>A New Year’s letter

>A New Year’s letter

> သင်္ကြန်အတွင်း ရေးတော့ သင်္ကြန်စာ ဆိုပါတော့ ဇာနည်ဝင်း ဧပြီ ၁၄၊ ၂၀၀၉ မြန်မာ သင်္ကြန်စာ ကမ္ဘာပေါ်မှာ ပြက္ခဒိန်တွေက များတော့ နှစ်သစ်ကူးပုံတွေကလည်း များတယ်၊ စုံတယ်။ မြန်မာ နဲ့ အာရှ နိုင်ငံတချို့ကတော့ ပြက္ခဒိန် ဆင်တူတယ်။ ဒီတော့ နှစ်ကူးတော့လည်း အတူတူပဲ။ ရေပက်တာတွေတောင် တူလိုက်သေးတယ်။ ကျနော်တို့ကတော့ နှစ်သစ်ကူးကြိုဆိုတာကို သင်္ကြန်လို့ ပြောတယ်။ သင်္ကြန် ရေပက်တာ ပုဂံခေတ်ကတည်းက ဆိုပြီး မှန်နန်း ရာဇ၀င်ကို ကိုးကား ရေးသားကြတယ်။ ဘာကြောင့် ပက်ကြသလဲ ဆိုတော့ အမျိုးမျိုး ဖြေတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေ ဆေးပေးချင်တာပါ တဲ့။ ရာသီဥတု အပူဆုံးကာလတွေဖြစ်လို့ အေးမြ ကြည်လင်အောင် လို့လည်း...

Read more »

>Burma celebrates festival with splash of freedom

>Burma celebrates festival with splash of freedom

> ယနေ့ရန်ကုန်သင်္ကြန်(ဓာတ်ပုံ – စိုးဇေယျထွန်း၊ Reuters သတင်းဌာန) ရေစိုရွှဲတဲ့ ပွဲတော်အေအက်ဖ်ပီ သတင်းဌာနဧပြီ ၁၄၊ ၂၀၀၉ ရန်ကုန်သူ ရန်ကုန်သားများ ရေကစားနေကြသည်။ ဆံပင် ဆေးရောင်စုံ ဆိုးထားသူများလည်း ပါဝင်သည်။ ဤရေသဘင်ပွဲတော်မှာ လွတ်လွတ်လပ်လပ် ဆင်နွဲရန် အစိုးရက ခွင့်ပြုထားသည့် တခုတည်းသော ပွဲတော်ဖြစ်သည်။ ဤပွဲတော်ကို ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့တွင်လည်း ကျင်းပနေသည်။ လက်ရှိ စီးပွားရေး ချွတ်ခြုံကျမှုများကို မေ့ပစ်ရန် သင်္ကြန်ပွဲအတွင်း နှစ်မြှုပ်ထားလိုက်ခြင်းက အကောင်းဆုံး ဖြစ်မည်ဟု အသက် ၂၂ နှစ်အရွယ် ကျောင်းသူတဦးက ဆိုသည်။ “လောလောဆယ် ဖြစ်ပျက်နေတာတွေကို ဘေးဖယ်ထားလိုက်ပါ။ သင်္ကြန်ဆိုတာ ပျော်ပျော်နေရမယ့် အချိန်ရှင့်” ဟု သူကဆိုသည်။ ရန်ကုန်သူ ရန်ကုန်သားတို့...

Read more »

>Burmese Music

>Burmese Music

> မြန်မာ့ဂီတနှင့် မြန်မာ့ဂီတအရသာရန်ဝင်း (တောင်တံခါး)ဧပြီ ၁၂၊ ၂၀၀၉ ၁၉၅၅ ခုနှစ် ဘန်ကောက်မြို့ရောက် မြန်မာ့တူရိယာအဖွဲ့တဖွဲ့ (ဓာတ်ပုံ- Bettmann/CORBIS) “- – – ဂီတကို ဖန်တီးသည့် တူရိယာချင်းလည်း မတူ၊ အခြေခံကြိုက်နှစ်သက်ပုံချင်းလည်း ကွဲပြားသဖြင့် မြန်မာ့ဂီတကို အနောက်တိုင်းဂီတနှင့် နှိင်းယှဉ် ပြောကြားရာ၌ မည်သည့်ဂီတက ပို၍ ကောင်းမွန်ကြောင်း မဆုံးဖြတ်နိုင်ပေ – – -“ No tags for this post. Related posts No related posts.

Read more »

>Thai protest ends and Govt extends Songkran holiday

>Thai protest ends and Govt extends Songkran holiday

> ပစ်ခတ်မှုများ မပြုလုပ်ရန် ငိုကြွေး တောင်းပန်နေသော ဆန္ဒပြသူတဦး (photo: Reuters) ဘန်ကောက်ဆန္ဒပြပွဲကြီး အဆုံးသတ်၊ ယိုးဒယား သင်္ကြန်ပွဲကို ၂ ရက် တိုးချဲ့မည်ဟုဆို မိုးမခအထောက်တော် ၀၀၆ ဧပြီ ၁၄၊ ၂၀၀၉ သင်္ကြန်ပွဲတော်ကို ၂ ရက် တိုးချဲ့လိုက်ကြောင်း ထိုင်းအစိုးရက ယနေ့ ကြေညာလိုက်သဖြင့် ကြာသာပတေး နှင့် သောကြာနေ့အထိ ထိုင်းနိုင်ငံတွင် ရေသဘင်ပွဲ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာန အင်တာနက် စာမျက်နှာတွင် ရေးထားသည်။ ထို ၂ ရက်အတွင်း ဘဏ်များ၊ ကုမ္ပဏီများ အနေဖြင့် လုပ်ငန်းများ ပိတ်ရေး မပိတ်ရေးကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြောင်း အစိုးရ ပြောခွင့်ရအရာရှိ Panithan...

