀၀၉ “သားစိုးနှင့် ငယ်ငယ်တို့သည် စေ့စပ်ပွဲဖိတ်စာအား ယွန်းပန်းကန်ပေါ်တွင် စာသားရေးသား၍ ဖိတ်ကြားခဲ့ပြီး၊ သူတို့၏ စေ့စပ်မင်္ဂလာ ဧည့်ခံပွဲအားလည်း ထူးခြားသော တင်ဆင်မှုများဖြစ်သည့် ယိမ်းအက၊ ဇာတ်မင်းသားအက နှင့် ရုပ်သေးရုပ်အကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်”7 DAY NEWS ဂျာနယ်၊ ဇန်န၀ါရီ ၁၅ သားစိုး (ကိုစိုးမွန်အောင်) နှင့် ငယ်ငယ် (မထက်ထက်ခိုင်) “ဂျပန်တို့ စစ်ရှုံးတော့မည်မှာ အတော် သေချာနေသည်။ ထို့ကြောင့် ဒေါက်တာဘမော်က ရဲဝံ့စွာပင် ဂျပန်ဝန်ကြီးချုပ်ကို မြန်မာပြည် နောက်တစ်ကြိမ် စစ်မြေပြင် မဖြစ်ရအောင် ဂျပန်တပ်များ မြန်မာပြည်မှ ဆုတ်ပေးဖို့ တောင်းဆိုခဲ့သည်။ သူ့တောင်းဆိုချက် အကောင်အထည် ဖြစ်မလာခဲ့။ သို့သော် သူသည်...

Read more »

>Burmese Great Cartoonist U Pe Thein turns 85

>Burmese Great Cartoonist U Pe Thein turns 85

> ကာတွန်း (ဦး) ဖေသိန်း ၈၅ နှစ်ပြည့်မည် မိုးမခ အထောက်တော် ၀၀၃ ဇန်န၀ါရီ ၃၀၊ ၂၀၀၉ လာမည့် စနေနေ့မှာ ဆရာကြီး ကာတွန်း (ဦး) ဖေသိန်းရဲ့ ၈၅ နှစ်ပြည့် မွေးနေ့ အလှူကို ကျင်းပမှာ ဖြစ်ပါတယ်။ နှစ်စဉ် ကာတွန်းဆရာ လူကြီး လူငယ်များနဲ့ မိတ်ဆုံပွဲသဖွယ် ပြုလုပ်နေကြ ပွဲတော်ဖြစ်တာမို့ စာပေ အနုပညာရှင် လူကြီး လူငယ်များနဲ့ စည်ကားမှာ ဖြစ်ပါတယ်။ ဆရာကြီး ဦး ဖေသိန်းဟာ သတင်းစာ ကာတွန်းဆရာ၊ ကလေးသူငယ်များအတွက် သရုပ်ဖော် ကာတွန်းဆရာ၊ ကလေးသူငယ်များအတွက် စေတနာထား အထူးထုတ်ဝေတဲ့ ပုံပမာ စာစဉ်များ ကိုယ်တိုင်ရေးဆွဲ စီစဉ်ထုတ်ဝေသူ၊ မြန်မာဗုဒ္ဓဘာသာဝင်ကလေးငယ်တို့ အသည်းစွဲ...

Read more »

>Burmese Speaking American English -Audio Lesson CD – weekly program introduction

>Burmese Speaking American English -Audio Lesson CD – weekly program introduction

> မြန်မာတို့အတွက် အမေရိကန်အင်္ဂလိပ် စကားပြော လေ့ကျင့်ခန်း အသံထွက်အစီအစဉ် မိုးမခက အပတ်စဉ် ထုတ်လွှင့်မည် မိတ်ဆက် – အပိုင်း ၁ ဇန်န၀ါရီ ၂၉၊ ၂၀၀၉ ဒီနေရာမှာ နားဆင်ပါ။ ထက်မိုး (နယူးဒေလီ) နှင့် အိန္ဒိယရောက် မြန်မာလူငယ်များ စီစဉ်တဲ့ – မြန်မာတို့အတွက် အမေရိကန်အင်္ဂလိပ်စကားပြော လေ့ကျင့်ခန်း စီဒီ – နိုင်ငံတကာ အင်တာနက်၊ ရေဒီယို၊ ရုပ်သံတို့က ကောက်နုတ်ထားပြီး မြန်မာဘာသာပြန်နဲ့ တွဲဖက်ထားသည်။ အိမ်သုံး၊ ကျောင်းသုံး၊ ရုံးသုံး စကားပြောလေ့ကျင့်ခန်းမျိုးစုံကို တင်ဆက်ထားသဖြင့် အမေရိကန်အင်္ဂလိပ်စကားပြော သင်ယူလိုသူ၊ လေ့ကျင့်လိုသူနှင့် လက်စွဲပြုလိုသူ အားလုံးအတွက် အထူးသင့်တော်ပါသည်။ ရပ်နီး ရပ်ဝေးက ပညာဒါနပြု၊ လက်ဆင့်ကမ်းမှာကြားလိုပါက – MoeMaKa,...

Read more »

>Biography of Mahn Win Maung, President of Burma in 1957 (Part 8)

> မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း (၈)မှတ်စုမှတ်တမ်းဇန်န၀ါရီ ၃၀၊ ၂၀၀၉ ပျဉ်းမနားမြို့နှင့် မန္တလေးကားလမ်းပေါ်တွင် အင်္ဂလိပ် လေယာဉ်ပျံများက နေ့တွင်မကဘဲ ညဘက်မှာလည်း လိုက်လံ ပစ်ခတ်ကြောင်း ပျဉ်းမနားမှာ နေစဉ် ကြားသိရပါတယ်။ ညဘက် သွားသောအခါ မီးထိုးပြီး သွားရပါသဖြင့် မီးထိုးထားသော ကားကို လိုက်လံပစ်ခတ်ခြင်း ဖြစ်တယ်။ ဤကဲ့သို့ ပစ်ခတ်ခြင်းကြောင့် သေကြေ ပျက်စီးကြကြောင်းလည်း သိရှိရပါတယ်။ ဒီသတင်းကို ကြားသိထားရသဖြင့် ညနေဘက် ပါပါတို့ ဆက်လက် ခရီးထွက်တော့ သတိ ဝီရိယ ထားပြီး သွားရပါတယ်။ ဖြည်းဖြည်းသွားပြီး မီး ထိုးတလှည့်၊ မထိုးတလှည့် သွားရပါတယ်။ မိတ္ထီလာ ရောက်တော့ ဗိုလ်ကြီး တင်ထွန်းဟာ တွေ့စရာရှိတဲ့ လူတွေနဲ့ ဝင်တွေ့ပြီး ဓာတ်ဆီရှာရတာနဲ့...

Read more »

>essay for Min Htut Khaung

> မြူခိုးဝေေ၀သစ္စာသစ်တရား၊ အာဟာရမှုန့်နှင့် အာကင်ဆောရောက် မင်းထွဋ်ခေါင်သို့ လွမ်းချင်းကဗျာ ခင်လွန်းဇန်န၀ါရီ ၃၀၊ ၂၀၀၉ “ တောင်ခိုးတဲ့ဝေေ၀၊ မြူခြေတဲ့ဆိုင်းဆိုင်း ငါ့အဖေမော်ကာကြည့်တယ် ခေါင်းပေါင်းပြုတ်ကျ ” တဲ့။ ကျနော်တို့နေတဲ့ ဒုက္ခသည်စခန်းလေး တခွင်မှာ ခုနေဆိုရင် နှင်းလားမြူလား မကွဲပြားအောင် ရှစ်ခွင်တိုင်း မှိုင်းမှိုင်းမှုန်ရီနေပါပြီ။ ဒီလိုအချိန်မျိုးမှာ ငယ်ငယ်တုန်းက ကဗျာရူး စာရူးဘ၀မှာ ကာရန် အမြီးအမောက် မတည့်တဲ့ ကဗျာလေးတပုဒ် ကြားခဲ့ဖူးတာကို ပြန်သတိရလာတတ်ပြီး ကဗျာအကြောင်းလေး ပြောချင်လာမိပါတယ်။ ကဗျာဆိုတာ အလှဗေဒ ရသဂုဏ်မြောက်၊ အဖွဲ့ အနွဲ့ အဆင်တန်ဆာတို့နဲ့ ခံစား သီကုံး ရေးစပ်ကြရတာမျိုးလို့ ခပ်ကြမ်းကြမ်းလေး ဆိုလို့ရမလား ခင်ဗျာ။ အဲဒါဆိုရင်တော့ ကျနော်လဲ ကျနော် ကိုယ်တိုင် ရေးဖွဲ့ခဲ့ဖူးတဲ့ ကျော်စောကတ္တိ...