Read more »

>Tin Ko Moe Nyo – Padauk Poem

> တစ္ဆေခြောက်တဲ့ ပိတောက်အိပ်မက် တင်ကိုမင်းညို ဧပြီ ၁၄၊ ၂၀၀၉ သွေးရိုးသားရိုး ပြောကြကြေးဆို အိမ်ရှေ့က စားပွဲပေါ်မှာ ပိတောက်တွေ မပွင့်တာကြာခဲ့ပြီ။ ဘယ်လောက်ထိ ဇာတ်က နာသလဲလို့ဆိုရင် ဘုရားညောင်ရေအိုးကလည်း ပိတောက်ပန်းကို လွမ်းလို့။ ကလေးတယောက်နဲ့ မုဆိုးမဖြစ်နေရသူကလည်း ပိတောက်ဆိုရင် စိတ်နာသတဲ့။ ဘယ်တုန်းကမှ မျိုးရိုးမရှိခဲ့ဘူးတဲ့ ဟစ်ဟော့ပ် ဂီတနဲ့ တောင်းစားနေရသူတွေကလည်း ဒီနှစ် အတာသင်္ကြန်မှာ ပိတောက်တွေပန်ပြီး တောင်းမတဲ့ သင်္ကြန်မိုးသီချင်းတွေ တိုက်လို့ တဲ့။ ဘုရား … ဘုရား ဘာတွေ ဘယ်လိုဖြစ်ကုန်သလဲဆိုတာ ဘုရားရှင် ကိုယ်တော်လည်း နားမလည်နိုင်တော့ဘူး တဲ့ … သူကိုယ်တိုင်က ဘုရား … ဘုရား တနေရသတဲ့။ လူတယောက် မိုးပေါ်က ဆင်းလာတယ် လက်တဖက်မှာ...

Read more »

>Rangoon Thingyan under the small rains

>Rangoon Thingyan under the small rains

> ရန်ကုန်သင်္ကြန်မြင်ကွင်း မိုးဖွဲဖွဲကြားတွင် စတင် မိုးမခ အထောက်တော် (ရန်ကုန်) ဧပြီ ၁၄၊ ၂၀၀၉ နေပြည်တော်သင်္ကြန်ကို အထူးဆန်းပြားစည်ကားအောင် လုပ်ရမည်ဟူသော ညွှန်ကြားချက်အရ မြို့တော်ဟောင်း ရန်ကုန်သင်္ကြန်မှာ ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာတို့၏ သင်္ကြန်အဆင့်သာ ရှိသည်ဟု ဆိုသည်။ စီးပွားရေးလုပ်ငန်းများနှင့် မြို့နယ်၊ ရပ်ကွက်အလိုက် အစုအဖွဲ့တို့၏ သင်္ကြန်မဏ္ဍပ်များနှင့် ရေပက်ခံစင်မြင့်တို့မှာ သူ့နည်းသူ့ဟန်ဖြင့် စည်ကားသည်။ အင်ယားကန်တ၀ိုက်တွင် အစည်ကားဆုံးဖြစ်သည်ဟု မျက်မြင်တို့က ပြောသည်။ ၁ – ရန်ကုန်မြို့ထဲသို့ အ၀င် ၂ – ရန်ကုန်မြို့တော်ဝန်၏ မဟာသင်္ကြန်မဏ္ဍပ် မဖွင့်လှစ်မီ မြင်ကွင်း ၃ – ရန်ကုန်မြို့တော်ဝန်၏ မဟာသင်္ကြန်မဏ္ဍပ်နှင့် စည်ကားနေသော ပျံကျဈေးတန်း ၄ – ရန်ကုန်၊ ပန်းဘဲတန်း ရေကစားမဏ္ဍပ်...

Read more »

>water festival in Rangoon

>water festival in Rangoon

> ရန်ကုန်သင်္ကြန်ဓာတ်ပုံသတင်းဧပြီ ၁၃၊ ၂၀၀၉ယနေ့ကျရောက်သော သင်္ကြန်အကျနေ့ မြင်ကွင်း (ဓာတ်ပုံ – စိုးဇေယျာထွန်း၊ ရိုက်တာ သတင်းဌာန) No tags for this post. Related posts No related posts.

Read more »

>Black water festival in Thailand

>Black water festival in Thailand

> ဘန်ကောက်မြို့ သင်္ကြန် ပထမနေ့ မြင်ကွင်းဆန္ဒပြသူများက လမ်းကို ဘတ်စ်ကားများဖြင့် ကန့်လတ်ဖြတ် ပိတ်ပြီး ကားတချို့ကို မီးရှို့ခဲ့ကြသည်။ ဘန်ကောက်တွင် သင်္ကြန်ပွဲထက် ဆန္ဒပြပွဲ လူ ပိုများဓာတ်ပုံသတင်းဧပြီ ၁၃၊ ၂၀၀၉ ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိရာ သင်္ကြန်ပွဲတော် အချိန် ရောက်နေသော်လည်း ရပ်နားခြင်း မရှိသေးပေ။ ဆန္ဒပြသူများက ပြည်ပသို့ တိမ်းရှောင်သွားသော ၀န်ကြီးချုပ်ဟောင်း၏ ဘက်တော်သားများဖြစ်သည်။ ၎င်းတို့က လက်ရှိအစိုးရ မပြုတ်ကျမချင်း ဆန္ဒပြကြမည်ဟု ဆိုသည်။ အစိုးရက ဘန်ကောက်အပါအ၀င် ခရိုင် ၅ ခုကို အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်တပ် ချထားလိုက်သည်။ ထိုဒေသများတွင် အကြီးအကျယ် ဆင်နွဲရန် ပြင်ဆင်ထားသည့် ရေသဘင်ပွဲတော်များ ခြောက်ကပ်ကပ် ဖြစ်သွားရသည်။...

Read more »

>Burmese News in Chicago – Chicago Nat

>Burmese News in Chicago – Chicago Nat

> လှုပ်လှုပ်ရှားရှား ရှီကာဂိုတလွှား သတင်းတိုထွာများ ရှီကာဂို ဘိုးဘိုး ဧပြီ ၁၃၊ ၂၀၀၉ အနောက်အလယ်ပိုင်းဒေသ (Mid-west) မှာ ရှိတဲ့ မြန်မာတွေရဲ့ လှုပ်ရှားမှုတွေကလည်း အများသား။ ဒါပေမယ့် မိုးမခတို့၊ ရတနာပုံသတင်းစာ တို့မှာ သိပ်မတွေ့ရဘူး။ အဲဒါနဲ့ ဘယ်သူမှ တာဝန်မပေးပေမယ့် ဘိုးဘိုးပဲ ကိုယ့်ဘာသာကိုယ် တာဝန်ယူလိုက်ပါသဗျား။ သီးလေးသီးပွဲ မတ်လ ၂၁ ရက်၊ ၂၀၀၉ မှာ တုန်းက အင်ဒီယားနား ပြည်နယ်၊ ဖို့ဒ်ဝိန်းမြို့မှာ သီးလေးသီး ပွဲလုပ်တယ်။ ပွဲစမယ်လို့ ကြေညာထားတာက ညနေ ၃ နာရီ၊ တကယ် စ တာက ညနေ ၅ နာရီ။ သူတို့မှာလည်း အခက်အခဲလေးတွေ ရှိရှာတာကိုး။ ၂...

Read more »

>yellow poem

>yellow poem

> အ၀ါရောင်ကဗျာမွန်ဒရာဧပြီ ၁၃၊ ၂၀၀၉ နွေဦးတွန်သံ အဆုံးမှာအိပ်မက်အ၀ါကတံခါးလာခေါက်တယ်။ ဒီအချိန်…ဟိုတုန်းကဆိုအ၀ါရောင်တွေ ရွှဲရွှဲစိုပြီးလူတိုင်းရင်မှာပိတောက်ကိုယ်စီပွင့်ကြလို့ဒီအချိန်…ဟိုတုန်းကဆိုနှစ်ဟောင်းက အညစ်အကြေးတွေဒီနေ့မှာအပြီးသတ် ဆေးလို့ကြောလို့ဒီအချိန်…ဟိုတုန်းကဆိုတယောက်ရင်ကပိတောက်တယောက်က တယောက်ကို ခူးပြီး ဝေလို့။ လွမ်းတယ်အဝေးရောက် အ၀ါရောင်တွေကို တမြေ့မြေ့နဲ့ပေါ့။ဒီမှာသင်္ကြန်တုတခုရဲ့ ကျောပြင်ပေါ်ခြောက်ခြောက်သွေ့သွေ့ တန်ခူးနေ့တွေက တဖွဲဖွဲ ကြွေကျချစ်တဲ့ကောင်လေးရေ…ဒါကိုပဲ မက်မက်စက်စက် ငွေပေးပျော်သူတွေက ပျော်လို့သူတို့က ပြောသေးတယ်အဲဒါလဲ သင်္ကြန်ပါပဲ ဆိုလား တကယ်ဆိုစင်ပြိုင်စင်ခဲတွေ ထားခဲ့သင့်ပြီ၂၀၁၀ရယ်ရေမစိုတဲ့ အ၀ါရောင်နေ့တနေ့အတွက်နင်ရော အ၀ါဆိပ်သင့်ခံရဦးမှာလားဒီနေ့အဖို့ရာရောင်စုံသက်တန့်ကြီးလဲ ပြန်ယူသွားပါငါလိုချင်တာက အ၀ါရောင်စစ်စစ်နောက်ပြီးသင်္ကြန်စစ်စစ် တဖဲ့စာလောက် ဖြစ်ဖြစ်ငါတို့ကို ပြန်ပေးပါ ဒီမှာအလွမ်းတံခါး မစေ့သေးဘူးကြီးမြတ်လှစွာသော`မဟာသင်္ကြန်´တနေ့နေ့ငါတို့အားလုံး အိမ်ပြန်ရောက်ချိန်မှာတန်ခူးကို တန်ခူးလိုပြန်လည်ထုဆစ်ချစ်ခြင်းတရားစစ်စစ်မှာသင်္ကြန်လက်ဆေးမိုးစက်တွေ စွတ်စိုလို့နေ့စွဲဟောင်းတွေကိုပြန်ပြီး သန့်စင်ကြမယ်သမုဒရာဟိုဘက်ကမ်းက အ၀ါရောင်ရယ်နင်တကယ်စောင့်လို့ ကြိုနေနော်။ ။ No tags for this post. Related posts No related posts.

Read more »

>Ngwe Zin Yaw – 2009 Thagyan Letter

> သင်္ကြန် သင်္ကေတ ငွေစင်ယော် ဧပြီ ၁၃၊ ၂၀၀၉ သင်္ကြန်ကျတော့မည်။ သင်္ကြန်အိုးရောင်းတဲ့သူက အိမ်မှာ ကြာသာပတေးသားသမီးရှိရင် သင်္ကြန်အိုး နှစ်အိုးနှင့် သင်္ကြန်ကို ကြိုရမည်ဟု ပြောရောင်းသည်။ ကြာသာပတေး တာစားသည် တဲ့။ သင်္ကြန်အိုးက ၅၀၀ ကျပ်နှင့် ၀ယ်လိုက်ရသည်။ အမှန်က ၃၀၀ ကျပ်ပဲရှိသတဲ့။ သင်္ကြန်အိုးမှာ ထိုးဖို့ ၇ ရက်သားသမီး နေ့နံရက်အရ ထိုးရမည့်ပန်းစည်းတွေက တစီးကို ၂၀၀ ကျပ်နှင့် ၀ယ်ကြသည်ကတော့ နှစ်စဉ်နှစ်တိုင်း ရောင်းကောင်းဆဲ။ သင်္ကြန်ရဲ့ ပန်းပိတောက်ကိုတော့ မိုးသာရွာသည်ဆိုသော်လည်း မတွေ့ရသေးပါ။ ဒီနှစ မိုးက တော်တော် စောရွာသည်ဟု ပြောရမည်။ ဧပြီလ ၁၁ ရက်နေ့ကနေ စ ရွာစ ပြုလာသည်။ နေပူပူလွန်းလို့...