Read more »

>soldiers with heavy burden

> မနိုင်ဝန် ထမ်းသူများအကြောင်းဒီအောင်ခင်ဇန်န၀ါရီ ၃၀၊ ၂၀၀၉ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)က ပြီးခဲ့တဲ့လဆန်းပိုင်းမှာ သုံးရက်ကြာ လုပ်ခဲ့တဲ့ အစည်းအဝေးမှတ်တမ်း ပြင်ပကို ပေါက်ကြားလာပါတယ်။ မပခ နယ်မြေမှာ ကချင်ပြည်နယ် ပါဝင်ပါတယ်။ ကချင်ဒေသနဲ့ နီးတဲ့ ရှမ်းပြည်နယ်ထဲက မြို့တချို့လည်း ပါဝင်ပါတယ်။ မြစ်ကြီးနားမြို့မှာလုပ်တဲ့ ဒီအစည်းအဝေးကို တိုင်းမှူးဖြစ်လာတာ ၆ လပဲ ရှိသေးတဲ့ ဗိုလ်မှူးချုပ် စိုးဝင်း တက်ပါတယ်။ မြောက်ပိုင်းတိုင်းထဲမှာရှိတဲ့ ဗျူးဟာမှူး၊ တပ်ရင်းမှူး စသဖြင့် အရာရှိ အယောက် ၈၀ ၀န်းကျင်ရဲ့ နာမည်တွေလည်း တွေ့ရပါတယ်။ ပထမဆုံး တိုင်းမှူးက သူ့အထက် ခေါင်းဆောင်တွေရဲ့ အမှာစကားတွေကို ပြန်ရှင်းပြတဲ့အကြောင်း ထိပ်တန်းလျှို့ဝှက် ဆိုတဲ့ ဒီအစည်းအဝေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မှာကြားချက်တွေ...

Read more »

>SPDC talks about Rohingya

>SPDC talks about Rohingya

> ရိုဟင်ဂျာအရေး နေပြည်တော် အော်ပြီဓာတ်ပုံသတင်းဇန်န၀ါရီ ၃၀၊ ၂၀၀၉ရခိုင်ပြည်နယ်ဘက်မှ ရိုဟင်ဂျာများအရေးနှင့်ပတ်သက်ပြီး ဆူပွက်နေချိန်တွင် မြန်မာစစ်အစိုးရ၏ သဘောထားကို ယနေ့ထုတ်သတင်းစာများမှတဆင့် တွေ့လိုက်ရသည်။ No tags for this post.

Read more »

>10 th Anniversary of Passing of Khin Myo Chit by Maung Swan Yi presented by Htain Linn

>10 th Anniversary of Passing of Khin Myo Chit by Maung Swan Yi presented by Htain Linn

> စာရေးဆရာမကြီး ခင်မျိုးချစ် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ မောင်စွမ်းရည် စကား ထိန်လင်း စီစဉ်တင်ဆက်သည် ဇန်န၀ါရီ ၂၉၊ ၂၀၀၉ ဒီနေရာကနေ သွားရောက် နားဆင်ပါ။ (Filed Photo – Khin Myo Chit with Yin Min Pike) No tags for this post.

Read more »

>NLD seminar on current Burmese law and its issues – Photo News

> အင်န်အယ်ဒီပါတီ အင်္ဂါနေ့စကားဝိုင်း – ဓာတ်ပုံမြင်ကွင်း မိုးမခ အထောက်တော် ၀၀၃ ဇန်န၀ါရီ ၂၉၊ ၂၀၀၉ လွန်ခဲ့တဲ့ အင်္ဂါက ကျင်းပခဲ့တဲ့ အင်န်အယ်ဒီ ပါတီရဲ့ လူငယ်ပညာပေး ဟောပြောပွဲမှာ မြန်မာနိုင်ငံ ဥပဒေနှင့် လက်တွေ့ပြသနာများကို ဟောပြောဆွေးနွေးကြပါတယ်။ အဲဒီက မြင်ကွင်းကို တင်ပြလိုက်ပါတယ်။ No tags for this post.