Read more »

>Moe Sal Nay – Dead Defense

> ရွေးချယ်ခွင့်မဲ့ ခံစစ်သေများ မိုးစဲနေ ဧပြီ ၁၃၊ ၂၀၀၉ ဇော်ကြီး … ညီလေး မင်းပြောတဲ့ ငွေတန်းစစ်မျက်နှာမှာ ငါတို့ဟာ ခံစစ်သေပါကွာ။ လုပ်အားလေး သိက္ခာရှိဖို့  မာနတွေကို ထိုးထိုးကျွေးရ၊ ပြောပြန်ရင် ရွာတစ်ရွာလုံးပျက်နေချိန် ငါတို့ ဇာတ် နာနေလို့ မဖြစ်။ ဘာပဲဖြစ်ဖြစ် … လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးမှာတော့ စပိန်မလေးတွေ ငါတို့ကို ကူခဲ့တယ်။ No tags for this post. Related posts No related posts.

Read more »

>Tin Moe – The Place of Paduak

> ပိတောက်နေရာ တင်မိုး ဧပြီ ၁၃၊ ၂၀၀၉ “ယနေ့ မန္တလေး” စာအုပ်တိုက်က ၁၉၉၇ ခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဆရာ တင်မိုးရဲ့ လူကြိုက်အများဆုံး စာအုပ် တအုပ်ဖြစ်တဲ့ ‘ပိတောက်မှ သရဖီသို့’ ကဗျာနှင့် ရသစာညွှန့် စာစု စာအုပ်ကလေးကနေ “တန်ခူးလ” အကြောင်း ရေးဖွဲ့ သီကုံးထားတဲ့ စကားပြေလေးတွေကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီး တင်မိုးဟာ Patience Strong ရဲ့ Through The Year ဆိုတဲ့ ‘နှစ်လုံးပေါက်’ စာအုပ်ကို ဖတ်မိရာက ဘာသာပြန်တာ မှီးတာ မဟုတ်ဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဒီ ‘ပိတောက်မှ...

Read more »

>Mar Mar Aye – 272

>Mar Mar Aye – 272

> ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇၂)ရွှေပြည်အေး ဇာတ်သိမ်းမာမာအေးဧပြီ ၁၂၊ ၂၀၀၉ သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ ပြီးခဲ့တဲ့ တပတ်က ဆရာ ရွှေပြည်အေးရဲ့ ကံကြမ္မာ နုံချာချာ၊ ကြုံလာတာ၊ ပုံတပုံသာ ဖြစ်လိုက်စမ်းပါတော့ လို့ ဆုတောင်းဖို့ ကောင်းလာပြီနော်။ အဲဒီ အကျော်ဒေယျ ဂီတဆရာကြီး ပွားစည်းခဲ့တဲ့ ပြောစရာတွေကို နားထောင်ပါဦး။ ဆရာရွှေပြည်အေးမှာ အလေးစားရဆုံးကတော့ ကိုယ့်အမျိုးသား အသံ၊ နိုင်ငံတကာအသံ၊ ဘယ်အသံနဲ့ ဘယ်လို သီချင်းမျိုးကို ရေးစပ် ဖွဲ့သီ ဆိုရသည်ဖြစ်စေ ခွင်ကျ-ဒေါင့်ကျိုး၊ စာချိုး နဲ့ သံစဉ်...

Read more »

>6 refugees suffer food poisoning

>6 refugees suffer food poisoning

> မယ်လဒုက္ခသည်စခန်း ကလေး(၅)ဦး အစာအဆိပ်သင့်၍ တစ်ဦးသေဆုံး ကရင်သတင်းစဉ် (KIC)ဧပြီ ၁၂၊ ၂၀၀၉ ယမန်နှစ်က မယ်လစခန်း (ဘဲကလော်စခန်း) တွင် တွေ့ရသော ကလေးငယ်တဦး (ဓာတ်ပုံ-မိုးမခ) မဲဆောက်မြို့မြောက်ဘက်ရှိ မယ်လ ကရင်ဒုက္ခသည်စခန်း ဇုံဘီ ရပ်ကွက်(၂)နေ ကလေးငယ်(၅)ဦးနှင့် အမျိုးသမီးကြီးတဦး ဧပြီလ (၁ဝ)ရက် နေ့တွင် အစာအဆိပ်သင့်၍ ကလေးငယ်တဦးမှာ သေဆုံးသွားပြီး ကျန်သူများမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။ ထိုနေ့ မွန်းလွဲ ၁နာရီအချိန်တွင် အဆိုပါကလေးငါးဦးနှင့် အသက် ၅ဝကျော် အရွယ်ရှိ နော်ခင်ဖိုးသည် ဆန်မှုန့်၊ ကောက်ညှင်းမှုန့်နှင့် ပဲတို့ ရော စပ်ထားသည့် ပဲကပ်ကြော်ကို ကြော်စားခဲ့ကြပြီးနောက် အချိန်တနာရီကျော်ခန့်အကြာတွင် အန်ချင်သလိုဖြစ်လာပြီး တကိုယ်လုံး တဆတ်ဆတ် တုန်လာကာ...

Read more »

>Maung Swan Yi – Modern Burmese Poems

> မော်ဒန်ရဲ့ မာယာ – ၃ ကျနော်တို့ရဲ့ မော်ဒန်ကဗျာခရီးစဉ် မောင်စွမ်းရည် ဧပြီ ၁၂၊ ၂၀၀၉ စာပေဝါဒ၊ စာပေသဘောထားအနေနဲ့ပြောရရင် ကျနော့်အနေနဲ့ မော်ဒန်ဝါဒကို မကြိုက်ဘူး။ သရုပ်မှန်ဝါဒ ဘဝသရုပ်ဖေါ်စာပေ ကို ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်ဒန်ဝါဒဆိုတာ တကိုယ်တော် ဘဝ၊ တကိုယ်တော်ခံစားမှုကို အခြေခံပြီး သရုပ်မှန်ဝါဒက လူထုဘဝ၊ လူထုခံစားမှုကို အခြေခံတယ်လို့ ကျနော် သဘောရပါတယ်။ တကယ်တော့ မော်ဒန်ဝါဒဆိုတာ ရှုပ်ထွေးတဲ့လူက အဖွဲ့အစည်းထဲကထွက်ပြေးတဲ့၊ ရှောင်ပြေးတဲ့ ဝါဒပဲ။ သရုပ်မှန်ဝါဒက လူ့အဖွဲ့အစည်းအတွင်းကို ရဲရဲဝင်ရောက်ရင်ဆိုင်တဲ့ ဝါဒပါပဲ။ လူအများစုနဲ့ ဆိုတဲ့ အနုပညာရပ်တခုကို ဖန်တီးတဲ့အခါမှာ လူအများစုအတွင်း ဖြစ်ပေါ်နေတဲ့၊ ပြည်သူလူထုအတွင်းမှာ တည်ရှိနေတဲ့ ဒိဋ္ဌိဓမ္မလောကအမှန်တရားကို မျက်နှာလွှဲပြီး တကိုယ်တော် ဧကစာကျင့်တာကို...

Read more »

>Nay Sue Thit – Poem

> တယောက်နဲ့ တယောက် နေဆူးသစ် ဧပြီ ၁၂၊ ၂၀၀၉ ဥပမာ … တစ်ယောက်က နေပူကျဲကျဲမှာ အေးမြခြင်းအကြောင်းပြော တစ်ယောက်က ဆောင်းနှင်းသွဲ့သွဲ့မှာ နေခြည်ဖြာမှ နွေးသည့် အကြောင်းပြော တကယ်တော့ ကျွန်တော်က အတွေ့အကြုံတွေ လိုချင်တာ။ လှေကားထစ်ကြမ်းကြမ်းလေးများပေါ် ပြေးတက်ချင် သစ်ပင်မြင့်မြင့် ထိပ်ဖျားပေါ် တွယ်တက်ချင် ရေစီးသန်တဲ့ စမ်းချောင်း ဟိုဘက်ကမ်းဆီ ကူးခတ်ချင်။ တခါတလေကျတော့လဲ အတွေးအိပ်မက်တွေ မပါဘဲ တရေးတမောလောက် နှစ်ခြိုက်စွာ အိပ်မောကျချင်။ ငိုရင် ငိုမိမှာ ရယ်ချင်လည်း ရယ်မိမှာ။ ကိုယ့်ကိုယ်ကိုယ် ညှိရခက်သလို တယောက်နဲ့တယောက် တယောက်နဲ့ တယောက်ညှိရခက်သလို ကိုယ့်ကိုယ်ကိုယ် အများတွေနဲ့ ထပ်တူအတိုင်းပဲပေါ့ အစောဆုံး ကြုံခဲ့ရလို့ ပြန်ပြောင်း လမ်းညွှန် ရသလိုမျိုး။ No...

Read more »

>refuge in the environs of Mandalay hill

>refuge in the environs of Mandalay hill

> မြနန္ဒာရေညိုသန်းတယ် ရွှေမန်းတောင်ရိပ်ခို ရန်ဝင်း (တောင်တံခါး) ဧပြီ ၁၁၊ ၂၀၀၉ သင်္ကြန်ကျပြန်ဦးတော့မယ်။ သင်္ကြန်ကျပြီဆိုမှဖြင့် ဟိုကဒီက သင်္ကြန်သီချင်းတွေ ‘တူးပို့ တူးပို့ တူးပို့’ နဲ့ ကြားကြရပြန်ပြီလေ။ အဲဒီ သင်္ကြန်သီချင်းတွေထဲမှာ ကြားရတာ များလွန်းလို့ နားထဲမှာ ရိုးအီနေကြပြီမို့ ‘မြနန္ဒာ ရေညိုညိုရစ်ခတ်သန်းတယ် ရွှေမန်းတောင်ရိပ် အတူတူ ခိုသူ ပျိုဖြူတွေရယ်’ လို့များ ဆိုလိုက်ရင်ဖြင့် ဒါ သင်္ကြန်သီချင်း မြနန္ဒာလို့ ပြောတဲ့သူက ပြောမယ်။ ဒါမြို့မငြိမ်းရဲ့ သင်္ကြန်သီချင်းပေါ့ မန်းတောင်ရိပ်ခိုလေလို့ ပြောတဲ့သူက ပြောမယ်။ မြနန္ဒာလို့ လူသိများနေပေမဲ့ တကယ့် နာမည်အမှန်က မန်းတောင်ရိပ်ခို ဖြစ်ပါတယ်။ ကြာတော့လဲ ကြာခဲ့ပြီလေ။ ဒီ မန်းတောင်ရိပ်ခို သီချင်းကို စပြီး ကြားဖူးတာက...