Read more »

>NLD urged for all political prisoners released

>NLD urged for all political prisoners released

> အင်န်အယ်လ်ဒီပါတီက ကုလကိုယ်စားလှယ်ခရီးအမီ သဘောထားထုတ်ပြန် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အဓိကထား မိုးမခ အထောက်တော် ၀၀၃ ဇန်န၀ါရီ ၂၉၊ ၂၀၀၉ ယနေ့ထုတ်ပြန်ချက် အပြည့်အစုံကို ဖတ်နိုင်ပါတယ်။ ၂၀၀၈ တပ်မတော်အခြေခံဥပဒေနဲ့ ၂၀၁၀ တပ်မတော် ရွေးကောက်ပွဲ အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ တိုင်းပြည်၏ အထွေထွေ အကြပ်အတည်းကို ဖြေရှင်းရန်အတွက် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး၊ အားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေးကို အဓိကထား ဆောင်ရွက်ကြရန် သဘောထားထုတ်ပြန်ထားပါတယ်။ ပြည်သူများကလည်း အင်န်အယ်ဒီပါတီ၏ သဘောထားအတိုင်း ရပ်တည်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။ No tags for this post.

Read more »

>2009 and economic cirsis

>2009 and economic cirsis

> ၂ဝဝ၉ နဲ့ မြန်မာ့စီးပွားရေး အကြပ်အတည်းသန်းစိုးလှိုင်ဇန်နဝါရီ ၂၉၊ ၂ဝဝ၉ (photos: moemaka) ပြည်ပကလွှင့်တဲ့ မြန်မာပိုင်း ရေဒီယိုတွေ၊ အပတ်စဉ် ထွက်နေတဲ့ ဂျာနယ်တွေရဲ့ စာမျက်နှာပေါ်မှာ ကမ္ဘာမှာ စီးပွားရေး အကြပ်အတည်း ကြုံတွေ့နေရတာ၊ ကုမ္ပဏီတွေက လုပ်သားအင်အား လျှော့တာ၊ ၃လတခါ ထုတ်ပြန်တဲ့ စီးပွားရေး အချက်အလက်တွေမှာ စားသုံးသူ ဝယ်လိုအား လျော့ကျနေတာ၊ ကုန်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း အမှာစာ လျော့ကျနေလို့ စက်ရုံတွေ ရပ်ထားတာ စတဲ့ သတင်းတွေ ကြားနေ ဖတ်နေရပါတယ်။ ဒါတွေက ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများကို ထိုးနေတဲ့ စီးပွားရေး အရိပ်မည်းကြီးတခုလို ဖြစ်နေပါတယ်။ ၂ဝဝ၇-၂ဝဝ၈ ခုနှစ်မှာ အမေရိကန် နိုင်ငံက အိမ်ချေးငွေ စာချုပ်စာတမ်းတွေကနေ...

Read more »

>3 outstanding Burmese

> မြန်မာလူရည်ချွန်သုံးဦး ရာပြည့်မောင်စွမ်းရည် ဇန်နဝါရီ ၂၉၊ ၂ဝဝ၉ “ပူဇော်ထိုက်သူ ပူဇော်မူ မှတ်ယူမင်္ဂလာ” ဆိုတာ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တမျိုးတည်းရဲ့ ယဉ်ကျေးမှုဓလေ့ မဟုတ်ပါ။ ကမ္ဘာ့လူသား တရပ်လုံးရဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ ပူဇော်ထိုက်သူ မပူဇော်ဘူး ဆိုရင်တော့ လူရိုင်းတွေ၊ မယဉ်ကျေးသူတွေ၊ အောက်တန်းကျသူတွေလို့ ဆိုရပါမယ်။ ကျနော်တို့ မြန်မာတွေဟာ ပူဇော်ထိုက်သူ ပူဇော်ရေးမှာ တာဝန်ကျေကြပါရဲ့လား ဆိုတာ ကိုယ့်ဘာသာ အလွယ်နဲ့ စဉ်းစားနိုင်ကြပါတယ်။ ဒီနှစ်မှာ မြန်မာလူရည်ချွန် သုံးဦးတို့ရဲ့ သက်တမ်း နှစ်တရာပြည့်တဲ့အခါနဲ့ ကြုံကြိုက်ပါတယ်။ ပညာရှိ စာဆို ဆရာကြီး မင်းသုဝဏ်၊ သတင်းစာဆရာ ဝတ္ထုရေးဆရာကြီး မောင်ထင်၊ ငြိမ်းချမ်းရေး ဗိသုကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်တို့ဟာ...

Read more »

>Thit Kaung Ein – Again Come Long Hair

>Thit Kaung Ein – Again Come Long Hair

> ငါ့ဆံပင်တွေ ပြန်ရှည်လာခဲ့ပြီ မာရီလင် သစ်ကောင်းအိမ် ဇန်န၀ါရီ ၂၈၊ ၂၀၀၉ နက္ခတ် မကြုံလည်း မြေသားပေါ်က ငရဲဘုံမှာ တို့ ပြန်ဆုံကြရအောင် … ကိုယ်ပိုင်အရောင်အဆင်း မရှိတဲ့ ကြယ်အလင်းတွေ အောက်မှာ ပိုးစုန်းကြူးငယ်တွေက မင်းကို လှောင်ရယ်နေကြလိမ့်မယ် ပျောက်ဆုံးသွားတဲ့ မီးပြတိုက်တွေအတွက် ငိုရှိုက်မနေပါနဲ့တော့ မာရီလင် … လူ့အဖြစ် သားရဲတွင်းထဲ လေထီးမပွင့်ဘဲ ခုန်ဆင်းခဲ့ … ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ဟာ မဆုံးတဲ့ ညဥ့်နက်တွေကို လှိုဏ်ခေါင်းတူးဖောက်ထွက်နေတဲ့ မြေကြွက်တကောင် မရိတ်သိမ်းရသေးတဲ့ ကောက်ရိုင်းပင်တွေအတွက် နွေဦးကြို တံစဉ်တလက် လရောင်အသိုက်မှာ ငှက်နှိုက်ဖို့ ကျောက်တောင်နံရံတွေကို အာခံနေတဲ့ တောင်တက်သမား တယောက် မဏိမေခလာမရှိတဲ့ သက္ကရာဇ်တွေထဲ အလျားလိုက် လက်ပစ်ကူး တံခွန်ခူးဖို့ ချောတိုင်...

Read more »

>exodus of Chin ethnic from burma

> ချင်းဒေသခံများ အိန္ဒိယသို့ အစုလိုက် အပြုံလိုက် ထွက်ပြေးမိုးမခအထောက်တော် အမှတ် ဝဝ၆ဇန်န၀ါရီ ၂၉၊ ၂၀၀၉ သိန်းနှင့်ချီသော ချင်းပြည်နယ်မှဒေသခံများသည် အိန္ဒိယသို့ ထွက်ပြေး ခိုလှုံနေရကြောင်း နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်သော Human Rights Watch (HRW)၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အေအက်ဖ်ပီသတင်းဌာနက ဆိုသည်။ စားနပ်ရိက္ခာရှားပါးမှု၊ လုပ်အားပေး၊ အနိုင်ကျင့်နှိပ်စက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။ အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့် ၃ နှစ်အတွင်း လူပေါင်း ၁၄ဝ နှင့် တွေ့ဆုံမေးမြန်းမှုမှ ရရှိသည့်အချက်အလက်များဖြင့် ပြုစုထားခြင်းဖြစ်သည်ဟု ဆိုသည်။ ချင်းပြည်တွင် ဖြစ်ပေါ်နေသော အဆိုပါ မတရားမှုများမှာ မြန်မာ့တပ်မတော် နှင့် ချင်းသူပုန်အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ အဆိုပါ မတရားပြုမှုများကို...

Read more »

>Zarganar – Personal Interview

>Zarganar – Personal Interview

> No tags for this post.

Read more »

>Zarganar turns 48 in Myitkyinar Prison

> ဇာဂနာ ၄၈ နှစ် မြစ်ကြီးနားထောင်ထဲမှာ ပြည့်ခဲ့ပြီ မိုးမခ အထောက်တော် ၀၀၃ ဇန်န၀ါရီ ၂၈၊ ၂၀၀၉ ယမန်နေ့ ၂၇ ရက်နေ့က ပြည်သူ့အချစ်တော် လူရွှင်တော် (ကို) ဇာဂနာ ၄၈ နှစ်ပြည့်ပါတယ်။ အဲဒီအချိန်မှာ မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၅၉ နှစ် ကျခံနေရပါတယ်။ သူရဲ့ အမှတ်တရ အဖြစ် ဓာတ်ပုံမှတ်တမ်းလေးတခုကို တင်ဆက်လိုက်ပါတယ်။ No tags for this post.