Read more »

>new year

> နှစ်သစ်အိမ်သီ (သာယာဝတီ)ဧပြီ ၁၁၊ ၂၀၀၉ ပြက္ခဒိန် မှအရွက် အရွက် တွေသာကုန်သွား …. မနေ့  မနေ့  ကအချိန် တွေတိုင်းအားဒီနေ့ ဒီနေ့  အချိန်တို့  ကချန်ရစ်သွား …. နာရီ တွေချန်ရစ် ခဲ့နေ့ ရက် တွေချန်ရစ် ခဲ့အဖြစ်အပျက် တွေချန်ရစ် ခဲ့အားလုံး အားလုံးချန်ရစ်ပြီးသွားခဲ့ …. သို့ ပေမဲ့ အချိန် တွေမသစ်နေ့ ရက် တွေမသစ်အဖြစ်အပျက် တွေမသစ် …. နောက် ပြီးလူထု လဲမသစ်ဘ၀ တွေလဲမသစ်နိုင်ငံ လဲမသစ်ခေတ် လဲမသစ်စံနစ် လဲမသစ်တဖက်သတ် လွန်းတဲ့ဥပဒေ လဲမသစ် …. အဲဒါဖိနှိပ် ရက်စက် မှု တွေအသက်ကြီးလာတဲ့နှစ်သစ်။...

Read more »

>Burmese in Colorado to celebrate Burmese New Year Water Festival

>Burmese in Colorado to celebrate Burmese New Year Water Festival

> ကော်လိုရာဒို၊ ဒင်းဗားက မြန်မာတို့ သင်္ကြန်ပွဲ အစဉ်အလာမပျက် ဆင်နွှဲကြလိမ့်ဦးမည် ကိုဦး ဧပြီ ၁၁၊ ၂၀၀၉ ကော်လိုရာဒို ပြည်နယ်ရောက် မြန်မာပြည်သားများ စုပေါင်းပြီး နှစ်စဉ် နှစ်တိုင်း နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို အစဉ်အလာမပျက် ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် (၇) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်းပဲ ကော်လိုရာဒို ပြည်နယ်မှာ ရှိတဲ့ မြန်မာပြည်သားများ အားလုံး ပါဝင် ဆင်နွှဲနိုင်ဖို့ ထူးထူး ခြားခြား စီစဉ် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အတာရေ ပက်ကစားကြတဲ့ အစီအစဉ်တွေ အပြင် တီးဝိုင်းနဲ့ သီချင်းတွေ သီဆိုတာ၊ တိုင်းရင်းသား ရိုးရာ အကတွေနဲ့ ဖျော်ဖြေတာ၊ ကာရီအိုကေ စက်တွေနဲ့ မြန်မာတေးသီချင်း ဆိုကြ၊...

Read more »

>Burmese Internet is at his slowest

> မမြန်သော မြန်မာ့ အင်တာနက် နှေးကွေးနေဆဲ မိုးမခအထောက်တော် (ရန်ကုန်) ဧပြီ ၁၁၊ ၂၀၀၉ နကိုကတည်းက မမြန်ဆန်သည့် မြန်မာ့ အင်တာနက် ကွန်ရက်မှာ လာမည့် သောကြာနေ့ အထိ နှေးကွေးနေဦးမည် ဟု စတုတ္တ အကြိမ်မြောက် အသိပေး ကြေညာထားသည်ကို တွေ့ရှိရသည်။ မြန်မာတနိုင်ငံလုံး၏ အင်တာနက် ၀န်ဆောင်မှုပေးရာ မြန်မာတယ်လီပို့တ်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ကို ဖြတ်သန်းသွားပြီး ရေအောက်မှတဆင့် သွယ်တန်းထားသည့် ဆီမီဝီ ၃ (SEA-ME-WE 3) ဟု ခေါ်ဆိုသည့် ဖိုင်ဘာအော့ပတစ် ကေဘယ်ကြိုးကို ပုံမှန် ပြုပြင် ထိန်းသိမ်းမှု လုပ်မည်ဟု ဆိုကာ မတ်လ ၂၁ရက်မှ စတင် နှေးကွေးခဲ့ရာမှ ပထမ ခန့်မှန်းသည့် နေ့ရက်...

Read more »

>Win Myat – One Year After Nargis, the victims still struggling

>Win Myat – One Year After Nargis, the victims still struggling

> နာဂစ်လွန် ၁ နှစ် အနီးခရီးမဆုံးနိုင်သေးသည့် မုန်တိုင်းဒုက္ခသည်များဝင်းမြတ်ဧပြီ ၁၁၊ ၂၀၀၉ နာဂစ် ဆိုင်ကလုန်းဒဏ်ကို အပြင်း အထန် ခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အတွင်းရှိ ရွာများတွင် ယခင်နှင့် မတူသော ပတ်ဝန်းကျင် ဆိုင်ရာ အပြောင်း အလဲများ၊ နေထိုင် စားသောက်ပုံ အပြောင်းအလဲများ တွေ့လာရသည်ဟု ၄င်း ဒေသများသို့ မကြာသေးမီက သွားရောက် ခဲ့သော ပြည်တွင်း သတင်းသမားများ က ပြောကြသည်။ ကြွက်များ အဆမတန် ပေါက်ပွားလာ “အခု တစ်ခေါက် ခရီးစဉ်မှာ ထူးထူး ခြားခြား တွေ့ခဲ့ကြရတာတော့ ကြွက်တွေ ပေါလာတဲ့ ကိစ္စပဲ။ ကြွက်တွေက အကောင် အကြီးကြီးတွေ ဆူဆူ ဖြိုးဖြိုး ကြီးတွေ”...