Read more »

>the victim get 5 weeks imprisonment

>the victim get 5 weeks imprisonment

> အကြမ်းဖက်ခံရသူ ထောင်ကျဓာတ်ပုံသတင်းဇန်န၀ါရီ ၂၉၊ ၂၀၀၉လူ ၄ ဦး၏ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လက်ကျိုးသွားသော ဒေါ်ခင်သိန်း။ ပြီးခဲ့သည့် သောကြာနေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တရားရုံးက ဒေါ်ခင်သိန်းကို ထောင်ဒဏ် ၁ လ နှင့် ၇ ရက် ချမှတ်လိုက်သည်။ ၎င်းအား ၀ိုင်းဝန်း ရိုက်နှက်သူ ၄ ဦးအနက် ၃ ဦးကို အမှုမှ အပြီးအပြတ် လွတ်ပေးလိုက်သည်။ ရိုက်နှက်ရာတွင် ပါဝင်သူ မဘုတ်ဆုံ ဆိုသူကို ထောင်ဒဏ် ၁ လ ချမှတ်ခဲ့သည်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် နေထိုင်သော လယ်သူမကြီး ဒေါ်ခင်သိန်း၏ သမီး မစန်းစန်းသွင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ အဖွဲ့ဝင် တဦး ဖြစ်သည်။...

Read more »

>Indonesia to repatriate 193 boat migrants

>Indonesia to repatriate 193 boat migrants

> အင်ဒိုရောက် ရိုဟင်ဂျာများ ရှေ့ရေး မသေချာဓာတ်ပုံသတင်းဇန်န၀ါရီ ၂၈အင်ဒိုနီးရှား ရေတပ်စခန်းတခုတွင် အထိန်းသိမ်းခံနေရသော ရိုဟင်ဂျာများ ယနေ့ ညနေပိုင်းက ဘုရားဝတ်ပြုနေစဉ် (အပေါ်ပုံ)။ ၎င်းတို့သည် အင်ဒိုနီးရှားသို့ လွန်ခဲ့သည့် ၃ ပတ်က ရောက်ရှိခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ ၎င်းတို့လှေတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရိုဟင်ဂျာ ၁၉၃ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ရာ ထိုင်းစစ်သားများက ကောင်းမွန်စွာ ဆက်ဆံခြင်း မရှိခဲ့ကြောင်း၊ သင့်လျော်သည့် ထောက်ပံ့မှုများ မပေးဘဲ ပင်လယ်တွင်းသို့ တွန်းပို့ခဲ့ကြောင်းလည်း ပြောပြခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်သည့် အေပီသတင်းတပုဒ်တွင် “အင်တာဗျူးထားတာတွေကို ကြည့်ပြီး ပြောနိုင်တာကတော့ ဒီလူတွေက နိုင်ငံရေး ခိုလှုံခွင့် တောင်းတဲ့သူတွေ မဟုတ်ဘူး၊ အလုပ်အကိုင်ရဖို့ ရွှေ့ပြောင်းသွားနေတဲ့သူတွေပဲ”...

Read more »

>Win Pe Bag – 11

>Win Pe Bag – 11

> ၀င်းဖေလွယ်အိတ် အမှတ် ၁၁ ရုပ်ရှင် အကယ်ဒမီဆုဝင်းဖေဇန်န၀ါရီ ၂၈၊ ၂၀၀၉ သောတရှင်များခင်ဗျား ၊ ပြီးခဲ့တဲ့အပတ်က စစ်အစိုးရရဲ့ ရုပ်ရှင်ဆင်ဆာ အကြောင်းတွေ ပြောရင်းနဲ့ဆက်ပြီး ဒီတပတ် ရုပ်ရှင် အကယ်ဒမီအကြောင်း တင်ပြချင်ပါတယ်။ ရုပ်ရှင် ပညာ ထူးချွန်ဆုတွေ နှစ်စဉ် ချီးမြှင့်ပေးတာဟာ အလွန်ကောင်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ရုပ်ရှင် အနုပညာသည်တွေကလည်း ရုပ်ရှင် အကယ်ဒမီဆုကို မြတ်မြတ်နိုးနိုး တန်ဘိုးထား မျှော်လင့်ကြပါတယ်။ ရုပ်ရှင်ပညာ ထူးချွန်ဆု ရသူတွေဟာ ထိုက်ထိုက် တန်တန် ကြိုးစား အားထုတ် ရယူကြတာလည်း မှန်ပါတယ်။ တခါတလေ အကယ်ဒမီဆုပေးအဖွဲ့နဲ့ အများပြည်သူဆန္ဒ လွဲချော်တာမျိုးကလေးတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ အချိန်ကာလ ရောက်လာပြီ ဆိုရင်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်