Read more »

>Nyo Htet (Lan Thit Oo) – Thagyan 2009 Poem

> ဝိရောဓိ အချစ် ညိုထက် (လမ်းသစ်ဦး) ဧပြီ ၁၁၊ ၂၀၀၉ သင်္ကြန်မှာ ရေမစိုတဲ့အခါ လွမ်းရတာတွေနဲ့ ထောင်းထောင်းကြေ။ ရေမစိုတဲ့ သင်္ကြန်တွေနဲ့ စီးချင်းထိုးခဲ့ရဖူးတယ် စစ်မြေပြင် ကျေးလက်မှာ။ ရှားပါး ပွင့်ပေါက် တောပိတောက်ကို ဘားတိုက်ဆောက်ဖို့ ခုတ်လိုပြီလို့လည်း တို့မှတ်ခဲ့ဖူးတယ် စစ်တန်းလျား ကျေးလက်မှာ။ တူးပို့တေးသံနဲ့ ရေတွေ … ရေတွေစိုကုန်ပြီဆိုတဲ့ သင်္ကြန်မှာပေါ့ … ပုတတ်စာတွေ လိုက်ချိုးကြ ဥသျှစ်ရွက်တွေ လိုက်ဆွတ်ကြ ခါချဉ်ဥတွေ လိုက်ဖွတ်ကြ မြင်းခွာရွက်တွေ လိုက်နှုတ်ကြ ပုရစ်တွေ လိုက်တူးရ ပုစဉ်းရင်ကွဲတွေ လိုက်ဖမ်းရ။ နွေခေါင်ခေါင် ရေခေါင်ခေါင်မှာ ရန်နဲ့ ငါ ကျည်ဆန်တွေ လောင်းချကြဖို့ တောင်တန်းတွေပေါ်မှာ မဏ္ဍပ်ထိုးပြီး စောင့်ခဲ့ကြဖူးတယ်။ ရေမစိုတဲ့ သင်္ကြန်...

Read more »

>Unknown Journalist Rangoon – Eleven Media, Junta’s Censorship & Whiskey Affair

>Unknown Journalist Rangoon – Eleven Media, Junta’s Censorship & Whiskey Affair

> အလဲဗင်းမီဒီယာ၊ စာပေစိစစ်ရေးနဲ့ မီဒီယာလွတ်လပ်ခွင့် – ဘာလဲ ဘယ်လဲ မျက်နှာမွဲ ဂျာနယ်လစ်တဦး ဧပြီ ၁၀၊ ၂၀၀၉ အလဲဗင်းက အရက်ကို စိတ်နာသတဲ့လား ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ထုတ် ဝိကလီးအလဲဗင်း အပါတ်စဉ်ထုတ် ဂျာနယ်မှာ ထူးထူးခြားခြား သတိပေး ကြေညာချက် တခု ပါလာပါတယ်။ ကြော်ငြာကို အပြည့်အစုံ ပြန်ဖော်ပြရရင် – Yangon Media Group မှ ထုတ်ဝေခဲ့သော ရန်ကုန်တိုင်းမ်ဂျာနယ် (အတွဲ၅၊ အမှတ် ၁၂၊ မတ် ၁၉-၂၅၊ ၂ဝဝ၉)၊ 8 DAYS A WEEK (အတွဲ-၁၊ အမှတ် ၃၊ ၂ဝ-၂၇ မတ် ၂ဝဝ၉) Flower...

Read more »

>Mann Win Maung – Biography of Burmese President – 13

> မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း ၁၃မှတ်စုမှတ်တမ်းဧပြီ ၁၀၊ ၂၀၀၉ ကာလကတ္တားမှ ရှေ့သို့ လေထီးဖြင့်ခုန်ဆင်း လေ့ကျင့်ခန်းပြီးဆုံးသောအခါ ကာလကတ္တား သို့ ပြန်သွားပါတယ်။ ဦးသိန်းဖေအဖွဲ့နှင့် ဆက်သွယ်ထားသော အင်္ဂလိပ်စစ်တပ်သည် အဖွဲ့ ၁၃၆ လို့ ခေါ်ပါတယ်။ ကာလကတ္တားသို့ ပြန်ရောက်ပြီး၊ နောက်တစ်နေ့မှာ ပါပါ ‘အဖွဲ့-၁၃၆’ သို့ သွားပြီး ဗမာပြည်မှာ လေထီးဖြင့် ပြန်ဆင်းရန် အစီအစဉ်များကို ပြုလုပ်ရပါတယ်။ ပါပါလေထီးဆင်းလေ့ကျင့်စဉ် အသုံးပြုသော လေထီးသည် သာမန်အရွယ်ဖြစ်၍ ပါပါ့ကိုယ် အလေးချိန်ကြောင့် အရွယ်ကြီးသော လေထီးရှိကြောင်း၊ ပါပါအလိုရှိလျှင်မှာ ပေးမည်ဖြစ်ကြောင်း ‘အဖွဲ့ – ၁၃၆’ မှ တာဝန်ရှိ စစ်ဗိုလ်က ပြောသောအခါ ပါပါက လေထီးဆင်းလေ့ကျင့်စဉ် ချောချောမောမော ပြီး...

Read more »

>Thit Kaung Eain – 2009 Thagyan Poem

> ပိတောက်စိမ်း သစ်ကောင်းအိမ် ဧပြီ ၁၀၊ ၂၀၀၉ ကယ်လီဖိုးနီးယားရဲ့ ပူနွေးသော နေရောင်အောက်မှာ ပိတောက်နာကျတဲ့ နေ့ကပေါ့ … ရေမပက်တဲ့ အပျိုတွေ အလိပ်ထဲမှာ မုဆိုးဖိုနဲ့ ညားနေတယ် … မြနန္ဒာလေ ညိုညိုရစ်ကာ သန်းတော့ … အလိပ်ထဲမှာ မန်းတောင်ရိပ် ခိုနေတယ် … င၀န်မြစ်ထဲက ရေချိုးပြီး တက်လာတဲ့ ရေစက်လက်နဲ့ နေမ၀င်တံတားကြီးတန်း လမ်းမကြီးပေါ်မှာ ဂျစ်ကားတစင်းနဲ့ ရေပက်ခံထွက်နေတယ် သင်္ကြန်မဏ္ဍပ်တွေမှာ သံချပ်တွေ လိုက်ကြည့်နေတယ်။ ဆူရှီဘားထဲ အမှတ် ၁ အထကကျောင်း အလံတိုင်မှာ ခွပ်ဒေါင်းအလံ တလူလူ လွှင့်နေတယ်။ ကိုရွှေသိမ်းမင်းရဲ့ “မင်းရဲ့ချစ်ခြင်းမဲ့လူ” ၀တ္တုထဲမှာ ဆုဝေအတွက် ပိတောက်တွေ ပွင့်နေတယ်။ ခင်သန်းနုက ရွှေခြေကျင်းတွေနဲ့ ၀င်းပလို့...

Read more »

>Aung Way – Thagyan 2009 Poem

> ပိတောက်ပွင့်ချိန် မဲဆောက်သို့  ကင်ဒိုဓားများ လက်ဆောင် အောင်ဝေး ဧပြီ ၉၊ ၂၀၀၉ မောင်လွမ်းဏီ ရေ … အေးမိဖြူ ရေ … အောင်ကျော်ဇာနည် ရေ … ပိတောက် မသေ၊ တော်လှန်ရေး မသေ။ ပိတောက် မတုံး၊ တော်လှန်ရေး မရှုံး။ ပိတောက် မအို၊ တော်လှန်ရေး မပြို။ ပိတောက် မဝေး၊ တော်လှန်ရေး မအေး။ ပိတောက် မပြယ်၊တော်လှန်ရေး မကွယ်။ ပိတောက် မသွေ့ ၊တော်လှန်ရေး မမေ့ ။ ပိတောက် မခြောက်၊တော်လှန်ရေး မပျောက်။ ပိတောက် မနွမ်း။ တော်လှန်ရေး မပန်း။ ပိတောက် မဆွံ့ ၊တော်လှန်ရေး မရွံ...

Read more »

>News Headlines from April Journals – 9th April 2009

> ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ ဂျာနယ်ဂြိုလ် သာဂိ ဧပြီ ၉၊ ၂၀၀၉ မေခနဲ့ မေလိခမှာ ရေအားလျှပ်စစ်စီမံကိန်း သဘောတူပြီ။ ဗိုလ်တထောင် လမ်းသွယ် ၄ အလောင်း ၂ လောင်းတွေ့။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါတီနိုင်ငံရေးစာမျက်နှာ ဖွင့်လှစ်။ မန္တလေးမှာ မြို့တော်ဝန်ကလွဲ၍ ကျန်မဏ္ဍပ်များ ညနေ ၆ နာရီအထိသာ ဖျော်ဖြေရမည်။ စင်္ကာပူတွင် ပြန်သိမ်းသည့် ကုန်များတွင် လက်ဖက်များအပြင် လက်ဖက်“ခြောက်” တံဆိပ် ၂ မျိုးပါ – စိုးဝင်းနဲ့ ဦးကာကတံဆိပ် ၂ ခု ပါသည်။ ၂၀၀၈ – ၂၀၀၉ မြန်မာပြည်မှာ တဦးချင်းဝင်ငွေ တနှစ် ၅ သိန်း ရှိသည်ဟု ၀န်ကြီးချုပ်က...

Read more »

>Gold Plating of Shwedagon Pagoda process increased

>Gold Plating of Shwedagon Pagoda process increased

> မြန်မာနှစ်ကူးမှာ ရွှေတိဂုံစေတီတော်ကြီး ရွှေသင်္ကန်းကပ်လုပ်ငန်း အရှိန်မြှင့် မိုးမခ ဓာတ်ပုံသတင်း ဧပြီ ၉၊ ၂၀၀၉ လက်ရှိ ပြင်ဆင်နေသော ရွှေတိဂုံဘုရား ရွှေသင်္ကန်းကပ်လုပ်ငန်းကို မိုးရာသီမကျမီ အစောဆုံးပြီးစီးနိုင်အောင် ပြုပြင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် – No tags for this post. Related posts No related posts.

Read more »

>Phyar Pon Ni Lon Oo – Daw Suu Poem

> အကျဉ်းစံ လူထုခေါင်းဆောင်ရဲ့ အနာဂတ်အလင်းသစ် ဖျာပုံ နီလုံဦး ဧပြီ ၈၊ ၂၀၀၉ ခြံဝန်းကြီးတစ်ဝန်းထဲမှာ အိမ်အိုကြီးတစ်အိမ်ထဲမှာ အထီးကျန်စွာ နေခဲ့ရတဲ့ နှစ်ပေါင်း ၁၃ နှစ်ကြာခဲ့ပြီ။ အင်းယားကန်စောင်းက လှိုင်းကြက်ခွပ်သံလေးတွေဟာ သူမရဲ့ အဖော်ဆိုလည်း ဟုတ်တယ် သူမရဲ့ အတွေးဆိုလည်း ဟုတ်တယ် သူမရဲ့ ငြိမ်းချမ်းမှုဆိုလည်း ဖြစ်တယ်။ အင်းယားကန်စောင်းက သစ်ရွက်ခတ်သံလေးတွေဟာ သူမရဲ့ကဗျာဆိုလည်း ဟုတ်တယ် သူမရဲ့ ဂီတဆိုလည်း ဟုတ်တယ် သူမရဲ့ ခွန်အားဆိုလည်း ဟုတ်တယ်။ အရုဏ်ဦးက အင်းယားကန်စောင်းကို ဖြတ်ကျော်လာတဲ့ နံနက်ခင်းရဲ့ လေပြေလေညှင်းဟာလည်း သူမရဲ့ နှလုံးသားကို အေးမြစေတယ် သူမရဲ့ ရင်ကို ရွှင်လန်းစေတယ် သူမရဲ့ စိတ်ဓာတ်ကို တက်ြ

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်